Фотография
click to show
click to show
ရွာငံမြို့နယ်၊ ပွေးနဖားကျေးရွာရှိ "ပွေးနဖားသာသနဝိပုလမြသိန်းတန်" ဘုန်းကြီးကျောင်းမှ သံဃာတော်တစ်ပါးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
NOM ဇူလိုင် ၂၂၊ ၂၀၂၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ပွေးနဖားကျေးရွာရှိ "ပွေးနဖားသာသနဝိပုလမြသိန်းတန်" ဘုန်းကြီးကျောင်းမှ ဥူးဇင်း ဥူးဝိလာသ (ခ) ဂေါ်လီ (၄၁) နှစ် (၃) ဝါသည် ဇူလိုင်လ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲအချိန်၌ အဆိုပါကျောင်းတိုက်တွင်သီတင်းသုံးနေစဉ် PDF အကြမ်းဖက်သမားငါးဦးရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက် ၍ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘုန်းကြီးကျောင်း၏ တောင်ဘက် ၁ မိုင်ခန့်အကွာ နွားဘန်းကြီးကျေးရွာ နှင့် ပွေးနဖားကျေးရွာသွားမြေသားလမ်းပေါ်အရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဥူးဇင်း ဥူးဝိလာသ (ခ) ဂေါ်လီတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။
NOM
435 ·