ChatCrawlersearch across public Telegram Open the app
C

Comment Box(Ayeyarwaddy Times)

сообщение · 2026-07-27 11:02 UTC
I
မောင်တောတွင် စစ်တပ်နှင့် စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့များ ထောင်ထားသည့် မိုင်းများ AA ရှင်း လင်း၊ ၁ ရက်အတွင်း ၆၇ လုံး အထိရှင်းလင်းနိုင် ‎ ‎ဧရာဝတီတိုင်းမ် ‎ဇူလိုင် ၂၇ရက် ‎ ‎ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) က မိုင်းရှင်းလင်းရေး လုပ်ငန်း များကို ဆက်လက်လုပ်ဆောင်လျက်ရှိရာ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့ တစ်ရက်အတွင်း စစ်တပ်နှင့် စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့များ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း ၆၇ လုံးကို ရှာဖွေရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။ AA သည် ပြီးခဲ့သည့် ‎ဇူလိုင် ၂၅ ရက် နံနက် ၇ နာရီမှ မွန်းလွဲ ၁ နာရီအတွင်း မောင်တောမြို့နယ်ရှိ ဇူလာ၊ ဟိုရီတာလာ၊ ဤတာလီယာနှင့် ဇာင်တီလာ စသည့် ကျေးရွာများသို့ သွားလာသည့် ရွာချင်းဆက် လမ်းများတစ် လျှောက် မိုင်းရှင်းလင်းရေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ရှင်းလင်းရာတွင် မိုင်းအမျိုး အစား M-14 မြေမြှုပ်မိုင်း ၆၇ လုံးကို ရှာဖွေတွေ့ရှိပြီး အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ‎ ‎"မိုင်းရှင်းလင်းရေးလုပ်ဆောင်ဖို့က တကယ်လိုအပ်နေတာပါ။ ရေကြီးတုန်းကဆိုရင် မြေမြှုပ်မိုင်းတွေ စစ်ကျန်ဗုံးတွေမျောပါလာတာ၊ နေရာရွှေ့လာတာနဲ့အမျှ ပြည်သူတွေအတွက် အန္တရာယ်ပဲ" ဟု ဒေသခံ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ‎ ‎ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့ကလည်း မောင်တောမြို့နယ်အတွင်း စစ်တပ်နှင့် ARSA၊ RSO အစရှိသော စစ်သွေးကြွ အဖွဲ့များ ထောင်ထားခဲ့သည့် M-14 မြေမြှုပ်မိုင်း ၃၅ လုံးကို AA က ရှင်းလင်းပေးခဲ့သည်။ ‎ ‎လက်ရှိတွင် မောင်တောခရိုင်အတွင်း ဒေသခံပြည်သူများ သွားလာလှုပ်ရှားနေသည့် လမ်းကြောင်းများ၊ တောတောင်များအတွင်း စစ်တပ်နှင့် စစ်သွေးကြွအဖွဲ့များ ယခင်ကထောင်ထားခဲ့သော မြေမြှုပ်မိုင်း များနှင့် စစ်ကျန်လက်နက်များကို AA က ဆက်လက်ရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။ ‎ ‎ထို့အပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေဖြင့်လည်း ရခိုင်ပြည်နယ်တစ်ခုလုံးတွင် မိုင်းနှင့် စစ်ကျန်လက်နက်များ၏ အန္တရာယ်မှ ပြည်သူများ ကင်းဝေးစေရန်အတွက် မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို တစ်ပြည်လုံးအတိုင်းအတာဖြင့် တိုးမြှင့်လုပ်ဆောင်လျက် ရှိကြောင်း APM ထံမှ သိရသည်။ ‎ ‎ဓာတ်ပုံ- Arakan Princess Media ‎#မောင်တော #AA #မိုင်းရှင်းလင်း #မိုင်း၆၇လုံး #Ayeyarwaddy_Times
642 ·

Вся лента

Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog