ChatCrawlersearch across public Telegram Open the app
က

ကျွန်းလှ မီးအိမ်ရှင် 💬

сообщение · 2026-07-28 08:33 UTC
I
Видео
226.1 MB · click to show
ဇတ်ဆရာတစ်ယောက်ပါတဲ့ video ဖိုင်တစ်ခုTiktokမှာ တင်ထားတာတွေ့ပါတယ်။ NLD ရဲ့မဲလိမ်မဲခိုးပြီး နိုင်ငံ့အာဏာရယူခြင်းကို တပ်မတော်ကအာဏာထိန်းအပြီး ဆန္ဒပြပွဲများစွာထဲက မှတ်တမ်းတစ်ခုဖြစ်ပါတယ်။ ဒီ video ရဲ့အောက်မှာ မန့်ထားတာတွေက အဲ့တုန်းက လူတိုင်းလိုပါခဲ့တာပဲ ဘာလို့အခုမှတင်တာလဲ ဆိုတဲ့ စကားအများစုပါပဲ။ တပ်မတော်အနေနဲ့ တိုင်းပြည်ရဲ့အာဏာကိုခေတ္တခဏထိန်းသိမ်းစဥ်အခါက အနုပညာရှင်တွေ၊အတတ်ပညာရှင်တွေ၊ ဌာနအသီးသီးမှအချို့ဝန်ထမ်းတွေဟာ ဆန့်ကျင်ဆန္ဒပြခဲ့ကြတာကို မမေ့ဖို့လိုပါတယ်။ တပ်မတော်ကို တိုက်ခိုက်ဖို့လူငယ်တွေကိုတောထဲတွန်းပို့၊လက်နက်စွဲကိုင်တော်လှန်စေခဲ့တာကို မမေ့ဖို့လိုပါတယ်။ နိုင်ငံ့ယန္တယားလည်ပတ်နေမှုရပ်သွားအောင် ဝန်ထမ်းတွေကို CDM လုပ်စေခဲ့တာကို မမေ့ဖို့လိုပါတယ်။ အခု ငြိမ်နေတယ်ဆိုတာကလည်း ချစ်လွန်းလို့မဟုတ်ပဲ အားမတန်လို့မာန်လျော့နေရတယ်ဆိုတာ သိဖို့လိုပါတယ်။ နိုင်ငံဖျက်ခဲ့၊လူသတ်အားပေးခဲ့ကြသူတွေကို ဒူးနေဒူး တော်နေရာတော် ထားဖို့လိုပါတယ်။ မြှောက်စားသင့်သူကိုချီးမြှောက် မြှောက်စားပြီး ကောင်းကျိုးမပေးခဲ့တဲ့သူတွေကို နေရာမပေးမိဖို့လိုပါတယ်။ ဒီလိုပို့စ်တင်ပြီးပြောရတယ်ဆိုတာကလည်း တပ်မတော်ကြီးကိုချစ်လို့ပြောတယ်ဆိုတာ သိဖို့လိုပါတယ်။ ယောသား (ကျွန်းလှမီးအိမ်ရှင်)
4.1K ·

Вся лента

Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog