Фотография
click to show
click to show
မီနီယမ်*များနဲ့ မွန်းစတားများ [၂၀၂၆] အကြည်ဗားရှင်း
ဇာတ်လမ်းကတော့ ဂရူးနဲ့ မဆုံတွေ့သေးခင် ၁၉၂၀ ပြည့်လွန်နှစ်တွေရဲ့ ဟောလိဝုဒ် ရုပ်ရှင်ခေတ်ဦးမှာ စတင်ထားပါတယ်။ မီနီယံအုပ်စုဟာ မတော်တဆ ရုပ်ရှင်ရိုက်ကွင်းတစ်ခုထဲ ရောက်သွားရင်းကနေ ရုတ်တရက် နာမည်ကြီး မင်းသားတွေ ဖြစ်လာခဲ့ကြပါတယ်။ ဒါပေမဲ့ အသံပါတဲ့ ရုပ်ရှင်ခေတ် ပြောင်းလဲလာတဲ့အခါ မီနီယံဘာသာစကားပဲ ပြောတတ်တဲ့ သူတို့ဟာ ရုပ်ရှင်လောကကနေ စွန့်ပစ်ခံလိုက်ရပါတော့တယ်။
ဒါကို လက်မလျှော့ချင်တဲ့ James၊ Henry နဲ့ Ed ဆိုတဲ့ မီနီယံသုံးကောင်ဟာ သူတို့ကိုယ်ပိုင် မကောင်းဆိုးဝါး ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ရုပ်ရှင်ထဲမှာ သရုပ်ဆောင်ဖို့အတွက် ရှေးဟောင်း ဂါထာစာအုပ်တစ်အုပ်ကို သုံးပြီး မကောင်းဆိုးဝါးတွေကို ဆင့်ခေါ်လိုက်ရာကနေ မထင်မှတ်ဘဲ ကမ္ဘာကြီးကို ဖျက်ဆီးမယ့် မိစ္ဆာကြီး ထွက်ပေါ်လာပါတော့တယ်။ အဲဒီအခါမှာ မီနီယံတွေဟာ ကမ္ဘာကြီးကို ပြန်လည်ကယ်တင်ဖို့ ဘယ်လိုတွေ ပရမ်းပတာ စွန့်စားကြမလဲဆိုတာကို အူတက်အောင် ရယ်မောကြည့်ရှုရမှာဖြစ်လို့ ကလေးရော လူကြီးပါ အကြိုက်တွေ့စေမယ့် ဇာတ်ကားအဖြစ် ညွှန်းဆိုပေးလိုက်ပါတယ်
Moive Link 🔗
https://t.me/Cine_MM_Sub_Link/1326
1.1K ·