Фотография
click to show
click to show
ရေတာရှည်မြို့နယ်တွင် ဆီဘောက်ဆာယာဉ်လမ်းဘေးထိုးကျ အမျိုးသားတစ်ဦးဒဏ်ရာပြင်းထန်
NOM ဇူလိုင် ၂၂၊ ၂၀၂၆
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ရှိ ရန်ကုန်-မန္တလေး လမ်းဟောင်း (၁၈၀/၅) မိုင်တိုင်အနီးတွင်ယမန်နေ့ (ဇူလိုင် ၂၁) ရက် ည ၉ နာရီ ၁၀ မိနစ်ခန့်က ဆီဘောက်ဆာယာဉ်တစ်စီး လမ်းဘေးသို့ ထိုးကျမှု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ ရေတာရှည်မြို့နယ်ရှိ ရန်ကုန်-မန္တလေး လမ်းဟောင်း (၁၈၀/၅) မိုင်တိုင်အနီးတွင် ဆီဘောက်ဆာယာဉ်မှာ လမ်းတစ်ဖက်မှလာသည့် ယာဉ်တစ်စီးအား ရှောင်တိမ်းရာတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့်အမျိုးသားနှစ်ဦးအနက် ယာဉ်မောင်းမှာ စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆွာလူမှုကူညီရေးအသင်း၏ လူနာတင်ယာဉ်ဖြင့် ဆွာဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။
NOM
471 ·