ဟိုဒိုင်ဗီယာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆို မုစ်လင်မ်တွေဘက်က တဖက်စောင်းနင်း စည်းကမ်းတွေသတ်မှတ်ခံခဲ့ရတယ် တမန်တော်လိုက်ရောပေးခဲ့တယ် ဟဇရသ်အုမရ်က ဒေါသထွက်လွန်းလို့ တမန်တော်ကို စောဒကတက်ခဲ့တယ် ကျွန်နော်တို့က အမှန်တရားပေါ်မှာရှိနေကြတာမဟုတ်ဘူးလားလို့။ ဒါပေမယ့် အဲ့စစ်ပြေငြိမ်းစာချုပ်ကြောင့် မုစ်လင်မ်နဲ့ကာဖိရ်တွေရောထွေးနေထိုင်ခွင့်ရသွားတယ် အဲ့မှာ မုစ်လင်မ်တွေရဲ့ စာရိတ္တမွန်တွေကိုတွေ့ပြီး အစ္စလာမ်ထဲကို အလုံးအရင်းနဲ့ဝင်လာကြတယ် ဒါကိုကြည့်ပြီး ဟဇရသ်အုမရ်က အော် ငါတမန်တော်ကို စောဒကတက်မိတာ နောင်တအကြီးအကျယ်ရမိတယ် တကယ်တော့ လူများစွာ အစ္စလာမ်ထဲဝင်လာရတဲ့ အကြောင်းတရားက ဒီစာချုပ်ကြောင့်ပါလားဆိုတာကို အခုမှသဘောပေါက်တယ်လို့ပြောခဲ့တာ