Фотография
click to show
click to show
TikTok မှာအရမ်းပေါက်နေတဲ့ အသဲကြော်ပဲလှော်လေးတွေရဲ့ ရှယ်ကြီး ရပါပြီ
M_y D-e_a-r_e-s_t A_s-s_a-s_s-i_n 20_26
ထိုင်းအနုပညာလောကရဲ့ top tier နှစ်ယောက်ဖြစ်တဲ့ အားလုံးရဲ့ အသည်းကျော် မမအသေးလေး Baifern Pimchanok နဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ကိုကို Tor Thanapob အပြိုင်ကြဲထားတဲ့ နက်ဖုလစ်ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါပြီ။
မုဆိုးလည်းသားကောင် သားကောင်လည်းမုဆိုးဆိုတဲ့ ဘဝကြမ်းမှာ ရှင်သန်နေရသူတွေအတွက်တော့ မသေချင်ရင် မုဆိုးဖြစ်အောင် ကြိုးစားရတာပါပဲ။
လန်ဆိုတာ ရှားပါးလွန်းတဲ့ ရွှေရောင်သွေးအမျိုးအစားကို ပိုင်ဆိုင်ထားလို အဖွဲ့အစည်းတွေရဲ့ အမဲလိုက်ရှာဖွေတာကို အမြဲခံနေရတဲ့ မိန်းကလေးတစ်ယောက်ပါ။
ကံဇာတာ ဇာတ်ဆရာအလိုကျ ကြေးစားလူသတ်သမား မိသားစုတစ်ခုက သူ့ကို ကယ်တင်မွေးစားခဲ့ပေမဲ့ သူ့ကိုတော့ သာမန် အိမ်တွင်းပုန်း အထွေးလေးတစ်ယောက်လို ကြီးပြင်းစေခဲ့တာပေါ့။
ဒါပေမဲ့ ကြေးစားလောကမှာ အေးချမ်းတယ်ရယ်လို့ မရှိဘူးဆိုတဲ့အတိုင်းပဲ သူ့ကို မိသားစုအရင်းလို စောင့်ရှောက်ပေးခဲ့တဲ့သူတွေ အသက်ဆုံးရှုံးသွားခဲ့ရချိန်မှာတော့...
အမြဲတမ်း ပုန်းကွယ်နေခဲ့ရတဲ့ ကောင်မလေးဟာ မိသားစုအတွက် သူ့ဘဝအတွက် သွေးကြွေးဆပ်ဖို့ ပြင်းထန်တဲ့ အထူးလေ့ကျင့်မှုတွေကို နေ့မနား ညမအား သင်ယူရင်း သူကိုယ်တိုင် မုဆိုးအဖြစ် ခံယူလိုက်ချိန်မှာတော့
သူ့ရဲ့ရွှေရောင်သွေးကို အငမ်းမရဖြစ်နေတဲ့သူတွေကြား ချစ်ရတဲ့ပရန်နဲ့အတူ လန်တစ်ယောက် အန္တရာယ်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ရှုစားကြပါဦး။
Moive Link 🔗
https://t.me/Cine_MM_Sub_Link/1258
1.2K ·