ChatCrawlersearch across public Telegram Open the app
L

Life As Just a Flower chat🍀

7 members
I
အကောင်းဆုံး ဖုန်းရွှေက ဘဝ "သန့်ရှင်း" လာတာဖြစ်တယ်။ လှလာတာ၊ တည်ငြိမ်လာတာ၊ ပျော်လာတာဟာ ကံကောင်းလို့ မဟုတ်ဘူး... ဘဝ သန့်ရှင်းလာလို့ပါ။ သန့်ရှင်းတယ်ဆိုတာ စိတ်မမောတာ၊ ဘဝမရှုပ်တာ၊ စွမ်းအင်ကို မဖြုန်းတီးတာဖြစ်တယ်။ 🚩 စကားလုံး သန့်ရှင်းတယ် သိပ်မညည်းဘူး.. ကောင်းတဲ့စကား ပိုပြောတယ်။ လူတစ်ယောက်ရဲ့ စကားအပြောက သူ့ရဲ့ အရှိန်အဝါဖြစ်တယ်။ မင်္ဂလာစကားတွေ၊ အသိအမှတ်ပြုစကားတွေ၊ ကိုယ်စိတ်ချမ်းသာတဲ့ စကားတွေ ပိုပြောပေးပါ။ စကား သန့်ရှင်းလေ အာရုံပျံ့လွင့်စရာတွေထဲ ပိတ်မိမနေလေ.. ကိုယ်တို့ရဲ့ လောကကြီးလည်း တဖြည်းဖြည်း လင်းလာလေဖြစ်တယ်။ 🚩 စိတ်နှလုံး သန့်ရှင်းတယ် ကိုယ့်စိတ်ကို ကိုယ့်ဆီ ပြန်ကပ်တာဖြစ်တယ်။ စိတ်နှလုံး သန့်ရှင်းရင် မရှုပ်ထွေးဘူး၊ အတွင်းစိတ် မလှိုက်စားဘူး၊ အခြားသူနဲ့ ကိုယ့်ကိုယ်ကိုယ် မနှိုင်းယှဉ်ဘူး။ 🚩 အသွင်အပြင် သန့်ရှင်းတယ် အသွင်အပြင် လန်းဆန်းတာက အလှဆုံး ကြော့ရှင်းမှုဖြစ်တယ်။ လှရမယ် မဆိုဘူး.. သန့်ရှင်းပြီး လန်းဆန်းရင် ဆွဲဆောင်မှုရှိတယ်။ သန့်ရှင်းသပ်ရပ်တဲ့ အသွင်အပြင်က တခြားသူ ကြိုက်နှစ်သက်ဖို့ မဟုတ်ဘူး.. ဘယ်အခြေအနေမှာမဆို ကိုယ့်ကိုယ်ကိုယ် သက်သောင့်သက်သာနဲ့ စိတ်ကြည်နေဖို့ဖြစ်တယ်။ 🚩 နေအိမ် သန့်ရှင်းတယ် အိမ်ရဲ့ အခြေအနေက ကိုယ့်စွမ်းအင်ဖြစ်တယ်။ ရှုပ်ပွတဲ့အိမ်က ရှုပ်ထွေးတဲ့ စိတ်ကို ထင်ဟပ်တယ်။ သန့်ရှင်းတဲ့အိမ်က စိတ်ကို ပေါ့ပါးစေတယ်။ ပုံမှန် သန့်ရှင်းရေးလုပ်ပြီး မလိုအပ်တာတွေကို ဖယ်ရှားမယ်။ ပြီးပြည့်စုံဖို့ မလိုပါဘူး။ မျက်စိပသာဒဖြစ်ရင်၊ သက်သောင့်သက်သာရှိရင်၊ ကြည့်ရ စိတ်ချမ်းသာရင် ရပါပြီ။ နေရာ သန့်ရှင်းသပ်ရပ်သွားရင် လူလည်း ကြည်လာပါတယ်။ 🚩 လူမှုအသိုင်းအဝိုင်း သန့်ရှင်းတယ် အတူတကွ ရှိနေတာဟာ သက်သောင့်သက်သာ ရှိလို့ပါ။ ပေါင်းသင်းဆက်ဆံရေးက လူသိများတာ နည်းတာနဲ့ မဆိုင်ဘူး.. လိုက်ဖက်ညီမှုပေါ် မူတည်ပါတယ်။ စိတ်ခံစားချက် သက်သောင့်သက်သာရှိတဲ့လူနဲ့မှ မိတ်ဖွဲ့ဖို့ ထိုက်ပါတယ်။ တိုးတက်ကောင်းမွန်ဖို့ အချင်းချင်း အားပေးတတ်ဖို့ လိုပါတယ်။ မြှောက်ပင့်စရာမလို၊ ဖြေရှင်းစရာမလို၊ ဟန်ဆောင်စရာလည်း မလို။ အကောင်းဆုံးဖုန်းရွှေဆိုတာ နေ့ရက်တိုင်း ကိုယ်ရွေးချယ်တဲ့ "သန့်ရှင်းမှု" ဖြစ်တယ်။ ဖတ်မိတဲ့စာတစ်ပုဒ် ဘာသာပြန် မျှဝေပါတယ် Crd 💌 #နိုင်းနိုင်းစနေ
41 ¡
I
ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်က သိပ်အရေးကြီးတယ် အထူးသဖြင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်မချနိုင်သေးချိန် ငယ်သေးတဲ့အချိန်ပေါ့ နေ့တိုင်းကြားနေရတဲ့စကားတွေက ကိုယ့်ကို လွှမ်းမိုးနိုင်တယ် ကိုယ့်ခံယူချက်တွေ ဘ၀တွေကိုပါ ပြောင်းလဲသွားစေနိုင်တယ် ဆယ်ကျော်သက်တုန်းက အဆဲမပါရင် စကားမပြောတတ်တဲ့ မိန်းကလေးတွေနဲ့ နေခဲ့ရဖူးတယ် တစ်ချိန်လုံး အတင်းအဖျင်း ဟိုလူမကောင်းကြောင်း ဒီလူအပုပ်အပွ လူစုံရင် သူ့ဘဲ ကိုယ့်ဘဲအကြောင်း စနိုက်ကြော်တွေအကြောင်းပဲ ပြောကြတယ် အမြင်ကျဉ်းမြောင်းပြီး ပတ်ဝန်းကျင်ကအစ အမြဲဆူညံတယ် နေ့တိုင်း ကြားနေကျလိုဖြစ်လာတော့ ရိုးလာတယ် နေသားကျလာတယ် ဆဲဆိုတာတွေက နားယဉ်လာရင် ကိုယ့်နှုတ်ကပါ အလိုလို ထွက်ရဲလာတာမျိုး။ အဲကနေ နောက်တစ်နေရာပြောင်းပြီး နေတဲ့အခါ တစ်ခြားကမ္ဘာကို ရောက်သွားတဲ့ ခံစားချက်မျိုးရတယ် တိတ်ဆိတ်တယ် ရှင်းသန့်တယ် ငါလိုချင်ခဲ့တဲ့ လူနေထိုင်မှုပုံစံက ဒါပါလားဆိုတဲ့ ခံစားချက် ရလာတယ် ကိုယ့်ရဲ့ နေထိုင်မှုပုံစံဟာလည်း ပြောင်းလဲသွားတယ် လုပ်ငန်းခွင်ရောက်တဲ့အခါ တော်ပြီး ထက်မြက်တဲ့သူ ဥာဏ်ရည်မြင့်သူတွေနဲ့ အလုပ်တွဲလုပ်ရတယ် သူတို့ရဲ့ စကားဝိုင်းတွေက စိတ်ဝင်စားစရာသိပ်ကောင်းတယ် စကားတစ်ခါပြောကြည့်လိုက်တိုင်း အသစ်တစ်ခု သင်ယူလိုက်ရတာချည်းပဲ သူတို့တွေရဲ့ ပြဿနာ တစ်ခုကို ဖြေရှင်းတဲ့ပုံစံတွေ စကားပြောတဲ့ပုံစံတွေ တွေးခေါ်တဲ့ ပုံစံတွေက ကူးစက်လာတယ် အဲတုန်းက အသစ်အဆန်းတစ်ခုခုဆို ကိုယ့်ဘာသာမလုပ်ရဲဘဲ အမြဲ အကူအညီတောင်းတတ်တဲ့ ကျွန်မကို ကိုယ့်ဘာသာ စမ်းလုပ်ကြည့်ဖို့ မကြောက်နဲ့ ဆိုတဲ့ စကားတစ်ခွန်းက mindset ကိုပါ အပြောင်းအလဲ ဖြစ်သွားစေတယ် ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင်ကို ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ #lifeAsJustAFlower #crd_to_owner_with_respect
40 ¡
Фотография
click to show
မိသားစုဆိုတာ ကိုယ်တိုင်ရွေးချယ်လို့ရတဲ့အရာမျိုးတော့ မဟုတ်ပါဘူး။ လူတိုင်းမှာ မတူညီတဲ့ မိသားစုပုံစံတွေနဲ့ ကြီးပြင်းလာကြတာပါ။ မိသားစုတစ်ခုချင်းစီမှာ ပါဝင်တဲ့သူတွေနဲ့ ဖွဲ့စည်းပုံတွေကလည်း မတူညီကြပါဘူး။ ဒီတစ်ခေါက်မှာတော့ မိသားစုအမျိုးအစား (Types of Family) တွေ ဘာတွေရှိလဲ၊ ဘယ်သူတွေပါဝင်လဲဆိုတာ ကေနဲ့အတူလေ့လာကြမယ်။ 3.a Vocabulary #Types of family #lifeAsJustAFlower #LearningW/K
38 ¡
Фотография
click to show
Фотография
click to show
#3.a #Vocabulary #TypesOfFamily
33 ¡
Фотография
click to show
Фотография
click to show
42 ¡
I
Фотография
click to show
အခုပဲ ထွက်ပြေးရတော့မလား အခုပဲ သေရတော့မလားမသိတဲ့ ခေတ်ကြီး က ငါတို့နောက်ဆုံး ပဲ ဖြစ်ပါစေ..
48 ¡
I
Фотография
click to show
“Let me share my running journal”🏃🏻 #ComingSoon #Content@jdlskvzlail_3
30 ¡
Ссылка
click to show
ပန်းက‌ေလး လို့မြင်ရင် ပန်းကလေးပေါ့ ။ ဆူးလို့ မြင်ရင် ဆူးတွေပေါ့ ။ crd "ကိုယ်ဟာကိုယ်ဖြစ်တယ် "ဆိုတဲ့ စကားလေးကို ကေ သဘောကျတယ်။ ။ လူတွေဟာ မင်းဘယ်သူဆိုတာကိုပုံဖော်ပေးတဲ့တယ်ဆို မင်းဟာ မင်း ဘယ်ဟုတ်ပါတော့မလဲ။ သူတို့အမြင် ဟာ သူတို့ရဲ့တွေးနိုင်စွမ်း မြင်တဲ့အမြင်သက်သက်ပါဘဲ ၊ အမြင်ဆိုမှတော့ ဒါက အထင်အမြင်ပေါ့ မင်းလည်းမြင်ဘူးမှာ‌ေပါ့ ကွယ့် လူကြားထည်း တိုးဝေ့ရင်း လမ်းပျောက်ကြတဲ့ သူငယ်တွေလေ ။ သူတို့အမြင်တွေထဲ နစ်ကြတယ်ဆိုတဲ့ လူငယ်တွေလေ None of their options is correct, Only your's သူတို့အမြင်ဆိုတာ သူတို့အတွေ့အကြုံ၊သူတို့ဒဏ်ရာ၊ သူတို့မပြည့်စုံမှုတွေထဲက ထွက်လာတာ။ မင်းရဲ့တန်ဖိုးကို မသတ်မှတ်နိုင်ဘူးမဟုတ်လား။ ပန်းက‌ေလး လို့မြင်ရင် ပန်းကလေးပေါ့ ။ ဆူးလို့ မြင်ရင် ဆူးတွေပေါ့ ။ What ever ဒါဟာ သူတို့အမြင် သူတို့ ဘယ်လောက်အတိုင်းအတာထိတွေးနိုင်ပါတယ် ဆိုတဲ့ lavel ဆိုတဲ့အသိ၀င်မိလာချိန် ။လိုက်ရှင်းပြဖို့ မကြိုးစားမိတော့ဘူး ။ let them ...တွေးပါစေ ။ ချစ်ခြင်းဖြင့်ကေ January 12 2026 https://t.me/jdlskvzlail_3
25 ¡
Фотография
click to show
🚨🚨🚨 Ptpth ၏ Admin , Youth Sector channel ၏ content writer ဖြစ်သူ Youn (Audrey) ၏ Facebook account သည် အမည်မသိသူတစ်ဦး၏ ဝင်ရောက်ယူသုံးခြင်းခံရကာ နီးစပ်သူများအား စကားပြောဆိုခြင်းများပြုလုပ်နေပါသည်။ ဤအကောင့်အား အဆင်ပြေသူများအနေဖြင့် ဝိုင်းဝန်း report ထုပေးကြပါရန်နှင့် အဆိုပါအကောင့်နှင့်ပက်သတ်၍ ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက Admin Youn နှင့် လုံးဝမသက်ဆိုင်ပါကြောင်း အသိပေးအပ်ပါသည်။
87 ¡
I
Фотография
click to show
ကေ အရင်က ရေးခဲ့ဖူးတဲ့ စာလေးတွေကို ပြန်မပြုပြင်ဘဲ သိမ်းထားရတာ သဘောကျတယ်။ တချို့ အတွေးအခေါ်တွေ၊ အရေးအသားတွေဟာ ရေးခဲ့တဲ့ အသက်အရွယ်ရဲ့ အသိပညာကို ရောင်ပြန်ဟပ်နေတတ်တာမို့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်တဲ့အခါ အရင်က ဖန်တီးခဲ့ဖူးတဲ့ စာလေးတွေကို ပြန်တွေ့ရင် “အခုအသက်အရွယ်က ကေဟာ အရင်က ကေထက် အသိပညာတွေ ပိုတိုးတက်လာပါလား” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မြင်မိစေတယ်။ အရင်ကရေးခဲ့တာတွေကို မပြည့်စုံလို့ ဖျက်ပစ်မယ့်အစား အဲ့ဒီအချိန်က ကေ ဘယ်လောက်သိခဲ့လဲ၊ ဘယ်လိုတွေးခဲ့လဲဆိုတာကို မှတ်တမ်းအဖြစ်ထားတယ်။ ဒါကြောင့် ကေ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရင်း အရင်က ရေးခဲ့ဖူးတဲ့ စာလေးတွေကို ပြန်မျှဝေပေးပါရစေ။ _ဂျူး _K
32 ¡
I
ငါတို့ ဘ၀မှာ ကြောက်ဖို့လိုတဲ့အရာတွေရှိတယ်။ မင်းကို သူတို့ အလိုမကြတော့တဲ့အခါ ဖြစ်‌ေပါ်လာမဲ့ လူတွေရဲ့စိတ်ဘဲ ။ ကြောက်ဖို့‌အကောင်းဆုံးဘဲ၊ ကြောက်ရမယ် ။ အဲ့ဒီ့အရာ တွေရဲ့ အဝေး ပြေးနိုင်သမျှ‌ေ၀း‌ေ၀း‌‌ေပြးရမယ်။ -K 25/5/2025
30 ¡
မကြိုက်လို့ မပတ်သက်တော့ဘူးမလား။ ပြီးပြီ။ သူဘာဖြစ်နေလဲ လိုက်စပ်စုတာမျိုး၊ Profile လိုက်ကြည့်တာမျိုးနဲ့ ဖြစ်ကြောမရှည်နဲ့။ - Meeting မှာ ကိုယ့်အကြံဉာဏ်ကို ပယ်ချခံရသလား။ အကြောင်းရင်းမေး၊ အချက်အလက်ပြင်။ မျက်နှာပျက်ပြီး စိတ်တိုနေရင်း ဖြစ်ကြောမရှည်နဲ့။ - မကြိုက်တဲ့ အလုပ်က ထွက်ပြီးပြီလား။ အလုပ်အသစ်ရှာ။ အရင်အလုပ်က သူဌေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေအကြောင်း အပုပ်ချရင်း ဖြစ်ကြောမရှည်နဲ့။ - ညဘက် အိပ်မရဘဲ ဖုန်းပွတ်နေမိသလား။ ဖုန်းကို အဝေးမှာထား၊ မျက်လုံးမှိတ်လိုက်။ "ဒါလေးတစ်ပုဒ်ပဲ ကြည့်တော့မယ်" ဆိုပြီး ဖြစ်ကြောမရှည်နဲ့။ - ပစ္စည်းတစ်ခု ဝယ်ချင်နေတာလား။ ကိုယ့်ဘတ်ဂျက်နဲ့ ကိုက်ရင်ဝယ်၊ မကိုက်ရင် လှည့်မကြည့်နဲ့။ ဈေးနှုန်းတွေ လိုက်ကြည့်ပြီး နှမြောတသဖြစ်နေရင်း ဖြစ်ကြောမရှည်နဲ့။ - ကိုယ့်နောက်ကွယ်မှာ အတင်းပြောတာ ကြားရလား။ ဆက်ဆံရေးကိုဖြတ်လိုက်၊ အရေးမပါတဲ့သူတွေမို့ ထားခဲ့လိုက်။ လိုက်ရှင်းပြပြီး ရန်ဖြစ်နေရင်း ဖြစ်ကြောမရှည်နဲ့။ - ကိုယ့်အရည်အချင်းကို စော်ကားခံရလား။ ရလဒ်နဲ့ပဲ စကားပြောလိုက်။ ပါးစပ်နဲ့ လိုက်ငြင်းခုံပြီး အားအင်ကုန်မခံနဲ့၊ ဖြစ်ကြောမရှည်နဲ့။ - အပေါင်းအသင်း တစ်ယောက်ကို စွန့်လွှတ်လိုက်ပြီလား။ ကိုယ့်ဘဝကို ရှေ့ဆက်။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာကို ဘေးလူတွေလိုက်ရှင်းပြနေရင်း ဖြစ်ကြောမရှည်နဲ့။ ဒီလိုပြောတယ်ဆို အရာအားလုံး မရှင်းပဲ ထားခဲ့ခိုင်းတာမဟုတ်ဘူး။ ထားပြီး လျစ်လျူရှုလိုက်လို့မရတဲ့ အခိုက်အတန့်တွေမှာဆို အလိမ္မာနဲ့ရှင်း။ ရှင်းစရာရှင်း ပြီးရင် မလိုတာတွေနဲ့ Drama cycle ထဲမှာ ဝေ့မနေအောင် စိတ်ကို ဖြတ်ခိုင်းတာဖြစ်တယ်။ အဲလိုမလုပ်နိုင်သရွေ့ “လူတွေက toxic များလိုက်တာ။” လို့တွေးနေပေမဲ့ Toxic များတာက ကိုယ်ဖြစ်မှန်းမသိ ဖြစ်နေတတ်တယ်။ စိတ်မဖြတ်နိုင်ရင် အကောင်းဆုံးထားသင့်တဲ့ mindset က “လောကကြီးက ငါ့ကို ဦးတည် လည်ပတ်နေတာမဟုတ်သလို ဘယ်သူကမှ ဘယ်သူမရှိလို့ ရပ်တည်သွားတယ်ဆိုတာမရှိဘူး။” ဆိုတာပဲ ဖြစ်တယ်။ စိတ်တွေအေးချမ်းကြပါစေကွယ်။#crd_to_owner_with_respect
35 ¡
I
Фотография
click to show
“Don’t worry, flowers aren’t born at the same time.” Life as just a flower _K
34 ¡
သူ့ကြောင့် ကိုယ်ဟာ ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာချင်တယ် ။ ကိုယ့်ကြောင့် သူဟာ ပိုပြီး ထက်မြက်တဲ့ လူတစ်ယောက် ဖြစ်လာစေချင်တယ် ။ ကိုယ်သတ်မှတ်ထားတဲ့ Relationship goal ဟာ ဒါပါပဲ ။ လူတစ်ယောက်ကို ချစ်မိလို့ ကိုယ့်ရဲ့ တက်လမ်းတွေ ၊ ကိုယ်ကျင့်သိက္ခာတွေဟာ ဆုတ်ယုတ် ပျက်စီးရတယ် ဆိုရင် ချက်ချင်း လွှတ်ချပစ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး ။ နာကျင်ရရင်တောင် လူမှန် ၊ နေရာမှန် မဟုတ်သေးဘူးလို့သာ သတ်မှတ်ပြီး စွန့်လွှတ်ခဲ့မိမှာ ။ ကိုယ့်ကြောင့်လည်း သူ့ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းတွေမှာ အနှောင့်ယှက်မဖြစ်စေရဘူး ။ ဒါဟာ အတ္တကြီးတာ မဟုတ်သလို … တကယ် မချစ်လို့လဲ မဟုတ်ရပါဘူး ။ ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်ချင်သူပါ ရည်မှန်းချက်ကြီးကြီးနဲ့ နေထိုင်သူပါ ရှင်းရှင်းပြောရရင် ဘယ်တော့မှ မဆင်းရဲချင်သူပါ ဒါ့ကြောင့် အများကြီး အပင်ပန်းခံပြီး အများကြီး ကြိုးစားနေပါတယ် ။ သူ့ကိုလဲ ကိုယ်လို လူတစ်ယောက် ဖြစ်စေချင်ပါတယ် ။ လူဆိုတာ တန်ရာ တန်ရာပဲ ရတယ်မဟုတ်လား ဒါ့ကြောင့် မမှီနိုင်တဲ့ အမြင့်ကြီးကို မမှန်းသလို … ကိုယ့်ရဲ့ စံနှုန်းတွေနောက် လိုက်မလာနိုင်သူကိုလဲ ဆက်ခေါ်မသွားနိုင်ပါဘူး ။ ကိုယ်နဲ့အတူ တိုးတက်ဖို့ စိတ်အားထက်သန်သူကို လိုချင်ပါတယ် ။ ရင့်ကျက်တဲ့ လူတစ်ယောက်နဲ့ မေတ္တာမျှချင်ပါတယ် ။ ဘဝရဲ့ တက်လမ်းတွေအတွက် ကြိုးစားရင်းပဲ ချစ်သွားချင်ပါတယ် ။ မရရင်လည်း အပျိုကြီးပေါ့ #crd_to_owner_with_respect
19 ¡
Archive by month
Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About ¡ FAQ ¡ What we do not do ¡ Remove a page ¡ Catalog