ChatCrawlersearch across public Telegram Open the app
စ

စုံစီနဖာအသံများ

8 members
တပခဂွင်က စစ်သတင်းလေးအချို့ ရထားတာရှိပါတယ်။ သတင်းသေချာမှုက ၁၀၀%ပါပဲဗျာ။ မတင်ဖြစ်သေးတာက တင်သင့်လား မတင်သင့်လား စောင့်ကြည့်နေလို့ပါဗျာ။ မီဒီယာတွေထက်မှာတော့ မတွေ့ရသေးပါဘူး။ နီပိန်းနဲ့ ပဒက်အားပေးမီဒီယာတွေဘက်ကတော​့ တင်မှာမဟုတ်ပါဗျာ။ ဘာလို့ဆို သူတို့ခံလိုက်ရတဲ့သတင်း ဖြစ်နေလို့ပါ။ ဒါမျိုးဆို ဖုံးဖိပြီး ဘယ်တော့မှတင်မှာမဟုတ်ပါဘူးဗျာ။ ဒီလိုဖြစ်ရပ်တွေကို တိုက်ပွဲနဲ့ဝေးတဲ့ ရန်ကုန်လိုမြို့ကြီးပြကြီးတွေနဲ့ နိုင်ငံခြားရောက်နေတဲ့ ပြည်သူတွေကတော့ ဘယ်တော့မှသိမှာမဟုတ်ပါဘူးဗျာ။ သူတို့သိတာ fbသတင်းလောက်ပဲ သိကြတာပါ။ ဒါတောင် နီပိန်းမီဒီယာတွေဖြစ်တဲ့ ခေတ်ပျက်၊ မိစိမ တို့သတင်းလောက်ပဲကြည့်ပြီး တိုက်ပွဲဖြစ်လိုက်တိုင်း စစ်တပ်ကဘယ်လောက်သေ၊ ဘယ်လောက်ထွက်ပြေး ဒါတွေလောက်ပဲ ဖတ်ပြီး ကျေနပ်အားရနေကြတာပါ။ ဒါတွေကိုပဲ အမှန်ထင်နေကြတာပါဗျာ။ တကယ်တမ်း စစ်မြေပြင်တိုက်ပွဲတွေနဲ့ လက်တွေ့နေထိုင်နေရတဲ့ ပြည်သူတွေကတော့ လိုင်းပေါ်မှာ သိပ် မတွေ့ရတဲ့ ဖြစ်ရပ်မှန်၊ သတင်းမှန်တွေကို သိပြီးသားပါဗျာ။ နီနီစိမ်းစိမ်း နှစ်ကြာလာတာနဲ့အမျှ စစ်ပွဲတွေကို မုန်းတီးနေကြပြီး မိမိရပ်ရွာမှာပဲ အေးအေးချမ်းချမ်း နေထိုင်လုပ်ကိုင်စားသောက်ချင်နေကြပါပြီဗျာ။ တိုက်ပွဲဆိုတာ နှစ်ဖက်အထိအခိုက်တွေ ရှိကြပါတယ်။ သူက စားလိုက်၊ ကိုယ်က စားလိုက် ပွဲတွေလည်းရှိပါတယ်။ ဒါပေမယ့် လိုင်းပေါ်မှာလို စစ်တပ်ဘက်ကပဲ ကျနေပြီး ပဒက်တွေက မကျသယောင်နဲ့ ဝါဒဖြန့်ကာ သတင်းရေးနေကြတဲ့ နီပိန်းမီဒီယာတွေ၊ လော်ဘီတွေကို အဓိက ပြောလိုချင်းဖြစ်ပါတယ်ဗျာ။ စာရေးသူတို့ တပခကလည်း သတင်းလျှို့ဝှက်တဲ့အထဲ ပါပါတယ်။ တော်ယုံတိုက်ပွဲဆို မီဒီယာပေါ် မတင်ပါဗျာ။ တပ်တည်တပ်လှုပ် အလွန် လျှို့ဝှက်တဲ့ တပ်တွေထဲမှာ ပါဝင်ပါတယ်။ တချို့သတင်းတွေဆို နီပိန်းမီဒီယာတွေက အရင်ဝါဒဖြန့်တင်ကာမှ နောက်ကပြန်ချေပပြီး သတင်းလိုက်တင်တာတွေ့ရပါတယ်။ တချို့အကျိုးအမြတ်ရခဲ့တာလေးတွေတောင် မီဒီယာထက် သတင်းတင်တာ မတွေ့ရပါဘူး။ လောလောဆယ် သတင်းအမြည်းကျွေးပါမယ်။ တပခရဲ့ ပဲခူးအရှေ့ခြမ်းဂွင်တွေထဲမှာ တချို့ဂွင်တွေကို ငှက်နဲ့အစာကောက်တာတွေရှိတယ်။ ဒီထဲမှာစိတ်ဝင်စားဖို့ကောင်းတာက ဒရုန်းကိုယ်စီနဲ့ သူချကိုယ်ချ ဂွင်တစ်ခု ရှိတယ်။ ပဒက်က လာချလိုက်၊ တပ်က ပြန်ချလိုက်ပေါ့။ တပ်က ချလိုက်တဲ့ ဒရုန်းတစ်ခုက Knuငပွေးနဲ့ ပဒက်စုဖွဲ့ရာ နေရာတစ်နေရာကို ကွက်တိ။ ပဒက်တွေမသာပေါ်တဲ့သူပေါ်၊ ဒဏ်ရာ ရတဲ့သူရ၊ ပွထနေတာပဲ။ ဒါမျိုးကို နီပိန်းမီဒီယာတွေကတော့ သတင်းဖုံးပြီး တင်မှာမဟုတ်ပါဘ
71 ·
I
ကြုံတုန်း တပခက တပ်တွေ ဘယ်လောက် လျှိုသလဲဆိုတာ ​စာရေးသူကိုယ်တွေ့ဖြစ်ရပ် နှစ်ခုသုံးခုလောက် အနည်းငယ်ပြောပြပါမယ်။ ပဲခူးအရှေ့ခြမ်း မြို့တစ်မြို့က စာရေးသူရဲ့ ဦး​လေး ရွာဆီကို အလည်သွားတုန်းကပေါ့။ ဦးလေးတို့ရွာမှာ စစ်တပ် ထိုင်ထားတယ်။ ဘေးနားပတ်ဝန်းကျင်ရွာတွေက ပဒက်ရွာတွေ၊ ပဒက်စိုးမိုးနယ်မြေတွေပေါ့။ တစ်ရက်တော့ ပဒက်တွေက ဒရုန်းနဲ့လာချတာကို တပ်က သေနတ်နဲ့ လိုက်ပစ်ချတာ ဒရုန်းကြီး ရလိုက်တယ်။ ဒရုန်းက တော်တော်ကြီးပါတယ်။ ဒီ ဒရုန်းရတဲ့ သတင်း တပ်မီဒီယာချန်နယ်တွေမှာ တင်မလားမှတ်တယ်။ မတင်ပါဘူး။ နောက်ထပ် ပဒက်တစ်လောငိး၊တစ်လက် ရလိုက်တဲ့ဖြစ်စဥ်ရှိတယ်။ ဒါလည်း မီဒီယာပေါ် မရောက်လာပါဘူး။ တိုင်းစစ်ဌာနချုပ်ကို ဖြစ်စဥ်ဓာတ်ပုံနဲ့မှတ်တမ်း ပို့ပြီးတာနဲ့ပဲ ပြီးသွားပါတယ်။ မီဒီယာမသုံးပါဘူး။ နောက်ထပ်ကြုံတွေတာကတော့ စာရေးသူရဲ့ ဘကြီးရွာမှာပါ။ အဲ့မှာတော့ တိုက်ပွဲနဲ့ ကြုံခဲ့ရနီးပါး ဖြစ်ခဲ့တာပါ။ ဒါက ဘာလဲဆိုတော့ ဘကြီးတို့ရွာနဲ့ တစ်ရွာကျော်လောက်က ပဒက်ရွာကို တပ်က ဝင်စီးပြီး သိမ်းခဲ့တာပါ။ ပဒက်စခန်းချနေထိုင်ခဲ့တဲ့ တဲလေးတွေနဲ့ အသုံးအဆောင်တွေကို မီးရှို့ဖျက်ဆီးခဲ့တာရှိတယ်။ ဘေးအိမ်တွေကို မီးကူးမှာစိုးလို့တောင် ရေပုံးတွေနဲ့ ထိုင်စောင့်ပေးခဲ့ကြတာပါ။ လိုင်းပေါ်မှာ ဝါဒဖြန့်သလို စစ်တပ်က ရွာလုံးကျွတ် မီးရှို့တယ်ဆိုတာ စာရေးသူကိုယ်တွေ့ကတော့ လုံးဝ မဟုတ်ပါဘူးဗျာ။ တစ်ခုရှိတာပေါ့ဗျာ။ တစ်ရွာလုံး ပဒက်အားပေးပြီး ပဒက်လက်ခံထားတာ တက်ညီလက်ညီ ပဒက်ထဲ ဝင်ထားကြတဲ့ ရွာတွေဆိုရင်တော့ မသိဘူးပေါ့ဗျာ။ ဒီ ပဒက်ရွာကို ဝင်သိမ်းခဲ့တဲ့ သတင်းလည်း လိုင်းပေါ်မတွေ့ရပါဘူး။ နောက်တစ်ခုက ကြုံခဲ့ရတာက စာရေးသူရဲ့ အဒေါ်ဝမ်းကွဲရွာဘက်မှာပါပဲ။ အဲ့ဒီကိုက အလည်တမင်တကာသွားတာမဟုတ်ပဲ အလုပ်ကိစ္စနဲ့ သွားခဲ့တာပါ။ အဲ့ဒီ သူတို့ရွာရဲ့ ဘေးကရွာမှာက တပ်ဂိတ်စခန်း တစ်ခုရှိပါတယ်။ အဲ့ဒီတပ်ဂိတ်စခန်းကို ပဒက်နှစ်ကောင် အလင်းလာဝင်တာပါ။ ဒီသတင်းလည်း မီဒီယာပေါ်တက်လာမလားလို့ စောင့်ကြည့်တာ မတွေ့ရပါဘူး။ နည်းနည်းကြာမှ တိုင်းစစ်ဌာနချုပ်မှာတော့ ပဒက်တွေအများအပြား အလင်းဝင်လာတဲ့ အခမ်းအနားကျင်းပခဲ့တဲ့သတင်းတွေ့ရပါတယ်။ ဒီပဒက်တွေထဲမှာ စာရေးသူ ကြုံသိခဲ့ရတဲ့ ပဒက်နှစ်ကောင်လည်း ပါရင်ပါနေမှာပါ။ ဒီလိုမျိုး မီဒီယာပေါ်တက်မလာတဲ့ သတင်းတော်တော်များများရှိပါတယ်။ စာရေးသူကြုံတွေ့ခဲ့ရတဲ့ ဒီလိုဖြစ်ရပ်ပေါင်းများစွာရှိသလို တိုက်ပွဲတွေလည်း ကိုယ်တွေ့ ကြုံခဲ့ရတာမနည်းပါဘူးဗျာ။ မီဒီယာအလုပ်ကို ဇောက်ချလုပ်ကိုင်တဲ့သူမဟု
64 ·
I
သတင်းဖုံးတော်တဲ့ နီပိန်းမီဒီယာများ ရွှေကူဖြစ်စဥ်က အားလုံးအသိပဲဖြစ်မှာပါ။ မြစ်ဖြတ်ကူးတဲ့ တပ်မတော်သားစက်လှေတွေကို ရန်သူက FPVဒရုန်းနဲ့ ဝင်ဆော်ခဲ့တဲ့ ဖြစ်စဥ်ပါ။ ဒီလိုFPVဒရုန်းတွေသုံးနေတာ ခုမှမဟုတ်ပါဘူး။ ရှေ့မှာလည်း စစ်ကြောင်းတွေ နားနေချိန် လူအုပ်ထဲ ချတာတို့၊ ဘန်ကာတွေထဲချတာ၊ စစ်ကားသွားနေတာကို နောက်ကနေလိုက်ပြီး ကားထဲခွဲတာ စတဲ့ဖြစ်ရပ်တွေ အများကြီးရှိခဲ့ပါတယ်။ ရဟတ်ယာဥ်တောင်မှ FPVဒရုန်းနဲ့ အဆော်ခံထိလို့ ပျက်စီးသွားသေးတယ်မဟုတ်လားဗျ။ ခု ရွှေကူဖြစ်စဥ်ကလည်း FPVဒရုန်းအသုံးခံရတဲ့ ဖြစ်စဥ်တွေထဲက တစ်စိတ်တစ်ပိုင်းပါပဲ။ ဒါကို နီပိန်းမီဒီယာတွေနဲ့ နီပိန်းလော်ဘီတွေဟာ သူ့ထက်ငါ အပြိုင်အဆိုင် အများအပြားတင်ကြပါတယ်။ တချို့ နီပိန်းမီဒီယာတွေဆို မမြင်သူမရှိရလေအောင် ၊ မသိသူမရှိရလေအောင် အဲ့ဗီဒီယိုဖိုင်ကို နှစ်ခါသုံးခါ အရေးအသားအနည်းငယ်ပြောင်းပြီး ထပ်တင်ကြပါတယ်။ ဘာလို့လဲဆိုတော့ အကြောင်းရှိတယ်ဗျ။ သတင်းဖုံးချင်လို့ပဲ။ ဘာသတင်းကိုဖုံးချင်လဲဆိုတော့ အမျိုးသမီးကြီး အသတ်ခံရတဲ့ကိစ္စမှာ ဝါရာဇွတ် ပြည်သူ့စစ်တပ်ဖွဲ့တွေကို စွတ်စွဲထားတဲ့ ဖြစ်ရပ် အဖြစ်မှန်ပေါ်ခဲ့တဲ့သတင်းပဲ။ ဒီသတင်းကို မြန်မာပြည်ရဲ့ လက်ရှိနာမည်အကြီးဆုံး ELEVEN MEDIA က အတိအကျတင်လိုက်ပြီး တခြား တပ်ဘက်က ပုဂ္ဂိုလ်တချို့ကလည်း အဲ့ဒီဖြစ်စဥ်မှာပါဝင်ခဲ့တဲ့ လူတွေ၊ရပ်ရွာတွေ၊ဖြစ်စဥ်အကြောင်းစုံတွေကို သက်သေနဲ့တကွ အတိအကျရေးတင်ခဲ့ကြတော့ နီပိန်းအုပ်စု လိမ်ဆင်ပေါ်ပြီး အရှက်ဗြန်းဗြန်းကွဲကြတာပဲ။ ဒါကြောင့်မို့ သူတို့နီပိန်းအုပ်စု ပြည်သူလူထုကို ဂျင်းထည့်ပြီး ဖာကျခဲ့တဲ့ ဖြစ်ရပ်မှန်သတင်းတွေကို လူတွေသိမှာစိုးလို့ ချိန်သားကိုက်ပေါ်လာတဲ့ ရွှေကူဖြစ်စဥ်ကို များများဖြန့်ပြီး သတင်းဖုံးစေဖို့ ဆောင်ရွက်ခဲ့ကြတာပဲ။ သိကြတဲ့အတိုင်း Fbက လတ်တလော လူကြည့်များ၊လူစိတ်ဝင်စားတဲ့သတင်းတွေကိုပဲ ဦးစားပေးဖော်ပြတာဖြစ်လို့ သူတို့လိမ်ထားတဲ့ဖြစ်စဥ်ကို ရွှေကူသတင်းနဲ့ အတင်းဖုံးခဲ့ကြတာပါ။ အမှန်ဆို ခုချိန်က နီပိန်းမီဒီယာပေါင်းစုံ၊လော်ဘီပေါင်းစုံက ပြည်သူလူထုကို တက်ညီလက်ညီ ဂျင်းထည့်ခဲ့ကြတဲ့သတင်းကို ပြည်သူလူထုက ဖြစ်ရပ်မှန်ကိုသိပြီး သူတို့အကျင့်တွေသိကာ ပြန်ဝိုင်းဟားကြရမယ့် အချိန်ဗျ။ သူတို့တွေ ဘယ်လိုလိမ်ခဲ့ကြတယ်ဆိုတာကို ဆိုရှယ်မီဒီယာမှာ များများဖြန့်ပြီး လူတွေအကုန်သိအောင် ပြုလုပ်ရမယ့်အချိန်ဗျ။ ဒီအခွင့်အရေးကို ရွှေကူဖြစ်ရပ်နဲ့ သတင်းမဖုံးစေချင်ဘူး။ ရွှေကူဖြစ်ရပ်က နောက်မှ သပ်သပ်ထက်ရေးမယ်ဗျာ။ လောလောဆယ်
62 ·
ခေတ်သစ်စစ်ပွဲ ခု ဖြစ်နေတာက ခေတ်သစ်စစ်ပွဲတွေပါ။ အရင်ခေတ်ကတိုက်ပွဲတွေနဲ့ နှိုင်းယဥ်ပြီး စာအုပ်ကြီးအတိုင်း လုပ်နေလို့မရတော့ပါဘူးဗျာ။ အမြဲတမ်း မဟုတ်ရင်တောင် တိုက်ရမယ့် တိုက်ပွဲနဲ့ နယ်မြေအခြေအနေပေါ်မူတည်ပြီး စစ်ဗျူဟာတွေကို တစ်ပွဲတိုး ပြောင်းသင့်ပြောင်းရပါမယ်၊ ပြင်သင့်ပြင်ရပါမယ်။ အရင်ခေတ်က နည်းဗျူဟာတွေ၊ ဖွဲ့စည်းပုံတွေ အတိုင်း တိတိကျကျ လိုက်နာပြီး လုပ်ဆောင်နေလို့ အဆင်မပြေတော့ပါဘူး။ ဒီနည်းဗျူဟာတွေဆိုတာကလည်း စာရေးသူတို့ထက် တာဝန်ရှိ တပ်မတော်ခေါင်းပေါင်းတွေက အဆဆအရာရာ ပိုနားလည်ပါတယ်၊ ပိုသိပါတယ်၊ ပိုကျွမ်းပါတယ်။ စာရေးသူတို့ကတော့ အကြံပေးယုံသပ်သပ်ပါ။ ဥပမာပြောရရင် စစ်ကြောင်းတွေမှာ လက်နက်နဲ့လူအင်အားဖွဲ့စည်းပုံရှိပါတယ်။ တပ်စိတ်တွေ၊ တပ်စုတွေ၊ တပ်ခွဲတွေမှာ ကိုင်ရမယ့် လက်နက်အမျိုးအစားအသီးသီးရှိပါတယ်။ ရိုင်ဖယ်ဘယ်နှစ်လက်၊ စက်လက်ဘယ်နှစ်လက်၊ RPJဘယ်နှစ်လက်၊ စနိုက်ပါ ဘယ်နှစ်လက် စသဖြင့်ပေါ့။ ဒါတွေ​က အရင်ခေတ်ကတော့ ရန်သူက ခုလောက် လက်နက်၊နည်းပညာ မဖွံ့ဖြိုးသေးတဲ့အတွက် အဆင်ပြေကောင်းပြေနိုင်ပါတယ်။ ခု လက်ရှိလည်း ​အညာဒေသလို ပြည်မတိုက်ပွဲတွေအတွက် အဆင်ပြေနိုင်ပါသေးတယ်။ ဒါပေမယ့် တောတောင်ထူထပ်တဲ့ တောင်ပေါ်ဒေသလို တိုက်ပွဲတွေအတွက်ကြတော့ အဆင်ပြေချင်မှပြေတော့မှာပါ။ ဘာလို့လည်းဆို ရန်သူကလည်း လက်နက်နဲ့ နည်းပညာမြင့်လာကြလို့ပါပဲ။ ဥပမာ ကရင်နဲ့ ရခိုင်ဘက်မှာဆို ရန်သူတွေက စနိုက်ပါတွေကို ဖောဖောသီသီ သုံးကြတာတွေ့ရတယ်။ မိမိစစ်ကြောင်းတွေကို စနိုက်ပါနဲ့ အဝေးကနေ ထောက်ထားတယ်။ မိမိစခန်းတွေကို စနိုက်ပါနဲ့ လာလာချောင်းပြီး အမှည့်ချွေတယ်။ တပ်က ဘာမှပြန် မလုပ်နိုင်ဘူး။ ဒီလိုနဲ့ တိုက်ပွဲကမစရသေးဘူး။ မိမိအင်အားက သုံးပုံတစ်ပုံ လောက် ပြုန်းတီးကုန်ပြီ။ ဖွဲ့စည်းပုံက မပြည့်တော့။ တကယ်တမ်း တိုက်ပွဲလည်းဖြစ်ရော ရှုံးရော။ ဒါကြောင့်မို့ စာရေးသူသာ တပ်မတော်တာဝန်ရှိသူဆို တိုက်ပွဲနယ်မြေအလိုက် လက်နက်ဖွဲ့စည်းပုံကို တစ်ပွဲတိုးပြင်သင့်ရင်ပြင်မယ်။ တောတောင်ထူထပ်ရင် စနိုက်ပါတွေကို ဖောဖောသီသီသုံးမယ်။ စစ်ကြောင်းတစ်ကြောင်းကို ပုံမှန် စနိုက်ပါ၅လတ်လောက်သုံးရင် ၁၀လတ် အလတ်၂၀လောက်ပိုသုံးပစ်မယ်။ အဓိက ရန်သူဆော်သလို ပြန်ဆော်လို့ရဖို့ပဲမလား။ စနိုက်ပါအဖွဲ့ငယ်လေးတွေခွဲပြီးတောင် ရန်သူကို ပျောက်ကြားနည်းနဲ့ ပြန်ချလို့တောင်ရတယ်။ လက်နက်ပေါ်မူတည်ပြီး အမျိုးမျိုး ဗျူဟာပြောင်း စစ်ကစားလို့ရတယ်။ စာရေးသူကတော့ စနိုက်ပါကို ဥပမာပေးပြီး အကြံပေးယုံသပ်သပ်ပါပဲ။ ပြောရရင်တော့ တ
64 ·
I
အထင်မသေးသင့် တပ်မတော်ဟာ နိူင်ငံရေးအစောပိုင်းကာလတွေနဲ့ ၁၀၂၇မှာ ရန်သူထက် ဒရုန်းနည်းပညာနိမ့်ပါးခဲ့လို့ ခံလိုက်ရတယ်။ ဒကစတွေ၊စကခတွေအပြင် တိုင်းစစ်ဌာနချုပ်နှစ်ခုထိပါ ကျခဲ့ရတဲ့အထိ ဆုံးရှုံးမှုက ကြီးမားခဲ့တယ်။ ဒီနောက်မှာတော့ ရန်သူထက် ဒရုန်းနည်းပညာပိုင်းမှာ ပြန်အသာရပြီး မြို့တော်တော်များများပြန်ရခဲ့သလို ခံစစ်ကနေ တန်ပြန်တိုက်စစ် ပြန်ဖွင့်နိုင်ခဲ့တယ်။ ပြောရရင်တော့ တပ်မတော်ဟာ ဒရုန်းနည်းပညာပိုင်းမှာ ပြန်အသာရခဲ့ပေမယ့် ရန်သူကလည်း ဒီအနေအထားနဲ့ ရပ်တန့်နေခဲ့တာတော့ မဟုတ်ပါဘူး။ယေဘုယျအားဖြင့် တပ်မတော်ဘက်မှာ ရုရှား၊ အိန္ဒိယ၊ တရုတ် တို့က ဒရုန်းအစရှိတဲ့ လက်နက်နဲ့နည်းပညာကူညီထောက်ပံ့ပေးနေသလို ရန်သူ့ဘက်မှာလည်း USရဲ့CIAတေွ၊ UK၊ယူကရိန်း စတဲ့ ဥရောပနိုင်ငံကအဖြူကောင်စစ်ပြန်တွေ၊ ကြေးစားတွေက လက်နက်နဲ့ နည်းပညာအကူအညီပေးနေကြတာပါ။ ဒါကို အမြဲတမ်းသတိရဖို့လိုပါတယ်။ရန်သူကို အကူအညီပေးနေတဲ့ အဖြူကောင်တွေရဲ့ ဗီဒီယိုဖိုင်တော်တော်များများကိုလည်း ကြည့်ဖူးကြမှာပါ။ ခု ရွှေကူမှာ FPVကြောင့် ခံလိုက်ရတဲ့ ဖြစ်စဥ်ကိုကြည့်ရင် နေရာတော်တော်များများမှာ ရန်သူက FPVဒရုန်းတွေ အသုံးပြုလာနိူင်တာကို တွေ့ရမှာပါ။ ဒါကြောင့် အထူးသတိထားဖို့လိုပါတယ်။ ရှေ့မှာလည်း ရဟတ်ယာဥ်ပါ ပျက်ဆီးခဲ့ရတဲ့ ဖြစ်စဥ်တွေလည်း ရှိခဲ့ပါတယ်။ ဒီရွှေကူရဲ့ စက်လှေဖြစ်စဥ်ကတော့ ဘယ်သူမှားတယ်၊ဘယ်ဝါမှားတယ်၊ ဘယ်သူ့မှာတာဝန်ရှိတယ် စတာတွေပြောပြီး အပြစ်မတင်ချင်တော့ပါဘူး။ စာရေးသူကိုယ်တိုင်လည်း ဒီအနေအထားမှာ ရန်သူက ခုလို FPVဒရုန်း သုံးလာမယ်လို့ ထင်မိမှာမဟုတ်ပါဘူး။ ပြီးတော့ မြစ်ဆိပ်တစ်ဘက်ကမ်းမှာ လုံခြုံရေးယူပေးထားတဲ့ မိမိတပ်တွေရှိနေတာရယ်၊ ကြုံရာစက်လှေငှားပြီး မြစ်ဖြတ်ကူးရတဲ့အခြေအနေကြောင့် စက်လှေမှာ လုံလောက်တဲ့ အကာအကွယ်တွေ (ပိုက်ကွန်တွေဘာတွေ) ကာမိမှာမဟုတ်ပါဘူး။ FPVလာမယ်လို့မှ မထင်တာ တခြား ဘယ်သူမှလည်း ထွေထွေထူးထူး အကာအရံတွေလုပ်ကြမယ့်ပုံ မပေါ်ပါဘူး။ ဒီနေရာမှာ အခြေအနေနဲ့ အချိန်အခါပေါ်လည်း မူတည်သေးပါတယ်။ မိမိတို့စီးရမယ့် စက်လှေဟာ မြစ်ကြောင်းတလျှောက် နာရီတော်တော်ကြာ စီးနင်းဖြတ်သန်းအသုံးပြုရမယ်ဆိုရင်တော့ လိုအပ်တဲ့အကာအကွယ်၊ လုံခြုံရေးအစီအမံတွေကို လုပ်မိရင်လုပ်မိအုံးမှာပါ။ ဒါပေမယ့် ရုတ်တရက် ကြုံရာစက်လှေငှားပြီး မြစ်ဖြတ်ကူးယုံ မိနစ်ပိုင်းလောက်သာ အသုံးပြုရမယ်ဆိုရင်တော့ ဘယ်တပ်မှူးမှ လုံခြုံရေးအစီအမံတွေ လုပ်မိကြမှာမဟုတ်ပါဘူး။ စာရေးသူကိုယ်တိုင်တာဝန်ရှိတဲ့တပ်မှူးဆိုရင်လည်း လုပ်မိမှာမ
65 ·
I
Фотография
click to show
ပူးသတ်accဆိုတာ ဒါတွေပေါ့..။ တပ်ဘက်ကလိုလိုဘာလိုလိုနဲ့ ပုံမှားဖမ်းဆိုက်ဝါးထည့်တဲ့ကောင်တွေ။ ဒီလိုကောင်တွေကို ယုံကြတဲ့ စိမ်းပိန်းတွေကလည်း ရှိကြသေး။ မသိတဲ့သူတွေ သတိထားရအောင်လို့ တင်ပေးတာ။
68 ·
I
မေတ္တာကွမ်း အညာဘက်က ပသစအဘကြီးကို ကွမ်းကျွေးချင်ယောင်ဆောင်ပြီး မိန်းမကျင့်မိန်းမကြံနဲ့ အလစ်အငိုက်ဖမ်း သေနတ်နဲ့ပစ်သတ်သွားတဲ့ ငမြောက်ငခြောက် ပဒက်ခေါင်းဆောင်သူဆို ငဝှီးချဲအကြောင်း တော်တော်များများသိကြမယ်ထင်ပါတယ်။ စာရေးသူမှာလည်း ဒီလိုမျိုး တပ်မတော်နဲ့ပတ်သက်ပြီး အမှတ်တရကွမ်းကျွေးတဲ့ ဖြစ်ရပ်လေးတစ်ခုရှိပါတယ်။ ငဝှီးချဲလို ခွေးကျင့်ခွေးကြံ ကြံပြီး ယုတ်မာတဲ့ ကွမ်းကျွေးခြင်းတော့မဟုတ်ပါဘူး။ မေတ္တာအစစ်အမှန်နဲ့ ကွမ်းကျွေးခြင်းပဲ ဖြစ်ပါတယ်။ လွန်ခဲ့သော ဆယ်နှစ်ကျော်၊ ဆယ်ငါးနှစ်လောက်က ထင်ပါတယ်။ (ခုနှစ်ကတော့ သေချာမမှတ်မိတော့ပါဘူး)။တစ်ခုသော နံနက်ခင်းမှာ စာရေးသူဟာ တောင်ငူကနေ ဆိုင်ကယ်စီးပြီး တစ်ကိုယ်တည်း ထွက်လာခဲ့ချိန်ပေါ့။ ( ) တပ်ရင်းရှေ့နား ရောက်တော့ စစ်သားတွေ လေး၊ငါး၊ဆယ်ယောက်လောက် လမ်းမပေါ်မှာ ရပ်ပြီး ရုပ်စိရုပ်စိဖြစ်နေတာ တွေ့ရတယ်။စာရေးသူ ရှေ့က သွားနေတဲ့ဆိုင်ကယ်တစ်စီးလည်း အတားခံရပြီး သူ့နောက်မှာ စစ်သားတစ်ယောက် လိုက်ပါသွားတာတွေ့ရတယ်။ ဘာမှန်းတော့မသိဘူးပေါ့။ ဆိုင်ကယ်ပဲစစ်တာလား ဘာလား သေချာမသိသေးဘူးပေါ့။ စာရေးသူလည်း အဲ့နားရောက်တော့ ဆိုင်ကယ်အရှိန်လျော့ပြီး ခဏရပ်ပေးတယ်။ အဲ့ကြမှ သဘောပေါက်တယ်။ ဘာလို့လဲဆို အရာရှိဖြစ်ပုံရတဲ့သူက လမ်းပေါ်သွားနေတဲ့ ဆိုင်ကယ်အလွတ်သမားတွေကို တားပြီး ငယ်သားတွေကို တင်သွားခိုင်းတာပဲ။ နောက်မှထိုင်လူပါတဲ့ ဆိုင်ကယ်သမားတွေကိုတော့ မတားဘူးပေါ့။ "ညီလေး အပန်းမကြီးရင် လမ်းကြုံ လူခေါ်သွားပေးပါအုံး တဲ့'' ''ဆင်းမယ့်နေရာရောက်ရင် သူပြောလိမ့်မယ် တဲ့'' စာရေးသူကလည်း ''ဟုတ်''ပေါ့။ တကူးတကလိုက်ပို့စရာမှမလိုတာပဲမလား။ ဒါနဲ့စာရေးသူနောက်မှာ အဲ့အဖွဲ့တည်းက တစ်ယောက်တက်တယ်။ သေချာလည်း မျက်နှာမကြည့်မိပါဘူး။ ဆိုင်ကယ်အုပ်ထုတ်က မှန်ချထားတာရယ်၊ အရာရှိကိုပဲ စကားပြောနေလို့ သူ့ကို ကြည့်နေတာရယ်မို့ပါ။ ဒါနဲ့ပဲ သူတို့မပြောပေမယ့် တွေးကြည့်မိလိုက်တယ်။ ရုတ်တရက် လူကြီးလမ်းကြောင်း ပေါ်လာလို့ လမ်းမှာလုံခြုံရေးယူဖို့အတွက် ခြေလျှင်သွားဖို့ မမှီတော့လို့ အရေးပေါ် ဆိုင်ကယ်တွေတားပြီး စေလွှတ်ပေးနေရတာပေါ့။ ထင်တဲ့အတိုင်းပါပဲ။ လမ်းမှာ ခြေလျှင်လျှောက်နေတဲ့ စစ်သားတချို့ကို တွေ့လိုက်ရတယ်။ ဒီစစ်သားတွေကတော့ ကင်းနေရာ နီးလို့ ခြေလျှင် သွားနေကြတာပေါ့။ ဆိုင်ကယ်နဲ့ တင်သွားကြတဲ့စစ်သားတွေက ကင်းနေရာဝေးလို့ လမ်းကြုံ ဆိုင်ကယ်တွေ နဲ့ လိုက်ခိုင်းကြတာပေါ့။ ဆယ့်ငါးမိနစ်လောက် မောင်းပြီးတော့ နောက်က စစ်သားက အကိုကြီး ရပြီ
130 ·
မိအေးနှစ်ခါနာ မဖြစ်စေဖို့ ခု ဆိုရှယ်မီဒီယာတွေတော်တော်များများမှာ အများအပြားတွေ့လာလို့ မသိသေးတဲ့ ပြည်သူတွေကို သတိပေးချင်ပါတယ်။ အထူးသဖြင့် Tiktokပေါ်မှာ အများဆုံး တွေ့ရတတ်ပါတယ်။ ဒါက ဘာလဲဆိုတော့ တပ်က ဗိုလ်ကြီးလိုလိုဘာလိုလိုနဲ့ ပုံတွေဘာတွေတင်ပြီး ပေါ်တာဆွဲခံရတဲ့ လူငယ်တွေကို ပြန်လိုက်ထုတ်ပေးသည် ဆိုပြီး ရေးတင်လာကြတဲ့ပိုစ့်တွေ တော်တော်များများ တွေ့မြင်လာရပါတယ်။ အဲ့တာ သွားမယုံပါနဲ့။ လူလိမ်ပါ။ ခေတ်နဲ့အညီလိုက်ပြီး ပြောင်းလဲအသုံးချနေတဲ့ လိမ်နည်းတမျိုးပါပဲ။ ပုံလည်း သူ့ပုံအစစ်မဟုတ်ပါဘူး။ ပုံတွေ ၊နာမည်အမှန်ကြီးတွေ တင်တာတွေ့လို့ တကယ်ထင်ပြီး သွားမယုံလိုက်ပါနဲ့။ ခံလိုက်ရပါမယ်။ တလောက ဗိုလ်ကြီးတစ်ယောက်ဆို tiktokမှာ သူ့ပုံနဲ့ သူ့နာမည်နဲ့ဖွင့်ထားတဲ့ အကောင့်အတုတစ်ခုကိုတွေ့လို့ အဲ့တာ သူ့အကောင့်မဟုတ်ကြောင်း ရှင်းခဲ့တာတွေ့လိုက်ရပါသေးတယ်။ အဲ့လို စစ်သားဟန်ဆောင် လူလိမ်တွေက လူရည်လည်ပါတယ်။ ပီရိပါတယ်။ လူလိမ်ပါဆို မလည်ပဲ ဘယ်နေမလဲဗျာ။ ဘယ်နေ့ ဘယ်တိုင်းရုံးမှာ ဘယ်သူ့ကို သွားထုတ်ပေးခဲ့ရတယ်။ ဘယ်နေ့ ဘယ်နေရာမှာအဆွဲခံလိုက်ရတဲ့ ဘယ်သူ့ကို တစ်ပတ်အတွင်း လိုက်ထုတ်ပေးခဲ့တယ်။ စသဖြင့် နည်းမျိုးစုံ ယုံအောင်ပြောပါတယ်။ တချို့ဆို ကိုယ့်အကောင်အတုနဲ့ ကိုယ် ကွန်မန့်ပြန်ရေးပြီး '' ဟုတ်ပါတယ် ကျွန်မတူလေးကို ဒီဗိုလ်ကြီး လိုက်ထုတ်ပေးတာပါ '''စတဲ့ ကွန်မန့်လိုမျိုး လူတွေယုံအောင် ရေးကြပါတယ်။ မသိတဲ့သူက ကွန်မန့် ဖတ်ပြီး တကယ်ထင်တာပေါ့ဗျာ။ အဲ့လိုနဲ့ တချို့က ကိုယ့်သား၊ကိုယ့်တူ ပေါ်တာနောက်ပါလို့ အားကိုရှာပြီး အဲ့ဒီ လူလိုက်ထုတ်ပေးသည် ဆိုတဲ့ ဗိုလ်ကြီးဆိုသူကို ဆက်သွယ်ပြီး ထုတ်ခိုင်း။ ဟိုက သိန်းဘယ်နှစ်ဆယ်၊ဘယ်နှစ်ရာ ကုန်မှရမယ်ပြော။ အဲ့မှာ ရှိတာပေါင်နှံရောင်းချပြီး ပေး။ အဲ့မှာတင် လိမ်ပြေးရော။ ပြီးပြီ။ ကိစ္စပြတ်ပဲ။ မိအေးနှစ်ခါနာယုံမကဘူး၊သုံးခါလောက်နာတယ်။ ဘာလို့ဆို ကိုယ့်သား၊တူ ပေါ်တာဆွဲခံရတာက တစ်ခါ နာ၊ လူလိမ်ခံရတာက တစ်ခါနာ၊ ပိုက်ဆံရှာတာက ကိုယ့်ပိုက်ဆံဆိုထားတော့၊ သူများဆီက အကြွေးနဲ့ ငွေတိုးပေးချေးထားရတာဆို တစ်ခါနာ စုစုပေါင်းသုံးခါနာ ဖြစ်သွားရော။ ဒါကြောင့် လိုင်းပေါ်ကလူတွေကို သိပ်မယုံပါနဲ့။ ဒါဆို အဲ့လိုပေါ်တာဆွဲခံရရင် ဘယ်လို လုပ်ရမလဲဆို အကောင်းဆုံး အကြံဉာဏ်တစ်ခုပေးမယ်။ နေရာဒေသအလိုက်တော့ အနည်းငယ် ကွာခြားနိုင်တာပေါ့လေ။ အရင်ဆုံး မိမိတူ၊သား ပေါ်တာဆွဲခံလိုက်ရတယ်ဆိုပါဆို့။ အဲ့လိုသိတာနဲ့ မိမိတို့မြို့ရဲ့ နီးစပ်ရာ ရဲစခန်းတွေကိုသွားကြည့်ပါ။
113 ·
စစ်ရေးသတင်းတွေ ရှိပါတယ်။ အညာဘက်မှာ အထင်ကရ ဘုန်းကြီးတစ်ပါးကို ဖမ်းဆီး ညှင်းစဲနှိပ်စက်ပြီးမှ သတ်တဲ့ဖြစ်ရပ်နဲ့ အုပ်ကြီးအပါအဝင် လက်နက်မဲ့ရွာသူရွာသား ၁၂ဦးကို သတ်တဲ့ ဖြစ်ရပ်က အတော့်ကို ဆိုးပါတယ်။ လက်ခံနိုင်စရာမရှိပါဘူး။ အချိန်သိပ်မရသေးလို့ မရေး​သေးတာပါ။ အချိန်ရရင် ရေးပါအုံးမယ်။ တခြား ကချင်ဘက်က စစ်သတင်းတချို့ ရှိပါတယ်။ စာရေးသူတို့ ပဲခူးအရှေ့ခြမ်း တပခ ဂွင်မှာလည်း တိုက်ပွဲတစ်ချို့ရှိပါတယ်။ စောင့်မျှော် ရှုစားကြပေါ့ဗျာ။ ပြောမယ့်သာပြောသာဗျ၊ စာတစ်ပုဒ်ရေးရဖို့ကို အချိန်တော်တော်ပေးရတာဗျာ။ စာရှည်ရင်ရှည်သလို နာရီတော်တော်ကြာတာပါ။ ဖတ်ကြည့်ရင်သာ မိနစ်ပိုင်းနဲ့ ခဏလေးပြီးသွားတာပါ။ ရေးလိုက်ပြန်ဖျက်လိုက်နဲ့ စာတွေစီရတာရယ်၊ စာလုံးပေါင်းသတ်ပုံတွေ မှားသွားလို့ ပြန်ပြင်ရတာရယ်၊ စာက ရှေ့၊နောက် ဝါကျမညီဖြစ်သွားတာရယ် စတာတွေကို ရေးလိုက်၊ ဖျက်လိုက်၊ ပြင်လိုက်နဲ့ အချိန်တော်တော်ကြာသွားရတာပါ။ ဒါတောင် တစ်ခါတစ်လေ သတ်ပုံအမှားတွေ၊ ဝါကျအဆီအငေါ်မတည့်တာတွေ ပါသွားတတ်ပါတယ်။ဒါတွေကို သည်းခံပေးပါဗျာ။ တစ်ခါတစ်လေ အလုပ်ရှုပ်နေတဲ့ကြားကနေ အချိန်လုရေးရတာဆိုတော့ ပိုဆိုးပါတယ်။ အားလုံးပဲ ခွင့်လွတ်နားလည်ပေးကြပါဗျာ။
74 ·
​နီပိန်းမီဒီယာများ မှန်တာပြော သစ္စာပါ။ အမှန်တရားပြောတာ ဖြစ်လို့ ဘုရားသိ၊ သိကြား သိပါတယ်ဗျာ။ စာရေးသူ အခုလေးတင် ဆိုရှယ်မီဒီယာ တစ်ခုဖြစ်တဲ့ fb ကို ခဏသုံးကြည့်မိပါတယ်။ အားပါးပါး။ Newfeedsတစ်ခုလုံးဟာ နီပိန်းမီဒီယာတွေနဲ့ နီပိန်းလော်ဘီတွေရဲ့ ဝါဒဖြန့်သတင်းတွေချည်း ပြည့်နှက်နေပါတယ်။ ဗန်းမော်ကိုသွားတဲ့ ရေယာဥ်တွေထဲက ဘယ်နှစ်စီးမီးလောင်ပြီး ဘယ်နှစ်စီးက အလံဖြူထောင်တယ် စတဲ့သတင်းတွေ ဗီဒီယိုဖိုင်တွေချည်းပါပဲ။ ဒီသတင်း မှန်တာ၊ မှားတာခဏထားဗျာ။ ဒေါ်လာစားနီပိန်းမီဒီယာတွေနဲ့ နီပိန်းလော်ဘီတွေ ဘယ်လောက်တောင် တင်ကြလဲဆိုတာ ပြောပြပါမယ်။ ဒီမီဒီယာတွေ၊လော်ဘီတွေကို followမလုပ်ထားပါဘူးဗျာ။ ဒါတောင် အများကြီး တက်နေလို့ စာရေးသူဟာ fb Newfeedကို ခဏဆွဲပြီး ဒီအကြောင်းတင်ထားတာတွေကို တမင်တကာ ရေမှတ်ထားကြည့်ပါတယ်။ အားပါးပါး။Newfeedsခဏဆွဲကြည့်တဲ့အတောအတွင်း နီပိန်းမီဒီယာတွေနဲ့ နီပိန်းလော်ဘီတွေ တင်ထားတာ အပုဒ်၂၀ကေျာ်ပါတယ်ဗျာ။ တချို့မီဒီယာတွေဆို ဒီသတင်းကိုချည်း ပုံစံအမျိုးမျိုးပြောင်းရေးပြီး နှစ်ခါသုံးခါ တင်ထားတာပါ။ ဒီထဲမှာ တပ်မတော်ဘက်က တင်ထားတာဆိုလို့ သတင်းတစ်ပုဒ်သာ တွေ့ရပါတယ်။ မှန်တယ်မှားတယ် မပြောသေးဘူးနော်။ ဝါဒဖြန့်မှုတွေအကြောင်း ပြောနေတာပါ။ ပြီးတော့ fb ရဲ့ မူဝါဒကိုရောပေါ့လေ။ တပ်မတော်ဘက်က တင်တာတော်တော်များများကို ဖြုတ်ချလိုက်၊ ကန့်သတ်လိုက်၊ ပယ်ဖျက်လိုက် လုပ်နေကြပေမယ့် နီပိန်းဘက်ကတင်ရင်တော့ ဘယ်လိုတင်တင် (ဆဲပဲဆဲဆဲ) ခွင့်ပြုပေးတာချည်းပါပဲ။ ပြောရရင် fbဟာ တကယ့်အဆိပ်ချည်း ဖြစ်ပေမယ့် စာရေးသူတို့ ကိုယ်တိုင်လည်း fbနဲ့မကင်းနိုင်သေးလေတော့ အဆိပ်မှန်းသိသိရက်နဲ့ သတိထားပြီး သုံးစွဲနေရအုံးမှာပဲပေါ့လေ။ ရွှေဟင်္သါ
77 ·
I
Фотография
click to show
Фотография
click to show
ဒီပုံတွေကိုကြည့်လိုက်ပါ။ ဒီရေယာဥ်ဖြစ်စဥ်တွေကို နီပိန်းမီဒီယာ(သူပုန်မီဒီယာ)တွေ သုံးခုဆက်တိုက် တင်ထားတာကို တပူးတည်း တွေ့မြင်လိုက်ရတာပါ။ သူတို့ဝါဒဖြန့်မှု ဘယ်လောက်တောင် ပေါများလဲဆိုတာ အဲ့တာသက်သေပါပဲ။
160 ·
I
ထွေရာလေးပါး စစ်သတင်းများ အလုပ်ရှုပ်နေလို့ စာမရေးအားဘူးဗျာ။ ရေးချင်တာကတော့ လက်ကိုယားနေတာပါပဲ။ ပထမဦးဆုံးက ရခီးဂွင်ပေါ့ဗျာ။ တပ်မတော်အနေနဲ့ တရားဝင်မြေပြင်ထိုးစစ်စပြီလို့ သတင်းတွေမှာ တွေ့နေရပါတယ်။ စာရေးသူတို့ ကြားချင်၊ မြင်ချင်နေတာ အဲ့တာပါပဲ။ လွန်ခဲ့တဲ့ လပိုင်းတွေကတည်းက စာရေးသူ ခဏခဏပြောခဲ့တာရှိပါတယ်။ ဒီရခီးဂွင်ကို အများကြီးပြန်မရရင်တောင် မိုးမကုန်ခင် တစ်မြို့နှစ်မြို့လောက် ပြန်ရချင်တယ် ဆိုပြီးတော့ပေါ့။ အဓိက လေကျယ်လွန်းနေတဲ့ ရခီးတွေကို စစ်ဦးကျိုးသွားစေချင်လို့ပါပဲ။ ဒီ ရခီးဂွင်က ခုမှတိုက်ပွဲအစမို့ ပြောရတာ စောပါသေးတယ်။ ကဲ ဆက်လက်စောင့်ကြည့်ကြပါစို့။ နောက်တဂွင်က ကချင်ဂွင်ပါပဲ။ သိကြတဲ့အတိုင်း ပြီးခဲ့တဲ့ ရေယာဥ်အုပ်စုက နှစ်ဖက်ဝါဒဖြန့်သတင်းတွေနဲ့အပြိုင် သတင်းအမှားတွေရော အမှန်တွေရော ရှုပ်ထွေးလျက် ရှိနေပါတယ်။ KIAဘက်က သတင်းတိတိကျကျမထုတ်ပြန်သေးသလို တပ်ဘက်ကလည်း မထုတ်ပြန်ပါဘူး။ သတင်းနောက်ဆက်တွဲအနေနဲ့ မန္တလေးကနေ ဗန်မော်ကို နောက်ထပ် ရေယာဥ်အုပ်စု အစီး၃၀ကေျာ် ချီတက်လာနေတယ်ဆိုတာလည်း ကြားရပါတယ်။ ပြီးတော့ စင်းခန်းတံတားကို ပြန်သိမ်းဖို့ မြေပြင်စစ်ကြောင်းတွေ ထိုးနေသလို၊ မဘိမ်းမြို့ကို သိမ်းဖို့ စစ်ကြောင်းတွေလည်း တပြိုင်နက် ထိုးနေတယ်လို့လည်း ကြားရပြန်ပါတယ်။ ပထမရေယာဥ်အုပ်စုရဲ့ အခြေအနေက တကယ်တမ်းခြုံငုံကြည့်ရင် မနှစ်ကထက်စာရင် တပ်မတော်အတွက် ဆုံးရှုံးမှုတစ်ချို့ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဒုတိယ ရေယာဥ်အုပ်စုကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါပဲ။ ရခီးဂွင်နဲ့ ကချင်ဂွင်မှာ လှုပ်နေသလောက် နာမည်ကြီး ကရင်ဂွင်ကတော့ ငြိမ်နေသယောင်ရှိပါတယ်။ ဖာပွန်ဂွင်ဆို ကတိုင်တိရောက်ပြီးတည်းက ခုချိန်ထိ သတင်းပျောက်နေတာပါ။ ဘယ်ထိရောက်နေပြီလဲ ၊ ဖာပွန်ဗျူဟာနဲ့ ပေါင်းဖို့ ဘယ်လိုအခြေအနေရှိလဲ၊ ဘာလဲညာလဲ ဆိုတာ ဘာမှမသိရတော့ပါဘူး။ မြဝတီတောင်ဘက်ခြမ်း အခြေအနေဘက်ကလည်း ထိုနည်းတူပါပဲ။ NCA DKBAရဲ့ ထိန်းချုပ်နယ်မြေတချို့နဲ့ ပါဝင်ပတ်သက်နေလို့ တပ်မတော်အတွက်လည်း လွတ်လွတ်လပ်လပ် လုပ်ခွင့်မရှိတဲ့အနေအထားဖြစ်နေပါတယ်။ ဥပမာပြောရရင် တစ်ခုခု လုပ်ချင်ရင်တောင် (နယ်မြေဖြတ်သန်းအသုံးပြုချင်တာပဲဖြစ်ဖြစ်၊ ခိုအောင်းနေတဲ့ အကြမ်းဖက်အဖွဲ့တွေကို လက်နက်ကြီးနဲ့ထုချင်တာပဲ ဖြစ်ဖြစ်၊ ဘာကိစ္စပဲရှိရှိ)NCA DKBAအဖွဲ့နဲ့ အရင်ဆုံး ညှိနှိုင်းဆွေးနွေးနေရတာနဲ့တင် အလုပ်ရှုပ်အချိန်ကုန်နေပုံရပါတယ်။ အညာဘက်က စစ်ကြောင်းတချို့လည်း ပြန်ငြိမ်သွားပါတယ်။ အညာဒူဘိုင်း ဝင်ရှင်းမလိုနဲ
54 ·
I
ဂဃနဏ မပြောချင် တချို့တွေက ဉာဏ်ပဲတိမ်တာလား၊ ကိုယ်ပိုင်အတွေးအခေါ်ပဲ တုံးတာလား ဘာလားမသိ။ လိုင်းပေါ်တွေ့သမျှ သတင်းယုံ။ ဝါဒဖြန့်သတင်းလား၊ဆိုက်ဝါးသတင်းလား၊ ဂျင်းသတင်းလား ဘာဆိုဘာမျှမစဥ်းစားမတွေးခေါ်တတ်။ မျက်စိထဲ တွေ့သမျှ၊တင်လာသမျှ သတင်းတိုင်းကို ယုံပစ်တယ်။ ပြီးရင် ရပ်ကွက်ထဲမှာ လျှောက်ပြော။ ဒါကို ရပ်ကွက်ထဲက သူ့ထက် ပိုအ၊ ပိုတုံးတဲ့သူတွေက ပြောသမျှ ယုံကြ။ ပြီးတော့ သူတို့ကတဆင့် သတင်းပြန်ဖွ။ ဒီလိုနဲ့ တစ်ရပ်ကွက်လုံး သတင်းပျံ့။ စာရေးသူလည်း ဒီလိုသတင်းမှားတွေ ပြောနေတဲ့သူတွေ တွေ့ရင် လူကိုကြည့်လိုက်တယ်။ ဒီလူဟာ တစ်ဖက်ပိတ်လား၊စုံလုံးကန်းလား ကြည့်တယ်။ ပြီးရင် ကိုယ်ရှင်းပြတာကို နားလည်လက်ခံနိုင်တဲ့သူလား၊ နားမလည်လက်မခံတဲ့သူလား ထပ်ခွဲတယ်။ ကိုယ်ရှင်းပြတာ နားလည်လက်ခံတဲ့သူဆိုလောက်မှ ဂဃနဏ ရှင်းပြတယ်။ ဉာဏ်မမီဘူး ထင်တဲ့သူဆို မရှင်းပြနေဘူး။ တော်ကြာ စစ်တပ်ဘောမဆိုပြီး တံဆိပ်ကပ်နေမှာစိုးလို့။ စာရေးသူလို ဘာမှမဟုတ်တဲ့သူ မပြောနဲ့။သဗ္ဗေညုတဉာဏ်ပိုင်ရှင် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတောင် တွေ့တဲ့သူတိုင်း တရားရေအေးတိုက်ကျွေးပြီး မချွတ်ဘူးဗျ။ သူချွတ်လို့ ကျွတ်တမ်းဝင်နိုင်လောက်တဲ့သူပဲ တရားနဲ့ချွတ်ခဲ့တာ။ ဒါတောင် သူတို့ ကျွတ်ချိန်ကြမှ ချွတ်တာ။ ကျွတ်ချိန်မတန်သေးရင် သွားမချွတ်ဘူး။ ခုလည်း ရပ်ကွက်ထဲက လူတချို့ ဟို စစ်ပြေးလဒရဲ့ လေသံဖမ်းပြီး ဆရာကြီးဆိုဒ်နဲ့ ရခိုင်ဘက်ကအကြောင်းတွေ ဝေဖန်လေကန်နေတာတွေ့လို့ ဝင်ပြောခဲ့ရသေးတယ်။ ခုပြောတဲ့ ဒီကောင်တွေက သေချာရှင်းပြရင် ဉာဏ်မီလောက်တဲ့ကောင်တွေမို့ ဝင်ရှင်းပြခဲ့တာပါ။ သူတို့ပြောနေတာ ဟိုစစ်ပြေးလဒရဲ့ လေသံအတိုင်း ရခိုင်ကို တပ်မ ဆယ်မလောက်တောင် သုံးပြီး အသည်းအသန် တိုက်နေရတယ်ပေါ့။ တခြား ကချင်၊ ကရင် ၊ရှမ်း စတဲ့ဂွင်တွေမှာတောင် ဒီလောက် တပ်မ အများအပြား မသုံးရဘူးပေါ့။ သူတို့ပြောဆိုနေတဲ့ပုံက တပ်မတော်ကို နှိမ့်ချ အထင်သေးပြီး ပြောဆိုနေကြတဲ့ပုံစံပါ။ ပြောရရင်တော့ ရခိုင်ကို တိုက်ဖို့ ဒီလောက်အင်အားထိတောင် သုံးရတယ်ပေါ့။ ဒီမှာ စာရေးသူက သေချာရှင်းပြပါတယ်။ ဟေ့ကောင်တွေ သေချာ စဥ်းစားကြည့်ကွ လို့။ တပ်မ စာရင်းအရသာ ဆယ်မ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် အင်အားအရ တပ်မတွေအကုန် အင်အားထုတ်သုံးကြတာမဟုတ်ဘူးလို့။ ဥပမာပြောရရင် တပ်မ တစ်မက တစ်ဗျူဟာ၊ နောက်တပ်မက နှစ်ဗျူဟာ အဲ့လို အင်အားတွေလောက်နဲ့ စုပေါင်းစပ်ပေါင်း သုံးထားကြတာလို့။ တပ်မ တိုင်းက အင်အားပြည့် ဗျူဟာပြည့် မဟုတ်ကြဘူးလို့။ တို့ဆီက ပဲခူးတပ်မ ၇၇ပဲကြည့်လို့
53 ·
K
id 2241737206ဂဃနဏ မပြောချင် တချို့တွေက ဉာဏ်ပဲတိမ်တာလား၊ ကိုယ်ပိုင်အတွေးအခေါ်ပဲ တုံးတာလား ဘာလားမသိ။ လိုင်းပေါ်တွေ့သမျှ သတင်းယုံ။ ဝါဒဖြန့်သတင်းလား၊ဆိုက်ဝါးသတင်းလား၊ ဂျင်းသတင်းလား ဘာဆိုဘာမျှမစဥ်းစားမတွေးခေါ်တတ်။ မျက်စိထဲ တွေ့သမျှ၊တင်လာသမျှ သတင်းတိုင်းကို ယုံပစ်တယ်။ ပြီးရင် ရပ်ကွက်ထဲမှာ လျှောက်ပြော။ ဒါကို ရပ်ကွက်
စစ်ရေးကိစ္စက အကဲဆတ်ပါတယ် စစ်ပြေးသစ္စာဖေါက်က အသားလိုလို့အရိုးတောင်းတာ ဖြစ်နေဦးမယ် စိတ်နောက်ကိုယ်ပါမပြောစေလိုပါ တခါတရံ ဟုတ်လား ဟုတ်လား ဆိုပြီး ခပ်ပြုံးပြုံးနဲ့ အဲဒီသစ္စာဖေါက်ကို ပြန်မေးကြည့် တီကောင်ကို ဆားနဲ့တို့သလို ထွန့်ထွန့်လူးဖြစ်နေတာကိုချပြ ဒဲ့ပြတာထက်ပိုအရာရောက်ပါလိမ့်မယ် သစ္စာဖေါက်ဆိုတာ တနေ့ ဒီမြေဒီရေရဲ့သစ္စာ စူးကိုစူးမှာ
I
Фотография
click to show
စက်တင်ဘာ၇ရက်နေ့ကပဲ ဒီ ဖာပွန်ဂွင်ဘက်အကြောင်း အနည်းငယ်ပြောထားသေးတယ်။ အဲ့က စစ်ကြောင်းတွေ ဘာသံမှမကြားရတော့ဘူးပေါ့။ စက်တင်ဘာ ၈ရက်နေ့ကြ တပ်မတော်က အပြည့်အစုံ သတင်းထုတ်ပြန်ပါရော။ လမ်းခရီး တစ်ဝက်ကျော်၊ သုံးပုံနှစ်ပုံဝန်းကျင်လောက်တော့ ရောက်နေပြီပဲ။ ဤခရီး သိပ်မလိုတော့ဘူးပေါ့။
68 ·
Фотография
click to show
Фотография
click to show
ပူးသတ်နီပိန်းတစ်ကောင်တွေ့လို့.. ဒီကောင်က ပါးတော့ပါးတယ်ဗျ..တပ်မတော်ဘက်ကလိုလိုဘာလိုလိုနဲ့ ရေးပြီး ပြီးတာနဲ့ အကုန်လုံးပုတ်ခက်သွေးခွဲတော့တာပဲ.. မသိတဲ့သူတွေကတော့ တကယ်ယုံကြတာပေါ့ဗျာ..သိတဲ့သူတွေကတော့ သူ့အရေးအသားကြည့်ထဲက ဂျင်းဆိုတာတန်းသိတယ်..ကွန်မန့်ထဲမှာလည်း သူ့အကြောင်း သိတဲ့သူတွေက ပြန်မန့်ထားတာတွေ့မှာပါ.. ဒီကောင့်ကို followလုပ်မိထားရင်လည်း ဖြုတ်ပစ်ပါ
58 ·
I
စဥ်းစားကြဗျ အပေါ်ကလို နီပိန်းပူးသတ်တွေကိုဆိုရင် သတိထား ။ ဘာလို့ဆို သူတို့က စာအရေးအသားကောင်းတယ်။ တပ်မတော်ထောက်ခံသူလိုလို၊ တပ်မတော်သားလိုလို၊ တပ်မတော်မိသားစုဝင်လိုလို နည်းမျိုးစုံ လှည့်ပတ်ရေးတတ်တယ်။ အမယ့် တချို့စာတွေမှာ ရှိသေးတယ်ဗျ။ စာ စစ ရေးချင်း ''တပ်မတော်ကြီးကို ချစ်လို့ ရင်နာနာနဲ့ မရေးချင်လည်း ရေးလိုက်ရပါတယ် '' ဆိုပြီး နိဒါန်းနဲ့ဗျ။ မသိတဲ့သူတွေကတော့ အဟုတ်ထင်တာတော့ဗျာ။ ပြီးတော့ဘယ်ဟုတ်မလဲ။ တပ်မတော်နဲ့ပတ်သက်ပြီးအကုန် ပုတ်ခက်သွေးခွဲတော့တာပဲ။ အမှန်လေးနည်းနည်းပါရင် အမှားတွေခပ်များများနဲ့ ရောပြီး ဂျင်းထည့်တော့တာပဲ။ အမှန်၅%နဲ့ အမှား၉၅%အဲ့လို ရောရေးကြတာ။ ဒီကောင်တွေက တပ်မတော်အသုံးအနှုံးတွေလည်း တော်ယုံသိကြတယ်။ တပ်မတော်သားတစ်ယောက်ပုံစံနဲ့လည်း ရေးနိူင်ကြတယ်။ သူခိုးမတို့လို ဆဲတာလောက်ပဲသိတဲ့ နီပိန်းလော်ဘီတွေထက် ဒီလို တပ်မတော်အယောင်ဆောင် ပူးသတ်နီပိန်းတွေကိုတော့ ပိုသတိထားရမယ်။ ဒါကြောင့်မို့ ဆိုရှယ်မီဒီယာမှာ စာတွေ့တိုင်းမယုံကြနဲ့ဗျ။ စာအရေးအသားကောင်းတိုင်း မနစ်မျှောသွားကြနဲ့ဗျ။ ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင်အတွေးအခေါ်နဲ့ စဥ်းစားသာ စဥ်းစား။ ဘယ်ဘက်ကပဲဖြစ်ဖြစ် သတင်းအစုံကြည့်။ ပြီးရင် စဥ်းစားတွေးတောပြီးမှ ချင့်ချိန်ယုံ။ ဒါပဲခဏခဏသတိပေးချင်တယ်။ ဘာလို့ဆို ဒီလို ပူးသတ်တွေ တအားတွေ့လာရလို့ပဲ။ ရွှေဟင်္သါ
124 ·
I
ဒါကြောင့်မို့ စစ်သတင်းတွေရှိပါတယ်။ ဒါပေမယ့် မတင်ဖြစ်သေးပါဘူးဗျာ။ တင်လို့လည်း အဆင်မပြေသေးလို့ပါ။ ဘာလို့ဆို တချို့စစ်သတင်းတွေက ကိုယ်သိတိုင်း အမှန် သွားတင်လိုက်ရင် အမှုပြန်ပက်နိုင်ပါတယ်ဗျာ။ ဥပမာပြောရရင် တပ်ဘက်ကလည်း ရန်သူတွေ အာယုံထွေပြားစေဖို့ ဆိုက်ဝါး သတင်းတွေ အမြဲထုတ်လွှင့်နေတာရှိပါတယ်။( ပြီးခဲ့တဲ့ နာမည်ကျော် ချောင်းနှစ်ခွ တိုက်ပွဲမှာတောင် ဒီလို ဆိုက်ဝါးသတင်းတွေ လွှင့်ပြီး တိုက်ခဲ့တာပါ။ ) ဒါကြောင့်မို့ တပ်ကထုတ်လွှင့်ထားတဲ့ ဆိုက်ဝါးသတင်းတစ်ပုဒ်ကို ကိုယ်က အမှန်သိလို့ အဲ့ဒီသတင်းက အမှန်မဟုတ်ဘူးဆိုပြီး ချက်ကျလက်ကျ သွားငြင်းပေးခဲ့ရင် ရန်သူတွေအတွက် အထောက်အကူဖြစ်ပြီး တပ်မတော်အတွက်တော့ နစ်နာမှာအမှန်ပါပဲ။ အခန့်မသင့်ရင် ဆုံးရှုံးမှု ကြီးသွားနိုင်ပါတယ်။ ဒါကြောင့်မို့ သတင်းဦးတင်ချင်ဇောနဲ့ ကိုယ်သိတဲ့သတင်းတိုင်းကို မတင်ဖြစ်တာပါ။ မီဒီယာခေတ်မို့ မီဒီယာပေါ်မှာ တစ်ဖက်ရန်သူတွေ ဘယ်လောက်ပင် အောင်ပွဲခံနေပါစေ၊ အချိန်တန်ရင် မြေပြင်မှာ တပ်မတော်အောင်ပွဲခံပြီး မြန်မာနိုင်ငံတော်အလံလွှင့်ထူဖို​့ အရေးကြီးပါတယ်။ ဒါကြောင့်မို့ လတ်တလော ကိုယ်သိတဲ့ စစ်ရေးသတင်းတွေ မတင်ဖြစ်သေးတာပါဗျာ။ ရွှေဟင်္သါ
101 ·
ခြောက်ချက် နမူနာ လွန်ခဲ့တဲ့ သုံး၊လေးရက်လောက်က စာရေးသူရဲ့ နှစ်အိမ်ကျော်ဖြစ်တဲ့ ဘကြီးအောင်စံရဲ့အိမ်မှာ စကားဝိုင်း စည်ကားနေပါတယ်။ စာရေးသူအပါအဝင် ဘကြီးအောင်စံရယ် သူ့တူ ငပေါ်ရယ်အပြင် တခြား နှစ်ယောက်ပါပါသေးတယ်။ စကားဝိုင်းက အစကတော့ ဟုတ်တုတ်တုတ်ဗျာ။ ရာသီဥတုအကြောင်း၊ သာကြောင်းမာကြောင်း၊ ဆန်စျေးစပါးစျေး စတဲ့ ထွေရာလေးပါးတွေ ပြောနေတုန်းက တက်ညီလက်ညီ အတိုင်ဖောက်ညီညီပဲဗျို့။ ဘယ်လိုကနေ ဘယ်လိုစမှန်းမသိ စခဲ့တဲ့ နိုင်ငံရေးဘက်လည်းရောက်ရော စကားဝိုင်းက ဘုကလန့်တွေ ဖြစ်လာပါရောလား။ ဒီလူငါးယောက်ထဲမှာ ငပေါ်တစ်ယောက်တည်း အနီကြောင်ဗျ။ ထုံးစံအတိုင်း တပ်မတော်မုန်းတီးရေးဝါဒ စွဲကိုင်ထားသူ။ စစ်တပ်ကျေးဇူး မူးလို့ရှူစရာမရှိဘူးတို့ ၊နိုင်ငံမှာ စစ်တပ်မရှိလည်းဘာမှမဖြစ်ဘူးတို့ လို အတွေးအခေါ်တွေ ရိုက်သွင်းထားသူ။ သူက စစ်တပ်လုံးဝမကောင်းကြောင်းတွေပဲပြောပြီး တခြားသူတွေကိုလည်း အကန်တွေပဲ ပြောနေခဲ့တယ်။ အဲ့ဒီမှာတင် သူ့ဘကြီးဖြစ်တဲ့ ဘကြီးအောင်စံက မနေနိုင်တော့လို့ ဒေါကြီးမောကြီး ထပြောပါရော။ "ဟေ့ကောင် ငပေါ်ရ၊ စစ်တပ်ကောင်းလား မကောင်းလား မင်းလူပျိုပေါက်အရွယ်က ရွာဘုရားပွဲမှာ ရန်ဖြစ်တာမှတ်မိလား။ အဲ့တုန်းက မင်းတို့အဖွဲ့နဲ့ တခြားရွာကအဖွဲ့တွေ ရန်ဖြစ်ပြီး မင်းခေါင်းရိုက်ခွဲခံခဲ့ရလို့ သတိလစ်နေချိန် ပွဲခင်းလုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ အချိန်မီရောက်လာခဲ့လို့ လူစုကွဲပြီး မင်းကို ဆေးခန်း အမြန် ပို့ပေးနိုင်ခဲ့တာကွ။ အဲ့စစ်သားတွေသာ အချိန်မီရောက်မလာခဲ့ရင် မင်းခေါင်းသွေးထွက်လွန်ပြီး သေတာကြာပြီကွ။ မင်းအဖေတွေကောင်းလို့ မင်းမသေခဲ့တာကွ။မင်းခေါင်းက ခြောက်ချက်ချုပ်ထားရတဲ့ ဒဏ်ရာကို ပြန်စမ်းကြည့်စမ်း ခုထိ ဒဏ်ရာအကွဲကြောင်းကြီး ရှိနေတုန်းကွ။'' ဘကြီးအောင်စံရဲ့ အပြောကို ငပေါ်ခမျာ ဘာမှပြန်မပြောနိူင်ပေ။ သူ့ကြည့်တော့ ခေါင်းလေး တစမ်းစမ်းနဲ့။ ဒီမှာတင် စကားဝိုင်းလည်း သိမ်းသွားကြပြီး အသီးသီး ပြန်ကြပါတော့တယ်။ ဟုတ်လည်းဟုတ်တာပဲ။ မြန်မာနိုင်ငံတစ်ခုလုံးမှာ စစ်တပ်မလိုဘူး မပြောနဲ့၊ တောရွာလေးမှာ ဘုရားပွဲတွေလုပ်ရင်တောင် စစ်တပ် လိုတယ်။ ရဲ၊ မီးသတ် လော​က်နဲ့ပင်မရ။ စစ်သားမှ ကြောက်ကြတယ်။ ဒါတောင် တချို့အရပ်တွေဆို စစ်သားထက် ဘုန်းကြီးကို ပိုကြောက်ကြတယ်။ ပွဲလုံခြုံရေးကို ဘုန်းကြီးတွေက ကြိမ်လုံးတွေကိုင်ပြီး စောင့်ကြရတယ်။ ဒါကြောင့်မို့ မြန်မာပြည်မှာ ဘုန်းကြီးနဲ့ စစ်သားက မရှိမဖြစ် အလိုအပ်ဆုံးပါပဲ။ ရွှေဟင်္သါ
40 ·
I
ဖက်ခွက်စားစိတ်ဓာတ် မြန်မာပြည်က ဖက်ခွက်စားတွေထဲမှာ တော်တော်များများက အနီကြောင်တွေ၊ Nldအားပေးတွေ။ ခု ဖက်ခွက်စားအလုပ်တွေ (ရုပ်ရှင်၊ဂီတ၊သဘင်၊ဆိုင်း) တော်တော်များများ ပြန်လုပ်နေကြတာဟာ တက်လာတဲ့အစိုးရကို ချစ်လို့မဟုတ်ဘူး။ ငတ်လို့ ပြန်လုပ်လာကြတာ။ အာဏာထိန်းစ မေမေလာမှ ရုပ်ရှင်ပြန်ရိုက်မယ်၊ ဘာလုပ်မယ် ညာလုပ်မယ် ဆိုတဲ့ ဖက်ခွက်စားတွေလည်း အစပိုင်းငြိမ်နေကြပြီး ဘာမှမလုပ်ကြပေမယ့် နှစ်ကြာလာတော့ ငတ်လာတော့လည်း မနေနိုင်ကြတော့လို့ ပြန်လုပ်တာပါပဲ။ တချို့တွေက အသံထွက်ပြီး ထောင်ကျခဲ့တာတွေရှိတယ်။ ဒီထဲမှာ အသံမထွက်ရဲပဲ အုံ့ပုံးတော်လှန်ရေးလုပ်နေတဲ့ ဖက်ခွက်စားတွေလည်းရှိတယ်။ တချို့ကြ ပြည်တွင်းမှာရှိနေသေးလို့ (ပြည်တွင်းမှာပဲ အခြေချနေသေးလို့) ငြိမ်နေကြတာပဲ။ ပြည်ပလည်း ရောက်ရော လက်သုံးချောင်းထောင် တော်လှန်ရေး သမားကြီး လုံးလုံးဖြစ်သွားရော။ ဖက်ခွက်စား ဇာတ်ပို့မ အေးအေးခိုင် လည်း ထိုနည်းတူပဲ။ ပြည်တွင်းမှာတုန်းကကြတော့ ဘာသံမှ မကြားရဘူး။ ငြိမ်ကုပ်နေတာပဲ။ ဟော သူ့သားတွေရှိတဲ့ ပြည်ပ အမေရိကန်လည်း ရောက်ရော ဇာတိပြလာတာပဲ။ အလှူခံစားတဲ့ တော်လှန်ပြဇာတ်တွေ ဘာတွေမှာ ပါဝင်ကပြီး ဘီလူးမျက်နှာဖုံးကို ခွာချခဲ့တာပါပဲ။ အေးအေးခိုင်က ပါးတော့ပါးတယ်။ သူ့အသက်အရွယ်နဲ့ ဇာတ်ကားတွေမှာ မင်းသမီး သူငယ်ချင်းလည်းလုပ်လို့ကမရတော့၊ အမေအရွယ်ကြတော့လည်း အဆင်မပြေ ။ ဒါကြောင့်မို့ ဇာတ်ကားသိပ်မရိုက်ရနိုင်တော့မှန်းသိလို့ နောက်တစ်ခုက သူ့သားတွေရှိတဲ့ ပြည်ပမှာပဲ အခြေချတော့မှာမို့ ဒီလို လုပ်ခဲ့တာပဲ။ အေးအေးခိုင်လိုမျိုး ပြည်တွင်းမှာကြ အသံမထွက်ငြိမ်ကုပ်နေပြီး ပြည်ပရောက်မှ လက်သုံးချောင်းထောင် တော်လှန် ပြခဲ့တဲ့ ဖက်ခွက်စားတွေအများကြီး။ ဟို ပေါကားရိုက်စားတဲ့ ပြည်ဟိန်းသီဟ လည်းအပါအဝင်ပဲ။ ပြောချင်တာက ဒီလိုမျိုး ဖက်ခွက်စားတွေ ပြည်တွင်းမှာလည်းအများကြီ။ ဒီဖက်ခွက်စားလောကကို တစ်ခုခုတော့ လုပ်ပြဖို့ကောင်းနေပြီ။ စစ်တပ်နဲ့ပတ်သက်သူ၊ စစ်တပ်ထောက်ခံသူဆို ခေါ်မရိုက်ကြဘူး။ ဖယ်ကျဥ်ထားကြတယ်။ ဖက်ခွက်စားလောက အကုန်လုံးပဲ။ ငွေ သေအောင်ရနေတာလည်း ဒီဖက်ခွက်စားတွေပဲ။ဇာတ်ကားတစ်ကား၊ ပွဲတစ်ပွဲကို သိန်းရာချီ ထောင်ချီ ရကြတယ်။ ဒီလောက်တွေရပေမယ့် ဘယ်သူတွေက အခွန်ဆောင်ကြလဲ။ ဆောင်တဲ့သူက ခပ်ရှားရှား။ ငွေကြေးဖောင်းပွမှုတွေ ဖြစ်တာလည်း ဒီဖက်ခွက်စားတွေကြောင့် တစ်စိတ်တစ်ပိုင်းပါဝင်တယ်။ စာရေးသူသာ တာဝန်ရှိသူတွေဆို ပွဲတစ်ပွဲ၊ ဇာတ်ကားတစ်ကားကို ငွေကြေး ရာချီ၊ထောင်ချီ မတရား ရနေတဲ့ ဖက်ခွက်စားတ
49 ·
ဂျော့ရှုဝါဗန် ဂျော့ရှုဝါဗန်တဲ့။ ချင်းလေး ပေါ့။ ဒီကနေ့ စာရေးသူတို့ရပ်ကွက်ထဲတင်မက မြန်မာတစ်နိုင်ငံလုံး တစ်ခဏသာ ငြိမ်းချမ်းရေးရသွားသည်ဟု ဆိုရလေမလား။ တစ်နိုင်ငံလုံး၊တစ်ပြည်လုံး ဂျော့ရှုဝါဗန်မှ ဂျော့ရှုဝါဗန် ။ စာရေးသူတို့ ရပ်ကွက်ထဲမှာလည်း ထိုနည်းတူပင်။ ဂျော့ရှုဝါဗန်ရဲ့ပွဲကို ကလေးရော ဘုန်းကြီးပါမကျန် နည်းမျိုးစုံနဲ့ စောင့်ကြည့်ကြသည်။ တချို့က စလောင်းရှိတဲ့အိမ်မှာ စုကြည့်ကြသလို တချို့ကလည်း ဖုန်းနဲ့ပင် ဆော့ဝဲဒေါင်းပြီး ကြည့်ကြတယ်။ တစ်ခုထူးခြားတာက ရပ်ကွက်ထဲက အိမ်တစ်အိမ်မှာတော့ လူအပြည့်ပါပဲ။ အားလုံးက ဂျော့ရှုဝါဗန် ထိုးနေရင် ညာသံပေးလိုက်၊ ခံရနေရင် ငြိမ်နေလိုက်နဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အားပေးနေကြတယ်။ အလုပ်ရှိတဲ့သူတွေတောင် ခဏရပ်ပြီး အားပေးကြတယ်။ တချို့ ခြေလျှင်မလာနိုင်တဲ့ အဘိုးကြီးတွေကိုဆို ဆိုင်ကယ်နဲ့ပင် သွားကြိုကြတာရှိတယ်။ အားလုံးက စည်းစည်းလုံးလုံးပါပဲ။ ဒီအချိန်မှာ အနီမရှိဘူး၊ အစိမ်းမရှိဘူး။ စစ်တပ်မရှိဘူး၊ pdfမရှိဘူး။ Nldမရှိဘူး၊Usdpမရှိဘူး။ နိုင်ငံရေးမရှိဘူး၊လူမျိုးရေးမရှိဘူး။ ဘာမုန်းတီးရေးမှမရှိဘူး။ အားလုံးဟာ တို့မြန်မာနိူင်ရမယ်စိတ်ပဲရှိတယ်။ အားလုံးဟာ ဂျော့ရှုဝါဗန် နိုင်ရမယ်ပဲ။ ချင်းဖြစ်နေလို့ အားမပေးဘူးဆိုတာမရှိဘူး။ ဗမာမဟုတ်လို့ အားမပေးဘူးဆိုတာမရှိဘူး။ ဗုဒ္ဓဘာသာမဟုတ်လို့ အားမပေးဘူးဆိုတာမရှိဘူး။ဝါစိမ်းနီမြန်မာအလံခြုံထားတဲ့ မြန်မာနိုင်ငံသား၊ မြန်မာတိုင်းရင်းသားတစ်ယောက်ဘက်ကနေပဲ အားပေးကြတယ်။ ဒီကြည့်နေတဲ့လူတွေထဲမှာလည်း အနီရောအစိမ်းတွေရော အကုန်ရောနေတာပါပဲ။ ဂျော့ရှုဝါဗန်ကြောင့် အကုန်စည်းလုံးသွားကြတယ်။ ဂျော့ရှုဝါဗန်ကြောင့် တစ်ခဏတာ ငြိမ်းချမ်းရေး ရသွားတယ်ဆိုရင်လည်း မမှားပါဘူး။ ဒါမျိုး အမြဲတမ်းဆိုရင် ဘယ်လောက်ကောင်းလိုက်လေမလဲ။ ဒီလိုစည်းစည်းလုံးလုံးနဲ့ဆို ဘယ်လောက်ကောင်းလိုက်လေမလဲ။ တွေးရင်းတောင် မျက်ရည်ဝဲမိပါတယ်။ မြန်မာတစ်နိုင်ငံလုံး၊ မြန်မာ ပြည်သူပြည်သားတွေအကုန်လုံး ငြိမ်းချမ်းရေးအမြန်ရပြီး စည်းစည်းလုံးလုံးနဲ့ အေးအေးချမ်းချမ်းနေထိုင်ကြရပါစေလို့ ရင်ထဲကပင် ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ဗျာ။ ရွှေဟင်္သါ
25 ·
I
လမင်းကို ခွေးဟောင်သလို ထိုင်းမှာ အလုပ်သမားဗန်းပြပြီး သူတောင်းစားလုပ်နေတဲ့ ရဲမင်းလိုကောင်က ထူးအယ်လင်း ဖလမ်းမှာ သီချင်းသွားဆိုလို့ ထူးအယ်လင်းကို လှမ်းဆဲတယ်တဲ့။ ကိုယ့်စောက်ဆင့်မှကိုယ်မသိ။ ထူးအယ်လင်း က ရဲမင်းလိုကောင်ကို သိမှာတောင်မဟုတ်။ သိလည်း စောက်ဖက်လုပ်ပြီး သေးလှည့်ပေါက်မှာမဟုတ်။ တကူးတက သေးလှည့်ပေါက်ရတဲ့ အဆင့်လည်း မဟုတ်။ အာဇာနည်တို့လို တခြား ဝရမ်းပြေး နာမည်ကြီးအဆိုတော်ထဲက တစ်ယောက်ယောက်က လှမ်းဆဲရင် တော်ကာကြသေးတယ်။ ရဲမင်းလိုကောင်ရဲ့ စောက်ဆင့်နဲ့ လှမ်းကိုက်တာကတော့ အလှမ်းဝေးလွန်းပါတယ်။ ရဲမင်းလုပ်ပုံက လမ်းဘေးမှာ တောင်းစားနေရတဲ့ ထမင်းနပ်မမှန်တဲ့ သူတောင်းစားအဆင့်က ကုဋေများစွာကြွယ်ဝတဲ့သူဌေးကြီးကို မနာလိုလို့ ဝေဖန်ဆဲဆိုနေတဲ့ ပုံစံတဲ့တူတူပဲ။ ခပ်ရိုင်းရိုင်းစကားပုံတစ်ခုနဲ့နှိုင်းပြောရရင် လမင်းကို ခွေးဟောင်သလိုပါပဲဗျာ။ ရွှေဟင်္သါ
24 ·
K
Archive by month
Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog