Spring Development Bank
Photo
click to show
click to show
စစ်အာဏာရှင်မှ July 7, 1962 တွင် ရန်ကုန်တက္ကသိုလ်အတွင်း လွတ်လပ်စွာ ကန့်ကွက်ဆန္ဒပြနေသော ကျောင်းသားလူငယ်ထုကို ရက်စက်စွာ ဖြိုခွင်းခဲ့ပြီး ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်သည် ယနေ့တွင် (၆၄) နှစ်တိုင်ခဲ့ပြီဖြစ်ပြီး ထိုနေ့မှ စတင်ခဲ့သော အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေးမိုင်တိုင်များသည် ခေတ်အဆက်ဆက်ဖြတ်သန်းကာ ယနေ့နွေဦးတော်လှန်ရေးအထိ ရှင်သန်နိုးကြားနေဆဲ ဖြစ်သည်။
အာဏာရှင်တို့ ဖျက်ဆီးနိုင်ခဲ့သည်မှာ အဆောက်အအုံသာဖြစ်ပြီး မတရားမှုကိုဆန့်ကျင်သည့် တော်လှန်စိတ်ဓာတ်နှင့် လွတ်လပ်ရေးယုံကြည်ချက်ကိုမူ မည်သည့်အခါမျှ မချေဖျက်နိုင်ခဲ့ပေ။ ဤပေးဆပ်မှုများကို လေးနက်စွာအောက်မေ့လျက် တရားမျှတမှုအောင်ပွဲရရှိသည်အထိ မျိုးဆက်သစ်လူငယ်ထုအားလုံး ညီညွတ်စွာ အတူတကွ ရှေ့ဆက်လျှောက်လှမ်းကြပါစို့။
#7July #SpringDevelopmentBank #RealBankRealFreedom #ChooseSDB
2 · 1.9K ·