Веб-версияОткрыть в Telegram
SStudy Corner chat

Study Corner chat

@studycorner13 · группа · Образование · в индексе с 2026-07-13
4участников
2пишущих за 30 дней
3сообщений за 30 дней
689сообщений в индексе
S
ကျွန်နော်လဲအောင်တယ် မြန်မာစာမှန်းထားတာတော့မပါဘူးဗျ
  1. A
    အောင်သွားပါပြီခင်ဗျာ🤪🤪
Вся ветка · 2 ответа →
  1. 🪐
    ဘာမှမပြောလို့လေ ရပါတယ် ထပ်တူဝမ်းသာပါတယ်
Вся ветка · 1 ответ →
S
သဘော်သားဖြစ်ချင်တဲ့ညီကိုတွေ ရွေးချယ်သင့်တဲ့ ကျောင်းနှစ်ကျောင်း သို့မဟုတ် MMU နဲ့ MMMC ဆိုတော့အဲ့နှစ်ကျောင်းရဲ့အခြေခံ ကွာခြားမှူနဲ့ ဘယ်ကျောင်းကိုရွေးချယ်သင့်လဲဆိုတာကို ပြောပြသွားမယ်။ပထမဆုံးနေနဲ့ MMU- MMU က ပျမ်းမျှအားဖြင့် ၅နှစ် တတ်ရပြီး ယောကျာ်းလေးကောမိန်းကလေးကောတတ်လို့ရမယ် ေမဂျာများမယ်။အမှတ်အားဖြင့် MMMC ထက်နဲနဲမဆိုသလောက်လေးမြင့်တယ်။ အဲ့တော့ life style ကို တကသိုလ်လေးအေးဆေးတတ်ရင်းနဲ့ ဖြတ်သန်းချင်သေးတဲ့သူတေအတွက်ကတော့ MMUကိုရွေးသင့်တယ်။ MMMC ကတော့ ယောကျာ်းလေးသီးသန့်သာတတ်လို့ရပြီး မေဂျာအားဖြင့် ၃ခုပဲရှိမယ်။ နှစ်နှစ်တတ်ရမယ်။ သဘော်ပေါ်အရင်ရောက်မယ်။ ဆိုတော့ကာ ပိုက်ဆံစောရှာချင်တဲ့သူတေအနေနဲ့ကတော့ အလုပ်ပိုစောရပြိး သေချာတဲ့ MMMCက်ုရွေးချယ်လို့ရမယ်။ ကဲ ဘယ်ကျောင်းကိုရွေးမလဲ။ #kiyito
2 · 609 ·
S
G12 အမှတ်တွေလည်းထွက်တော့မှာဆိုတော့ နည်းပညာတက္ကသိုလ်တက်ချင်တဲ့ညီလေး ညီမ‌လေးအတွက် အကိုတက်နေတဲ့ TU Hmawbi အကြောင်းကိုနည်းနည်းလေးပြောပြပေးချင်ပါတယ် ။ အကိုအခုတက်နေတဲ့ကျောင်းမှာတော့ စုစုပေါင်း major 7 ခုရှိပါတယ်။ 1. Civil Engineering 2. Architecture 3. Mechanical Engineering 4. Electronic Engineering 5. Electrical Power Engineering 6. Mechatronics Engineering 7. Computer Engineering and Information Technology စုစုပေါင်း 7 ခုပါ။ 1. Civil Engineering Civil Engineering ကတော့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် work demand အများဆုံး major တစ်ခုပါ။ ဆောက်လုပ်ရေးဖြစ်တာနဲ့အညီ လမ်းဆောက်တာတွေ တံတားတွေဆောက်တာနဲ့စတဲ့ construction ပိုင်းဆိုင်တာတွေအကုန်ပါပါတယ်။ အဲ့အပြင်ကိုမှ design ဆွဲဖို့ structure ချပေးရတာတွေ ဆောက်ပြီးသွားရင်လည်း maintenance အပိုင်းကိုတာ၀န်ယူရတာတွေက Civil Engineer တွေလုပ်ရတာတွေပါ။ အကိုတက်နေတဲ့ HBTU မှာတော့ Civil Engineering ကဖြတ်မှတ်အမြင့်ဆုံးပါ။ 2. Architecture Architecture ကတော့တော်‌တော်များများသိကြသလို အဆောက်အအုံပုံစံ design တွေဆွဲရတဲ့ major ပါ။ First year ကတည်းက project တွေစလုပ်ရတာမလို့ ပုံဆွဲဝါသနာပါတဲ့လူတွေယူသင့်တဲ့မေဂျာမျိုးပါ။ Art Science နဲ့ Technology ကိုပေါင်းစပ်ထားတာမလို့ စိတ်ကူးစိတ်သန်းကောင်းသူတွေအတွက်ရွေးချယ်ဖို့အဆင်ပြေပါတယ်။ 3. Mechanical Engineering Civil Engineering ပြီးရင် Mechanical Engineering ကဒုတိယ work demand များတဲ့မေဂျာပါ။ အဓိကအနေနဲ့တော့ စက်ယန္တရားတွေရဲ့ ဒီဇိုင်း ထုတ်လုပ်မှုနဲ့ လည်ပတ်မှုတွေကိုလေ့လာရတာမျိုးပါ။ စက်ပစ္စည်းတွေ အင်ဂျင်တွေရဲ့စွမ်းဆောင်ရည်တွေကိုစိတ်ပါ၀င်စားရင်တော့ Mechanical Engineering ကအကောင်းဆုံးပါ။ 4. Electronic Engineering Electronic Engineering ဆိုတဲ့အတိုင်း Electronic ပစ္စည်းတွေနဲ့ Circuit တည်ဆောက်မှုတွေအကြောင်းကိုလေ့လာရတဲ့ဘာသာရပ်ပါ။ Electronic ပစ္စည်းများရဲ့ design တွေနဲ့ wireless device ‌တွေ ဆက်သွယ်ရေးသုံးပစ္စည်းလျှပ်စစ်ပစ္စည်းတွေအကြောင်းကိုအသေးစိတ်လေ့လာရတာမျိုးပါ။ 5. Electrical Power Engineering EP မှာတော့ အဓိက field 5 ခုအကြောင်းကိုသင်ကြားရမှာပါ။ - Low voltage, Installation and safety - Electrical Machinery - Power System - Renewable energy နဲ့ - Electric Energy စတာတွေနဲ့ပတ်သတ်ပြီးသင်ကြားရမှ
7 · 374 ·
  1. K
    CEIT တက်ဖို့ အမှတ်ဘယ်လောက်လိုလဲ အကိုခင်ဗျ
    1. L
      အကို အဲဒါ အင်ဂျင်နီယာ အမှတ် လေးဘာသာ ပေါင်းကိုပြောတာလား ခြောက်ဘာသာပေါင်းကိုပြောတာလား ခင်ဗျ
    2. T
      နယ်ကျော်လျှောက်လို့ရလားဗျ Architectureယူချင်လို့
  2. 𝐑
    အကိုရေ အရေးသားမေးခွန်းနဲ့အကြောင်းအရာမေးခွန်း မကြည့်တတ်လို့ရှင်းပြပေးပါအုန်း
Вся ветка · 6 ответов →
S
အမှတ်ဘယ်လောက်ကနေစခေါ်တာလဲဗျ
🎐
S
Hello အစ်မဒီနေ့ စီးပွားရေး၊ စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီးကျောင်းတက်ချင်တဲ့ ကလေးတွေအတွက် အစ်မတက်နေတဲ့အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီ‌ ကောလိပ် ( NMDC )နဲ့ပတ်သက်ပြီး sharing လုပ်ပေးချင်ပါတယ် အရင်ဆုံး အစ်မတို့ကျောင်းက college ဖြစ်နေတဲ့အကြောင်းပါ college နဲ့ university ကွာတာ နေရာအကျယ်အဝန်းကြောင့်ပါပဲ တော်"များ"မှားကြတဲ့တစ်ခုက အစ်မတို့ကျောင်းက diploma ပေးတာမဟုတ်ဘဲ bachelorဘွဲ့ တန်းပေးတာပါ အရင်ကဗိုလ်တထောင်လုပ်သားကောလိပ်ကနေ အခုဒီဂရီကောလိပ် အဖြစ်ပြောင်းလဲလာတာပါ အမှားများတဲ့ကိစ္စလေးမို့လိုရှင်းပြပေးတာပါ 🫶 ကျောင်းကိုဘယ်လိုလျှောက်ရမလဲဆိုရင် ဝင်ခွင့်ဖောင်ကနေလျှောက်ရတာမျိုးမဟုတ်ဘဲပြင်ပအနေနဲ့လျှောက်ရတာပါ ကန့်သတ်ထားတဲ့ရက်အတွင်း ကျောင်းမှာကိုယ်တိုင်ဖြစ်စေ၊ website ကဖြစ်စေလျှောက်နိုင်ပါတယ် စလျှောက်ရမယ့်အချိန်နီးရင် ကျောင်းရဲ့ fb page ၊ သတင်းစာကနေကြော်ငြာလေ့ရှိပါတယ် ရက်ကျော်ပြီးမှလျှောက်ရင်လက်မခံသလို တစ်နှစ်အောင်တဲ့သူပဲ‌လျှောက်ထားနိုင်ပါတယ် ဉပမာ အစ်မတို့နှစ်ကအောင်တဲ့သူဆိုအခုနှစ်စလျှောက်လို့မရပါဘူး တည်နေရာက ဗိုလ်တထောင်ဘုရားလမ်းနဲ့ ကုန်သည်လမ်းထောင့်မှာပါ အဓိကအားဖြင့် အစ်မတို့ကျောင်းမှာမေဂျာ 5ခုရှိပါတယ် 1. Bachelor of Business Management (BBM - စီးပွားရေးစီမံခန့်ခွဲမှု) 2. Bachelor of Economic and Finance (BEF - စီးပွားရေးနှင့်ဘဏ္ဍာရေး) 3. Bachelor of Tourism and Hospitality Management (BTHM - ခရီးသွားလုပ်ငန်းနှင့်ဧည့်ဝန်ဆောင်မှု စီမံခန့်ခွဲမှု) 4 Bachelor of English for Professional Purpose (EPP - လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ) 5. Bachelor of Journalism (BA -Jnl သတင်းအတတ်ပညာ) မေဂျာငါးခုမှအမှတ်အမြင့်ဆုံးက BBM ဖြစ်ပါတယ် အစ်မတက်နေတဲ့ BEF မေဂျာက 2022မှစတင်ရှိခဲ့တာဖြစ်ပြီး ညီမလေးတို့မောင်လေးတို့ရဲ့ဒီနှစ်က 5th batch ဖြစ်ပါတယ် First yrမှာတော့ မေဂျာငါးခုလုံးက math, Am (Aespect of Myanmar ), မြန်မာစာကို minor အနေနဲ့သင်ရပါတယ် BBM ကစီးပွားရေးနဲ့သက်ဆိုင်တဲ့ Accounting, Economic, Business Management စတာတွေကိုသင်ကြားရပါတယ် BEF မှာလည်း Accounting, Economic, Statistics စတဲ့အတွက်အချက်နဲ့သက်ဆိုင်တဲ့ဘာသာရပ်တွေသင်ကြားရပါတယ် BEF နဲ့ BBM ကပထမနှစ်မှာဆင်တူပါတယ် စီးပွားရေးနဲ့ဆိုင်တဲ့ဘာသာရပ်တွေသင်ကြားရတာပါ second yr ကစပြီးမေဂျာအလိုက်ကွဲသွားပါတယ် BEFက အတွက်အချက်များတဲ့ဘာသာရပ်ပါ BTHMကတော့ Touris
1 · 174 ·
S
Management ကျောင်းဖြစ်တဲ့အတွက်မေဂျာငါးခုလုံးကစီမံခန့်ခွဲရေးကိုအဓိကထားပြီးသင်ကြားပါတယ် လေးနှစ်တက်ရပြီး first semesterနဲ့ second semester ဆိုပြီးနှစ်ခါခွဲတက်ရပါတယ် semester တစ်ဖြတ်ကို 3လကနေ 4လတက်ရပြီး စာမေးပွဲတစ်ကြိမ်စီဖြေရပါတယ် Third yr semester 1 ပြီးလို့ကျောင်းပိတ်တဲ့နှစ်လအတွင်းမှာ ကျောင်းကစီစဉ်ပေးတဲ့သက်ဆိုင်ရာမေဂျာအလိုက် job internship ဆင်းရပါတယ် (မဆင်းတဲ့သူအချို့လည်းရှိတယ်ပေါ့နော်) နှစ်တိုင်း second semester မှာ job fair ပွဲလုပ်ပေးပြီး အဲ့ကcompanyတွေမှာ internship ဆင်းလို့ရသလိုအလုပ်ခေါ်တာမျိုးတွေလည်းရှိပါတယ် job opportunities ကတော့မေဂျာတိုင်းအတွက်မရှားပါဘူးနော် အစ်မတို့ကျောင်းက ပညာရေးဝန်ကြီးဌာနလက်အောက် ရန်ကုန်စီးပွားရေးစီးပွားရေးတက္ကသိုလ်ရဲ့အခွဲတစ်ခုပါ အဲ့တာကြောင့် လေးနှစ်တက်ပြီးရင် bachelor ဘွဲ့ကို ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်မှာယူရတာဖြစ်ပါတယ် ကျောင်းတက်လို့ ဘယ်လောက်ကုန်လဲဆိုရင် semester 1 fees - 80000 ဝန်းကျင် semester 2 fees- 60000ဝန်းကျင်ပါ အဲ့တာက ကျောင်းအပ်ခသက်သက်ဖြစ်ပြီး စာအုပ်ဖိုး၊ ကျောင်းသားကတ်ဖိုး တွေက မေဂျာအလိုက် semester တစ်ခုစီ 80000- 100000ဝန်းကျင်ကျပါတယ် ဝင်ခွင့်ကျပြီးတဲ့အချိန်က‌နေ ကျောင်းဖွင့်ပြီး နှစ်ပတ်ကနေ သုံးပတ်အထိကျောင်းအပ်လက်ခံပါတယ် ကျောင်းအပ်ရင် ငွေသားလက်မခံဘဲ UAB pay, KBZ pay နဲ့ပဲလက်ခံပါတယ် (ကျောင်းမအပ်ခင် UAB payဖွင့်ထားဖို့အကြံပေးပါတယ်နော် အစ်မတုန်းကUAB pay မရှိလို့ဒုက္ခရောက်ခဲ့ပါတယ်🥹) နယ်က ကလေးတွေအတွက်ကျောင်းဆောင်ရှိပါတယ် ကလေးအကုန်မရတာများလို့ ကျောင်းဆောင်လိုချင်ရင်စောစောလာအပ်ဖို့ recommend ပေးပါတယ် ‌ အခြားသိချင်တာရှိရင်လည်း dmမှာမေးလို့ရပါတယ်နော်
1 · 176 ·
  1. Y
    နိုင်ငံခြားဘာသာတက္ကသိုလ်က အမှတ်ဘယ်လောက်ဖြတ်လဲမသိရှင့်
Вся ветка · 1 ответ →

Открытая публичная лента из поискового индекса ChatCrawler — «Google по публичному Telegram»; обновляется по мере обхода площадки. Время — UTC.

Только публичный контент, официальный API Telegram. О проекте · Вопросы · Чего мы не делаем · Убрать страницу из выдачи · Каталог · Поиск · Как мы считаем