ChatCrawlersearch across public Telegram Open the app
C

CDM ဆိတ်ဖွား Comment, Chat Group

сообщение · 2026-07-26 08:22 UTC
Фотография
click to show
မြောက်ဥက္ကလာမှာ ဖြစ်ပွားခဲ့တဲ့ ထိတ်လန့်ဖွယ် ကလီစာထုတ် ကျားဖြန့်တဲ့...(လူတွေ ပျောက်နေကြတာ ဒါကြောင့်လား...?) ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ် — ဆေးဝယ်ရန် အပြင်သို့ ခဏတာ ထွက်ခွာသွားသည့် ရောဂါသည် အမျိုးသားတစ်ဦးကို လူမှုကူညီရေးယာဉ်အယောင်ဆောင်ထားသည့် အဖွဲ့တစ်ဖွဲ့က လမ်းမပေါ်တွင် အဓမ္မဖမ်းဆီးကာ ခန္ဓာကိုယ်တွင်း ကလီစာများ ထုတ်ယူရန် စက်ကိရိယာများဖြင့် ဆေးစစ်မှုများ ပြုလုပ်ခဲ့သည့် ထိတ်လန့်ဖွယ်ရာ ဖြစ်စဉ်တစ်ခု မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာလမ်း (ကျိန်သစ္စာရှင်ဘုရားအနီး) တွင် ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ အသက် (၄၀) ကျော်အရွယ် လေဖြန်းထားသည့် နှလုံးရောဂါဝေဒနာရှင် အမျိုးသားတစ်ဦးသည် ဆေးဝယ်ရန် ထွက်လာစဉ် လမ်းဘေးတွင် ရုတ်တရက် ထိုးရပ်လိုက်သည့် လူမှုကူညီရေးယာဉ်တစ်စီးပေါ်မှ အမျိုးသား (၄) ဦးက သူ့အား ဝိုင်းဝန်းချုပ်နှောင်ကာ ကားပေါ်သို့ အဓမ္မဆွဲတင်ခဲ့ကြသည်။ ကားပေါ်ရောက်သည်နှင့် ထိုအမျိုးသား၏ ဝမ်းဗိုက် (ချက်) ကို ဆေးတစ်ချို့ ထိုးထည့်ခဲ့ပြီးနောက် ကားပေါ်တွင်ပါလာသည့် ခေတ်မီ အဆင့်မြင့်စက်ကိရိယာများဖြင့် ခန္ဓာကိုယ်အတွင်းပိုင်း ကျန်းမာရေးအခြေအနေကို တခါတည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ "ဟာ... ဒီကောင်က ရောဂါသည်ပဲ၊ ပြန်ချထားခဲ့တော့" ထိုသို့ အဆင့်မြင့်စက်များဖြင့် စစ်ဆေးအပြီးတွင် ပြန်ပေးဆွဲသူများ၏ ပြောဆိုသံကို ဒုက္ခသည် အမျိုးသားက အသိစိတ် မကင်းတကင်းဖြင့် ကြားလိုက်ရပြီးနောက် ၎င်းအား လမ်းမပေါ်သို့ ပြန်လည်တွန်းချကာ မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။ အသိစိတ်ဝေဝါးစွာဖြင့် မိုးရေထဲတွင် ကျန်ရစ်ခဲ့သည့် အဆိုပါအမျိုးသားအား ၎င်း၏အိမ်တွင် ဘိလိယက်လာထိုးဖူး၍ မျက်မှန်းတန်းမိသည့် ဘေးတွဲဆိုင်ကယ်မောင်းသူတစ်ဦးက တွေ့ရှိသွားသဖြင့် အိမ်သို့ ဘေးကင်းစွာ ပြန်လည်ပို့ဆောင်ပေးခဲ့ရသည်။ အရေးကြီးသည့် သတိပေးချက် ယခုဖြစ်စဉ်၏ လုပ်ဆောင်ပုံမှာ သာမန် စစ်မှုထမ်းရန် ဖမ်းဆီးသည့် လုပ်ရပ်မျိုး မဟုတ်ဘဲ ခန္ဓာကိုယ်တွင်း ကလီစာများ ထုတ်ယူရန်အတွက် ကားပေါ်တွင်ပင် စက်ကိရိယာများအထိ တပါတည်း တပ်ဆင်ထားသည့် အဆင့်မြင့် ကလီစာခိုးယူသည့် ဂိုဏ်းများ၏ လုပ်ရပ်ဖြစ်ကြောင်း ပေါ်လွင်နေသည်။ သေကံမရောက် သက်မပျောက်ဘဲ ကျန်းမာရေးမကောင်းသည့်အတွက်ကြောင့်သာ သက်ဘေးမှ လွတ်မြောက်ခဲ့ရသော်လည်း အကယ်၍ သာမန် ကျန်းမာရေးကောင်းမွန်သူတစ်ဦးသာ ဆိုပါက ပြန်လည်လွတ်မြောက်လာရန် လမ်းမရှိနိုင်ကြောင်း သုံးသပ်နေကြသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် လမ်းမများပေါ်တွင် သွားလာလှုပ်ရှားစဉ် လူမှုကူညီရေးကား အယောင်ဆောင်ထားသည့် ယာဉ်များကိုပင် မပေါ့ဆဘဲ မျက်လုံးလျင်လျင်၊ အကင်းပါးပါးဖြင့် သတိကြီးစွာ ထားရှိကြပါရန် နှိုးဆော်ထားသည်။ #AlphaNews

Вся лента · оригинал в Telegram

Open in Telegram Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog