ChatCrawlersearch across public Telegram Open the app
C

Comment Box(Ayeyarwaddy Times)

100 members
27 July 2026
မောင်တောတွင် စစ်တပ်နှင့် စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့များ ထောင်ထားသည့် မိုင်းများ AA ရှင်း လင်း၊ ၁ ရက်အတွင်း ၆၇ လုံး အထိရှင်းလင်းနိုင် ‎ ‎ဧရာဝတီတိုင်းမ် ‎ဇူလိုင် ၂၇ရက် ‎ ‎ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) က မိုင်းရှင်းလင်းရေး လုပ်ငန်း များကို ဆက်လက်လုပ်ဆောင်လျက်ရှိရာ ပြီးခဲ့သည့် ဇူလိုင် ၂၅ ရက်နေ့ တစ်ရက်အတွင်း စစ်တပ်နှင့် စစ်သွေးကြွ လက်နက်ကိုင်အဖွဲ့များ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း ၆၇ လုံးကို ရှာဖွေရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။ AA သည် ပြီးခဲ့သည့် ‎ဇူလိုင် ၂၅ ရက် နံနက် ၇ နာရီမှ မွန်းလွဲ ၁ နာရီအတွင်း မောင်တောမြို့နယ်ရှိ ဇူလာ၊ ဟိုရီတာလာ၊ ဤတာလီယာနှင့် ဇာင်တီလာ စသည့် ကျေးရွာများသို့ သွားလာသည့် ရွာချင်းဆက် လမ်းများတစ် လျှောက် မိုင်းရှင်းလင်းရေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ရှင်းလင်းရာတွင် မိုင်းအမျိုး အစား M-14 မြေမြှုပ်မိုင်း ၆၇ လုံးကို ရှာဖွေတွေ့ရှိပြီး အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။ ‎ ‎"မိုင်းရှင်းလင်းရေးလုပ်ဆောင်ဖို့က တကယ်လိုအပ်နေတာပါ။ ရေကြီးတုန်းကဆိုရင် မြေမြှုပ်မိုင်းတွေ စစ်ကျန်ဗုံးတွေမျောပါလာတာ၊ နေရာရွှေ့လာတာနဲ့အမျှ ပြည်သူတွေအတွက် အန္တရာယ်ပဲ" ဟု ဒေသခံ သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ ‎ ‎ပြီးခဲ့သည့် ဇူလိုင် ၄ ရက်နေ့ကလည်း မောင်တောမြို့နယ်အတွင်း စစ်တပ်နှင့် ARSA၊ RSO အစရှိသော စစ်သွေးကြွ အဖွဲ့များ ထောင်ထားခဲ့သည့် M-14 မြေမြှုပ်မိုင်း ၃၅ လုံးကို AA က ရှင်းလင်းပေးခဲ့သည်။ ‎ ‎လက်ရှိတွင် မောင်တောခရိုင်အတွင်း ဒေသခံပြည်သူများ သွားလာလှုပ်ရှားနေသည့် လမ်းကြောင်းများ၊ တောတောင်များအတွင်း စစ်တပ်နှင့် စစ်သွေးကြွအဖွဲ့များ ယခင်ကထောင်ထားခဲ့သော မြေမြှုပ်မိုင်း များနှင့် စစ်ကျန်လက်နက်များကို AA က ဆက်လက်ရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။ ‎ ‎ထို့အပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေဖြင့်လည်း ရခိုင်ပြည်နယ်တစ်ခုလုံးတွင် မိုင်းနှင့် စစ်ကျန်လက်နက်များ၏ အန္တရာယ်မှ ပြည်သူများ ကင်းဝေးစေရန်အတွက် မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ သတိပေးဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို တစ်ပြည်လုံးအတိုင်းအတာဖြင့် တိုးမြှင့်လုပ်ဆောင်လျက် ရှိကြောင်း APM ထံမှ သိရသည်။ ‎ ‎ဓာတ်ပုံ- Arakan Princess Media ‎#မောင်တော #AA #မိုင်းရှင်းလင်း #မိုင်း၆၇လုံး #Ayeyarwaddy_Times
642 ·
DEMU ရထားပေါ်တွင် စည်းကမ်းမဲ့ ပြုမူလှုပ်ရှားခဲ့သည့် ဒေါ်မြသန်း အပါအဝင် ၅၄ ဦးကို တရားရုံးက ငွေဒဏ် ကျပ် ၁ သိန်းစီ အမိန့်ချ ဧရာဝတီတိုင်းမ် ဇူလိုင် ၂၇ ရက် မော်လမြိုင်-ရန်ကုန် DEMU အဆင့်မြင့် ရထားပေါ်တွင် ခရီးသည်များကို စိတ်အနှောင့် အယှက်ဖြစ်စေရန် စည်းကမ်းမဲ့ ပြုမူခဲ့သည့် ဒေါ်မြသန်းအပါအဝင် အဖွဲ့ဝင် ၅၄ ဦးအား တစ်ဦးလျှင် ငွေကျပ် ၁ သိန်းစီ ဒဏ်ငွေပေးဆောင်ရန် မော်လမြိုင်မြို့နယ် တရားရုံးက ယနေ့ ဇူလိုင် ၂၇ ရက် မွန်းလွဲပိုင်းတွင် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ မော်လမြိုင်ဘူတာမှ ရန်ကုန်သို့ ထွက်ခွာသည့် အမှတ် (၈၄) အစုန် DEMU ရထားပေါ်တွင် ပြီးခဲ့သည့် ဇူလိုင် ၂၃ ရက်က လိုက်ပါလာသည့် အဆိုပါ အမျိုးသမီး အားကစားအဖွဲ့သည် ရထားထိုင်ခုံ လက်တန်းများပေါ်တွင် တွဲလောင်းခိုခြင်း၊ ထိုင်ခုံများပေါ်တက်၍ စည်းကမ်းမဲ့ ကခုန် ဆူညံစွာ သီချင်း ဆိုခြင်း၊ ကြမ်းခင်းတွင် အစားအသောက် များစား၍ လမ်းသွားလမ်းလာများကို ပိတ်ဆို့စေခြင်း လုပ်ဆောင်၍ TikTok ဗီဒီယိုများ ရိုက်ကူးကာ လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည်။ အဆိုပါ အာကစားအဖွဲ့သည် ရထားတွဲ သုံးတွဲ၏ ထိုင်ခုံ ၆၀ စလုံးကို တွဲပြတ် ဝယ်ယူစီးနင်းခဲ့ခြင်းဖြစ်ပြီး အများပြည်သူ အန္တရာယ်ဖြစ်စေသည့် လုပ်ရပ်များကြောင့် မြန်မာ့မီးရထားနှင့် ရဲတပ်ဖွဲ့က ဖမ်းဆီး အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပြုမူမှုများသည် ရထားပို့ဆောင်ရေး လုပ်ငန်းဥပဒေ ပုဒ်မ ၈၃ (င) ပါ "ရထားပေါ်တွင် အခြားသူအား စိတ်ငြိုငြင် အနှောင့်အယှက်ဖြစ်စေရန် ပြုမူပြောဆိုခြင်း မပြုရ" ဆိုသည့် တားမြစ်ချက် ကို ဖောက်ဖျက်သဖြင့် ပုဒ်မ ၈၈ (က) အရ အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ပုဒ်မသည် ထောင်ဒဏ် ၃ လထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁ သောင်းမှ ၁ သိန်းအထိ ငွေ ဒဏ်ဖြစ်စေ ချမှတ်နိုင်သည့် ပြစ်ဒဏ်ဖြစ်ရာ တရားရုံးက ငွေဒဏ် ပမာဏဖြစ်သော ကျပ် ၁ သိန်းစီကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယခု ရွေးတုအစိုးရက ပြေးဆွဲပေးနေသည့် DEMU အဆင့်မြင့် ရထားတွဲများသည် NLD အရပ်သားအစိုးရလက်ထက် ၂၀၁၈-၂၀၁၉ ခုနှစ်ကပင် ဂျပန်အစိုးရ၏ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးရေးချေးငွေဖြင့် ဂျပန်နိုင်ငံ နီအိဂါတာ ထရန်ဆစ် (Niigata Transys) ကုမ္ပဏီမှ မှာယူဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းမှုဖြစ်စဉ်နှင့် ကိုဗစ်ကပ်ရောဂါတို့ကြောင့် စီမံကိန်း ကြန့်ကြာခဲ့ရပြီးနောက် ရွေးတုအစိုးရက မော်လမြိုင်-ရန်ကုန် လမ်းပိုင်းအပါအဝင် လိုင်းတချို့တွင် ပြေးဆွဲလာခြင်းဖြစ်သည်။ ဓာတ်ပုံ-လူမှုကွန်ရက် #DEM
603 ·
T
တော်လှန်ရေးအင်အားစုများ မညီညွတ်၍ မဖြစ်သည့် အခြေခံဖြင့် SCEF နှင့် တွေ့ဆွေးနွေးခြင်း ဖြစ်ကြောင်း PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်း ပြော နိုင်မင်းလွင်/ဧရာဝတီတိုင်းမ် ဇူလိုင် ၂၇ ရက် စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်နေကြသည့် အင်အားစုများအကြား ညီညွတ်ရေး အခြေခံဖြင့် ဆက်လက်ပူးပေါင်းကာ နွေဦးတော်လှန်ရေး ရည်မှန်းချက်များ ဖော်ဆောင်သွားနိုင်ရန် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင် စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ထံမှ သိရသည်။ လက်ရှိနိုင်ငံရေးအခင်းအကျင်း၊ ရှေ့နိုင်ငံရေးလုပ်ငန်းစဉ် လိုအပ်မှုများနှင့် ပတ်သက်၍ PNFC အပါအဝင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်/ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တို့သည် ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်တွင် SCEF နှင့် အစည်းအဝေး ပြုလုပ်ပြီး ညှိနှိုင်းဆွေးနွေး တိုင်ပင်ခဲ့ကြောင်း SCEF က ထုတ်ပြန်ထားသည်။ "ဒီနေ့ တော်လှန်ရေးရဲ့ ပေးထားချက်ကတော့ မညီညွတ်ရင် မဖြစ်ဘူး၊ တော်လှန်ရေး အင်အားစုတွေ ညီညွတ်မှဖြစ်မယ်ဆိုတဲ့ အခြေခံပါ။ အဲဒီအခြေခံကနေ ကျွန်တော်တို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဆက်ပြီးတော့ ကျွန်တော်တို့ အင်အားစုတွေ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆွေးနွေးဖြစ်ပါတယ်" ဟု PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ထို့အပြင် နွေဦးတော်လှန်ရေးတွင် ပြည်သူလူထု၏ ဆုံးဖြတ်ချက်လည်းဖြစ်သည့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အကောင်အထည်ဖော် နိုင်ရန် ပအိုဝ်းအဖွဲ့အစည်းများအပါအဝင် တော်လှန်ရေး အင်အားစုများအကြား ဆက်လက်ဆွေးနွေး၍ ညှိနှိုင်းပူးပေါင်းသွားမည်ဖြစ်ကြောင်း ခွန်မြင့်ထွန်းက အသိပေးထားသည်။ အဆိုပါ အစည်းအဝေးတွင် SCEF ၏ မဟာဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းတို့က အဖွင့်အမှာစကားများ ပြောကြားပြီး တက်ရောက်လာသော ခေါင်းဆောင်များအကြား ပွင့်လင်းရင်းနှီး စွာဖြင့် တိုင်ပင်ဆွေးနွေး၍ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း သိရသည်။ ယင်းအပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်၊ SCEF ၏ မဟာ ဗျူဟာနှင့် မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့ကလည်း ဆွေးနွေးမှုအပြီး နိဂုံးချုပ်စကားများ ပြ
516 ·
ဖလမ်းမြို့နယ်တွင် ဆရာ၊ ဆရာမ မရှိပဲ စာသင်ကျောင်းများဖွင့်လှစ်ထား ဧရာဝတီတိုင်းမ် (ဖလမ်း)၊ ဇူလိုင် ၂၇ ရက် ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ရွေးတုအစိုးရတပ်က ပြန်လည်ထိန်းချုပ်ထားပြီးနောက် စာသင်ကျောင်းများ ဖွင့်လှစ်ထားသော်လည်း ကျောင်းဆရာ၊ ဆရာမများ တက်ရောက်ခြင်း မရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဖလမ်းမြို့နှင့် ကျေးရွာတချို့တွင် ပြီးခဲ့သည့် ဇူလိုင်လပထမအပတ်မှစ၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နေခြင်းဖြစ်သည်။ "မြို့ပေါ်နဲ့ အနီးအနားကျေးရွာ တချို့မှာ ကျောင်းတွေကို ပြန်ဖွင့်တယ်။ ရွာအများစုမှာ ကျောင်းတွေ မဖွင့်နိုင်သေးပါဘူး။ လောဆယ်က စစ်သားတွေ ထိန်းချုပ်တဲ့ ရွာတွေက ကျောင်းတွေပဲ ဖွင့်သေးတယ်" ဟု ဖလမ်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းကို ပြောသည်။ Non CDM ဝန်ထမ်းများ တက်ရောက် သင်ကြားပေးခြင်း မရှိသည့်အတွက် ကျေးရွာရှိ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများနှင့် အရပ်ဖက်အဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းများကို အစားထိုး သင်ကြားခိုင်းနေရကြောင်း သိရသည်။ "တချို့ဆရာတွေက အစားထိုး ငှားသင်ခိုင်းတာတွေရှိတယ်။ ရွာသားတွေလည်း အရပ်ဖက်အဖွဲ့အစည်းတွေထဲက အတွေ့ကြုံရှိတဲ့သူတွေ အစားထိုး သင်ခိုင်းတာတွေရှိတယ်"ဟု ဖလမ်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ကျောင်းသားအများစုကလည်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့်အတွက် ကျောင်းတက်ရောက်သူဦးရေ နည်းပါးသည်။ လက်ရှိတွင် ဖလမ်းမြို့နယ်အတွင်း ကျောင်းများ ဖွင့်လှစ်နေသော်လည်း စစ်ရေးတင်းမာနေဆဲဖြစ်သည့်အတွက် အချိန်မရွေး တိုက်ပွဲများ ပြန်လှည်ဖြစ်ပွားနိုင်သည့် အခြေအနေတွင် ရှိနေသည်။ #ဖလမ်းမြို့နယ် #စာသင်ကျောင်းများဖွင့်လှစ် #NonCDM #ဆရာဆရာမများ #Ayeyarwaddy_Times
513 ·
Архив по месяцам
Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog