Фотография
click to show
click to show
ဒီပို့စ်က PNO အဖွဲ့ အလံနဲ့တင်ထားပြီးတင်နေတာ တွေ့ပါတယ်။
PNO အဖွဲ့ထဲမှာလည်း မိမိနဲ့ ဆက်သွယ်သတင်းပေး ပူးပေါင်းဆောင်ရွက်နေသူတွေရှိပါတယ်။
ဒီလိုပို့စ်များစွာကို အခြားအဖွဲ့တွေများစွာ တင်တာကို ပြည်သူများအနေနဲ့ မျက်စိနှောက်အောင် မြင်တွေ့ခဲ့ကြပြီးဖြစ်မယ်လို့ထင်ပါတယ်။
အဖွဲ့ဝင်တွေရော သူတို့ရဲ့မဟေသီများပါ တင်ခဲ့ကြတာပါ။
မင်းတို့ဂိတ်ကြေးပေးရတဲ့ ဂိတ်တွေကို ငါတို့က မီးတောက်ပြလိုက်တာနဲ့ ကျော်ဖြတ်လို့ရတယ်ဆိုပြီး တင်ခဲ့ကြတာတွေ မြင်ဖူးကြမှာပါ။
မိမိအနေနဲ့ကတော့ ခရီးထွက်မယ်ဆို ရေသန့်ကဒ်၊အအေးဗူးကဒ် ရှေ့ခုံမှာ အမြဲတင်သွားပါတယ်။
လမ်းတွေ့သမျှဂိတ်တိုင်းက လခရတိုင်းကို ပေးဝေသလို၊စစ်ဆေးမှူကိုလည်း ကြည်ဖြူစွာပူးပေါင်းခံယူပါတယ်။
လမ်းဂိတ်တွေရဲ့ တောင်းသမျှအခွန်တွေကို ကျေကျေနပ်နပ်ပေးပါတယ်။
တိုင်းပြည်အတွက် တပ်မတော်သား၊မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ပြည်သူ့စစ်တွေက အသက်ပေး ကာကွယ်ပေးနေချိန်မှာ မိမိတို့က အခွင့်ထူးခံလူတန်းစားအဖြစ်နဲ့ မနေကြဖို့ ပြောချင်တာပါ။
တိုင်းပြည်ကို ကိုယ်ကူညီနိုင်တဲ့ဘက်ကနေ ကူညီပေးနေကြဖို့ တိုက်တွန်းပါတယ်။
ယောသား (ကျွန်းလှမီးအိမ်ရှင်)
1.5K ·