📚Muslim Knowledge Study Shelf📚
Replymessage unavailableبِسْــــــــــــمِ ٱللَّٰهِ ٱلرَّحْــــــــــــمَٰنِ ٱلرَّحِــــــــــــيمِ
📚💰ကုရ်အာန်ကျမ်းတော်မြတ်ဖြင့် ဝမ်းရေး ရှာကြမည်။ 📚💰
ဂျာဗိရ်(رضي الله عنه)သခင်က မိန့်တော်မူသည်၊ ကျွန်ုပ်တိုသည် “ကုရ်အာန်ကျမ်းတော် မြတ် ဖတ်ရွတ်နေကြသည်။ အရဗ် မြို့နေများ၊ ရွာသားများနှင့် အရဗ် မဟုတ်သော သူ များလည်း ရှိနေ ရှိနေကြသည်၊ ထိုအခိုက် တမန်တော်မြတ်(ﷺ) ကြွလာတော်မူပြီး မိန့်တော်မူသည်၊ ဆက်၍ဖတ်နေကြကုန်၊ သင်တို့ မှန်ကန် တိကျစွာ ဖတ်နေသူများ ဖြစ်ကြသည်၊ မကြာမီ ဤသို့သောသူများ ပေါ်ပေါက်မည်၊ ၎င်းတို့သည် “ကုရ်အာန်”ကျမ်းတော်ကို မြှားတန်ကဲ့သို့ ဖြောင့်အောင်ပြုကြမည်၊ (အက္ခရာ အသံထွက်မှန်အောင် ဂရုစိုက်လွန်းကြမည်) ၎င်းတို့၏ရည်ရွယ်ချက်မှာ... ကုရ်အာန်ဖတ်၍ လောက၏ငွေကြေးရှာရန်ဖြစ်သည်။ ထို ကုရ်အာန်”ဖြင့် နောင် အာခေရသ်” သာယာကြ မည် မဟုတ်ပေ။
📚(ဗိုင်ဟကီကျမ်း)📚
တမန်တော်မြတ် (ﷺ) မိန့်တော် မူသည်။ ငါရစူလ်မရှိပြီးနောက် မကြာမီ ဤသို့သောသူများ ပေါ်ပေါက်လာမည်၊ ၎င်းတို့သည် “ကုရ်အာန်ကျမ်းတော်မြတ်ကို သီချင်းသံ၊၎င်းငိုယိုသောအသံ (ဝမ်းနည်းသံ) တို့ဖြင့်ဖတ်ကြမည်။ ကျမ်းတော်မြတ်ကုရ်အာန်သည် ၎င်းတို့၏လည်ချောင်းမှ အပြင်သို့ ထွက်မည်မဟုတ်ပေ ၊ (၎င်းတို့၏ဖတ်ရွတ်ခြင်းသည်လက်ခံသောအဆင့်သို့ရောက်မည်မဟုတ်) ထိုသို့ဖတ်ရွတ်သူများ၊ ၎င်းထိုသို့ဖတ်ရွတ်သံကိုနားထောင်၍သဘောကျသူများ၏စိတ်သည် မကောင်းဆိုးယုတ်မှုတွင် နစ်မွန်းသွားကြမည်။
📚(မိရှ်ကားသ်ကျမ်း)📚
မျက်မှောက်ခေတ်တွင် ဤပုံစံအတိုင်းပေါ်လာနေလေပြီ၊ ဗလီဝတ်ကျောင်းတော်များနှင့် လမ်းကြိုလမ်းကြားများတွင် ကုရ်အာန်ဖတ်၍တောင်းရမ်းနေကြသည်။ သေသူအိမ်တွင် သုံးရက်၊ ခုနစ်ရက်၊ရက်လေးဆယ်တွင် ကုရ်အာန်ဖတ်စေ၍ ကျွေး၍မိမိဂုဏ်မြင့်သည်ဟု ထင်နေကြသည်။ သေသူ၏“ကဗရ်”တွင် ရက်လေးဆယ်ထိ “ကုရ်အာန်’ဖတ်ပြီး အခယူနေကြသည်။ သရာဝီးဟ်နမာဇ်းတွင် “ကုရ်အာန်ခသမ်” ဖတ်၍ ဝမ်းဖြည့်နေကြသည်။ အသံထွက်မှန်ကိုသာ ဂရုစိုက်ကြပြီး ကုရ်အာန်ကျမ်းလာ အမိန့်တော်များအတိုင်း လိုက်နာသူကနည်းနေသည်။ တစ်ဆယ့်တစ်လလုံး နမားဇ်မှန်အောင်မဖတ်။ မုတ်ဆိတ်ရိတ်သည်။ ဟရာမ်လုပ်ရပ်များလုပ်သည်/စားသည်။ ရမသွာန်လ ရောက်သောအခါ သရာဝီးဟ်တွင် ဆရာအဖြစ်နှင့် ကုရ်အာန် ခသမ်ဖတ်လေသည်။ ဗလီအချို့တွင် နမားဇ်ပြီးသည်နှင့် တစ်ပြိုင်တည်း တောင်းရမ်း၍ ကုရ်အာန်ဖတ်သံကြားရသည်။ရှေ့တွင် ငွေကြေးစွန့်ရန် ပုဝါခင်းထားလေသည်။
လွတ်လပ်စွာမျှဝေနိုင်ပါတယ်။✅✅