လူတွေကို သိပ်မုန်းတယ်ဖေဖေ
သူတို့က လိုအပ်ရင်တစ်မျိုး
မလိုအပ်ရင်တစ်မျိုးဖေဖေရဲ့
သမီးသိပ်မှားခဲ့တယ်ဖေဖေ
ဘာမဟုတ်တဲ့ အချစ်တစ်ခုကြောင့်
ဖေဖေဂရုတစိုက်ပျိုးထောင်ပေး
ခဲ့တဲ့ ဒီပန်းလေးဟာ ကိုယ့်ကိုကိုယ်
အဆုံးစီရင်ဖို့ ကြိုးစားခဲ့မိတယ်
ဖေဖေသိလား
သမီးအချစ်ကိုသိပ်ကြောက်မိတယ်ဖေဖေ
လူတွေက သူတို့ချစ်မြတ်နိုးရင်
အနားခေါ်ထားတက်ပီး
မချစ်တော့ရင်အဝေးကိုကန်ထုတ်ပစ်ကြတယ်
ဖေဖေရယ် အချစ်ဟာ အပူပါလို့
ယုံကြည်ခဲ့တဲ့သမီးဟာလေ
ပူမယ်မှန်းသိသိကြီးနဲ့
အတင်းတိုးဝင်မိတဲ့ ပိုးဖလံလေးတစ်ကောင်လိုပါပဲ
ဒီမီးတောထဲက ရုန်းလို့မထွက်နိုင်ခဲ့ဘူး
ဖေဖေမျက်ရည်မကျအောင်
ထားခဲ့တဲ့သမီးကလေ
တစ်ခြားသူတယောက်ကြောင့်
မျက်ရည်ကျနေရတယ်ဆိုတာသာသိရင်
ဖေဖေရင်ကျိုးရမှာပဲနော်...
ဖေဖေကပြောတယ်
ငါ့သမီးလေးကရင့်ကျက်နေပြီပဲတဲ့
သမီးမရင့်ကျက်ပါဘူးဖေဖေရယ်
သမီးမရင့်ကျက်လို့ ဒီနွံထဲကိုတိုးနေမိတာပေါ့...
သမီး အချစ်ကို သိပ်ကြောက်သွားပြီ ဖေဖေ လူတွေက လျှာရိုးမရှိတဲ့
ပါးစပ်ဖျားကထွက်ကျလာတဲ့
မုသာဝါဒ စကားလုံးတခုကြောင့်
သေမတက်ခံစားနေရပြီဖေဖေ...
မရင့်ကျက်သေးတဲ့ဖေဖေသမီး
ဒီချစ်ခြင်းမေတ္တာနွံထဲက
အပြီးတိုင်နှုတ်ထွက်ပြီး
ဖေဖေ့ရင်ခွင်အောက် ပြန်ခိုလှုံပါ့မယ်....
အရာအားလုံးတွက် ပေါ့လျော့မိခဲ့တာတွေအတွက် တောင်းပန်ပါတယ်ဖေဖေနဲ့မေမေ
-ငွေဇင်ယော်
51 ·