အမှတ်တရတွေ အငွေ့ပျံတဲ့အခါ
နှလုံးသားဟာ အစိမ်းတိုက်သင်္ဂြုဟ်ခံရတယ်။
သေဆုံးသွားတဲ့ စေတသိက်တွေကို
အင်္ဂါဂြိဟ်ပေါ်မြှုပ်ထားတယ်။
မင်းပျော်တဲ့ အပိုင်းအခြားတွေတိုင်း
ကိုယ့်ဝိဉာဉ်ဟာ အူမြူးတယ်။
တချို့သောအခါတွေမှာ
သေပြီးသားဝိဉာဉ်ဟာ
နှစ်ခါပြန်အသတ်ခံရ။
ဒုတိယလူဆိုတာ
ဓားရာမပေါ်တဲ့ ဒဏ်ရာတစ်ခုပဲ။
မောင်ကတော့ဘယ်သိမလဲလေ
သွေးမထွက်ပေမယ့် အနာနက်ခဲ့တယ်။
-မြတ်နွယ်
5 ·