Web appOpen in Telegram

Thread⁨⁨"Strategy decides where to act; logistics brings the troops to that point."

1 message ·
S
Photo
click to show
Link
click to show
Link
click to show
⁨⁨"Strategy decides where to act; logistics brings the troops to that point." "စစ်ဗျူဟာက ဘယ်နေရာမှာ တိုက်ရမယ်ဆိုတာ ဆုံးဖြတ်ပေးပြီး၊ ထောက်ပို့စနစ်ကတော့ အဲဒီနေရာကို ရောက်အောင် ပို့ဆောင်ပေးတာ ဖြစ်တယ်။" — Antoine-Henri Jomini ၁၉ ရာစုရဲ့ နာမည်ကျော် စစ်ဗျူဟာပညာရှင် Antoine-Henri Jomini က စစ်ပွဲတခုရဲ့ အောင်မြင်မှု တန်ဖိုးကို ဒီလိုပဲ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ဖူးပါတယ်။ တိကျပြတ်သားတဲ့ စစ်ဗျူဟာတွေ ရေးဆွဲနိုင်ဖို့က ပထမဆုံးနဲ့ အရေးကြီးဆုံး အဆင့်ဖြစ်သလို၊ အဲဒီဗျူဟာတွေ မြေပြင်မှာ တကယ်အလုပ်ဖြစ်ဖို့ဆိုတာ နောက်တန်းက ခိုင်မာတောင့်တင်းတဲ့ ထောက်ပို့အင်အား ရှိနေမှသာ ဖြစ်နိုင်ပါလိမ့်မယ်။ အခုရက်ပိုင်းအတွင်းမှာ စစ်ရေးအခြေအနေတွေအရ စစ်ကောင်စီရဲ့ အထိနာမှုကို ခပ်စိတ်စိတ် မြင်တွေ့လာရပြီ ဖြစ်ပါတယ်။ ရှေ့တန်းက ရဲဘော်တွေ ရန်သူ့ အဓိက စခန်းတွေအထိ ရဲရဲဝံ့ဝံ့ ထိုးဝင် တိုက်ခိုက်နိုင်ဖို့၊ လက်နက်ကြီး တချက် ပစ်ခတ်နိုင်ဖို့နဲ့ စစ်ဆင်ရေး တခုစီတိုင်းကို အောင်မြင်စွာ ဖော်ဆောင်နိုင်ဖို့ဆိုတာ နောက်တန်းက ထောက်ပို့အင်အားပေါ် အဓိက မှီတည်နေတာပါ။ ဒီနေရာမှာ တိုက်ပွဲဝင် စစ်ရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမှာ ဖြစ်သလို၊ ရဲဘော်တွေ နေ့စဉ် ရှင်သန်ရပ်တည်နိုင်ရေး အခြေခံလိုအပ်ချက်ဖြစ်တဲ့ 'ရိက္ခာ' ကိုလည်း အပြည့်အဝ ထောက်ပို့ပေးနိုင်ဖို့ လိုပါတယ်။ ရှေ့တန်းက ရဲဘော်တွေရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရိက္ခာနဲ့ ဆေးဝါးတွေကိုတောင် လုံလောက်အောင် ထောက်ပံ့မပေးနိုင်ဘူးဆိုရင် အဲဒီဗျူဟာတွေဟာ စက္ကူပေါ်က စာသားသက်သက်ပဲ ဖြစ်ကျန်ခဲ့မှာပါ။ ရေရှည်တိုက်ပွဲအတွက် စနစ်ကျပြီး ခိုင်မာတဲ့ ထောက်ပို့စနစ်တခုအဖြစ် စီမံလည်ပတ်နေတဲ့ PRF မှာ သင်ကိုယ်တိုင်လည်း အရေးပါတဲ့ "ထောက်ပို့တပ်သား" တဦးအဖြစ် ပါဝင်အားဖြည့်နိုင်ပါတယ်။ လာပါ... ငါတို့အတူတူရုန်းမယ်။ ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်လိုပါက - 🇫 fb.me/prf4pdf 💬 m.me/prf4pdf Telegram မှ ဆက်သွယ်ရန် - t.me/prf4pdfbot 🔗 နိုင်ငံတကာမှ ထောက်ပို့တပ်သားစုဆောင်းရေးမှူး Fundraiser များစာရင်း - https://www.facebook.com/share/p/1AVXcurWuE/ စက်တင်ဘာလအတွက် တာဝန်ထမ်းဆောင်နိုင်ပါပြီ။ It’s not an option. It’s “Duty” Report your duty ! တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။ အရေးတော်ပုံ အောင်ရမည်။ #prf4pdf #လာပါငါတို့အတူတူရုန်းမယ် #ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF #တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF #ထောက်ပို့လစဥ်အောင်ပွဲဝင် #ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု #PeoplesRevolutionSupplyFamily #ထောက်ပို့PRF⁩
1 · 235 ·

An open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog · Search · How we count