ChatCrawlersearch across public Telegram Open the app
C

Comment Box(Ayeyarwaddy Times)

сообщение · 2026-07-27 14:08 UTC
I
ဖလမ်းမြို့နယ်တွင် ဆရာ၊ ဆရာမ မရှိပဲ စာသင်ကျောင်းများဖွင့်လှစ်ထား ဧရာဝတီတိုင်းမ် (ဖလမ်း)၊ ဇူလိုင် ၂၇ ရက် ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ရွေးတုအစိုးရတပ်က ပြန်လည်ထိန်းချုပ်ထားပြီးနောက် စာသင်ကျောင်းများ ဖွင့်လှစ်ထားသော်လည်း ကျောင်းဆရာ၊ ဆရာမများ တက်ရောက်ခြင်း မရှိကြောင်း ဒေသခံများထံမှ သိရသည်။ ဖလမ်းမြို့နှင့် ကျေးရွာတချို့တွင် ပြီးခဲ့သည့် ဇူလိုင်လပထမအပတ်မှစ၍ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နေခြင်းဖြစ်သည်။ "မြို့ပေါ်နဲ့ အနီးအနားကျေးရွာ တချို့မှာ ကျောင်းတွေကို ပြန်ဖွင့်တယ်။ ရွာအများစုမှာ ကျောင်းတွေ မဖွင့်နိုင်သေးပါဘူး။ လောဆယ်က စစ်သားတွေ ထိန်းချုပ်တဲ့ ရွာတွေက ကျောင်းတွေပဲ ဖွင့်သေးတယ်" ဟု ဖလမ်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းကို ပြောသည်။ Non CDM ဝန်ထမ်းများ တက်ရောက် သင်ကြားပေးခြင်း မရှိသည့်အတွက် ကျေးရွာရှိ တက္ကသိုလ်ဝင်တန်း အောင်မြင်သူများနှင့် အရပ်ဖက်အဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းများကို အစားထိုး သင်ကြားခိုင်းနေရကြောင်း သိရသည်။ "တချို့ဆရာတွေက အစားထိုး ငှားသင်ခိုင်းတာတွေရှိတယ်။ ရွာသားတွေလည်း အရပ်ဖက်အဖွဲ့အစည်းတွေထဲက အတွေ့ကြုံရှိတဲ့သူတွေ အစားထိုး သင်ခိုင်းတာတွေရှိတယ်"ဟု ဖလမ်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ကျောင်းသားအများစုကလည်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြသည့်အတွက် ကျောင်းတက်ရောက်သူဦးရေ နည်းပါးသည်။ လက်ရှိတွင် ဖလမ်းမြို့နယ်အတွင်း ကျောင်းများ ဖွင့်လှစ်နေသော်လည်း စစ်ရေးတင်းမာနေဆဲဖြစ်သည့်အတွက် အချိန်မရွေး တိုက်ပွဲများ ပြန်လှည်ဖြစ်ပွားနိုင်သည့် အခြေအနေတွင် ရှိနေသည်။ #ဖလမ်းမြို့နယ် #စာသင်ကျောင်းများဖွင့်လှစ် #NonCDM #ဆရာဆရာမများ #Ayeyarwaddy_Times
513 ·

Вся лента

Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog