Фотография
click to show
click to show
မင်းတပ်-ထီးလင်း-ကျောက်ထု အစပ်အပါအဝင် ဒေသအချို့ကို စစ်တပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ် တိုက်ခိုက်
ဇူလိုင် ၂၁၊ ၂၀၂၆
မင်းတပ်မြို့နယ်၊ ထီးလင်းမြို့နယ်နှင့် ကျောက်ထုမြို့နယ် အစပ်ဒေသများ အပါအဝင် စဉ့်ကူးနှင့် ယင်းမာပင်မြို့နယ်တို့တွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုများကို ဆက်တိုက် ပြုလုပ်လျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များ ပြောဆိုချက်အရ သိရသည်။
ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်ခန့်တွင် မင်းတပ်၊ ထီးလင်း၊ ကျောက်ထု မြို့နယ်အစပ် အတွင်းသို့ တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ၂ စီး၊ မကွေးလေတပ်မှ ဂျက်ဖိုက်တာ ၁ စီးနှင့် နေပြည်တော် အေလာလေတပ်မှ ဂျက်ဖိုက်တာ ၁ စီး စုစုပေါင်း စစ်လေယာဉ် ၄ စီးဖြင့် ၆ ကြိမ်ခန့် ဗုံး ၁၀ ထက်မနည်း ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ယနေ့နံနက်ပိုင်းကလည်း အဆိုပါ ဒေသအနီးရှိ ကြီးရွာအနီးကိုလည်း စစ်တပ်က Y-8 လေယာဉ်ဖြင့် ရိက္ခာထုပ်များ လေထီးဖြင့် ချပေးခဲ့သလို Y-12 လေယာဉ်ဖြင့်လည်း ဗုံးကျဲ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်ဖတ်ရှုရန် 👇👇
305 ·