ChatCrawlersearch across public Telegram Open the app
𝐍

𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 SMS 💌🕊

сообщение · 2026-07-22 02:07 UTC
I
မြန်မာပြည်သူများ စားသုံးဆီကို လိုအပ်သည်ထက် ပိုမိုစားသုံးနေသဖြင့် နိုင်ငံခြားငွေ အများအပြားသုံးစွဲကာ နှစ်စဉ် ပြည်ပမှ တင်သွင်းနေရသောကြောင့် ဆီစားသုံးမှု လျှော့ချရန် အကြမ်းဖက် မင်းအောင်လှိုင်ပြော ဇူလိုင်လ ၂၂ ရက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာပြည်သူများအနေဖြင့် စားသုံးဆီကို လိုအပ်သည်ထက် ပိုမိုစားသုံးနေသဖြင့် နိုင်ငံခြားငွေ အများအပြားသုံးစွဲပြီး နှစ်စဉ် ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ဆီစားသုံးမှုကို လျှော့ချကြရန် ထုတ်ဖော်ပြောဆိုသည်။ ဇူလိုင်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် မင်းအောင်လှိုင်က ပြည်တွင်းစားသုံးဆီ ဖူလုံရေးနှင့်ပတ်သက်၍ ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ မင်းအောင်လှိုင်က မြန်မာနိုင်ငံသည် နှစ်စဉ် ပြည်ပမှ စားသုံးဆီများ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေ အများအပြား သုံးစွဲနေရကြောင်း၊ မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများ စိုက်ပျိုးဖြစ်ထွန်းသော်လည်း ပြည်တွင်း၌ လူတစ်ဦးချင်းစီ၏ ဆီစားသုံးမှုနှုန်းမှာ မြင့်မားနေကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ဆီစားသုံးမှုကို လျှော့ချသင့်ကြောင်း ပြောဆိုသည်။ ထို့ပြင် လိုအပ်သည်ထက် ဆီပိုမိုစားသုံးပါက လူတစ်ဦးချင်းစီ၏ ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်သဖြင့် ကျန်းမာရေးကို ထိခိုက်စေမည့် ဆီအလွန်အကျွံစားသုံးမှုများကို ရှောင်ကြဉ်သင့်ကြောင်းလည်း သူက ဆိုသည်။ မင်းအောင်လှိုင်က ရက် ၁၀၀ စီမံချက်အတွင်း နိုင်ငံခြားငွေ သုံးစွဲမှု ချွေတာရေးနှင့် သွင်းကုန်တင်သွင်းမှုများ ပိတ်ပင်ရေး မူဝါဒအရ ပြည်တွင်းသို့ ပြည်ပမှ စားအုန်းဆီ တင်သွင်းမှုများကို ၁ နှစ်လျှင် တန်ချိန်  ၄ သိန်းလျှော့ချရန် စီမံချက်ချ လုပ်ဆောင်လာပြီးနောက် ယင်းကဲ့သို့ ပြည်သူများ ဆီလျှော့စားကြရန် ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ ဇူလိုင်လ ၁၁ ရက်နေ့ကလည်း  မင်းအောင်လှိုင်၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်ခိုင်စိုး မြန်မာပြည်သူများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အကြံပြုထားသည့် ပမာဏထက် စားသုံးဆီကို ပိုမိုစားသုံးနေခြင်းနှင့် နိုင်ငံခြားငွေ ရရှိမှုအခြေအနေများကြောင့် စားအုန်းဆီတင်သွင်းမှုကို လျှော့ချနေရကြောင်း ဝန်ခံပြောဆိုခဲ့သည်။ ယင်းပမာဏကို မြန်မာနိုင်ငံ၏ လူဦးရေ ၅၁ သန်းဖြင့် တွက်ချက်ပါက လူတစ်ဦးလျှင် တစ်နှစ် ပျမ်းမျှ ၁၁ ပိဿာခန့် စားသုံးနေကြောင်း တွေ့ရှိရပြီး WHO ၏ အကြံပြုချက်အရ လူတစ်ဦးသည် တစ်နှစ်လျှင် ၆ ဒသမ ၅ ပိဿာခန့်သာ စားသုံးသင့်ကြောင်း အကြမ်းဖက် ခိုင်ခိုင်စိုးက ပြောဆိုခဲ့သည်။ ထို့ပြင် ပြည်သူများ၏ ဆီစားသုံးမှု များပြားလာသည့်အတွက် နိုင်ငံခြားငွေ သုံးစွဲမှု ပိုမိုမြင့်တက်လာပြီး နိုင်ငံခြားငွေရရှိမှုအခြေအနေပေါ် မူတည်၍ စားအုန်းဆီတင်သွင်းမှုကို လျှော့ချရသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်းလည်း ၎င်းက ဆိုခဲ့သည်။ မြန်မာနိုင်ငံ၏ စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် တစ်လလျှင် စားအုန်းဆီတန်ချိန် ၅ သောင်းကျော် တင်သွင်းနေရပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၁၅၀ ခန့် ကုန်ကျသဖြင့် လစဉ် အမေရိကန်ဒေါ်လာ ၅၈ သန်းကျော် သုံးစွဲနေရကြောင်း စစ်တပ်က ဆိုသည်။ ပြည်တွင်း၌ မြေပဲ၊ ပဲပုပ်၊ နေကြာနှင့် နှမ်းတို့မှ ထုတ်လုပ်သည့် စားသုံးဆီမှာ တစ်နှစ်လျှင် တန်ချိန် ၂၈၀,၀၀၀ ခန့်သာရှိပြီး ပြည်သူများ၏ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သဖြင့် စားအုန်းဆီ တန်ချိန် ၆၄၁,၇၈၃ ခန့်ကို ပြည်ပမှ တင်သွင်းနေရကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုနှင့် တင်သွင်းမှု စုစုပေါင်းမှာ တစ်နှစ်လျှင် တန်ချိန် ၉၂၁,၀၀၀ ကျော် ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် စစ်ကောင်စီက စားအုန်းဆီကို တစ်ပိဿာလျှင် ကျပ် ၇,၀၀၀ မှ ၉,၀၀၀ ကြား ရည်ညွှန်းသတ်မှတ်ဈေးဖြင့် ရောင်းချပေးနေသော်လည်း ပြင်ပဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ကြားအထိ ဈေးနှုန်းမြင့်တက်လျက်ရှိသည်။ စစ်ကောင်စီက နိုင်ငံခြားငွေအရန် လျော့နည်းလာမှုကြောင့် သွင်းကုန်များကို လျှော့ချနေပြီး ရက် ၁၀၀ စီမံချက်အရ သွင်းကုန်လျှော့ချကာ ပို့ကုန်တိုးမြှင့်ရေး မူဝါဒကို အကောင်အထည်ဖော်နေသည်။ ယင်းမူဝါဒအရ မြန်မာနိုင်ငံအတွင်း တင်သွင်းနေသည့် စားအုန်းဆီပမာဏကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် လျှော့ချထားသည့်အပြင် သွင်းကုန်လိုင်စင်နှင့် အမေရိကန်ဒေါ်လာ ခွဲဝေချထားပေးမှုများကိုလည်း ထိန်းချုပ်ထားသည်။ ဆက်လက်ဖတ်ရှုပါရန် -
49 ·

Вся лента · оригинал в Telegram

Open in Telegram Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog