-
တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ငှက်တစ်ကောင်ဖြင့် တိုက်မိ၍ ပျက်ကျပြီး လေယာဥ်မှူး ခုန်ထွက် လွတ်မြောက်
သုတကျော် (NP News) - သြဂုတ် ၃
တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ငှက်တစ်ကောင်ဖြင့် တိုက်မိ၍ ပျက်ကျပြီး လေယာဥ်မှူး ခုန်ထွက် လွတ်မြောက်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ယနေ့
(သြဂုတ်လ ၃ ရက်) နံနက် ၅ နာရီ ၁၆ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့၏ အရှေ့တောင်ဘက် မီတာ ၈၅၀၀ ခန့်အကွာ ညောင်နှစ်ပင်ကျေးရွာအနီး သို့အရောက် ငှက်တစ်ကောင်ဖြင့်တိုက်ခိုက်မှု (Bird Strike) ဖြစ်ပွားပြီး အင်ဂျင်ခန်း အတွင်းသို့ ဝင်ရောက်သဖြင့် အင်ဂျင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် လေယာဉ်မှူးအနေဖြင့် လေယာဉ်၏ အနေအထားကို လူနေအိမ်ရှင်းသည့် အရပ်မျက်နှာဘက်သို့ လှည့်၍ Eject ပြုလုပ်၍ ခုန်ထွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဖြစ်စဉ်တွင် လေယာဉ်ပေါ်တွင်လိုက်ပါလာသည့် လေယာဉ်အမှုထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
#NP news
2K ·