ChatCrawlersearch across public Telegram Open the app
N

News Of Myanmar Chat

сообщение · 2026-07-22 11:28 UTC
I
Фотография
click to show
ကျောက်ကြီးမြို့နယ်၊ ရေအိုးစင်ကျေးရွာအနီးတွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် မျှစ်ရှာနေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဇူလိုင် ၂၂၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ဇူလိုင်လ ၂၁ ရက်နေ့ ည ၆ နာရီ ၁၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်တွင် ကျောက်ကြီးမြို့နယ်၊ ရေအိုးစင်ကျေးရွာနေ ဦးသန်းနိုင် (၄၅) နှစ်သည် ကျေးရွာ၏အနောက်ဘက် ၂ ဖာလုံခန့်အကွာရှိ ဝါးတောအတွင် မျှစ်ရှာနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထား သည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ NOM
363 ·

Вся лента · оригинал в Telegram

Open in Telegram Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog