Фотография
click to show
click to show
"အိမ်ပြန်ရောက်ရင်"
ဒီတစ်ကြိမ် အိမ်ပြန်ရောက်ရင် အမေချက်တဲ့ ငါးဟင်းလည်း မငြင်းဘဲ စားမယ်။ အိမ်တွင်းနတ်စင်က ပိုက်ဆံ မခိုးတော့ဘူးလို့ ကတိပေးမယ်။ အမေယုံတဲ့ အဆောင်လက်ဖွဲ့ကြိုးအနီလေးလည်း ပတ်ထား မယ်။ တကယ်ဝေးရမှန်းသိရင် အမေချက်တဲ့ ဟင်းတွေမှာ ငြင်းရက်စရာ တစ်ခွက်မှ မရှိဘူး ။
-ဆန်းကျော်စွာဝင်း
665 ·