ChatCrawlersearch across public Telegram Open the app
B

BEZ Community

328 members
I
Фотография
click to show
SAT စာမေးပွဲအတွက် Free Resource တွေ ရှာနေသူတိုင်း မဖြစ်မနေ Bookmark လုပ်ထားသင့်တဲ့ Website တစ်ခုအကြောင်း…🎯 SAT ပြင်ဆင်တဲ့အခါ Practice မေးခွန်းတွေ အများကြီးဖြေဖူးမှ မေးခွန်းပုံစံတွေကို ယဉ်ပါးသွားပြီး အချိန်တွက်ချက်ရတာ မြန်ဆန်လာတာပါ။ ဒါပေမဲ့ Official Bluebook ရဲ့ Practice Tests ၆ ခုကို ကုန်သွားပြီဆိုရင် ဒါမှမဟုတ် Topic တစ်ခုချင်းစီကို ကွက်ပြီး Drill မေးခွန်းတွေ အများကြီးဖြေချင်ရင် ဘယ် Website တွေသုံးရမလဲဆိုပြီး မကြာခဏ လာမေးကြပါတယ်။ ဒီနေ့မှာတော့ SAT Self-study လုပ်နေသူတွေ၊ အချိန်တိုအတွင်း Level အရှိန်မြှင့်ချင်သူတွေနဲ့ Test Preparation လေ့ကျင့်နေသူတိုင်း မဖြစ်မနေ Bookmark လုပ်ထားသင့်တဲ့ CrackSAT.net ဆိုတဲ့ Website အကြောင်းကို သေချာလေး ဝေမျှပေးချင်ပါတယ်ရှင့်။ ━━━━━━━━━━━━━━━━━━━━ CrackSAT.net ဆိုတာ ဘာလဲ? CrackSAT.net ဆိုတာ SAT သီးသန့် Practice Questions၊ Topic-wise Drills၊ စာမေးပွဲ မေးခွန်းဟောင်းတွေနဲ့ Resource တွေကို 100% Free လေ့ကျင့်နိုင်အောင် စုစည်းပေးထားတဲ့ Website တစ်ခုဖြစ်ပါတယ်။ Digital SAT ပြောင်းသွားပြီးနောက်ပိုင်းမှာလည်း Topic အလိုက် သီးသန့်မေးခွန်းတွေကို ဘာမှ ပေးစရာမလိုဘဲ Unlimited ဖြေဆိုနိုင်တာကြောင့် SAT ကျောင်းသားတွေကြားမှာ အင်မတန် ရေပန်းစားပါတယ်။ ━━━━━━━━━━━━━━━━━━━━ CrackSAT.net ကို ဘယ်လို အသုံးချလို့ရသလဲ? Digital SAT Reading & Writing မှာ Topic တစ်ခုချင်းစီ မေးတဲ့ ပုံစံမတူပါဘူး။ CrackSAT မှာ Category အလိုက် သီးသန့် ခွဲထားပေးတာကြောင့် မိမိ အားနည်းတဲ့အပိုင်းကို ကွက်ပြီး Practice လုပ်လို့ရပါတယ်။ Grammar & Mechanics (Boundaries & Form/Structure) အပိုင်းမှာ Punctuation (Comma, Semicolon, Dash) မေးခွန်းတွေ၊ Subject-Verb Agreement နဲ့ Clause တွေကို အမှားမရှိအောင် ဖြေနိုင်ဖို့ မေးခွန်းပေါင်းများစွာ စုပေးထားပါတယ်။ Transitions အပိုင်းမှာ However, Therefore, In contrast စတဲ့ စကားစပ်မေးခွန်းတွေကို စည်းမျဉ်းအလိုက် သေချာ ပိုင်နိုင်သွားအောင် Drill လုပ်လို့ရသလို၊ Vocabulary in Context နဲ့ Information and Ideas (Graph/Table ပါတဲ့ Data Interpretation) မေးခွန်းတွေကိုပါ အသေးစိတ် လေ့ကျင့်နိုင်ပါတယ်ရှင့်။ SAT Math အတွက်လည်း Speed နဲ့ Accuracy ညီဖို့အတွက် Domain အလိုက် မေးခွန်းအမျိုးအစားတွေကို စနစ်တကျ ခွဲပေးထားပါတယ်။ Algebra အောက်မှာ Linear equations နဲ့ Systems of equati
627 ·
GED science ကိုအမှတ်ကောင်းနဲ့အောင်ပီး သေချာစွာပြန်သင်ပေးနိုင်သူတစ်ယောက်လိုချင်ပါတယ် တပတ်၂နာရီတချိန်ဝင်ပေးရပါမယ် ရေရှည်ဖြစ်ပါမယ် fee 25 3 ပါ dm တိုက်ရိုက်လာပါ
အမြန်လိုချင်တာပါ
ป
I
Фотография
click to show
B2 Level ရောက်ပြီးမှ စာတွေ ဘယ်လောက်ပဲလုပ်လုပ် မတိုးတက်တော့ဘူးလို့ ခံစားနေရပါသလား? 🤔 အင်္ဂလိပ်စာ လေ့လာနေရင်း B1 ကနေ B2 အဆင့်ကို တက်ရတာထက် B2 ကနေ C1 အဆင့်ကို တက်ရတာ ပိုပြီး ခက်ခဲနေတယ်လို့ ခံစားရတာ သဘာဝပါပဲ။ ဒါကို ဘာသာစကား လေ့လာမှုမှာ "Intermediate Plateau" လို့ ခေါ်ပါတယ်။ ဝေါဟာရအသစ်တွေလည်း သိနေပြီ၊ သဒ္ဒါ (Grammar) အခြေခံလည်း ရှိနေပြီ။ ဒါပေမဲ့ စကားပြောရင် သဘာဝမကျသေးသလို၊ စာရေးရင်လည်း ရိုးရိုးရှင်းရှင်းပဲ ရေးနေရသလို ခံစားနေရတဲ့ အဆင့်ပါ။ ဒီအဆင့်ကို ကျော်ဖြတ်ဖို့ဆိုရင် အရင်သုံးခဲ့တဲ့ လေ့လာမှုနည်းလမ်းတွေကို ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်ရှင့်။ ဘွန်နီ ဒီနေ့ B2 Level ကနေ C1 ကို ထိထိရောက်ရောက် ကူးပြောင်းနိုင်မယ့် Study Guidelines (၅) ချက်ကို မျှဝေပေးချင်ပါတယ်ရှင်။ ပုံထဲက မေးထားတဲ့ ညီမလေးလိုပဲ ကြံုတွေ့နေတာတွေက တူတူလောက် ရှိတဲ့သူတွေလည်းရှိနိုင်မို့ 👩🏻‍🦰🎈 ━━━━━━━━━━━━━━━━━━━━ ၁။ Passive Learning ကနေ Active Output ကို ပြောင်းပါ 🔄 B2 အဆင့်မှာ စာအုပ်တွေ အများကြီးဖတ်တာ၊ Podcast/Movie တွေ အများကြီး နားထောင်တာ (Passive Input) တင် မလုံလောက်တော့ပါဘူး။ ဖတ်ပြီးသမျှ၊ နားထောင်ပြီးသမျှ အကြောင်းအရာတွေကို ကိုယ်ပိုင်စကားလုံးတွေနဲ့ အနှစ်ချုပ် (Summary) ပြန်ပြောတာ သို့မဟုတ် စာပြန်ရေးတာ (Active Output) ကို နေ့စဉ် ပြုလုပ်ပေးရပါမယ်။ ━━━━━━━━━━━━━━━━━━━━ ၂။ Vocabulary တစ်လုံးချင်းစီ မကျက်ဘဲ Collocations များကို လေ့လာပါ 📖 စကားလုံးအသစ်တစ်ခုကို အဓိပ္ပာယ်တစ်ခုတည်း ကျက်တာထက် Native Speaker တွေ သဘာဝအတိုင်း တွဲဖက်သုံးလေ့ရှိတဲ့ Collocations သို့မဟုတ် Phrases များကို စာကြောင်းလိုက် မှတ်သားပါ။ ဥပမာ - ⁠decision⁠ ဆိုတဲ့ စကားလုံးအတွက် ⁠make a decision⁠ / ⁠reach a decision⁠ စသဖြင့် တွဲလုံးအတိုင်း သုံးတတ်မှ စကားပြောနဲ့ စာရေးတာ ပိုပြီး Fluent ဖြစ်လာမှာပါရှင့်။ ━━━━━━━━━━━━━━━━━━━━ ၃။ Shadowing Technique ကို ပုံမှန် လေ့ကျင့်ပါ 🎙️ Native Speaker တွေ ပြောတဲ့ Audio သို့မဟုတ် Video တွေကို နားထောင်ရင်း သူတို့ရဲ့ အသံထွက်၊ Stress၊ Intonation (လေယူလေသိမ်း) အတိုင်း နောက်ကနေ ကပ်ပြီး လိုက်ပြောတဲ့ Shadowing Method ကို သုံးပါ။ ဒါက နားထောင်စွမ်းရည်တင်မကဘဲ စကားပြောတဲ့အခါ တုံ့ဆိုင်းမနေဘဲ သဘာဝကျကျ ထွက်လာစေဖို့ အများကြီး ကူညီပေးပါတယ်။ ━━━━━━━━━━━━━━━━━━━━ ၄။ Self-Feedback နဲ့ Corrective Practice လုပ်ပါ 🐉 နေ့စဉ် ၁ မိနစ် သို့မဟုတ
568 ·
C
E
သ
Фотография
click to show
B1 ကနေ B2 Level ကို အခက်အခဲမရှိ အရှိန်ဟုန်နဲ့ ဘယ်လို တက်မလဲ? 💡 အင်္ဂလိပ်စာ လေ့လာနေရင်း B1 (Intermediate) အဆင့်ကို ရောက်လာပြီဆိုရင် အခြေခံ Grammar လည်း သဘောပေါက်ပြီ၊ နေ့စဉ်သုံး စကားပြောတွေကိုလည်း အတန်အသင့် ပြောတတ်၊ နားလည်တတ်နေပြီမဟုတ်လား? ဒါပေမဲ့ တကယ့် စီးပွားရေး၊ ပညာရေးအကြောင်းတွေ ဆွေးနွေးချင်တဲ့အခါ၊ သတင်းတွေ စာအုပ်တွေကို အဆင်ပြေပြေ ဖတ်ချင်တဲ့အခါ သို့မဟုတ် စကားပြောရင် ထုံပိုင်းပိုင်း မဟုတ်ဘဲ သဘာဝကျကျနဲ့ ရေရေလည်လည် ပြောချင်တဲ့အခါ B2 (Upper-Intermediate) အဆင့်ကို တက်ဖို့ တော်တော်လေး ရုန်းကန်ရတတ်ပါတယ်။ B1 နဲ့ B2 ရဲ့ အဓိက ကွာခြားချက်ကတော့ "စကားလုံး အဓိပ္ပာယ် နားလည်ရုံ" အဆင့်ကနေ "မိမိ စိတ်ထဲရှိတာကို သဘာဝကျကျနဲ့ အစီအစဉ်တကျ ထုတ်ဖော်ပြောဆိုနိုင်ခြင်း" ဘက်ကို ကူးပြောင်းသွားတာပါပဲ။ ဒီခါ ဘွန်နီ က B1 မှ B2 သို့ ထိထိရောက်ရောက် ကူးပြောင်းနိုင်မယ့် အသေးစိတ် Study Guidelines (၆) ချက် ကို လေ့ကျင့်နိုင်အောင် မျှဝေပေးချင်ပါတယ်ရှင်။ 📖 အသေးစိတ် ဖတ်ရှုရန် နှိပ်ပါ
446 ·
I
B1 ကနေ B2 Level ကို အခက်အခဲမရှိ အရှိန်ဟုန်နဲ့ ဘယ်လို တက်မလဲ? 💡 အင်္ဂလိပ်စာ လေ့လာနေရင်း B1 (Intermediate) အဆင့်ကို ရောက်လာပြီဆိုရင် အခြေခံ Grammar လည်း သဘောပေါက်ပြီ၊ နေ့စဉ်သုံး စကားပြောတွေကိုလည်း အတန်အသင့် ပြောတတ်၊ နားလည်တတ်နေပြီမဟုတ်လား? ဒါပေမဲ့ တကယ့် စီးပွားရေး၊ ပညာရေးအကြောင်းတွေ ဆွေးနွေးချင်တဲ့အခါ၊ သတင်းတွေ စာအုပ်တွေကို အဆင်ပြေပြေ ဖတ်ချင်တဲ့အခါ သို့မဟုတ် စကားပြောရင် ထုံပိုင်းပိုင်း မဟုတ်ဘဲ သဘာဝကျကျနဲ့ ရေရေလည်လည် ပြောချင်တဲ့အခါ B2 (Upper-Intermediate) အဆင့်ကို တက်ဖို့ တော်တော်လေး ရုန်းကန်ရတတ်ပါတယ်။ B1 နဲ့ B2 ရဲ့ အဓိက ကွာခြားချက်ကတော့ "စကားလုံး အဓိပ္ပာယ် နားလည်ရုံ" အဆင့်ကနေ "မိမိ စိတ်ထဲရှိတာကို သဘာဝကျကျနဲ့ အစီအစဉ်တကျ ထုတ်ဖော်ပြောဆိုနိုင်ခြင်း" ဘက်ကို ကူးပြောင်းသွားတာပါပဲ။ ဒီခါ ဘွန်နီ က B1 မှ B2 သို့ ထိထိရောက်ရောက် ကူးပြောင်းနိုင်မယ့် အသေးစိတ် Study Guidelines (၆) ချက် ကို လေ့ကျင့်နိုင်အောင် မျှဝေပေးချင်ပါတယ်ရှင်။ ━━━━━━━━━━━━━━━━━━━━ ၁။ Listening လေ့ကျင့်ရင် Subtitles တွေကို ဖြည်းဖြည်းချင်း ဖြုတ်ပါ 🎧 B1 အဆင့်မှာ စာတန်းထိုး (English Subtitles) ကြည့်ပြီး နားထောင်တာ အဆင်ပြေပေမဲ့ B2 ရောက်ချင်ရင် စာတန်းထိုးပေါ် မှီခိုတာကို လျှော့ရပါတော့မယ်။ ဘယ်လိုလုပ်မလဲ: TED Talks, Podcasts ဒါမှမဟုတ် BBC တွေကို နားထောင်တဲ့အခါ စာကြောင်းတွေကို မျက်စိနဲ့ လိုက်ဖတ်မနေဘဲ အသံ ကိုပဲ အဓိက အာရုံစိုက်ပါ။ စကားလုံး တစ်လုံးချင်းစီရဲ့ အဓိပ္ပာယ် နောက်ကို လိုက်မနေဘဲ သူတို့ ပြောချင်တဲ့ Main Idea ကို ခြုံငုံနားလည်အောင် လေ့ကျင့်ပါ။ ၂။ စာကြောင်းတိုလေးတွေအပြင် Connector တွေကို ပါးပါးနပ်နပ် သုံးပါ ⌨️ B1 အဆင့်မှာ စာကြောင်းတိုလေးတွေ (⁠I went to the market. I bought apples.⁠) ပဲ သုံးလေ့ရှိကြပါတယ်။ B2 ရောက်ဖို့ဆိုရင် စကားစပ်စကားလုံး (Connectors) တွေကို ထည့်သုံးတတ်ဖို့ လိုလာပါပြီ။ ဘယ်လိုလုပ်မလဲ: ⁠because⁠, ⁠although⁠, ⁠however⁠, ⁠in order to⁠, ⁠furthermore⁠, ⁠on the other hand⁠ စတဲ့ Connectors တွေကို သုံးပြီး စာကြောင်းအရှည်တွေကို ချိတ်ဆက် ရေးသား/ပြောဆိုကြည့်ပါ။ ဒါဆိုရင် ကိုယ့်ရဲ့ အင်္ဂလိပ်စာသုံးစွဲပုံက ပိုပြီး ရင့်ကျက်လာပါလိမ့်မယ်။ ━━━━━━━━━━━━━━━━━━━━ ၃။ နေ့စဉ်သုံး ခေါင်းစဉ်တွေအပြင် ခေါင်းစဉ်ဆန်းတွေကို ပါ စိန်ခေါ်ပါ 📖 ဝါသနာ၊ မိသားစု၊ အစားအသောက် စတဲ့ နေ့စဉ်သုံး ခေါင်းစဉ်တွေအပြင် နည်းပညာ၊ ပတ်ဝန်းကျင်၊ စီ
510 ·
K
C
B
BEZ Community
Paing Htet Myatတစ်ပတ်အတွက် expected working hours နဲ့ အလုပ်ချိန်က flexible ဖြစ်လားသိပါရစေ တီချယ်
တစ်ပတ် အနည်းဆုံး 4 ရက်နဲ့ full time မဟုတ်ပဲ၊ part time ပါပဲရှင့်၊ အတန်းချိန်ရှိသမျှကို လိုက် join ရမှာမဟုတ်ပဲ အထိကက assignment support ရမှာကအဓိကပါရှင့်၊
I
Фотография
click to show
"အင်္ဂလိပ်လို စာဖတ်ရင် အကုန်နားလည်တယ်၊ ရုပ်ရှင်ကြည့်ရင်လည်း သဘောပေါက်တယ်... ဒါပေမဲ့ ကိုယ်တိုင် စကားပြောရင် သို့မဟုတ် စာရေးရင်ကျမှ A1 အဆင့် စာကြောင်းတိုလေးတွေပဲ ထွက်လာတယ်" မျိုး ဖြစ်ဖူးပါသလား? 💡” ဒါဟာ အင်္ဂလိပ်စာ လေ့လာသူ အများစု ကြုံတွေ့ရလေ့ရှိတဲ့ "Passive-Active Gap" ဆိုတဲ့ ပြဿနာပါပဲ။ Listening နဲ့ Reading မှာ B1-B2 ရောက်နေတာက ကိုယ့်ဆီမှာ ဗဟုသုတနားလည်မှု (Input) ရှိနေတာကို ပြသနေပေမဲ့ Speaking နဲ့ Writing မှာ A1-A2 ဖြစ်နေတာကတော့ အဲဒီ ဗဟုသုတတွေကို ပြန်လည် ထုတ်သုံးတဲ့ (Output) တံတား မထိုးနိုင်သေးလို့ ဖြစ်နေရတာပါ။ စိတ်မပူပါနဲ့ရှင်! Listening & Reading အခြေခံ ရှိပြီးသားမို့လို့ ဒီ အကွာအဝေး (Gap) ကို ပေါင်းကူးပြီး Speaking & Writing ကို B1-B2 အဆင့်ထိ အမြန်ဆုံး လိုက်မီလာစေမယ့် Study Guidelines (၅) ချက် ကို ဘွန်နီ မျှဝေပေးချင်ပါတယ်ရှင်။👩🏻‍🦰💕 ━━━━━━━━━━━━━━━━━━━━ ၁။ "Sentence Mining" နည်းလမ်းကို အသုံးပြုပါ ⛏️ Reading ဖတ်နေတုန်း သို့မဟုတ် Listening နားထောင်နေတုန်းမှာ ကိုယ်ကြိုက်တဲ့ စာကြောင်းလှလှလေးတွေ၊ သဘာဝကျတဲ့ အသုံးအနှုန်းလေးတွေကို တွေ့ရင် မှတ်စုစာအုပ်ထဲမှာ ကူးရေးထားပါ။ စကားလုံး တစ်လုံးချင်းစီ မဟုတ်ဘဲ စာကြောင်းလိုက် (Full Sentence) မှတ်သားပြီး အဲ့စာကြောင်း ပုံစံအတိုင်း ကိုယ်ပိုင် စာကြောင်းအသစ်များ ပြန်လည် တည်ဆောက် လေ့ကျင့်ပါ။ ━━━━━━━━━━━━━━━━━━━━ ၂။ "Read-to-Write" နဲ့ "Listen-to-Speak" နည်းလမ်းကို သုံးပါ 🔄 Writing အတွက်: အင်္ဂလိပ်စာအုပ် သို့မဟုတ် သတင်းဆောင်းပါး အတိုတစ်ခုကို ဖတ်ပါ။ ဖတ်ပြီးသွားရင် စာအုပ်ကို ပိတ်ပြီး ကိုယ်နားလည်လိုက်တဲ့ အကြောင်းအရာကို စာ ၃ ကြောင်းကနေ ၅ ကြောင်းထိ အနှစ်ချုပ် (Summary) အင်္ဂလိပ်လို ပြန်ရေးကြည့်ပါ။ Speaking အတွက်: Podcast သို့မဟုတ် YouTube Video ၁ မိနစ်စာ နားထောင်ပြီးရင် Pause နှိပ်လိုက်ပါ။ ပြီးရင် သူတို့ပြောသွားတဲ့ အကြောင်းအရာကို ကိုယ်ပိုင်စကားလုံးနဲ့ အသံထွက်ပြီး ပြန်ပြောကြည့်ပါ။ ━━━━━━━━━━━━━━━━━━━━ ၃။ Speaking အတွက် Low-Pressure Practice နည်းလမ်းများ သုံးပါ 🎙️ တခြားသူတွေနဲ့ ချက်ချင်း စကားမပြောရဲသေးရင် Low-Pressure ဖြစ်တဲ့ နည်းလမ်းတွေကို အရင် စတင်ပါ - Self-Talk: နေ့စဉ် လုပ်ဆောင်ချက်တွေကို အင်္ဂလိပ်လို စိတ်ထဲက မဟုတ်ဘဲ ပါးစပ်က အသံထွက်ပြီး ရေရွတ်ပါ။ (ဥပမာ - ⁠Now I'm making coffee because I feel tired.⁠) Audio Journaling: နေ့စဉ် ညဘက်ရေ
488 ·
♐
Фотография
click to show
Social Studies အတွက် Declaration of Independence and the Constitution of the United States အကြောင်းကိုမှ စာမေးပွဲအတွက်ပြန်နွေးချင်တာပဲဖြစ်ဖြစ်၊ Background Knowledge အနေနဲ့လေ့လာချင်တာပဲဖြစ်ဖြစ် ကျွန်တော်ကိုယ်တိုင်ဖတ်ခဲ့တဲ့စာအုပ်အသေးလေးတစ်အုပ်နှင့်မိတ်ဆက်ပေးချင်ပါတယ်။📢⭐ Declaration of Independence ကိုမှ‌စာအုပ်တွေမှာတွေ့နေကျ ပုံစံမျိုးထက်ပိုပြီး စုံစုံလင်လင်ဖတ်ရမှာပဲဖြစ်ပါတယ်။✨ The Constitution of the United States အကြောင်းကိုမှ Preamble အပါအဝင်၊ Articles I to VII နှင့် Amendments (27) ခုလုံးကိုပြည့်စုံစွာဖော်ပြထားတာကြောင့် preparation ကျောင်းသားတွေရော intensive နှင့် စာမေးပွဲဖြေခါနီးကျောင်းသားတွေအားလုံး ဖတ်ဖို့အဆင်ပြေပါတယ်။🌟💯 ဖတ်ချင်တဲ့‌ကျောင်းသားတွေရှိရင် လက်ဆောင်အနေနဲ့ ပေးချင်လို့ DM မှာလာယူလို့ရပါတယ်။🎁 ဖတ်ချင်တယ်ဆိုရင်တော့ Uppermost Education Channel ကို Join ပြီး @Steven_mm5 ဆီလာယူပေးပါဗျာ။📌 DM ကိုလာပြီး "Hi" "Hello" ပဲမပြောဘဲ Uppermost Education Channel ကို Join ထားတဲ့ screenshot နှင့်အတူ "E-Book" လို့လာပြောပေးပါဗျာ။❗
526 ·
B
BEZ Community
"မတရား အခွန်ကောက်ရင် လွတ်လပ်ရေး တောင်းမယ်!" — ဧကရာဇ်နိုင်ငံကြီး တစ်ခုကို စိန်ခေါ်ပြီး ကမ္ဘာ့အင်အားကြီး အမေရိကန်နိုင်ငံ ဖြစ်လာစေခဲ့တဲ့ ၁၇၇၄-၁၇၇ ၆ သမိုင်းကွေ့... 📜🔥 GED Social Studies မှာ US History ကို လေ့လာတဲ့အခါ ခုနှစ်တွေ၊ နာမည်တွေကို အလွတ်ကျက်နေရရင် သိပ်ပျင်းဖို့ကောင်းပါတယ်။ အသေးစိတ်ဖတ်ကြည့်ရန် နှိပ်ပါ 🤩
Фотография
click to show
"IGCSE စာမေးပွဲကလည်း လက်တစ်ကမ်းကို ရောက်လာပြီ... သင်ရိုးတွေကလည်း များ၊ ဘယ်ကနေ စပြီး Revision ပြန်ရမှန်း မသိဖြစ်နေတုန်းပဲလား?" ⏳ အခုဆိုရင် IGCSE စာမေးပွဲဖြေဆိုဖို့ လပိုင်း လောက်ပဲ လိုတော့တာမလို့ ကျောင်းသူ/ကျောင်းသား တော်တော်များများ စာမေးပွဲဖိအား (Exam Stress) တွေ တက်နေကြပြီထင်ပါတယ်။ "စာတွေကတော့ ဖတ်ထားတာပဲ... ဒါပေမဲ့ စာမေးပွဲခန်းထဲရောက်ရင် တကယ် ရေးနိုင်ပါ့မလား?" "စာအုပ်အထူကြီးတွေကို ဒီအချိန်မှ ပြန်လှန်ဖတ်ဖို့ အချိန်မှ မှီပါ့မလား?" "Past Papers တွေ ထိုင်လုပ်နေပေမဲ့ အဓိက Key Concepts တွေကို သေချာ မမှတ်မိသေးရင် ဘာလုပ်ရမလဲ?" ဒီလိုမျိုး စိုးရိမ်စိတ်တွေ၊ ခေါင်းရှုပ်စရာတွေကို ပေါ့ပါးသွားစေဖို့နဲ့ ကျန်ရှိနေတဲ့ အချိန်တိုလေးအတွင်းမှာ Revision ကို အထိရောက်ဆုံးနဲ့ အမြန်ဆုံး လုပ်နိုင်အောင် ဘွန်နီ က တကယ်ကို အဖိုးတန်တဲ့ "ရတနာသိုက် Website" လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင့် ✨ ဒါကတော့ HomeschoolAsia ရဲ့ Revision Notes Resource လေးပဲ ဖြစ်ပါတယ်ရှင့်။ 💡 ဒီ Website ကို ဘာလို့ IGCSE ကျောင်းသားတိုင်း Save ထားသင့်တာလဲ? စာမေးပွဲနီးလာရင် စာအုပ်အထူကြီးတွေကို အစအဆုံး ပြန်ဖတ်နေဖို့ အချိန်မရှိတော့ပါဘူး။ ဒီအချိန်မှာ အလိုအပ်ဆုံးက Concise & Exam-focused ဖြစ်တဲ့ Revision Notes တွေပါ။ ━━━━━━━━━━━━━━━━ HomeschoolAsia ရဲ့ Notes တွေမှာ - 🎯 Cambridge Syllabus အတိုင်း သေချာ ထုတ်နှုတ်ပေးထားခြင်း စာမေးပွဲအတွက် တကယ်လိုအပ်တဲ့ Main Concepts တွေ၊ Keyword တွေကိုပဲ တိတိကျကျ စုစည်းပေးထားလို့ စာကျက်ရတာ အချိန်ကုန် သက်သာစေပါတယ်။ 🎓 Subject Experts များကိုယ်တိုင် ရေးသားထားခြင်း IGCSE နဲ့ A Level ကို အထူးပြုသင်ကြားနေတဲ့ ဆရာ/မ များကိုယ်တိုင် စာမေးပွဲမေးခွန်း ပုံစံတွေနဲ့ ကိုက်ညီအောင် စနစ်တကျ ပြုစုထားတာမလို့ စာမေးပွဲခန်းထဲမှာ Confident အပြည့်နဲ့ ဖြေဆိုနိုင်အောင် ကူညီပေးပါလိမ့်မယ်ရှင့်။ 📊 Diagrams & Summarized Charts တွေ ပါဝင်ခြင်း Biology, Chemistry, Physics စတဲ့ ဘာသာရပ်တွေမှာ ပါဝင်တဲ့ ရှုပ်ထွေးတဲ့ Process တွေ၊ Diagram တွေကို ပုံစံကားချပ်လေးတွေနဲ့ ရှင်းပြပေးထားလို့ အလွယ်တကူ မြင်သာထင်သာရှိပြီး Memory ထဲမှာ ရင်းနှီးကျန်ရစ်စေပါတယ်။ ━━━━━━━━━━━━━━━━ 📚:ဘယ်လို ဘာသာရပ်တွေကို လေ့လာလို့ရလဲ? 🔹 IGCSE Level: Biology (0610), Chemistry (0620), Physics (0625), Extended Maths (0580), Additional Maths (0606) 🔹 A Level: B
392 ·
I
Фотография
click to show
💡 Phrasal Verbs တွေ ကျက်လိုက်၊ မေ့လိုက်၊ ရောကုန်လိုက်ဖြစ်နေလို့ စိတ်ပျက်နေပြီလား? "စာအုပ်ထဲမှာတုန်းကတော့ အလွတ်ရပါရဲ့... တကယ် သုံးတော့မယ်ဆို ရောကုန်တယ်" "Take off ဆိုတာ လေယာဉ်ပျံတာလား၊ အင်္ကျီချွတ်တာလား ခေါင်းထဲ မသဲကွဲဘူး" အင်္ဂလိပ်စာ လေ့လာနေသူ တော်တော်များများ ကြုံဖူးကြမှာပါ။ Phrasal Verbs (ကိရိယာတွဲကြိယာ) တွေကို ကျက်တဲ့အခါ ခေါင်းရှုပ်ရတာ မဆန်းပါဘူး။ ဘာလို့လဲဆိုတော့ Verb တစ်ခုတည်းမှာမှ Preposition လေးတစ်ခု ပြောင်းသွားတာနဲ့ အဓိပ္ပာယ်က မိုးနဲ့မြေလို ကွာခြားသွားတတ်လို့ပါ။ ဒါပေမဲ့ စိတ်မပျက်ပါနဲ့! Phrasal Verbs တွေကို စက်ရုပ်လို အလွတ်မကျက်ဘဲ မမေ့အောင်၊ မရောအောင် နားလည်မှတ်သားနိုင်မယ့် နည်းလမ်းကောင်း (၅) ခု ကို မျှဝေပေးချင်ပါတယ်ရှင့်။ ━━━━━━━━━━━━━━━━ ၁။ Word Lists တွေကို အလွတ်မကျက်ပါနဲ့ (Context နားလည်အောင်လုပ်ပါ) A to Z စာရင်းအရှည်ကြီးတွေကို "Give up = လက်လျှော့သည်" ဆိုပြီး အဘိဓာန်အတိုင်း ဇာတ်တိုက် အလွတ်ကျက်တာဟာ မေ့ဖို့ အမြန်ဆုံးနည်းလမ်းပါပဲ။ ဘယ်လိုလုပ်ရမလဲ? Phrasal Verb ကို စာကြောင်းအပြည့်အစုံ၊ အကြောင်းအရာ (Context) တစ်ခုနဲ့ တွဲပြီး မှတ်ပါ။ ဥပမာ - Give up ဆိုတာကို အလွတ်မကျက်ဘဲ "I tried to stop smoking, but I couldn't give up." (ငါ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားပေမဲ့ လက်မလျှော့နိုင်ခဲ့ဘူး) ဆိုတဲ့ အဖြစ်အပျက် စာကြောင်းလေးနဲ့ ခေါင်းထဲမှာ ပုံဖော်ပြီး မှတ်ပါ။ ━━━━━━━━━━━━━━━━ ၂။ Prepositions တွေရဲ့ "သဘောတရား (Concept)" ကို နားလည်အောင်လုပ်ပါ Phrasal Verbs တွေကို မရောစေချင်ရင် မတူညီတဲ့ Preposition တွေမှာ ရှိတဲ့ သဘာဝအဓိပ္ပာယ်ကို နားလည်ထားဖို့ လိုပါတယ်။ OFF ဆိုတဲ့ ပုဒ်ကလေးပါရင် "ခွဲထွက်ခြင်း၊ ကင်းကွာခြင်း၊ ပိတ်ခြင်း" သဘောကို ဆောင်ပါတယ်။ Take off - မြေကြီးနဲ့ ခွဲထွက် ပြီး ပျံတက်သည် (သို့) ကိုယ်ပေါ်က အင်္ကျီကို ခွဲထွက် ကင်းကွာအောင် ချွတ်လိုက်သည်။ Turn off - လျှပ်စစ်စီးကြောင်းကို ဖြတ်တောက်/ခွဲထွက် ပြီး မီးပိတ်လိုက်သည်။ UP ဆိုတာပါရင် "အထက်သို့ တက်ခြင်း၊ တိုးတက်ခြင်း၊ ပြည့်စုံခြင်း" သဘောပါပါတယ်။ Grow up - ကြီးပြင်းလာသည်။ Speak up - အသံကို အထက်သို့ မြှင့်ပြီး ကျယ်ကျယ်ပြောသည်။ ဒါဆိုရင် ခေါင်းထဲမှာ မရှုပ်တော့ဘဲ သဘာဝအတိုင်း တွေးမိသွားပါလိမ့်မယ်။ ━━━━━━━━━━━━━━━━ ၃။ Topic (အကြောင်းအရာ) အလိုက် အုပ်စုဖွဲ့ပြီး လေ့လာပါ ဒီနေ့တော့ 'Get' နဲ့ စတဲ့ Phrasal Verbs တွေ အကုန်ကျက်မယ်ဆို
212 ·
K
I
မမေ့ပါနဲ့ရှင့် 💕၊ Assistant ဆိုပေမယ့်သို့ Main Tr အဖြစ်လုပ်ချင်ရင်လည်းလျှောက်နိုင်ပါတယ်ရှင့်၊ လျှောက်ထားကြတဲ့ Tr တွေလည်း အများရီး တွေ့ရပါတယ်၊ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်၊ ဘွန်နီတို့ Team နဲ့အတူတူ အလုပ်လုပ်သွားကြပါမယ်ရှင့် 💕 IGCSE သင်ပေးနိုင်တဲ့ တီချယ်တွေလည်း လျှောက်ထားနိုင်ပါတယ်ရှင့်၊ ထည့်ဖို့ကျန်သွားခဲ့လို့ ✨ #BEZ #Bonnie #BONNIESEDUZONE #LumaPath
105 ·
Archive by month
Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog