ChatCrawlersearch across public Telegram Open the app
N

News Of Myanmar Chat

сообщение · 2026-07-22 14:01 UTC
I
၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည် ၅၃၀,၀၀၀ ကျော် ဝင်ရောက် NOM ဇူလိုင် ၂၂၊ ၂၀၂၆ မြန်မာနိုင်ငံသို့ ၂၀၂၆ ခုနှစ်၏ ပထမ ၆ လတာကာလအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ၅၃၀,၉၇၃ ဦး လာရောက်ခဲ့ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက် ထုတ်ပြန်သော သတင်းအရ သိရသည်။ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှု ပမာဏသည် ၂၀၂၅ ခုနှစ် အလားတူကာလက ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၅၀၀,၁၂၅ ဦးနှင့် နှိုင်းယှဉ်ပါက တိုးတက်လာခဲ့ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ NOM
406 ·

Вся лента · оригинал в Telegram

Open in Telegram Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog