Фотография
click to show
click to show
Own Email တွေ အဆင်ပြေလား?
---
လောလောဆယ် Own Email တွေက လိုင်စင် ခဏခဏ ပြုတ်နေပါတယ်ခင်ဗျ။ ကျွန်တော်တို့မှာ Customer 1000 ကျော်ရှိနေတာဖြစ်လို့ တစ်ခုခုဖြစ်ရင် အချိန်တိုအတွင်းမှာ အမြန်ဆုံးနည်းနဲ့ဖြေရှင်းဖို့လိုပါတယ်။ ဒါကြောင့် အဆင်ပြေအောင်လဲ အမြဲကြိုးစားပေးနေတာပါ။ အခု Own Email user တွေက လိုင်စင်ပြုတ်နေရင်တောင် ကျွန်တော်တို့ကို စောင့်နေစရာမလိုပဲ ကိုယ်တိုင် Profile အသစ်ကို ပြောင်းချိတ်နိုင်ပါပြီ။
Own Email မှာ လိုင်စင် ခဏခဏပြုတ်တတ်တာကိုက ကောင်းတဲ့အချက်ဖြစ်နေတာပါ။ လိုင်စင် အသစ် ပြန်ချိတ်တိုင်းမှာ Ai credit 4000 ပြန်ပြန်ရနေတာဖြစ်လို့ Unlimited credit လို့တောင်ပြောလို့ရပါတယ်။ Own email ဖြစ်တဲ့အတွက် 2 Device ကို Private သုံးလို့ရဦးမှာဖြစ်လို့ ဈေးလဲတန် Privacy ပိုင်းလဲ စိတ်ချရ credit လဲပေါပေါသုံးနိုင်ပါတယ်။
---
ဘာလို့ခဏခဏပြုတ်?
အဓိက အကြောင်းအရင်းကတော့ ဈေးတန်အောင်လုပ်ထားတာကြောင့်ပါ။ ဈေးပေါပေါနဲ့ပြန်ရောင်းတာကို မကြိုက်တာဖြစ်တဲ့အတွက် အမြဲလိုက်စစ်ပြီး ဖြုတ်ချခံရတာမျိုးဖြစ်ပါတယ်။ လိုင်စင်ပြုတ်တဲ့အပိုင်းကိုတော့ ကျွန်တော်တို့ ထိန်းလို့မရတာဖြစ်တဲ့အတွက် Service ကို 100% အပြည့်ပေးထားပါတယ်ဗျ။
---
လိုင်စင် (လုံးဝ) မပြုတ်တဲ့ Plan
Stable အဖြစ်ဆုံး လိုင်စင်မပြုတ်တဲ့ Plan လဲရှိပါတယ်။ အခု Own email နဲ့ဆို ဈေး ၂ဆ လောက်တော့ ကွာနေပါတယ်။ ဒီထက်လဲပိုချင်ပိုဦးမှာဖြစ်ပါတယ်။ တကယ်လဲ ခိုင်အောင် တရားဝင်ဝယ်ပေးထားရတာမို့ပါ။ အကောင့်တွေ အများကြီးဆက်တိုက်ဝယ်ရင်လဲ ပျက်တတ်တာကြောင့် ဖြေးဖြေးချင်းပဲဝယ်လို့ရနိုင်တာမို့ လာပြောမှပဲ Waiting list သွင်းပြီး ရက်အပိုင်းအခြားလိုက် ဝယ်ပေးတာမျိုးဖြစ်ပါတယ်။
---
User Profile
Own email အတွက် စီစဉ်ထားရင်းနဲ့ User profile ပါ ကြည့်လို့ရသွားပါပြီ။ လိုအပ်ရင် page မှာ လာတောင်းနိုင်ပါတယ်။ လက်ရှိကျွန်တော်တို့ Page မှာ ယူထားတဲ့ Product package တွေရယ်၊ Member feature ရယ်၊ ရက်ကျန်တွေရယ် စုံစုံလင်လင်ကြည့်လို့ရအောင် စီစဉ်ပေးထားပါတယ်။
Own email အတွက် အဓိက ထားလုပ်ထားတာဖြစ်လို့ ကျန်တဲ့ Feature တွေတော့ မစုံသေးတာ အလုပ်မလုပ်သေးတာမျိုး ရှိနိုင်ပါတယ်။
User profile ကတဆင့် လက်ဆောင်တွေလဲ ပေးသွားဖို့ ရှိပါသေးတယ်ဗျ။
---
ဒီ Feature လေးနဲ့ ပတ်သက်ပြီး လိုအပ်တာလေးတွေနဲ့ လက်ရှိ အဆင်ပြေ/မပြေလေး ဝင်ရောက်ဆွေးနွေးပေးကြပါဦးနော်။
HighTechApe ကို ၃နှစ် ကျော်တိုင်တိုင် အားပေးလာကြတဲ့ မိတ်ဆွေများကိုလဲ အထူးပင် ကျေးဇူးတင်ပါတယ်ခင်ဗျ။
Admin - @agentape
1.9K ·