Physics ကို +90 ထိ လိုချင်ရင်
ဖတ်စာအုပ်တစ်ခုလုံးက စာကြောင်းတိုင်းကို နားလည်ဖို့ လိုပါတယ်...
စာတစ်လုံးမကျန် သင်တဲ့ဆရာကို ရွေးပါ။ အစ်မတုန်းကတော့ ဒီလိုတစ်လုံးမကျန်သင်ပေးတဲ့ ဆရာကြောင့် concept တွေ အများကြီးကို သိနားလည်ခဲ့ပါတယ်။
စာလုပ်ဖြစ်အောင် လေ့ကျင့်ပေးတဲ့ဆရာကို ရွေးပါ။ စာမေးပွဲ အထပ်ထပ်စစ်တဲ့နေရာမှာပဲ သည်းခံပြီး ကျောင်းတက်ပါ။🍀
ကိုယ်တိုင်လည်း ကြိုးစားဖို့လိုပါတယ်။ တွက်စာတစ်ပုဒ်မကျန် ပိုင်နိုင်အောင်လုပ်ပါ။ ပုံတွေအားလုံး ဆွဲတတ်အောင် လေ့ကျင့်ပါ။ 90 ကျော်ချင်ရင် ပုံတွေက မပါမဖြစ်ပါပဲ။ လေ့ကျင့်ရန်မေးခွန်းတွေလဲ များများဖြေပါနော်။😾🫵
Objective တွေကို ဘယ်ချိန်ဖြေဖြေ 80% အထက်ရနေပါစေ။ ကိုယ့်အတွက် စာတွေက ရနေပြီလား မရနေဘူးလား ဆိုတာကို သေချာမှုရှိပါစေ။
စာမေးပွဲဖြေတဲ့အခါလည်း သေချာပိုင်နိုင်မှုရှိရှိ ဖြေဆိုပါ။ final ဖြေမဲ့ညဆို အကုန်လုံးတစ်ညထဲ မပြီးပါဘူး၊ အရင်ထဲကခွဲကြည့်ထားပါ။ အရေးကြီးတာ၊ မရတာလောက်ပဲ ပြန်ကြည့်ပါ။
equation တွေ မမေ့အောင် တစ်ခန်းပြီးတိုင်း ချရေးပါ။ constant တန်ဖိုးတွေ မမေ့ပါစေနဲ့။ review questions တွေကလည်း အရေးကြီးပါတယ်။
Textbook ကိုပဲ အဓိက main အနေနဲ့လေ့လာကျက်မှတ်ပါ။ အမှတ်ပေးစည်းမျဉ်းဆိုတာလည်း ဒီ text ကို အခြေခံပြီး ထွက်လာတာပါ။ ဖတ်စာအုပ်ကို ပိုင်လေလေ over 90 ဖြစ်ဖို့ သေချာလေလေပါပဲရှင့်🫶
" နောက်ထပ် content တွေမှာ ထပ်တွေ့ကြမယ်နော် ကလေးတို့😉🙌 "
content by May Thansin
54 ·