ChatCrawlersearch across public Telegram Open the app
K

K.M.D - Discussion

779 members
20 September 2026
Фотография
click to show
Фотография
click to show
1.4K ·
Фотография
click to show
Фотография
click to show
1.2K ·
Фотография
click to show
Фотография
click to show
အာရက္ခပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်းမြိုအစပ်၌ ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ထံမှ အာရက္ခတပ်တော် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ စစ်သုံပန်းနှင့် ရန်သူအလောင်းအချို - (၁) နောက်ထပ် သိမ်းဆည်းရမိ လက်နက်ခဲယမ်း နှင့် ရန်သူ့အလောင်းများကို ဆက်လက် တင်ပေးသွားပါမည်။ ©AAInfoDesk #KyimyindaingNetworks #SpringRevolution #WhatsHappeningInMyanmar #RejectMilitaryCoup #JusticeForMyanmar
1.4K ·
Фотография
click to show
Фотография
click to show
1.6K ·
Фотография
click to show
Фотография
click to show
အာရက္ခပြည်၊ စစ်တွေ-ပုဏ္ဏားကျွန်းမြိုအစပ်၌ ဖြစ်ပွားနေသောတိုက်ပွဲများအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်တပ်ထံမှ အာရက္ခတပ်တော် သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ စစ်သုံပန်းနှင့် ရန်သူအလောင်းအချို - (၁) နောက်ထပ် သိမ်းဆည်းရမိ လက်နက်ခဲယမ်း နှင့် ရန်သူ့အလောင်းများကို ဆက်လက် တင်ပေးသွားပါမည်။ ©AAInfoDesk #KyimyindaingNetworks #SpringRevolution #WhatsHappeningInMyanmar #RejectMilitaryCoup #JusticeForMyanmar
1.6K ·
Фотография
click to show
Фотография
click to show
1.6K ·
Фотография
click to show
Фотография
click to show
1.6K ·
Фотография
click to show
မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ဦးသေဆုံး စက်တင်ဘာလ 2️⃣0️⃣ရက် မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၂၀ ရက်နေ့ ရရှိထားသော အချက် အလက်များအရ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက်များအရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။ ©Khit Thit Media #KyimyindaingNetworks #SpringRevolution #WhatsHappeningInMyanmar #RejectMilitaryCoup #JusticeForMyanmar
1.1K ·
I
Фотография
click to show
TODAY Headline News  စက်တင်ဘာလ 2️⃣0️⃣ရက် 🖥အကြမ်းဖက်စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို မတရား သဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၂၀၅၈ရက် ရှိပြီဖြစ် https://t.me/kyimyindaingnetworks/82057 🖥ဝေဟင်နည်းပညာပိုင်းမြှင့်တင်နိုင်ဖို့ ကြိုးနဲ့စွန် 2.0 မှာပါဝင်ပေးကြဖို့ MODတိုက်တွန်း https://t.me/kyimyindaingnetworks/82060 🖥ဝက်လက်မြို့နယ်တွင် ၇လတာကာလအတွင်း တော်လှန်ရေးအင်အားစုများနှင့် အကြမ်းဖက်စစ်အုပ်စုတို့ ထိတွေ့တိုက်ပွဲကြီးငယ်ပေါင်း ၁၅ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းထုတ်ပြန် 🟥တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်အုပ်စု တပ်သား ၁၀၀ကျော်ခန့် သုတ်သင် ရှင်းလင်းနိုင်ခဲ့ပြီး ရန်သူ့ ကား၄ စီး၊ လက်နက်ခဲယမ်းမြောက်များစွာ လက်ဝယ်သိမ်းဆည်းရမိခဲ့ကာ ဂျမ်ဘာကား ၁စီးနှင့် ဒရုန်းနှစ်စီးကို ဖျက်ဆီးနိုင်ခဲ့ https://t.me/kyimyindaingnetworks/82062 🖥ရွှေဘိုအနောက်ခြမ်း သီလုံးပျူရွာနှင့် ဇီးဖြူကုန်းပျူရွာရှိ အကြမ်းဖက်စစ်တပ်လက်ပါးစေ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက် (ရုပ်/သံ) https://t.me/kyimyindaingnetworks/82072 🖥စစ်တွေအနီးဝန်းကျင် တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က စစ်သုံ့ပန်းတချို့အပါ အဝင် စစ်သားအလောင်းနှင့် လက်နက်ခဲယမ်းများကို အာရက္ခတပ်တော်AAသိမ်းဆည်ရမိထား https://t.me/kyimyindaingnetworks/82075 🖥မြန်မာပြည်နွယ်ဖွား ချင်းတိုင်းရင်းသား Joshua Van က Alexandre Pantoja ကို ၅ ချီအပြည့် အမှတ်အပြတ်အသတ်ဖြင့် အနိုင်ယူပြီး UFC Flyweight ရွှေခါးပတ်ချန်ပီယံဘွဲ့ကို ကာကွယ် https://t.me/kyimyindaingnetworks/82077 🖥အကြမ်းဖက်စစ်တပ်၏ ကန့်ကွက်မှုများရှိနေသည့်ကြားမှ ကုလသမဂ္ဂတွင် မြန်မာပြည်သူများကို ကိုယ်စားပြုသော အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိနေ မည်ဟု ဦးကျော်မိုးထွန်းက အသိပေးပြောဆို https://t.me/kyimyindaingnetworks/82078 🖥ကြံ့ဖွတ်ပါတီ ခေါင်းဆောင်သစ်နှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ကို ကြိုဆိုလက်ခံမည်ဟု ခင်ရီက တရားဝင် ကြေညာ၊ မင်းအောင်လှိုင်၏ လူယုံ အောင်လင်းဒွေး ပါတီဥက္ကဋ္ဌသစ် ဖြစ်လာဖွယ်ရှိဟုဆို https://t.me/kyimyindaingnetworks/82079 🖥ပြည်ပမှ ခွင့်ပြန်လာသည့် မြန်မာအလုပ်သမားများ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာလိုပါက မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းနှင့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ထားသော အထောက
992 ·
K
K.M.D - Discussion
id 1575427538TODAY Headline News  စက်တင်ဘာလ 2️⃣0️⃣ရက် 🖥အကြမ်းဖက်စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို မတရား သဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၂၀၅၈ရက် ရှိပြီဖြစ် https://t.me/kyimyindaingnetworks/82057 🖥ဝေဟင်နည်းပညာပိုင်းမြှင့်တင်နိုင်ဖို့ ကြိုးနဲ့စွန် 2.0 မှာပါဝင်ပေးကြဖို့ MO
Ссылка
click to show
🖥မလေးရှားဝန်ကြီးချုပ်က ဖိတ်ခေါ် ကြိုဆိုမည့် မင်းအောင်လှိုင်မှာ စစ်ရာဇဝတ်မှုများအတွက် နိုင်ငံ တကာတွင် တရားစွဲဆိုမှုနှင့် အာဂျင်တီးနားနိုင်ငံ၏ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်သည်ကို သတိပြုရန် ထိုင်းနိုင်ငံရေးသမား ကနာဝီ သတိပေး https://t.me/kyimyindaingnetworks/82086 🖥စစ်တွေ-ပုဏ္ဏားကျွန်းတိုက်ပွဲတွင် ဖမ်းဆီးခံရသည့် အကြမ်းဖက်စစ်တပ် ခလရ ၂၅၂ တပ်သားက ထွက်ပြေးပါက ပစ်သတ်ရန် ညွှန်ကြားထားဟုဆို (ရုပ်/သံ) https://t.me/kyimyindaingnetworks/82087 🖥စစ်တွေ-ပုဏ္ဏားကျွန်းမြိုအစပ်တိုက်ပွဲများမှ ဖမ်းဆီးရရှိသော စစ်သုံ့ပန်းနှင့်လက်နက်ခဲယမ်းများ AA က ထုတ်ပြ၊ ⬜️ရခိုင်တွင် အကြမ်းဖက်စစ်တပ်က အမျိုးသမီး၊ ကလေးသူငယ်များ အပါအဝင် အမြစ်ပါမကျန် လူမျိုးတုန်းသတ်ဖြတ်ရန် အမိန့်ပေးထားဟု စစ်သုံ့ပန်းများက ဝန်ခံထွက်ဆို https://t.me/kyimyindaingnetworks/82088 🖥မြဝတီမြို့၊ BGF အမှတ် ၁ ဂိတ်ဝင်တွင် ဖွင့်လှစ်ထားသော ဗိုလ်မှူးမုတ်သုန်၏ ကျားဖြန့်ရုံများ သတင်း ပေါက်ကြားမှုကြောင့် မဲကနယ်ဘက်သို့ အလုံးအရင်းဖြင့် ညအချိန် ပြောင်းရွှေ့၊ နယ်မြေခံ အကြမ်းဖက်စစ်တပ်က ကျားဖြန့် ပြောင်းရွှေ့မှုများအတွက် လုံခြုံရေးယူပေး https://t.me/kyimyindaingnetworks/82092 🖥နေပြည်တော်၊ တပ်ကုန်းနှင့် မကွေးတိုင်း မြို့သစ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများနှင့်အတူ တရားခံ ၆ ဦးကို တော်လှန်ရေးတပ်များက ဖမ်းဆီးရမိပြီး အရေးယူရန် ဆက်လက်စစ်ဆေးနေ  https://t.me/kyimyindaingnetworks/82093 🖥ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ အဖြစ် အကြမ်းဖက်ခင်ရီ ပြန်လည် အရွေးချယ်ခံရပြီး မူလလူဟောင်းများကသာ အဓိကနေရာများ ရယူကာ မင်းအောင်လှိုင်လူယုံ အောင်လင်းဒွေးမှာ ပါတီထိပ်တန်းနေရာများတွင် ပါမလာ https://t.me/kyimyindaingnetworks/82094 🖥မြိုင်မြို့နယ်၊ တွင်းမ ပျူရွာသို့ လာရောက်တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ Mi-17 စစ်ရဟတ်ယာဉ်ကို FPV ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့တာဝန်ခံ ရဲဘော် ကိုချမ်း ဦးဆောင်သော ရဲဘော် (၇) ဦးအား ကျပ်သိန်းတစ်သောင်း ချီးမြှင့် https://t.me/kyimyindaingnetworks/82095 🖥စလင်းမြို့နယ်၊ ရွှေကြာငုံရဲစခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ ➕သရက်ချောင်းတွင်လည်း ဥပဒေရုံးမှ စာရေးမ ၁ ဦး ဖမ်းဆီးခံရ  https://t.me/kyimyindaingnetworks/82105 🖥ဝက်ထီးကန်တွင် အကြမ်းဖက်စစ်တပ်သတင်းပေးများနှင့် အုပ်ချုပ်ရေးမှူးများ ဆက်တိုက် ပစ်ခတ် တိုက်ခိုက်ခံရပြီးနောက် အုပ်ချ
I
Фотография
click to show
အကြမ်းဖက်စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၂၀၅၉ ရက် ရှိပြီဖြစ် စက်တင်ဘာလ 2️⃣1️⃣ရက် ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုများကို မလိုက် လျောသလို ဆန္ဒပြသူများအား စစ် ကောင်စီတပ်များက အကြမ်းဖက်ဖမ်းဆီးခြင်း၊ ရက်ရက်စက်စက် ဿေနတ်ဖြင့်ပစ်သ-တ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုကို လျစ်လျူရှုပြီး ဆန္ဒပြသူများကို  အကြမ်းဖက်သ-တ်ဖြတ်လာသဖြင့် ပြည်သူများက စစ်ပညာသင်ယူပြီး လက်နက်ဆွဲကိုင်၍ စစ် ကောင်စီကို ခုခံ တော်လှန်စစ်ဆင်နွှဲနေကြသည်။ တစ်ချိန်တည်းတွင် ပြည်သူများက စစ်အာဏာရှင်ဖြုတ်ချ ရေး ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်မှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ် နေဆဲဖြစ်သလို စစ်တပ်ထွက်ကုန်များကိုလည်း သပိတ် မှောက် နေကြသည်။ #KyimyindaingNetworks #KyimyindaingScoutChannel #WhatsHappeningInMyanmar #RejectMilitaryCoup #JusticeForMyanmar
781 ·
21 September 2026
Фотография
click to show
III ရှုံးမဲမဲနေတဲ့ စစ်ကောင်စီရဲ့ အယုတ်မာဆုံး လုပ်ရပ်တွေ ဖော်ထုတ်ခြင်း အာရက္ခတပ်တော် AA က ထုတ်ပြန်လိုက်တဲ့ ရုပ်သံအရ၊ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်းက ကလေး၊ အမျိုးသမီး၊ လူငယ်၊ လူကြီး အားလုံးကို လူ မျိုး တုန်း သ တ် ဖြ တ် ဖို့ အမိန့်ပေးထားကြောင်း ‌မြင်တွေ့ခဲ့ရပါတယ်။ ဒါနဲ့ပတ်သတ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရဖူးတဲ့ အာဏာ မသိမ်းခင်က အတွေ့အကြုံလေးပြောပြလိုပါတယ်။ မှတ်မှတ်ရရ အဲ့ဒီ့အချိန်က ၂၀၁၈ ခုနှစ်၊ စစ်တပ်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ အကြိတ်အနယ် တိုက်ခိုက်နေချိန်ဖြစ်တယ်။ ဒီချိန်မှာ စ စ် တပ်က လိုအပ်တဲ့ လူ၊ လ က် န က် အင်အားတွေကို တပ်နယ်မှာ လူစုပြီး လေတပ် တွေကိုပို့ပါတယ်။ အဆိုပါ စ စ် တို က် ရမယ့် စ စ် သား တွေဟာ လေတပ်ထဲမှာပဲ ရှေ့တန်းကို မပို့ခင် ရေမိုးချိုးတာ၊ ချက်ပြုတ်စားသောက်တာတွေလုပ်ကြပါတယ်။ တရက်သား ရေလာချိုးတဲ့ ကြည်းတပ်က စ စ် သား နဲ့ ဆုံကြတယ်။ ဘယ်သွားကြမလို့လဲ ‌စကား‌စပ်မိလို့ မေးကြရင်း ကချင်ပြည်နယ်၊ တနိုင်းဘက်ကို စ စ် ဆင် ရေး ထွက်ရမယ်ဆိုတာကို သိခဲ့ရပါတယ်။ တဆက်တည်းမှာပဲ အောက်ခြေရဲဘော်တွေကို ညွှန်ကြားလိုက်တဲ့ အမိန့်က ကချင်လူငယ်တွေထဲမှာ ကလေးက အစ ရီမုမိုင်း သုံးတာကြောင့်၊ ကလေး၊ အမျိုးသမီး၊ လူကြီး လူငယ်မရွေး ရှင်းပစ်ဖို့ စေခိုင်းထားတာ ဖြစ်တယ်လို့ သိခဲ့ရတယ်။ စကားချပ်အနေနဲ့ ပြောလိုတာက ကချင်မှာ စ စ် ကောင်စီတပ်ကို ရီမုမိုင်းခွဲပြီး တို က်‌ ခို က် နေသူတွေထဲမှာ ကလေးနဲ့ အရပ်သား အမျိုးသမီးတွေ မပါဝင်ပေမယ့်၊ စ စ် ကောင်စီ ဟာ လက်သည်း‌ဆိပ်ရင် လက်ထိပ်နာတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကချင်မှာ အခုလို တို က် ခို က် ခြင်းဖြစ်တယ်လို့လည်း သိခဲ့ရပါတယ်။ ထို့နည်းတူ ရခိုင်ပြည်နယ်မှာ ကြုံခဲ့ရတဲ့ ၂၀၁၇ ရိုဟင်ဂျာဖြစ်စဉ်ကလည်း ထို့နည်းတူဖြစ်တယ်။ ရုပ်သံတွေအရ စစ်ကောင်စီလက်အောက်ခံရဲတွေ ဟာ ရိုဟင်ဂျာအမျိုးသားများစွာကို တန်းစီ နှိ ပ် စ က် နေတာကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။ အခုလည်း စက်တင်ဘာ ၄ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို စ စ် တပ် က ထိုး စ စ် ဆင် နေပါတယ်။ အဲဒီအတွင်း စစ်တွေ–ပုဏ္ဏားကျွန်းမြို့အစပ်မှာ ဖြစ်ပွားခဲ့တဲ့ တို က် ပွဲ တွေကနေ ဖမ်းဆီးရရှိခဲ့တဲ့ စ စ် သုံ့ ပန်း တွေနဲ့ လ က် န က် ခဲ ယမ်းတွေကို အာရက္ခ တပ်တော် AA က ထုတ်ပြလာပါတယ်။ AA ရဲ့ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၆ ရက်နေ့မှာ စစ်တွေ–ပုဏ္ဏားကျွန်းမြို့အစပ်၊ ကွမ်းတောင်နဲ့ အမြင့်ကျွန်းကျေးရွာကြားမှာ တို က် ပွဲ ဖြစ်ခဲ့ပြီး အဲဒီ တို က် ပွဲ
221 ·
Фотография
click to show
အာရက္ခတပ်တော်AA ထိန်းချုပ်ထားသော ပုဏ္ဏားကျွန်းမြို့သို့ ထိုးစစ်ဆင်ရင်း ရွှံ့နွံ့များအကြား သေဆုံးသွားသော စစ်သားများ၏ အလောင်းများ၊ လက်နက်ခဲယမ်းများ၊ စစ်သုံ့ပန်းများကို ထုတ်ပြ၊ 🟥အကြမ်းဖက်စစ်တပ်၏ ရခိုင်ထိုးစစ် ဦးကျိုးသွား စက်တင်ဘာလ 2️⃣1️⃣ရက် ရခိုင်ပြည်တွင် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ပုဏ္ဏားကျွန်းမြို့သို့ ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်၏ စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းများကို ရွှံ့နွံများအကြားမှ တွေ့ရှိရသည့် ဓာတ်ပုံမှတ်တမ်းများနှင့်အတူ AA က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်တပ်၏ တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်ရင်းမှ စစ်သားများကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်သားအလောင်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု AA ဘက်က ထုတ်ပြန်ထားသည်။ AA က ထုတ်ပြန်သည့် စစ်သုံ့ပန်းများ၏ ပြောကြားချက်များအရ ခလရ ၂၅၂ တပ်ရင်းသည် စက်တင်ဘာ ၁၅ ရက်တွင် ပုဏ္ဏားကျွန်းဘက်သို့ ထိုးစစ်ဆင်ရန် ချီတက်လာခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် တပ်ဖွဲ့များ ဆုတ်ခွာထွက်ပြေးခြင်း၊ ဖမ်းဆီးခံရခြင်းနှင့် စစ်ကြောင်းများ ဖရိုဖရဲဖြစ်သွားခြင်းတို့ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် ခလရ ၂၅၂ စစ်ကြောင်းမှ တာဝန်ရှိသူများက AA တပ်ဖွဲ့များ၏ အင်အားများပြားမှုကြောင့် ဆုတ်ခွာထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း စစ်သုံ့ပန်းများက ပြောဆိုထားသည်ဟု AA ဘက်က ဆိုသည်။ အကြမ်းဖက်စစ်တပ်သည် စက်တင်ဘာ ၄ ရက်မှစတင်၍ ပုဏ္ဏားကျွန်းမြို့ကို ပြန်လည်ထိုးစစ်ဆင်ရန် စစ်ဆင်ရေးစတင်ခဲ့ခြင်းဖြစ်ပြီး AA ၏ ခုခံတိုက်ခိုက်မှုများကြောင့် ထိုးစစ်ပျက်ပြားကာ အရေးနိမ့်ခဲ့သည်ဟု AA စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ စစ်ကောင်စီ၏ ထိုးစစ်သည် စစ်တွေ-ပုဏ္ဏားကျွန်း မြို့နယ်အစပ်ရှိ မင်းချောင်းတံတား (အမြင့်ကျွန်းတံတား) ပတ်ဝန်းကျင်နှင့် ကွမ်းတောင်ရွာပတ်ဝန်းကျင်၊ စစ်တွေမြို့ ဝါဘိုရွာပတ်ဝန်းကျင်၊ မင်းလှရွာနှင့် မြစ်နားရွာပတ်ဝန်းကျင်၊ ပုဏ္ဏားကျွန်းမြို့ ရဲယိုးပြင်ရွာနှင့် ခမောင်းတောရွာကြား၊ အောင်ဇေယျရွာနှင့် အောင်မြေကုန်းရွာကြား စသည့် နေရာ ၅ ခုတွင် စက်တင်ဘာ ၄ ရက် နံနက် ၆ နာရီခန့်က စတင်ခဲ့ခြင်းဖြစ်သည်။ ထိုးစစ်အစပိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းတစ်ကြောင်းလျှင် အင်အား ၁၇၀ မှ ၂၀၀ ခန့်ရှိသည့် စစ်ကြောင်းကြီး ၅ ကြောင်းဖြင့် တစ်ပြိုင်နက်တည်း ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ ထိုးစစ်ဆင်ခဲ့သည်ဟု AA ဘက်က ဆိုသည်။ ထိုထိုးစစ်
162 ·
Фотография
click to show
စစ်အာဏာရှင်တော်လှန်ရေးအတွက် ပြည်သူ့တော်လှန်ရေးထောက်ပံ့တပ်တွင် ပြည်သူတိုင်း ပါဝင်ကြရန် NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး မေတ္တာရပ်ခံ 🟥"ပြည်သူတွေ ကျွေးတဲ့ ထမင်းတစ်လုပ်၊ ရေတစ်မှုတ်ဟာ တိုက်ပွဲဝင်ဖို့ အားဖြစ်စေပါတယ်" ဟု အသိပေး စက်တင်ဘာလ 2️⃣1️⃣ရက် စစ်အာဏာရှင်စနစ်ကို တော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) အတွက် လိုအပ်သည့် စားဝတ်နေရေးနှင့် အထွေထွေထောက်ပံ့မှုများ ဖြည့်ဆည်းပေးနိုင်ရန် ပြည်သူ့တော်လှန်ရေးထောက်ပံ့တပ် (PRF - People's Revolution Supply Family) တွင် ပြည်သူများအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ပါဝင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီး ဒေါက် တာဇော်ဝေစိုးက မေတ္တာရပ်ခံပြောဆိုသည်။ ဒေါက်တာဇော်ဝေစိုးက မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များအတွက် ပြည်သူများက ထောက် ပံ့ပေးသည့် အစားအစာနှင့် ရေတစ်ခွက်ပင် တိုက်ပွဲဝင်ရန် အားဖြစ်စေကြောင်း ပြောသည်။ “ပြည်သူတွေ ကျွေးတဲ့ ထမင်းတစ်လုပ်၊ ရေတစ်မှုတ်ဟာ ကျွန်တော်တို့ တိုက်ပွဲဝင်ဖို့ အားဖြစ်စေပါတယ်။ PRF ပြည်သူ့တော်လှန်ရေးထောက်ပံ့တပ်မှာ တစ်ကျပ်တစ်ပြားကအစ တစ်ယောက်ချင်းသော်လည်းကောင်း၊ တစ်စုတစ်ဖွဲ့ချင်းသော်လည်းကောင်း ပါဝင်ကြပါ” ဟု ဒေါက်တာဇော်ဝေစိုးက ပြောဆိုသည်။ မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ရဲဘော်များအနေဖြင့် အခြေခံလိုအပ်ချက်ဖြစ်သည့် စားဝတ်နေရေး မလုံလောက်ဘဲ တိုက်ပွဲဝင်ရန် ခက်ခဲမည်ဖြစ်သဖြင့် တော်လှန်ရေးအောင်မြင်ရေးအတွက် ပြည်သူတိုင်း PRF တွင် ပါဝင်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။ PRF သည် PDF တပ်ရင်းများနှင့် စစ်ကြောင်းများ၏ တပ်ရင်းရိက္ခာနှင့် အထွေထွေအသုံးစရိတ်များအတွက် ရန်ပုံငွေထောက်ပံ့ပေးသည့် အစီအစဉ်တစ်ခုဖြစ်ပြီး ရန်ပုံငွေများကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ ထောက်ပို့တပ်သားများနှင့် Fundraiser များက ပါဝင်ထောက်ပံ့နေကြကြောင်း ၊PRF အစီအစဉ်အောက်တွင် ပြည်သူများက လစဉ်ထောက်ပံ့နိုင်သည့် စနစ်ရှိကြောင်း သိရှိရသည်။ PRF မှ ရရှိသည့် ရန်ပုံငွေများကို PDF တပ်ရင်းများ၏ ရိက္ခာနှင့် အထွေထွေအသုံးစရိတ်များအတွက် ပို့ဆောင်အသုံးပြုပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများထံ ရန်ပုံငွေများ ရောက်ရှိသည့်အခါ PRF ၏ စာမျက်နှာများမှတစ်ဆင့် ပြန်လည်အသိပေးဖော်ပြကြောင်း သိရှိရသည်။ ထို့အပြင် မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်သားများနှင့်အတူ ထောက်ပံ့ရေးလုပ်ငန်းများတွင် ပါဝင်နေကြသည့် ပြည်သူများနှင့် နိုင်ငံတကာမှ Fundraiser များကိုလည်း ကျေးဇူးတင်ဂုဏ်
147 ·
Фотография
click to show
အကြမ်းဖက်မင်းအောင်လှိုင် ကြံ့ဖွတ်ပါတီဝင် ဖြစ်လာပြီး ပါတီအတွင်း အုပ်စုဖွဲ့မှု၊ အကွဲအပြဲ မရှိဟု ပါတီပြောရေးဆိုခွင့်ရှိသူ လှသိန်းက တရားဝင် ထုတ်ပြောလာ စက်တင်ဘာလ 2️⃣1️⃣ရက် စစ်ခေါင်းဆောင်ဟောင်း အကြမ်းဖက် မင်းအောင်လှိုင်မှာ ကြံ့ဖွတ်ပါတီ ဝင်ဖြစ်လာပြီး ပါတီအတွင်း အုပ်စုဖွဲ့မှု၊ အကွဲအပြဲနှင့် သင်းကွဲမှုများ မရှိကြောင်း ကြံ့ဖွတ်ပါတီ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်သူ လှသိန်းက ပြောဆိုသည်။ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ကြံ့ဖွတ်ပါတီညီလာခံအပြီး သတင်းစာရှင်းလင်းပွဲ၌ မင်းအောင်လှိုင် ပါတီဝင်ဖြစ်လာသည့်ကိစ္စ၊ ပါတီအတွင်း အုပ်စုဖွဲ့မှုရှိ၊ မရှိနှင့် ယခင်ပါတီခေါင်းဆောင်များ ပြန်လည်ပါဝင်လာသည့်ကိစ္စများကို သတင်းထောက်များက မေးမြန်းရာတွင် လှသိန်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ မင်းအောင်လှိုင်နှင့် ပတ်သက်၍ လှသိန်းက “သမ္မတကြီး ဦးမင်းအောင်လှိုင်၊ ဒါလည်း ကျွန်တော်တို့ပါတီဝင် ဖြစ်ပါတယ်” ဟု ပြောဆိုသည်။ ယင်းအပြင် ကြံ့ဖွတ်ပါတီအတွင်း အုပ်စုဖွဲ့မှု၊ အကွဲအပြဲနှင့် သင်းကွဲမှုများ ရှိနေသည်ဆိုသော သတင်းနှင့်ပတ်သက်၍ လှသိန်းက “ကျွန်တော်တို့ ပါတီတွင်းမှာ အုပ်စုဖွဲ့တာတို့၊ တစ်ခုနဲ့တစ်ခု ကွဲပြဲတာတို့၊ အစုဖွဲ့ဖွဲ့တာတို့ အကွဲအပြဲတွေကတော့ ဘာမှမရှိပါဘူး” ဟု ပြောသည်။ ကြံ့ဖွတ်ပါတီအတွင်း စိုးရိမ်ရသည့်အချက်မှာ အုပ်စုဖွဲ့မှုနှင့် အကွဲအပြဲများမဟုတ်ဘဲ ရွေးကောက်ပွဲတွင် အနိုင်ရရှိရေးအတွက် မည်သို့လုပ်ဆောင်မည်ဆိုသည့် ကိစ္စများသာဖြစ်ကြောင်း လှသိန်းက ဆိုသည်။ “ကျွန်တော်တို့ ပါတီမှာ စိုးရိမ်ကြောင့်ကြမှု ဆိုတာက အောင်နိုင်ရေးအတွက် ကျွန်တော်တို့က ကေသာရာဇာ ခြင်္သေ့လိုပဲ သားကောင် သေးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ နိုင်အောင်လုပ်ဖို့ အားထုတ်ဖို့က ကျွန်တော်တို့ရဲ့ ပါတီရဲ့ အန္တိမရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ ယခင်ရွေးကောက်ပွဲတွင် ပါတီ၏ မဲဆွယ်စည်းရုံးရေး၊ ကြေညာစာတမ်းနှင့် လုပ်ဆောင်ချက်များအပေါ် အခြေခံ၍ အနိုင်အရှုံးရလဒ်များ ထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ပါတီအနေဖြင့် ၁၀၀ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ခြင်းမဟုတ်ဘဲ ရှုံးနိမ့်ခဲ့သည့် နေရာများလည်း ရှိကြောင်း လှသိန်းက ဝန်ခံပြောဆိုသည်။ “ဒါပေမဲ့ ကျွန်တော်တို့ ၁၀၀ ရာခိုင်နှုန်း နိုင်သလားဆိုတော့ မနိုင်ပါဘူး။ ကျွန်တော်တို့ ရှုံးသွားတာတွေလည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။ ထိုကဲ့သို့ ရှုံးနိမ့်မှုများ နောင်တွင် မဖြစ်ပေါ်စေရန် ပါတီအနေဖြင့် မ
143 ·
I
Фотография
click to show
ရီ့ဘက်က ဘီအေဘီ ရှိနေမှတော့ လှိုင်လှိုင် အရှုံးပေးလိုက်ပါပြီ။ ကျည်ဆံတတောင့် ဗိုက်ထဲရောက် ငါးလောင်းပြိုင်တောင် ရီ မကြောက်။ သူ့ချည်းသာလောဆိုရင် တော်စမ်း ကျော်ဆန်းတို့ပါ မြိုင်မြိုင်ဆိုင်ဆိုင် ရှေ့တန်းမှာ ထိုင်နေမှတော့ ဆရာကျောင်းကိုတောင် ဒူးတုန်နေတဲ့ နောက်ပေါက်လေးတွေ ဘယ်လှုပ်ရဲမလဲ။ ဂွေးတက်အောင် ကဖို့ မြှောက်ပေးခဲ့ရင်း Safe House USDP ကိုပါ သိမ်းဖို့ ကြိုးစားလာတာ လက်တွေ့ကြုံရတော့မှ အရပ်ကူပါ လူဟောင်းဝိုင်းပါ ပြန်စီစဉ်ရတဲ့အထိ။ အသိုက်ဖျက်တဲ့ မအလလက်ထက် တိုင်းပြည်ရော တပ်ပါ ပြုတ်ပြုတ်ပြုန်းနေတာတောင် ချစ်လိုက်တော့ ဝမ်း တူ သရီး လုပ်နေတဲ့ သူတွေကို ဥပဒေကဲ့သို့ အာသာဖြေသော အမိန့်နဲ့ ဖင်လှန်ပြလိုက်ပြီလေ။ မင်းတို့ခြေဥကို ငါက အသေထုပြမယ်ဆိုပြီး ပြည်ထဲရေးဝန်ကြီးကို လွှတ်တော် မခေါ် ဟပ်ချလောင်း လဲပြလိုက်တာ အမလေး ဝိုင်းတားကြပါဦး။ သံပုရာသီးတို့က ခြေဥကို ဖျက်ပစ်ရမယ် ကြွေးကြော်ပြီး ဈေးခေါ်ခဲ့ပေမဲ့ အုတ်ကြီးက ဒါမျိုးတော့ မိမိ လက်မခံ ဝင်ဟန့်လို့ ခေတ္တခဏ ငြိမ်ပြခဲ့တာ။ ဗီဇကတော့ အပီထကြွဦးမှာ။ ကိုယ့်ခြေကိုယ့်လက် ဥပဒေတရပ်ကို ပလီပလာ အလိမ်အညာ အကြံတွေနဲ့ ရေးဆွဲသီးကုံးပြီး ကြူပင်ခုတ် ကြူငုတ်မချန်မဲ့ အကြံကို ငရွှေအဘတို့က မသိရိုးလား။ အရင်လူထက် ဆိုးပါစေ အကြံနဲ့ ရေမြောကမ်းတင် လွှတ်ထားခဲ့ကြပေမဲ့ အခုတော့ ကိုယ့်ရှူးကိုယ်ပက် နံလျက် ဖြစ်နေကြပြီ။ အုတ်ကြီးမှာလည်း တိုက်ကားလား လေပျံဗုံးလား လှိုင်လှိုင် ကြိုက်တာပြော စီစဉ်ပေးနေတာတောင် အမေရိကန်ဆို တလံအကွာကတည်းက အမြီးနှံ့နေတဲ့ ဒူးမနာသားကို ကြည့်ရင်း အစည်းအဝေးခန်းထဲ တောက်တခတ်ခတ် သွေးတက်လို့ မိုဒီတောင် ဖေးကူခဲ့ရသတဲ့။ ဒါမျိုးတွေ မကြောက်လို့ ရွာရိုးလျှောက်ခဲ့တဲ့ ရီရီ​ဗိုက်ပူကတော့ အပြင်လူ မဝင်ရ မူဝါဒနဲ့ အပီကိုင်လိုက်ပြီမို့ အောက်လင်းခွေးတောင် ဂိန်ဂိန် မအော်နိုင်။ တပ်ရှုံ့သစ်ကြီးကလည်း ဗန်းမော်မှာ အတော်ပါသွားတာကို ကိုကိုဦးနဲ့ အပြစ်ကြွေး အစားထိုးရင်း ဖမ်းလေ ဖမ်းလေ မပြည့်နိုင်လေ ဖြစ်နေတဲ့ ပေါ်တာပွဲကြီးကို ဆက်လက် ဆင်နွှဲဖို့ ဆုံးဖြတ်ထားလေသတဲ့။ ရွှေပြည်ကြီးမှာတော့ တာကြီးလည်း ကျိုး၊ မြစ်ကြီးလည်း ညမ်း၊ ရေတွေလည်း လွှမ်း၊ မီးတွေလည်း ပြတ်၊ မူးယစ်တွေ ဓါးထက်၊ လမ်းပေါ် လူတွေသတ်နဲ့ တနေ့တနေ့ အနိဋ္ဌာရုံပေါင်း တသောင်းမှာ ပျော်တဲ့သူ ပျော်၊ ငိုတဲ့သူ မောနဲ့ ဒါပဲဟေ့ လူ့ငရဲဆိုတာ ထိုးပြလိုက်ချင်ပါတော့တယ်။ ©ကဆက်အောင် #KyimyindaingNetworks #SpringRevolution #WhatsHappeningInMyanmar #Rejec
132 ·
Архив по месяцам
Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog