တံခါးမရှိ၊ ဓားမရှိ
ကော်ဇောခင်းလို့ စောင့်နေသူမို့
ရွှေရှိဖို့၊ ငွေရှိဖို့မလို
သူရှိရင်ပဲ ပြည့်စုံပါပြီ။
-အံ့လွန်းပျို
52 · 21 August 2026
22 August 2026
မရှိမဖြစ် ဆိုတာမျိုး
တကယ်ရှိခဲ့တယ် အသက်။
မင်းမရှိလို့ မဖြစ်တာမဟုတ်ဘဲ
မင်းရှိမှဖြစ်မယ့် အခိုက်အတန့်မျိုး
ငါ့ဘဝမှာလဲ ရှိခဲ့တယ်။
-အံ့လွန်းပျို
47 · 23 August 2026
အချစ်ခံရဖို့ ချစ်တာမဟုတ်ပေမဲ့
အပြစ်ခံရဖို့လို့လဲ မရည်ရွယ်ပါဘူး။
ရခဲ့တာကတော့
ဥပေက္ခာတွေချည်း...။
-အံ့လွန်းပျို
50 · 24 August 2026
လေနှင်ရာလွင့်တဲ့
လေလွင့်ရွက်ဝါလေး တစ်ရွက်ကို
ငါ့အတွက် ရောက်လာတဲ့
ကံကောင်းခြင်းလေးလိုမျိုး
တန်ဖိုးထားပေးခဲ့ပါတယ်...။
-အံ့လွန်းပျို
48 · 25 August 2026
အသက်ရှင်နေရခြင်းမှာ
ဝန်ကင်းချင်တယ်။အများအကျိုး
အတွက်ဆိုရင်တောင် တစ်ခါတစ်လေ
ကိုယ့်ကိုယ်ကိုယ် ပြန်ငဲ့ရမယ်။
ငါဟာ ချောက်ကမ်းပါးစွန်းမှာ...။
-အံ့လွန်းပျို
51 · 26 August 2026
27 August 2026
ပွဲတော်တွေဟာလည်း
ပျော်စရာမကောင်းတော့ပါဘူး။
ဒို့ခေါင်းပေါ်မှာ
ကောင်းကင်ကြီးဟာ
လွတ်လွတ်လပ်လပ်မှမဟုတ်တာ ။
-မောင်ချောနွယ်
50 · 28 August 2026
ပညာဟူသည်၊ နတ္တမည်ပင်
တည်တံ့ဉာဏ်ဦး၊ ထည်ဝါထူးလည်း
အရူးစကား၊ ယုံကြည်ထားမူ
အလားတူဟန် ဉာဏ်မဲ့တည်း။
-အံ့လွန်းပျို
59 · 29 August 2026
လူဆန်ခြင်း
ဘဝမှာ
မရခဲ့တာတွေ အများကြီးအတွက်
တစ်ဝက်နောင်တနဲ့ နေထိုင်တယ် ။
စိတ်မကုန်နိုင်သေးသော ကမ္ဘာကြီး
မိုက်လုံးကြီးမှုတွေအတွက် ခွင့်လွှတ်ပါ ။
-လှသန်း
54 · 31 August 2026
မင်းကို အားမကိုးချင်သလို
ငါ့မှာလဲ အားကိုးစရာဘာမှမရှိ။
ဒါတောင် ကိုယ်ခြေထောက်ပေါ်
ကိုယ်ရပ်တည်ချင်သူပါတဲ့လေ။
ခက်ပါရဲ့။
-အံ့လွန်းပျို
48 · 2 September 2026
ကျွန်မကတော့
ကိုယ့်ကိုယ်ကိုယ် ယုံတာတစ်ခုက
ကောင်းကောင်းချစ်တတ်တဲ့
နှလုံးရှိတယ်လို့ပဲ။ ချစ်စရာရှိရင်
ကျွန်မကပဲ ချစ်ချင်တယ်။
-ကြည်အေး
45 · 5 September 2026
Видео
60.0 MB · click to show
60.0 MB · click to show
ကဗျာအမည် - ကျောက်သားအဖြစ်
ရေးသားသူ - ခင်ဇော်မြင့်
ရွတ်ဖတ်သူ - လင်းဧနူ
36 · 6 September 2026
7 September 2026
အနှစ်နှစ် အလလ
စိတ်ကူးယဉ်ခဲ့တာကိုမှ
လက်လွှတ်ရတဲ့အခါ
ကျွန်တော် အိပ်မက်တွေကို
မုန်းခဲ့တယ်...။
-အံ့လွန်းပျို
34 · 8 September 2026
ငယ်ရွယ်မှုက
ဘာနဲ့မှတုလို့ မရပါဘူး
ဒါကြောင့် သူတို့ သူတို့
အရူးအမူး ချစ်ကြပါစေ။
-အောင်ချိမ့်
33 · 9 September 2026
ချစ်တယ်မဆိုသာရုံ
နွေးထွေးမှုမှာ ကိုယ်ဟာ
အသက်မပါသွားရုံ
မျှော်လင့်ချက်ကို ရင်းခဲ့ပါတယ်။
-အံ့လွန်းပျို
31 · 10 September 2026
လူတစ်ယောက်ယောက်ကို
လက်သီးနဲ့ထိုးဖို့ဆိုတာက
ကိုယ့်မှာမေးရိုးရှိရတယ်တဲ့...
-မောင်ချောနွယ်
26 · 11 September 2026
ချစ်သည်းကျော်ဖို့
မင်းသာ ကိုယ့်ကိုပြန်ချစ်ခဲ့ရင်
ကိုယ်ကမင်းအတွက်
ကြယ်တွေကို ကြိုးသီပေးမှာပေါ့။
မင်းသာ ကိုယ့်ကိုမေတ္တာမျှခဲ့ရင်
ကိုယ်ကမင်းအတွက်
သမုဒ္ဒရာကို အိုင်ဖြစ်စေမှာပေါ့။
မင်းသာ ကိုယ့်လက်ကိုရဲရဲကိုင်ခဲ့ရင်
ကိုယ်ကမင်းအတွက်
ကမ္ဘာကြီးကို မင်းလက်ခုပ်ထဲ
ထာဝရထည့်ပေးမှာပေါ့။
ကိုယ်သာ မင်းကိုလွမ်းဆွတ်ခဲ့ရင်
မင်းကကိုယ့်အတွက်
မီးကို နှလုံးတိုက်သွင်းမှာပေါ့။
ကိုယ်သာ မင်းကိုမြတ်နိုးခဲ့ရင်
မင်းကကိုယ့်အတွက်
နိဗ္ဗာန်ကို ငရဲဖြစ်စေမှာပေါ့။
ကိုယ်သာ မင်းဘဝထဲဝင်ခဲ့ရင်
မင်းကကိုယ့်အတွက်
စကြဝဠာကိုပါ ကိုယ့်ဆီက
အပြီးတိုင်ယူဆောင်သွားမှာပေါ့။
-အံ့လွန်းပျို
30 · 13 September 2026
Видео
67.2 MB · click to show
67.2 MB · click to show
ကဗျာအမည် - သို့သော် ချစ်ပါသည်
ရေးသားသူ - အံ့လွန်းပျို
ရွတ်ဖတ်သူ - လင်းဧနူ
25 · 14 September 2026
အမေ့ကမ္ဘာမှာ
အရာရာဖြစ်ခဲ့တဲ့ကောင်က
သူ့ကမ္ဘာမှာတော့
မမွေးလာသင့်တဲ့
လူတစ်ယောက်ပါတဲ့ အမေ...။
-အံ့လွန်းပျို
23 · 15 September 2026
သဘာဝကို ချစ်တယ်။
သဘာဝအတိုင်း ညိုနေတဲ့
အသားညိုညိုလေးကို ချစ်သလို
သဘာဝအတိုင်းပါတဲ့
ပါးချိုင့်ခွက်လေးကိုလဲ ချစ်တယ်။
-အံ့လွန်းပျို
21 · 16 September 2026
မေတ္တာတရား ကို
သယံဇာတလို့ သဘောထားတယ်
ပိုက်ဆံတွေ
နေကောင်းပါစေ
စိန်ရွှေငွေရတနာတွေ
ပျော်ရွှင်ပါစေ
မှောင်မိုက်နေတဲ့အခါ
သက်သာရဲ့လား ဆိုတဲ့
မိတ်ဆွေတစ်ယောက်သာ အလိုရှိပါတယ်
လမ်းမီးများ
လင်းခါစ ။
-ကြည်ဇော်အေး
20 · 17 September 2026
ဝဋ်ကြွေးရှိတဲ့အခါ
စိန်ပြေးတမ်းကစားချင်တယ်။
မင်းကသူ့ဆီပြေးရင်
ငါကမင်းကိုမမီအောင်
ဖမ်းပေးပါ့မယ်။
-အံ့လွန်းပျို
17 · 19 September 2026
နေကောင်းအောင်နေပါ မာရီယာ
နေမကောင်းရင် ကမ္ဘာကြီးက
မင်းကို မောင်းထုတ်ကြလ်ိမ့်မယ်...။
လူတွေ ချစ်တယ်ဆိုတာက
သူတို့ကို မထိခိုက်သရွေ့ပဲ မဟုတ်လား...။
-မင်းခိုက်စိုးစန်
11 · 20 September 2026
မျက်နှာမြင် ချစ်ခင်ပါစေ။
အသံကြား သနားပါစေဆိုတဲ့
ဆုတွေနဲ့ ပြည့်စုံသူလေးရေ
မင်းခြေမှုန် တစ်စကအစ
ဆံနွယ်တစ်မျှင်အဆုံး
ကိုယ်မြတ်နိုးရပါတယ် အသက်ရေ။
-အံ့လွန်းပျို
3 ·