Веб-версияОткрыть в Telegram
⚠⚠မနက်ဖြန်များရဲ့ဘာသာစကား🎓

⚠မနက်ဖြန်များရဲ့ဘာသာစကား🎓

@ALoT_English · канал · Образование · в индексе с 2026-06-18
5 714подписчиков
556средний охват поста
1постов за 30 дней
3 712постов в индексе
⚠
⚠မနက်ဖြန်များရဲ့ဘာသာစကား🎓
Happy Birthsday 🆚 Happy Birthday မွေးနေ့ဆုတောင်း သီချင်းဆိုတဲ့ အခါ Native တွေဟာ အများအားဖြင့် “Happy Birthday” ဆိုတာထက် “Birth နဲ့ Day” ကြားထဲမှာ “S” ထည့်ပြီး “Happy Birthsday” လို့ ဆိုကြတာကို ကြားဖူးကြမှာပါ။ တကယ်တော့ ကိုယ်လည်းနားကြားမလွဲသလို၊ သူတို့လည်း အသံမှားမထွက်ပါဘူး။ အကြောင်းကတော့ Speaking 🗣️ ပြောတဲ့အခါ “ပါးစပ်၊ လျှာ၊ အသံအိုး” စတာတွေရဲ့ အားထုတ်မှုကို လျှော့ချတဲ့ အနေနဲ့ “assimilation” (ဝါ) “phonetic reduction” လုပ်လိုက်တာပါ။ ဥပမာ 📕 ‘good girl’ ကို Word တစ်ခုချင်းစီ အသံထွက်တဲ့အခါ ‘good’ ကို ‘d‘ သံနဲ့ ဆုံးပြီးမှ ‘girl’ ကို ဆက်အသံထွက်ရင် ပိုကြိုးစားထွက်ရသလို ၊ ‘သဘာဝဆန်မှု’ ‘native’ ဆန်မှု တွေ မရှိနိုင်တော့တဲ့ အတွက် ‘Goog girl’ ဆိုပြီး ထွက်လေ့ရှိပါတယ်၊ ဒီလိုပါပဲ .. 📕 handbag → hambag good girl → goog girl bad boy → bab boy that place → thap place birthday → birthsday months → munts clothes → cloze that side → thas side အပေါ်က လုံးတွဲတွေကို အသံထွက် ဖတ်ကြည့်ရင်ဘယ်ဘက်က တကယ့်စာလုံးပေါင်းထက် ညာဘက်က အသံထွက်အတိုင်း ထွက်မိတာကို သတိပြုမိမှာပါ။ ⭐️Spoken English မှာ ဒါတွေဟာ pronunciation မမှားသလို grammar အရလည်း မမှားပါဘူး။ သဘာဝကျမှု - ဖြစ်ရိုးဖြစ်စဉ် တစ်ခုပါပဲ။ အောက်မှာ ဆက်ထွက်ကြည့်ပါဦး .. 📕don’t you → don’tchu would you → wouldju did you → didju this year → thish year 📕next please → nex please first prize → firs prize must be → mus be used to → use to Listening ကို များများလေ့ကျင့်ဖြစ်လာတဲ့အခါ Assimilation (or) phonetic reducing ဟာ အသံထွက်မှားတာ မျိုးမဟုတ်ဘဲ ပုံမှန် Native တွေရဲ့ အလေ့အထပဲဆိုတာကို ကောင်းကောင်းနားလည်လာမှာပါ။ ⚠️QUICk nOTe by AL🎓T
3 · 1.2K ·
⚠
⚠မနက်ဖြန်များရဲ့ဘာသာစကား🎓
🌞7 English Dialects From Around The World အိန္ဒိယ နိုင်ငံတွင်းမှာတင် လူဦးရေ 1.5 ဘီလီယံလောက်ရှိပြီး၊ နိုင်ငံပြင်ပ မှာ အခြေချနေထိုင်နေသူနဲ့ ရွှေ့ပြောင်းလုပ်ကိုင်ကြသူ ၃၅ မီလီယံလောက် ရှိနေပါတယ်။ ဒါကြောင့် ကိုယ်က နိုင်ငံပြင်ပကို ကျောင်း၊ အလည်အပတ်၊ အလုပ် ကိစ္စကြောင့် ထွက်လာခဲ့ရင် အိန္ဒိယနွယ်ဖွားတွေနဲ့ တကွေ့ကွေ့ မဖြစ်မနေ ဆက်ဆံရမှာပါ။ အိန္ဒိယ မှာ ဟင်ဒီနဲ့ အင်္ဂလိပ်စာ တွဲပြီး ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားပါတယ်။ ဒါကြောင့် သူတို့ရဲ့ အင်္ဂလိပ်စကားကို အထိုက်အလျောက် ဗဟုသုတရှိထားရင် တချိန်ချိန် အသုံးတည့်မှာပါ။ အဲဒီ အကြောင်းအချို့ကို AL🎓T ရဲ့ လက်ထောက် Tr. Wuttyi က ရှင်းပြထားပါတယ်။ 🌍ကမ္ဘာတဝန်းတွင်ရှိသော အင်္ဂလိပ် ဒေသိယ စကားများ(Part -3) >>>>>>3️⃣Indian English🇮🇳 အိန္ဒိယနိုင်ငံမှာ တရားဝင်သုံးစွဲတဲ့ ဘာသာစကား ၂၂မျိုး ထဲမှာ အင်္ဂလိပ်ဘာသာစကားဟာ လည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ (အိန္ဒိယနိုင်ငံအတွင်းမှာတော့ဘာသာစကားပေါင်း၁၀၀ကျော်ပြောဆိုလျက်ရှိပါသည်) လူသန်းပေါင်း ၁၂၅သန်းထက်မနည်းတဲ့ လူအရေအတွက်လောက်ဟာ အင်္ဂလိပ်ဘာသာစကားကိုပြောဆိုကြပါတယ်။ ဒါ့ကြောင့် အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာအင်္ဂလိပ်ဘာသာစကားပြောဆိုကြတဲ့ လူဦးရေအရေအတွက်အများဆုံးရှိတဲ့ နိုင်ငံတစ်ခုပါ။အချို့‌‌သောအကြောင်းအရာများအတွက် အများသုံးဘာသာစကား(Lingua Franca)အဖြစ် တစ်ဦးနှင့်တစ်ဦးဆက်သွယ်အသုံးပြုကြရာမှာလည်းအင်္ဂလိပ်ဘာသာစကားကို အသုံးပြုပါတယ်။ အင်္ဂလိပ်ဘာသာစကားကို အထက်တန်းအဆင့်ပညာရေးအတွက်ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုကြသလို တရားစီရင်ရေးမှာလည်း အဓိကထားသုံးစွဲကြပါတယ်။ 👂အသံပြုပုံ အိန္ဒိယသုံးအင်္ဂလိပ်စကားဟာ အခြားဒေသိယသုံးဘာသာစကားများလို မဟုတ်ဘဲသံစဉ်များဖြင့် ကာရန်နံဘေကျကျအသုံးပြုကာပြောဆိုရတာ ကြောင့် လူသိများလေ့ရှိပါတယ်။ ဗျည်းသံဖြစ်‌တဲ့ “w”သံကို “v”သံကဲ့သို့ပြုမူပြောဆိုလေ့ရှိပါတယ်။ (ဥပမာ 📕went ကို /vent/ ကဲ့သို့ပြောဆိုလေ့ရှိပါတယ်။ “p”သံအများစုကိုလည်း အခြားဒေသိယစကားများတွင်ကြားရသကဲ့သို့မဟုတ်ဘဲ လေပွတ်တိုက်သံမပါဘဲ ပြောဆိုလေ့ရှိပါတယ်။ ဥပမာအနေဖြင့် 🇺🇸American English တွင် “party” ကိုအသံထွက်ပုံနှင့်🇮🇳 Indian English တွင် “party”ကိုအသံထွက်ပုံ ကွဲပြားပုံကိုသတိပြုမိကြမယ်ထင်ပါတယ်။ 🇮🇳India English အသံတွင် “p” သံကိုအသံပြုရာတွင် လေပွတ်တိုက်မှုမရှိသလောက်ပြုမူကာပြောဆိုကြတာကြောင့် အခြားဘာသာစကားများနှင့်”p”အသံပြုပုံကွဲပြားသွားခြင်းဖြစ်ပါသည်။ 🌟 ထူးခြားသ
1K ·
⚠မနက်ဖြန်များရဲ့ဘာသာစကား🎓
🔝Next Level Reading🔺 (Week-8) 📖Reading ဟာ English စာမှာ အခြေခံအကျဆုံးလို့ပြောရမှာပါ။ Native တွေရဲ့ စာပေတွေကို အဖတ်များလာတဲ့ အခါ ဝါကျတည်ဆောက်ပုံတွေ၊ ဝေါဟာရတွေ၊ သဒ္ဒါတွေ ကို အလိုလိုလေ့လာပြီးသွား ဖြစ်သွားသလို၊ Speaking-Writing အတွက်ပါ ကြီးမားတဲ့ အထောက်အပံ့ကောင်းတွေကို ရရှိနိုင်ပါတယ်။ ဒီတစ်ခါ ရွေးချယ်ထားတဲ့ စာပိုဒ်ကတော့ သာမာန် ဖတ်ကြည့်ရင် ရိုးရှင်းတယ်လို့ ထင်ရပေမယ့်၊ တကယ်အတုယူထိုက်တဲ့ ဝေါဟာရဖွဲ့စည်းပုံတွေနဲ့ ထိရောက်နားလည်အောင် ရေးသားထားတဲ့ အတွက် တင်ဆက်လိုက်ရပါတယ်။ 🔹🔹AL🎓T Admin Team🔹🔹 “🌴Growing Roots” (ရှင်သန်ခြင်း အမြစ်များ) Part1️⃣ Our strength grows out of our weakness. (Ralph Waldo Emerson) ကျွန်တော်တို့ရဲ့ အားနည်းချက်တွေ ကနေ ခွန်အားသတ္တိတွေ ကြီးထွားလာ‌ကြတယ်။ (ရော့ဖ် ဝေါလ်ဒို အယ်မာဆင်) 🎋When I was growing up, I had an old neighbor named Dr. Gibbs. He didn't look like any doctor I'd ever known. Every time I saw him, he wore denim overalls and a straw hat, the front brim of which was green sunglass plastic. He smiled a lot, a smile that matched his hatold and crinkly and well worn. He never yelled at us for playing in his yard. I remember him as someone who was a lot nicer than circumstances warranted. ▪️▪️▪️ကျွန်တော် ငယ်ငယ်တုန်းက ဒေါက်တာဂစ်ဘ် လို့ ခေါ်တဲ့ အိမ်နီးချင်းတစ်ဦးနဲ့ သိကျွမ်းဖူးတယ်။ တွေ့ဖူးတဲ့ ဒေါက်တာတွေနဲ့ သူကတော့ တစ်ခြားစီပဲ။ သူ့ကို မြင်လိုက်တိုင်း အပေခံစက်ရုံဝတ်စုံကြီး နဲ့ ဂျုံရိုးခမောက်ကို ဆောင်းထားပြီး ပလတ်စတစ် နေကာမျက်မှန်စိမ်းကိုလည်း အမြဲ တပ်ထားတယ်။ ဟောင်းနွမ်း တွန့်လိပ်နေတဲ့ သူ့ ခမောက်အိုနဲ့အတူ အပြုံးတွေ ဝေဆာ လိုက်ဖက်နေတယ်။ သူ့ ခြံဝင်းထဲမှာ ကစားလို့ တစ်ခါမှ ‌မအော်ဟစ်ခဲ့ဘူး။ လိုတာထက် အမြဲပိုပြီးဖော်ရွေတတ်တဲ့ သူ တစ်ယောက်အနေနဲ့ ကျွန်တော် သူ့ကို အမှတ်တရ ရှိနေတာပေါ့။ 🎋When Dr. Gibbs wasn't saving lives, he was planting trees. His house sat on ten acres, and his life's goal was to make it a forest. ▪️▪️▪️ဒေါက်တာ ဂစ်ဘ်ဟာ ဆေးမကုတော့ဘဲ သစ်ပင်လေးတွေ စိုက်ပျိုးနေတယ်။ သူ့အိမ်က ဆယ် ဧကကျယ်တဲ့ မြေပေါ်မှာ၊ တစ်ချိန်မှာ ဒီမြေကို သစ်တောတစ်အုပ်ဖြစ်လာဖို့ မျှော်လင့်ချက်နဲ့။ 🎋The good doctor had some interesting theories concerning plant husbandry. He came from t
2 · 1.1K ·
⚠
♦️Rendered into Myanmar by “Aung Minn Htwe” ♦️Presented by AL🎓T
907 ·
⚠မနက်ဖြန်များရဲ့ဘာသာစကား🎓
🌈 Connecting Reading & Writing 🌈 🙏 ပညာရပ်ဆိုင်ရာဆောင်းပါးမဟုတ်ဘဲ အင်္ဂလိပ်ဘာသာစကားကိုလေ့လာသင်ယူနေဆဲဖြစ်တဲ့ သာမန် စာသင်ကြားသူတယောက်ရဲ့ လေ့လာသင်ယူခဲ့တဲ့ အတွေ့အကြုံနဲ့ သင်ကြားရေးအတွေ့အကြုံတို့ကို ဆန်းစစ်ပြီး မျှဝေထားတဲ့ ပို့စ်တခုဖြစ်ကြောင်း ပြောပါရစေ။ 🍀 Reading & Writing နဲ့ ပတ်သက် ဆက်စပ်ပြီး နမူနာအနေနဲ့ မပြောခင် Reading နဲ့ ပတ်သက်ပြီး နည်းနည်းလေးပြောရရင် -- Reading process မှာ အဆင့် ၃ ဆင့် ရှိပါတယ်။ 1. Pre-reading ( Before reading ) 2. While-reading ( During reading ) 3. Post-reading ( After reading ) 🍀 ပို့စ်ရဲ့ ရည်ရွယ်ချက်က Reading ကနေ Writing ကို ဘယ်လို ဆက်စပ်ပြီး သွားသလဲဆိုတာကို အဓိက ပြောချင်တာမို့ Reading Process ရဲ့ အဆင့် ၃ ဆင့်ကို အသေးစိတ်မရေးပြတော့ပါဘူး။ အကြမ်းဖျဉ်းပြောရရင် 🍀 Reading တခုမလုပ်ခင် Reading ကို သင်ကြားပေးသူအနေနဲ့ ဒီ Reading နဲ့ ပတ်သက်ပြီး စာသင်သားတွေရဲ့ Background / Prior knowledge နဂိုရှိပြီးသားအသိ ဘာလေးတွေရှိထားလဲဆိုတာကို brainstorming လုပ်ပြီး ဆန်းစစ်‌စေနိုင်တယ်။ 🍀 Reading ထဲမှာပါတဲ့ key vocabularies လေးတွေကို ကြိုပြီး ပြောပြ သိစေတာမျိုးလုပ်နိုင်တယ်။ 🍀 တခါတရံ ရုပ်ပုံကိုပြပြီး ဖတ်မယ့် အကြောင်းအရာက ဘာအကြောင်းအရာဖြစ်မလဲ ခန့်မှန်းခိုင်းပြီး စာဖတ်ချင်စိတ်ကိုနှိုးဆွပေးတာမျိုးလုပ်လို့ရတယ်။ 🍀 Pre-reading task အနေနဲ့ မေးခွန်းလေးတွေကိုဖြေခိုင်း ဆွေးနွေးခိုင်းတာမျိုးအပါအ၀င်ပေါ့။ ❣️ဥပမာအနေနဲ့ Starters Level ဖြစ်တဲ့ Oxford Primary Skills Reading & Writing Level 2 စာအုပ်ထဲ Unit 1 က Star School ဆိုတဲ့ Reading လေးကို နမူနာပြောရရင် -- 🍀 "" School "" ဆိုတာနဲ့ ပတ်သက်သမျှ ( သူတို့ သိသမျှ စဉ်းစားလို့ရသမျှ မြင်ဖူး ကြားဖူးသမျှ Vocabulary လေးတွေကို ပြောပြခိုင်းတာမျိုး ၊ ပေးထားတဲ့ key vocabularies လေးတွေနဲ့ ပတ်သက်ပြီး မေးတာ ဆွေးနွေးတာမျိုး 🍀 နောက် School ကျောင်းနဲ့ ပက်သက်သမျှ သူတို့ရဲ့ အတွေ့အကြုံ ခံစားချက် ( ဘာတွေ ကြိုက်တယ် မကြိုက်ဘူး ) စသဖြင့်လည်း ဆွေးနွေးစေတာမျိုး။ 🍀 ဒီလိုတွေလုပ်တဲ့အခါ စာသင်သားတိုင်းက တက်ကြွနေတာ ပါ၀င်ချင်တာတော့မဟုတ်ပါဘူး။ ဒီလိုမေးမြန်းဆွေးနွေးတာဟာ စာသင်တာရဲ့ အစိတ်အပိုင်းတွေလို့ မယူဆဘဲ အပျော်လုပ်နေတယ် ၊ စာသင်သူ ဆရာ / ဆရာမက အချိန်ဖြုန်းနေတယ်လို့ ယူဆတဲ့ မိဘတွေနဲ့ ၊ မေးခွန်းတွေမေးရင် မကြည်မသာနဲ့ စိတ်ပျက်သလိုအကြည့်တွေနဲ့ စိတ
2 · 1K ·
🍀 ဥပမာ - There is an assembly hall in my school. လို့ တကြောင်းရေးလိုက်ပြီးရင် အဲဒီ assembly hall မှာ ဘာတွေရှိလဲ ၊ ဘာတွေမြင်နိုင်လဲ ၊ ဘာတွေလုပ်လို့ရလဲ စသဖြင့် ဆက်တွေးမှလည်း ဆက်ပြီးရေးစရာက ရှိလာမှာပါ။ အတွေးဆိုတာရှိမှ အရေးဆိုတာဖြစ်လာနိုင်တာပါ။ 🍀 Library စာကြည့်တိုက် ဆိုရင်ရော စာကြည့်တိုက်ထဲမှာ ဘာတွေရှိလဲ ၊ ဘာတွေလုပ်လို့ရလဲ စသဖြင့် ဆက်စပ်ပြီး တွေးရ ရေးရပါတယ်။ 🍀 နမူနာပေးထားတဲ့ " Star School " ထဲမှာ မပါတဲ့ အခြားအကြောင်းအရာတွေလည်း တွေးပြီးရေးလို့ရတယ်။ ဥပမာ - There are about 30 teachers in my school. The teachers in my school are kind and good at teaching. စသဖြင့်။ ✍️ The students in my school are obedient, kind , helpful, polite and friendly. ✍️ Students play football in the playground. ✍️ Teachers and students buy food and eat lunch at canteen in lunchtime. စသဖြင့်။ 🍀 Reading ထဲမှာပါတဲ့ အကြောင်းအရာကို ကိုယ့်နိုင်ငံ ကိုယ့်အတွေ့အကြုံနဲ့ ကိုက်ညီဆီလျော်အောင်လည်း ပြင်ရေးလို့ရတယ်။ "" The studio school is a special school for actors and singers. "" ဆိုတဲ့ စာကြောင်းမျိုးကို " My / Our school is a special school for hardworking and ambitious students. " ကိုယ်နားလည်ပြီး လိုက်လျောညီထွေဖြစ်မယ့် အ‌တွေးအရေးနဲ့ ဆီလျော်အောင်ရေးလို့ရတယ်။ 🍀 My school is famous for good teachers and clever students. အဲလို အတွေးလေးတွေ ထပ်ထည့်ရေးလို့ရတယ်။ 🍀 ဒီနေရာမှာ ကလေးရဲ့ Vocabulary range အတိုင်းအတာရ ကလေးသိပြီးသားဖြစ်တဲ့ သုံးနိူင်တဲ့ ဝေါဟာရကိုသုံးပြီး ရေးခိုင်းရတာပေါ့။ 🍀 Vocabulary များများသိ level မြင့်တဲ့ကလေးဆို good teachers အစား highly-qualified , well-educated , well-experienced တို့ စသဖြင့် clever students အစား outstanding students လို့ ရေးလို့ရနိုင်တာပေါ့။ 🍀 Reading ကနေ Writing ကို ဆက်စပ်တယ်ဆိုတာ သင်တဲ့ဆရာ ဆရာမကိုယ်တိုင်ရော သင်ယူတဲ့ ကလေးကိုယ်တိုင်ကရော အဲသလို ဆက်စပ်ပြီးတွေးချင်စိတ် ရေးချင်စိတ်ရှိမှပါ။ စာသင်သူကိုယ်တိုင်မှာကိုက အဲသလို အတွေး စိတ်နေသဘောထားမရှိရင် ဘယ်စာအုပ်ကို ကိုင်သင်သင် စာအုပ်ထဲ ပါတဲ့ စာအုပ်ထဲပေးထားတဲ့ recourses ပါသရွေ့ပဲ သုံးပြီး ဒီအတိုင်းပြီးသွားမှာပါပဲ။ 🍀 စာသင်တဲ့အခါ Resources တွေက အရေးပါပေမယ့် သင်ကြားသူနဲ့ သင်ယူသူတို့ရဲ့ သဘောထားနဲ့ ကြိုးစားအားထုတ်မှ
2 · 1.6K ·
⚠
Фотография
нажмите — покажем
1.5K ·
⚠မနက်ဖြန်များရဲ့ဘာသာစကား🎓
Ссылка
нажмите — покажем
🔝Next Level Reading🔺 (Week-9) Reading ဟာ ဘာနဲ့တူလဲဆိုတော့ ကိုယ်အမြဲလေ့လာခဲ့သမျှ ဘာသာစကားရဲ့ နားလည်မှုရေချိန်ကို လေ့ကျင့်တာနဲ့လည်း တူပါတယ်။ ဒါကြောင့် Reading လုပ်တဲ့အခါ အောက်က Tips တွေ အတိုင်း လိုက်နာကြည့်ပါလို့ အကြံပြုပါတယ်။ AL🎓T Admin Team (🎯Reading Tips > 🔸မြန်မာဘာသာပြန်နှင့် အရင် ယှဉ်တွဲမဖတ်ဘဲ မူရင်း အင်္ဂလိပ်စာသက်သက်ကို အနည်းဆုံး (၃) ခေါက် (အသံထွက်) ဖတ်ကြည့်ပါ။ 🔸နားမလည်သော ဝေါဟာရများကို မြန်မာပြန် (သို့) အဘိဓာန် အရင်မကြည့်ဘဲ ရှေ့နောက် ဆက်စပ်ပြီး အဓိပ္ပာယ် ပြန်ကြည့်ပါ။ 🔸နောက်ဆုံးမှ စံပြန်ဆိုချက်နှင့် မိမိ ထင်မြင် ယူဆထားသည်ကို နှိုင်းယှဉ်ပြီး ပြင်ဆင်ပါ။ 🔻🔻🔻🔻🔻🔻🔻🔻🔻 “🌴Growing Roots” (ရှင်သန်ခြင်း အမြစ်များ) Part2️⃣ 🎋Every now and again, I walk by his house and look at the trees that I'd watched him plant some twenty-five years ago. They're granite strong now. Big and robust. Those trees wake up in the morning and beat their chests and drink their coffee black. ▪️▪️▪️အခုတခါ သူ့အိမ်ဘက်ကိုပြန်လျှောက်လာပြီးအပင်တွေကို ကြည့်မိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းဆယ့်ငါးနှစ်လောက်က သူ စိုက်ပျိုးခဲ့တဲ့အပင်တွေ အခုတော့ အံ့မခန်း ကြံ့ခိုင်ကြီးထွား နေပြီ။ တောင့်တင်း ခိုင်မာနေပြီ။ ဒီအပင်တွေ အကြောက်တရားမရှိ လက်ခမောင်းခတ် ရင်ကော့ခေါင်းမော့နေလေပြီ။ 🎋I planted a couple of trees a few years back. Carried water to them for a solid summer. Sprayed them. Prayed over them. The whole nine yards. Two years of coddling has resulted in trees that expect to be waited on hand and foot. Whenever a cold wind in, they tremble and chatter their branches. Sissy trees. ▪️▪️▪️လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အပင်လေးနှစ်ပင် ကျွန်တော် စိုက်ပျိုးထားခဲ့တယ်။ နွေ ရာသီလုံးလုံးဖြစ်နေတာမို့ ရေလောင်းတယ် ရေဖြန်းတယ်။ ကြီးထွားလာဖို့ ဆုတောင်းတယ်။ လက်လှမ်းမှီရာ ရသမျှ အကုန်လုပ်တယ်။ နှစ် နှစ်တာ ဂရုစိုက် ယုယလွန်းတဲ့ ရလဒ်ကို မျက်မှောက်တွေ့ရဖို့ မျှော်လင့်မိတယ်။ ဒါပေမယ့် ဆောင်းလေ ဝင်လာတော့ သစ်ကိုင်းတွေ တုန်ခါလှုပ်ရမ်း ပြီး ယိမ်းနွဲ့ကုန်ရော။ 🎋Funny thing about those trees of Dr. Gibbs's. Adversity and deprivation seemed to benefit them in ways comfort and ease never could. ▪️▪️▪️ဒေါက်တာ ဂစ်ဘ်ရဲ့ အပင်တွေ သိပ်ထူးဆန်းတယ်။ ချောမွေ့ပြ
3 · 1.8K ·
⚠
Ссылка
нажмите — покажем
▪️▪️▪️လွယ်လွယ်နဲ့ရဖို့ အကြိမ်များစွာ ကျွန်တော်တို့ ဆုတောင်းတတ်ကြပေမဲ့ ပြည့်ဖို့‌ တော့ မလွယ်ကူပါဘူး။ တကယ် ဆုတောင်းရမှာက အတွင်းပိုင်းထိ အဆုံးမရှိ နက်ရှိုင်းစွာ ထိုးဖောက်နေတဲ့ အမြစ်တွေနဲ့ တူဖို့ပဲ။ ဒါမှမိုး ရွာရွာ၊ လေ တိုက်တိုက် အစိတ်စိတ်အမြွာမြွာ ဖြစ်သွားနိုင်တော့မယ် မဟုတ်ပါလား။ ♦️Originated from “Philip Gulley” ♦️Rendered into Myanmar by “Aung Minn Htwe” ♦️Presented by AL🎓T Part 1️⃣ https://www.facebook.com/share/p/1Hk3NBVt8F/?mibextid=wwXIfr https://t.me/ALoT_English/4040
3 · 1.9K ·
⚠
⚠မနက်ဖြန်များရဲ့ဘာသာစကား🎓
“🎙️Guide to Better Speech” Part4️⃣ 🗣️တစ်ခုခုနဲ့ အသားကျ နေပြီလို့ပြောချင်တဲ့အခါ .. (..be used to..) 🔸I’m used to the cool weather. (ရာသီဥတု အေးတာလောက်တော့ အေးဆေးဖြစ်နေပြီ) 🔸They are used to the noise from the construction site. (ဆောက်လုပ်ရေးက ဆူသံတွေနဲ့ နားယဉ်နေပြီ) 🔸She is used to working long hours. (အလုပ်ချိန်အကြာကြီး လုပ်ရတာ အသားကျ နေပြီ) 🗣️တစ်ခုခု လုပ်ကို လုပ်ရတော့မည့်အခါ (..have got to..) ◽️I’ve got to go now. (အခုသွားမှ ရတော့မယ်) ◽️You’ve got to see this movie! (ဒီရုပ်ရှင် ကြည့်ကိုကြည့်ရမှာ) ◽️We’ve got to finish the report by Monday. (တနင်္လာနေ့မှာ အပြီးသတ်မှရမယ်) 🗣️တစ်ယောက်ယောက်ကို အပြင်ခေါ်ပြီး ကျွေးမွေးချင်တဲ့အခါ(take someone out to ..) ▪️She wants to take you out to dinner. (အပြင်မှာ ညစာလိုက်ကျွေးချင်လို့) 🗣️တစ်ခုခုကို ရူးရူးမူးမူး စိတ်ဝင်စားတဲ့အခါ (..be into something..) 🔹I'm really into jazz. (ဂျက်ဇ်ကို အရူးအမူးပဲ) 🔹She's really into yoga. (ယောဂကျင့်တာ စွဲနေပြီ) 🗣️သည်းမခံနိုင်တော့တဲ့အခါ (..put up with…) ♦️I don't know how she puts up with him. (သူ့ကို ဘယ်လိုများ သည်းခံနေလဲမသိတော့ဘူး) ♦️I'm not going to put up with their smoking any longer. (သူတို့ ဆေးလိပ်သောက်တာကို ဆက်ပြီးသည်းမခံနိုင်တော့ဘူး) 🗣️ရွှေ့ဆိုင်းစရာကိစ္စတွေ ရှိတဲ့အခါ (..put off…) ♟️I’ll put off doing the laundry tomorrow. (မနက်ဖြန်ကျမှ လျှော်စရာရှိတာ လျှော်တော့မယ်) ♟️I must talk to her about this. I can’t put off any longer. (ဒီအကြောင်းကို ပြောမှရတော့မယ်၊ ဆက်ပြီး မစောင့်နိုင်တော့ဘူး) 🗣️ဆုံတွေ့စရာကိစ္စရှိတဲ့အခါ (.. meet up ..) 🧊Let's meet up again later for a drink. (တစ်ခုခုသောက်ရင်းနဲ့ နောက်ဆုံကျမယ်လေ) 🧊I'll meet up with you later. (နောက်မှ ဆုံကြမယ်) 🗣️အဆိုးထဲက အကောင်း သင်ခန်းစာ ရတဲ့အခါ(.. sadder but wiser ..) 🍥Sadder but wiser, she decided not to lend money to that friend again. (အဆိုးထဲက အကောင်းပဲ၊ သူ့ကို နောက် ဘယ်တော့မှ ပိုက်ဆံမချေး တော့ဘူး) 🍥After the job lost, he was certainly sadder but wiser, and now he's investing. (အလုပ်ပြုတ်တာကနေ သင်ခန်းစာရလို့ အခုတော့ သူ စပြီး ရင်းနှီးမြှုပ်နှံနေပြီ) 🗣️ကိုယ့် ထင်မြင်ချက်ကို လာမေးတဲ့အခါ (.. If you ask me ..) 🍕If you ask me, he sh
10 · 2.1K ·
⚠
⚠မနက်ဖြန်များရဲ့ဘာသာစကား🎓
Ideal 🆚 Idol 🆚 Idle (Part1️⃣) အကောင်းဆုံး၊ စံနမူနာ၊ အကြိုက်တကာ့အကြိုက်ဆုံး၊ အသည်းကျော်၊ အသည်းစွဲ စတာတွေကို ပြောချင်တဲ့အခါ “Ideal / Idol” ကိုရောထွေးတတ်ကြပါတယ်။ 🌟Ideal ဟာ အားလုံးရဲ့ “စံ” ဖြစ်ပေမယ့်၊ မိမိရဲ့ “စံ” (သို့) “idol” ဖြစ်ချင်မှ ဖြစ်မှာပါ။ ဥပမာ🟰 📕She is the ideal teacher. (စံနမူပြထိုက်တဲ့ ဆရာမ) 📕This weather is ideal for walking. (လမ်းထွက်လျှောက်ဖို့ အကောင်းဆုံး ရာသီဥတု) 📕Honesty is his highest ideal. (ရိုးဂုဏ်ဟာ သူ့ရဲ့ အမြင့်ဆုံး စံတန်ဖိုး) အခုပြောတဲ့ Ideal တွေဟာ အားလုံးနဲ့ နှိုင်းယှဉ်ပြီး သတ်မှတ်ထားတဲ့ “စံ” တန်ဖိုးပါ။ ⭐️ “Idol” ကတော့ မိမိ စိတ်ခံစားချက်အရ အားကျရတာ၊ မြတ်နိုးရတာ၊ မော်ကြည့်ရတာ (admire - love & look up to) မျိုးပါ။ ဥပမာ🟰 📕He is my pop idol. (ပေါ့ဂီတမှာ သူ့ကို အခိုက်ဆုံး) 📕She is my teaching idol. (စာသင်တဲ့နေရာမှာ သူမကို အတုယူရတာ) 📕My football idol is Rolnaldo. (ရော်နယ်ဒို က ငါ့ရဲ့ ဘောလုံးအိုင်ဒေါကြီး) 📕 BTS are idols to many teenagers. (BTS ဟာ ဆယ်ကျော်သက် တော်တော်များများအတွက်တော့ အိုင်ဒေါပဲ) …ဒါဆိုရင် ကိုယ့်ရဲ့ Idol ဟာ လူတိုင်းအတွက် “Ideal Person” ဖြစ်ချင်မှ ဖြစ်မှာပါ။ ✨Ideal ကို “Noun” & “Adj” တွေ အနေနဲ့လည်း သုံးလို့ရပါသေးတယ်။ 📙Freedom is an important ideal. (လွတ်မြောက်ရေးက အခရာကျတဲ့ရည်မှန်းချက်) 📙This is the ideal solution. (ဒါ စံထားရမယ့် အဖြေပဲ) TO BE CONTINUED … ⚠️QUICk nOTe by AL🎓T
3 · 1.7K ·
⚠
⚠မနက်ဖြန်များရဲ့ဘာသာစကား🎓
Ideal 🆚 Idol 🆚 Idle (Part2️⃣) “Idle” ကို “Adj or Verb“ အနေနဲ့ပါ 🟰“မလှုပ်မရှား မတက်ကြွတာ၊ အသုံးမကျတာ၊ အလုပ်မရှိတာ၊ အချည်းနှီး ဖြစ်တာ၊ အချိန်ဖြုန်းတာ၊ ချောင်ခိုတာ၊ ပျင်းရိတာ၊ အလဟဿ ဖြစ်တာ၊ တန်ဖိုး မရှိတာ၊ အခြေအမြစ်မရှိတာ” တွေအကြောင်းကို ပြောလေ့ရှိပါတယ်။ 📕He is idle. (သူ့မှာ လေးပင်ထိုင်းမှိုင်းနေတာပဲ) 📕The workers were idle. (အလုပ်သမားတွေ ပျင်းရိ အချောင်ခိုနေကြတယ်) ⭐️အသုံးများတာကတော့ ‘idle’ ကို အောက်က Verb တွေနဲ့ တွဲသုံးကြတာပါ။ 🔹 Sit / Stand / Lie 📕He sat idle all afternoon. (တနေ့ခင်းလုံး အလုပ်မရှိထိုင်နေခဲ့) 📕The machines stood idle. (စက်က ရပ်နေတာ) 📕The boats lay idle in the harbor. (လှေတွေ ဆိပ်ကမ်းမှာ ဒီအတိုင်း ကပ်ထားကြ) 🔹 Leave / Keep 📕The company left the machines idle. (ကုမ္ပဏီက စက်တွေကို ရပ်ထားခဲ့) 📕Don’t keep your brain idle. (ဦးနှောက်ကို မတွေးမခေါ်ဘဲ အလကားမထားနဲ့) 📕The land was left idle for years. (မြေတွေကို နှစ်ပေါင်းများစွာ ဘာမှမလုပ်ဘဲ ပစ်ထားတာ) 🔹 Remain / Stay 📕The shop remained idle during lockdown. (ကန့်သတ်ထိန်းချုပ်ထားတဲ့ အချိန်မှာ စျေးဆိုင်တွေ ရောင်းမကောင်း) 📕He stayed idle instead of helping. (ဘာမှမကူဘဲ အားအားနေနေတယ်) 🔹 Go 📕The system goes idle after 10 minutes. (၁၀ မိနစ်ကြာပြီး စနစ်ကျသွားတယ်) 📕The engine went idle. (အင်ဂျင် ရပ်သွားတယ်) ⚠️QUICk nOTe by AL🎓T
6 · 1.9K ·
⚠
⚠မနက်ဖြန်များရဲ့ဘာသာစကား🎓
“💥 Usage Tips - 48” (….Want …… Wanted…) ⭐️အရင် အတိတ် က လိုချင်ခဲ့တာ၊ အခုထိလည်း လိုချင်နေတုန်း လို့ ပြောချင်တဲ့ အခါ… 🔹“Has/Have + Wanted (past participle)” 📕I have wanted to be a teacher for many years. (ဆရာမ တစ်ယောက် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာထဲက ဖြစ်ချင်ခဲ့တာ/ အခုထိလည်း ဖြစ်ချင်တုန်း) 📕She has wanted a new phone since last year. (မနှစ်ကတည်းက ဖုန်းအသစ်တစ်လုံးလိုချင်နေတာ / အခုထိလည်း လိုချင်နေတုန်း) 📕We have wanted to visit Yangon for a long time. (ရန်ကုန်ကို သွားလည်ချင်တာကြပြီ/ အခုထိလည်း လည်ချင်နေတုန်း) ⭐️အတိတ်ကတော့ လိုချင်ခဲ့တယ်၊ ဒါပေမယ့် အခုတော့ မလိုချင်တော့တဲ့ရင်… 🔹 “Had + Wanted (past participle)” 📕I had wanted to be a doctor, but I changed my mind. (ဆရာဝန်ဖြစ်ချင်ခဲ့တာ၊ အခုတော့ စိတ်ပြောင်းသွားပြီ) 📕She had wanted to call you, but she forgot. (မင်းကို သူက ဖုန်းခေါ် မလို့၊ မေ့သွားတာ) ပိုရှင်းလင်းအောင် နှိုင်းယှဉ်ပြရရင်…. ➡️I have wanted this job for years. (ဒီအလုပ်ကို လိုချင်ခဲ့ ကြာပြီ၊ အခုထိလည်း လိုချင်နေတုန်း) ➡️I had wanted that job, but I found a better one. (ဒီအလုပ်ကို လိုချင်ခဲ့တာ၊ အခုတော့ ပိုကောင်းတဲ့ အလုပ်ကို တွေ့သွားပြီ) ⭐️လေးနက်စေဖို့ “Ever” နဲ့ “Never” နဲ့လည်း တွဲဖက်သုံးလို့ရပါသေးတယ် .. ဒါပေမယ့် …. “Never” ကို ဝါကျတိုင်းမှာ သုံးလို့သင့်လျော်ပေမယ့်၊ “Ever” ကိုတော့ မေးခွန်းဝါကျ တွေမှာပဲ Wanted နဲ့ တွဲသုံးသင့်ပါတယ်။ 🟰EVER ဥပမာ … 📕 Have you ever wanted to live in another country? (တခြားနိုင်ငံမှာ အမြဲအခြေချ နေချင်ခဲ့တာ မဟုတ်လား) 📕Has she ever wanted to become a teacher? (သူမက အမြဲ ဆရာမဖြစ်ချင်ခဲ့တာမလား) 🟰NEVER ဥပမာ … 📕 I have never wanted to study abroad. (ဘယ်တုန်းကမှ နိုင်ငံခြားမှာ စာသွားမသင်ချင်ခဲ့ဘူး) 📕Have you never wanted to travel? (လုံးဝကို ခရီးမထွက်ချင်တာလား <တအံ့တဩ>) Keep 🔍Learning! Tr.D (AL🎓T) Language Proficiency Coach
2 · 1.3K ·
⚠
⚠မနက်ဖြန်များရဲ့ဘာသာစကား🎓
Опрос
нажмите — покажем
1.1K ·
⚠
⚠မနက်ဖြန်များရဲ့ဘာသာစကား🎓
Опрос
нажмите — покажем
1.2K ·
⚠မနက်ဖြန်များရဲ့ဘာသာစကား🎓
Опрос
нажмите — покажем
1.2K ·
⚠
⚠မနက်ဖြန်များရဲ့ဘာသာစကား🎓
“💥 Usage Tips - 49” (Noun + Noun Structure) (နာမ်နှစ်ခု ပေါင်းစပ်ခြင်း) 🔲နာမ်နှစ်ခု ပေါင်းစပ်တဲ့ ဖွဲ့ထုံးမှာ ယေဘုယျ အနေနဲ့ နောက်ကနာမ်ရဲ့ အမျိုးအစားကို ဖော်ပြဖို့ ရှေ့က နာမ် က Adj: နာမဝိသေသန သဘော လုပ်ဆောင်လေ့ရှိပါတယ်။ ဒုတိယလိုက်တဲ့ နာမ်ကို အဓိက “main noun” လို့သတ်မှတ်လို့ရပါတယ်။ ဥပမာ … 📕 coffee cup → ကော်ဖီထည့်သောခွက် (ကော်ဖီခွက်) 📕 school bus → ကျောင်းကြိုပို့သောကား (ကျောင်းကား) 📕 phone case → ဖုန့်ထည့်သော အိတ် (ဖုန်းအိတ်) 📕 chicken soup → ကြက်သားနှင့်ချက်သော ဟင်းချို (ကြက်သားစွတ်ပြုတ်) 🔹Shoe shop (ဖိနပ်ဆိုင်) တို့ book store (စာအုပ်ဆိုင်) တို့မှာ Noun တွေကို Singular ပဲ သုံးကြပေမယ့် …. 🔹sports car (ပြိုင်ကား) တို့ clothes shop (အထည်ဆိုင်) တို့မှာတော့ Noun ကို Plural နဲ့ ပဲ သုံးကြပါတယ်။ 🔺Noun + Noun တွေကို တွဲရေး၊ ခွဲရေး၊ Hypen ခံရေးတာတွေလည်း ရှိပါတယ်။ 📒တွဲရေး (Single Word) bedroom (အိပ်ခန်း) football (ဘောလုံး) toothbrush (သွားပွတ်တံ) 📒ခွဲရေး (Separate) bus stop (ကားဂိတ်) ice cream (ရေခဲမုန့်) water bottle (ရေဗူး) 📒Hypen ခံရေး (Hyphenated) sister-in-law (ယောက်မ/ ခယ်မ/မရီး) X-ray machine (ဓာတ်ရောင်ခြည်စက်) 🔹သုံးခုဆက်ပြီး အရှည်ဆက် လို့ရတဲ့ Noun + Noun တွေလည်း ရှိပါတယ်။ 🚦school sports day (ကျောင်းအားကစားနေ့) 🚦computer game company (ကွန်ပျူတာဂိမ်း ကုမ္ပဏီ) 🚦kitchen window curtain (မီးဖိုချောင် ပြတင်းပေါက် ခန်းဆီး) 🚦summer holiday plans (နွေရာသီ အားလပ်ရက် အစီအစဉ်) 🪅ဒါတွေက Noun+Noun သဘောတရားကို ကွက်ကွက်ကွင်းကွင်း မြင်အောင် အလွယ်ကူဆုံး Vocabularies တွေနဲ့ ရှင်းပြခဲ့တာပါ။ 🔝Advanced Level မှာလည်း Noun+Noun ဝေါဟာရ တွေလည်း ရှိပါသေးတယ် . market research (စျေးကွက်သုတေသန) . risk management (အန္တရာယ် စီမံထိန်းချုပ်မှု) . machine learning (ဉာဏ်ရည်တုများဖြင့် စက်ကိုလိုက်လျောညီထွေ သင်ကြားစေခြင်း) . cloud computing ( cloud ပေါ်မှ ကွန်ပျူတာ ဝန်ဆောင်မှု ရယူ/ ပေးပို့ခြင်း) . language acquisition ( သဘာဝနည်းကျဘာသာစကား သင်ကြားစေမှု) . research methodology ( အနုစိတ် သုတေသန) . voter turnout (မဲပေးခွင့်ရှိသူများထဲ မဲပေးသူ ရာနှုန်း) . carbon footprint (ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ် လွှတ်မှု စုပေါင်းပမာဏ ) . gene expression (မျိုးစေ့ဗီဇ ဖော်ပြမှု) . tax evasion (အခွန်ရှောင်လွှဲမှု
6 · 1.5K ·
⚠
⚠မနက်ဖြန်များရဲ့ဘာသာစကား🎓
“🌈Broadening your Vocabs (Week-8)” ဝေါဟာရတွေရဲ့ နယ်မြေကို ချဲ့ထွင်ဖို့ ဒီတစ်ခါ ရွေးထားတဲ့ စကားလုံးတွေက 🔺Oxymoron လို့ခေါ်တဲ့ “ဆန့်ကျင်ဘက် ဝေါဟာရ” တွေကို ပေါင်းပြီး ပိုလှပတဲ့ လုံးတွဲ စကားလုံးတွေ ဖန်တီးထားတာပါ။ “Bittersweet” (ကြည်နူးသလို ရင်ထဲလည်းဆို့နင့်ရသော) Bitter - ခါးသက်သော နဲ့ sweet - ချိုမြိန်သော ဆန့်ကျင်ဘက် နာမဝိသေသန နှစ်ခုကို ပေါင်းစပ်ထားတဲ့ 🔸”Compound Adjectives”ပါ။ 📕 Seeing old photos gave her bittersweet memories. (ဓာတ်ပုံ အဟောင်းတွေမြင်ရတာ ကြည်နူးသလို လွမ်းဆွတ်ဝမ်းနည်းရ) 🔹ဒီလို ဆန့်ကျင်ဘက် ပေါင်းစပ်ထားတဲ့ ဝေါဟာရ တွေကို Oxymoron ( a combination of contradictory word) လို့ခေါ်ပြီး ပုံစံတူ အချို့လည်း ရှိနေပါသေးတယ်။ “Sweet sorrow” (နာကျင်ပေမယ့် ချိုမြိန်ရသော) 📕Leaving home for university can feel like sweet sorrow. (တက္ကသိုလ်သွားတက်ရတာ ဝမ်းသာရသလို အိမ်နဲ့ ခွဲရတဲ့ အတွက်လည်းဝမ်းနည်းစိတ်မကောင်းဖြစ်မိ) “Love-Hate Relationship” (ရန်ဖြစ်လိုက် ပြန်ချစ်လိုက်) 📕 They have a love-hate relationship. (သူတို့ ဆက်ဆံရေးက ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့) “Living Dead” ( ရှင်လျက်နဲ့ သေနေရ) 📕 Since the breakup, she has felt like the living dead. (အချစ်ရေး ပြတ်စဲပြီးကတည်းက သူမဘဝ ရှင်လျက်နဲ့ သေနေသလို ခံစားနေရ) “Alone together” (လူချင်းနီးပြီး စိတ်ချင်းဝေး) 📕 The couple sat quietly, alone together. (စုံတွဲတစ်တွဲ အတွေးကိုယ်စီနဲ့ ဘာစကားမှ မဟဘဲ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေကြ) “Open Secret” (လူတိုင်းသိသော လျှို့ဝှက်ချက်) 📕 Their relationship was an open secret at school. (သူတို့နှစ်ယောက် ဆက်ဆံရေးက ကျောင်းမှာ ဖုံးလေ ပေါ်လေပဲ) “Same Difference” (ထူးမခြားနား ကွဲပြားမှု) 📕“He’s 17.” “No, he’s 18.” “Eh, same difference.” (သူက ၁၇ နှစ်၊ မဟုတ်ဘူး ၁၈။ အင်း သိပ်မကွာပါဘူး) “Deafening Silence” (အပ်ကျသံကြားရလောက်အောင်ကို တိတ်ဆိတ်/ တိတ်ဆိတ်လွန်းတော့ ခြောက်ခြားဖို့တောင်ကောင်း) 📕After the question, there was deafening silence in the room. (မေးခွန်း မေးပြီးတဲ့အခါ၊ အခန်းထဲ အပ်ကျသံကြားရလောက်အောင်ကို တိတ်ဆိတ်သွား) Keep 🔍Learning! Tr.D (AL🎓T) Language Proficiency Coach
3 · 1.1K ·
⚠
⚠မနက်ဖြန်များရဲ့ဘာသာစကား🎓
“💥 Usage Tips - 50” Would/ Could/ Should/ Might + Have + Past Participle  (အတိတ်မှာ ဖြစ်ချင်/ ဖြစ်နိုင်/ ဖြစ်သင့်ခဲ့တဲ့ အခါ) 1️⃣ WOULD HAVE + past participle (လက်တွေ့မဟုတ်/ အတိတ်ကစိတ်ကူးယဉ်အခြေအနေ) 🔹အတိတ်မှာ ဖြစ်ပျက်ခဲ့ခြင်းမရှိခဲ့သော အခြေအနေများကိုပြောဆိုရာတွင်သုံးလေ့ရှိပါတယ်။ 📕I would have helped you, but I was busy. (ငါအလုပ်များနေလို့သာ မဟုတ်ရင် ငါမင်းကိုကူညီချင်ခဲ့တာပါ) 📕She would have passed the exam, but she didn’t study. (သူမသာ စာလုပ်ခဲ့မယ်ဆိုရင် သူမစာမေးပွဲအောင်ခဲ့လောက်မှာ) 📕We would have gone to the party, but it rained. (မိုးရွာခဲ့လို့သာ မဟုတ်ရင် ငါတို့ party ကိုသွားနေလောက်ပြီ) 🔑(မိမိ ဖြစ်ချင်ခဲ့တဲ့ဆန္ဒကိုရည်ညွှန်းပြောဆိုချင်တဲ့အခါမှာ Would Have + past participleကိုသုံးလေ့ရှိပါတယ်) 2️⃣COULD HAVE + past participle (အတိတ်မှာ ဖြစ်ပျက်နိုင်ခြေရှိတဲ့အခြေအနေ) 🔹အတိတ်မှာ မဖြစ်ပျက်ခဲ့ပေမဲ့ ဖြစ်နိုင်ခဲ့လောက်မဲ့ အခြေအနေများကိုရည်ညွှန်းပြောဆိုရာမှာသုံးလေ့ရှိပါတယ်။ 📕I could have helped you, but I didn’t know. ငါသာသိခဲ့ရင် မင်းကိုကူညီပေးခဲ့မှာ 📕She could have won the race. (It was possible) (သူမ အပြေးပြိုင်ပွဲမှာ နိုင်ခါနီးလေးပါပဲ) 📕We could have taken a taxi. (ငါတို့ taxi စီးခဲ့လိုက်ရမှာ) 🔑( ဖြစ်ပျက်နိုင်ခြေအလားအလာရှိသော ဖြစ်ရပ်များကို ရည်ညွှန်းပြောဆိုရန်အတွက် COULD HAVE + past participleကိုသုံးလေ့ရှိပါတယ်) 3️⃣SHOULD HAVE + past participle ( အတိတ်မှာဖြစ်ပျက်ခဲ့သော အကြောင်းအရာတစ်ခုအတွက် နောင်တရခြင်း ၊အပြစ်တင်ဝေဖန်ခြင်း ၊ အကြံဉာဏ်ပေးခြင်း) 🔹ပိုကောင်းသောအကြောင်းအရာ( သို့ )ဖြစ်ခဲ့သင့်သောအခြေအနေတစ်ခုက မဖြစ်ပျက်ခဲ့သောအခါမှာ သုံးလေ့ရှိပါတယ်။ 📕I should have studied more. (ငါ စာပိုကြိုးစားခဲ့သင့်တာ) 📕You should have told me earlier. (မင်းငါ့ကိုစောစော ပြောပြခဲ့သင့်တာ) 📕He shouldn’t have spoken like that. (သူဒီလို မပြောခဲ့သင့်ဘူး) 🔑 (ဖြစ်သင့်သောအကြောင်းအရာ သို့ ဖြစ်ခဲ့ရန် မျှော်လင့်ခဲ့သော အကြောင်းအရာများကို ရည်ညွှန်းပြောဆိုရာတွင် SHOULD HAVE+ past participleကို သုံးလေ့ရှိပါတယ်) 4️⃣တူညီသောအခြေအနေ နဲ့ ကွဲပြားသော အဓိပ္ပါယ် 🔹ဥပမာ :မင်းက ထီးယူဖို့မေ့ခဲ့တယ်ဆိုကြပါစို့ ••• ဒီလိုအခြေအနေမှာဆိုရင် 📕I would have taken an umbrella, but I forgot. ငါထီးယူခဲ့မလို့ဘဲ ဒါပေမဲ့ ငါယူလာ
5 · 1.1K ·
⚠
⚠မနက်ဖြန်များရဲ့ဘာသာစကား🎓
🔰 Nonprogressive Verbs (⚡️Repost To Reread 30⚡️) Verb တွေထဲမှာမှ ဘယ်လို Verb လေးတွေဟာ +Ving ( Progressive/ Continuous Form ) သုံးလေ့မရှိဘူးဆိုတာလေးကိုမျှဝေပေးချင်ပါတယ်။ အဲဒီ Verb လေးတွေကိုတော့ “Non-Progressive Verb” သို့မဟုတ် “Stative Verb” လို့ခေါ်ပါတယ်။ The Essential of English by Ann Hogue ကို ကိုးကားပြောရရင် …. ◾ Certain verbs are generally not used in the progressive tenses. These verbs do not express actions. Instead, they express emotions, mental processes, the five senses, possession, and a few other nonaction meanings. These verbs are also called nonaction verbs or stative verbs. အလွယ်ဘာသာပြန် ယေဘုယျခြုံပြောရရင် အဲဒီ Non-progressive/ Stative verbs တွေဆိုတာ လှုပ်ရှားပြုမူဆောင်ရွက်ခြင်း (Action ) ကို မဖော်ပြဘဲ စိတ်ခံစားမှုတွေ ၊ စိတ်ထဲမှာသိရှိနားလည်ဖြစ်တည်နေတာတွေ ၊ အာရုံ ၅ ပါးခံစားရတာတွေ ၊ ပိုင်ဆိုင်မှုတွေ ကိုဖော်ပြတဲ့ Verb တွေဖြစ်ပါတယ်။ 🔷Stative verbs ◾ Emotions love , hate , like , dislike , fear, care mind, envy , miss 📕Eg: I love you. ☑️ I am loving you. ❎ Do you like music? ☑️ Are you liking music? ❎ ◾Mental processes know, think*, understand, believe, doubt, mean, realize, remember, forget 📕Eg: Do you understand?☑️ Are you understanding?❎ I remember my first day at my school. ◾The Senses feel*, hear, see*, smell*, sonud, taste* 📕Eg: I hear them talking. ◾ Possession own, possess, have*, belong 📕Eg: That book belongs to my friend. I have a pet dog. ◾Others be*, exist, consist of , include, seem, look*, need, want, prefer, cost, owe , agree, disagree 📕 Eg: You look happy today. I need you. It costs 100$. 🔸အပေါ်မှာရေးပြထားတဲ့ stative verb လေးတွေထဲက အချို့ verb လေးတွေရဲ့နားမှာ ခရေပွင့်လေးတွေ “ * “ပြထားတာကိုသတိထားမိကြမယ်ထင်ပါတယ်။ ဟုတ်ပါတယ် အဲဒီခရေပွင့်ပြထားတဲ့ verb လေးတွေကတော့ verbs with two meanings ( Non-Action meaning & Action meaning ) လေးတွေဖြစ်ပါတယ်။ ◾Think 📕I think you are right. ( Non-Action meaning) ( think = belie
3 · 1K ·
⚠
⚠မနက်ဖြန်များရဲ့ဘာသာစကား🎓
“🌈Broadening your Vocabs (Week-9)” အရင်တခါက “Oxymoron” တွေ အကြောင်း လေ့လာပြီးတဲ့အခါမှာ၊ အခု “ဆန့်ကျင်ဘက် ဝေါဟာရ” မဟုတ်တဲ့ “ဆန့်ကျင်ဘက် အတွေးအခေါ်” တွေကို ပေါင်းပြီး ဖွဲ့စည်းထားတာတွေကို လေ့လာကြည့်ရအောင်ပါ။ “Paradox” တွေကို စဖတ်ကြည့်ရင်တော့ အဓိပ္ပာယ်မဲ့သလို ဖြစ်နေပေမယ့် စေ့စေ့တွေးမှ တရေးရေး အဓိပ္ပာယ် ရှိလာတာမျိုးပါ။ ဥပမာ။ ။ 📕”Less is More” (ရိုးလေ…ကောင်းလေ) ဘဝမှာ ရှုပ်ထွေးပွေလီမှုတွေ၊ တပ်မက်မှုတွေများလာတဲ့ အခါ ရိုးရိုးရှင်းရှင်းနဲ့ ရုပ်ဝတ္ထုတွေအပေါ် စွဲလမ်းမှု လျှော့ချနိုင်တဲ့အခါ “Less is More” အဓိပ္ပာယ်က ပို ပြည့်စုံ လာပါတယ်။ 📕 “The more you know, The less you know” (များများသိလာလေ၊ ကိုယ်မသိတာတွေပိုများတာကို သိလာလေ) အသိပညာတွေကို လေ့လာလိုက်စားနေမှ ကိုယ်မသိသေးတဲ့ အရာတွေ အများကြီး ရှိနေသေးတာကို သိလာတယ်လို့ ဆိုလိုချင်တာပါ။ 📕 “You have to spend money to save money.” ပျက်လွယ် စီးလွယ်တွေ ဝယ်မယ့်အစား တခါတည်း အရည်အသွေး ကောင်းကောင်းကို အကုန်ကျခံပြီး ဝယ်တာက နောက်ထပ်ကုန် စရာမလိုဘဲ ကြာကြာခံပြီး အချိန်ကုန် သက်သာမှာပါ။ 📕 “The more available we are, the less connected we feel.” နည်းပညာခေတ်မှာ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့ အရမ်းလွယ်ပေမယ့် စိတ်ချင်းနီးဖို့တော့ ခက်ခဲနေပါသေးတယ်။ 📕”To be independent, you must depend on others.” အမှီအခိုကင်းပြီး အောင်မြင်တဲ့သူ ဖြစ်လာဖို့၊ တစ်ယောက်တည်းရပ်တည်လို့ မရဘဲ မိတ်ဆွေ၊ မိဘ၊ ဆရာသမား၊ လူအဖွဲ့အစည်းပေါ် မှီတည်ပြီး ကြိုးစားမှ သူများအားကိုးစရာမလိုတဲ့ အောင်မြင်သူဖြစ်လာမှာပါ။ 📕ဂရိတွေးခေါ်ပညာရှင် ဆော့ခရေးတီးစ်ရဲ့ “I know one thing: that I know nothing.” (ကျွန်တော်သိတာတစ်ခုကတော့၊ ကျွန်တော်ဘာာမှ မသိသေးဘူးဆိုတာပဲ) လေ့လာရင်း သင်ကြားရင်းနဲ့ ကိုယ်မသိတာတွေ ပိုတွေ့လာပြီး၊ ပို လေ့လာဖို့ လိုအပ်တာကို သိလာတာမျိုးပါ။ 📕 “The only constant is change.” (အသေချာဆုံးတစ်ခုကတော့ မသေချာခြင်းပဲ) လောကမှာ ဘယ်အရာမှ တသတ်မှတ်တည်း တည်ရှိမနေဘဲ တက်ကျ၊နိမ့်မြင့် အမြဲပြောင်းလဲ နေတာမျိုးပါ။ 📕 “Freedom requires limits” (လွတ်လပ်ခြင်းမှာလည်း အထိန်းအကွပ်ရှိဖို့လို) လွတ်လပ်တယ် ဆိုပြီး စည်းလွတ်ဝါးလွတ် ဖြစ်မနေသင့်ပါဘူး။ 📕 “The faster you hurry, the longer it takes.” (အလျင်လို အနှေးဖြစ်) ပြီးချင်ဇောနဲ့ အလုပ်တွေ လုပ်တဲ့အခါ မြန်မြန်မပြီးဘဲ အမှားတွေ ပိုလုပ်မိတတ်ပါတယ်။ 📕 “The more
4 · 728 ·
⚠
⚠မနက်ဖြန်များရဲ့ဘာသာစကား🎓
“Let’s eat out and split the bill 🆚 Let’s eat outside and share the food🍔” မြန်မာလို ဆိုရင်တော့ “အပြင်မှာ သွားစားတာ (Eat Out)”နဲ့ “အပြင်ဘက်မှာ ထွက်စားတာ (Eat Outside)” တူသလိုလို ရှိပေမယ့် “Eat Out” ကတော့ အိမ်ကလွဲပြီး စားသောက်ဆိုင်၊ ဒါမှမဟုတ် တနေရာရာကို ထွက်သွားပြီး စားတာမျိုးပါ။ ဥပမာ: 📕 “We decided to eat out at a new restaurant.” (အသစ်ဖွင့်တဲ့ စားသောက်ဆိုင်မှာ သွားစားမလို့) “Eat Outside” ကတော့ အိမ်ထဲမှာ မဟုတ်ဘဲ အိမ်ရဲ့ပြင်ပမှာ ထွက်စားတာပါ။ 📘 “It’s such a nice day, let’s eat outside on the grass.” (ရာသီဥတု သာယာတယ်၊ မြက်ခင်းပြင်ပေါ် သွားစားရအောင်) ဒီလို အပြင်မှာ ထွက်စားတဲ့အခါ ကျသင့်ငွေ ’Bill’ ကို မျှခံရတာမျိုးရှိပါတယ်။ ဒါကို▪️▪️▪️ 📒 “We decided to split the bill equally between us.” (ကျသလောက်ကို တစ်ယောက်တစ်ဝက် မျှခံမယ်) ဒါမှမဟုတ် ကိုယ့်မှာရှိတဲ့ အစားအသောက်ကို ပြန်မျှပေးချင်ရင်တော့ ▪️▪️▪️ 📗 “I shared my dessert with my friend.” (အချိုပွဲကို သူငယ်ချင်းနဲ့ မျှစားတယ်) 🔷စကားတစ်ခွန်းရှိတယ် “Sharing is Caring” (မျှဝေခြင်းဟာ စာနာခြင်းပဲ) ဒီ ဆိုရိုးကို မှတ်ထားရင် Split နဲ့ Share ကို အမှတ်မှားစရာ မရှိတော့လောက်ပါဘူး။ Let’s eat out and split the bill နဲ့ Let’s eat outside and share the food ရဲ့ ကွဲပြားတဲ့အဓိပ္ပာယ်ကို ရှင်းပြပြီးလောက်ပြီထင်ပါတယ်။ ⚠️QUICk nOTe by AL🎓T
3 · 556 ·

Открытая публичная лента из поискового индекса ChatCrawler — «Google по публичному Telegram»; обновляется по мере обхода площадки. Время — UTC.

Только публичный контент, официальный API Telegram. О проекте · Вопросы · Чего мы не делаем · Убрать страницу из выдачи · Каталог · Поиск · Как мы считаем