ChatCrawlersearch across public Telegram Open the app
C

CDM ဆိတ်ဖွား Comment, Chat Group

сообщение · 2026-07-26 02:25 UTC
Фотография
click to show
မြန်မာလူငယ် ၁ဦးဟာ သူ့ ဗီဇာ သက်တမ်း ကုန်ခါနီး ဝေါ့ပါမစ် စာရွက်သွားတောင်းတာ နောက်ဆုံး ၁ဦးtayဆုံး၊ ၁ဦးဒဏ်ရာရသွားပါတယ်။ အခင်းဖြစ် က 25ရက်နေ့ ညနေ 06:30က ထိုင်းနိုင်ငံ-ပရာကျင်ပူလီမြို့မှာ ဖြစ်သွားတာပါ။ ဖြစ်တဲ့ နေရာက စာရွက်စာတမ်းတွေ လုပ်ပေးတဲ့ မြန်မာပွဲစားတစ်ဦး ငှါးနေတဲ့ အခန်းရှေ့မှာ ဖြစ်သွားတာပါ။ အိမ်ရှင် ပြောပြချက်အရ မြန်မာပြည်သားတွေရဲ့ စာရွက်စာတမ်းတွေ လုပ်ပေးဖို့ အတွက် ဇေထူးအောင် (ပွဲစား)အသက် 40နှစ်က ဒီနေရာမှာ လာငှါးထားတယ်။ နေ့တိုင်း မြန်မာတွေဟာ စာရွက် စာတမ်း ကိစ္စနဲ့ အဝင်အထွက် အမြဲလိုလို ရှိတယ်။ ဒီနေ့ 25ရက်နေ့ ညနေ 06:30 က (ဆိုင်ကယ် ၂စီး၊ မြန်မာ၅ဦး) ထဲက ၁ဦးက၊ ဇေထူးအောင်ဆီကို ရောက်လာပြီး၊ သူ့ရဲ့ ဗီဇာ ကုန်တော့မယ် ၊စာရွက်ရပြီလားလို့ လာမေးတယ်။ အဲတော့ ဇေထူးအောင်က (စာရွက်မရသေးဘူး နောက် ၂ရက်လောက် အချိန်ပေးပါလို့ ပြောလိုက်ပါတယ်။ စာရွက်လာတောင်းတဲ့သူက ခေါက်တုန့် ခေါက်ပြန် သွားလာနေပြီး ( ဒီတခါ စာရွက်စာတမ်းတွေ မရရင် ပြသာနာ တက်မယ် လို့ ဆိုကာ dar နဲ့ ထိုးချလိုက်တာ မြန်မာပွဲစား ဇေထူးအောင် ရင်ဘတ် ၂နေရာ၊ ဗိုက်မှာ ၄နေရာ ထိုးခံထိပြီး အခင်းဖြစ် နေရာမှာပဲ tayဆုံးသွားပါတယ်။ ကျန်တဲ့ စောနေထူး အသက် 23နှစ် ကတော့ နောက်ကျောမှာ ဒဏ်ရာရသွားပါတယ်။ စကားပြန်ပေးသူ ပြောပြချက်အရ၊ တရားခံဟာ ဗီဇာကုန်တော့မှာမို့၊ စာရွက် လာတောင်းရင်းနဲ့ ပြဿနာ ဖြစ်ကြတာလို့ ဆိုပါတယ်။ အခင်းဖြစ်ချိန် မြန်မာတချို့ ရိုက်ယူထားတဲ့ Video နဲ့ CCTV ထဲက အချက်အလက်တွေကို ရဲက စစ်ဆေးပြီး သံသယ ရှိသူရဲ့ အခန်းကို သွားရှာတော့ လူမရှိဘူး။ တရားခံနာမည်က ဇော်ဝင်းဌေးလို့ သိရပြီးထွက်ပြေး နေပါတယ်။ ရဲတွေက CCTV ထဲကအတိုင်း ၅ဦးလုံးကို လိုက်ရှာပြီး အကြောင်းအရင်းအမှန်ကို မေးမယ်လို့ သိရပါတယ်။ ရိုက်ယူထားတဲ့ video ထဲမှာလဲ မြန်မာတွေ ပြောနေတဲ့ စကားသံတွေ ကြားနေရပါတယ်။ (မှတ်ချက်။ ။ ဒီလို ဖြစ်စဉ်မျိုး ထိုင်းမှာ နောက် ဆိုရင် မကြာခဏ ထပ်ကြုံရဖို့ရှိပါတယ် ဘာလို့ လဲ ဆိုတော့ မြန်မာအချင်းချင်း ဝဲစားတွေက တာ ဝန်မယူနိုင်ပဲ ကလိန်ကကျစ်လုပ်လာလို့ပါ) #ขอบคุณ #ประเทศไทย #thailand #นานปียะ #YeMin(အေအေစီ)

Вся лента · оригинал в Telegram

Open in Telegram Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog