ChatCrawlersearch across public Telegram Open the app
💬

💬🕋 𝐌𝐮𝐬𝐥𝐢𝐦 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝑮𝒓𝒐𝒖𝒑 🕋💬

479 members
20 July 2026
I
ဆရာနုဆ်ွရ်၏ ကြိုမိန့်ကြားချက်ပေါ့
I
ဆိုလိုတာက လူများစွာ အစ္စလာမ်ထဲဝင်လာတာဟာ စစ်ပွဲတွေကြောင့်လည်းမဟုတ်သလို ဓားမိုးပြီး ပြန့်ခဲ့တဲ့သာသနာမဟုတ်ပါဘူး ငြိမ်း‌ချမ်းရေးကိုဦးစားပေးပြီး သည်းခံခဲ့ခြင်းသာဖြစ်တယ်။ ဒါလေးကိုမေးတာပါဗျ
I
ဆျာမတွေ
I
အဓိက ဆွဗရ်လုပ်ခြင်းရဲ့ အကျိုး
I
မှန်ပါတယ် အားလုံးဝိုင်းဝန်းစဉ်းစားဖြေပေးကြလို့ Allah ရှင်အစားပေးတော်မူပါစေ အိလ်မ် မှာ ဗရကသ်ပေးတော်မူပါစေ။
📌အဗ်ဒွလ္လာဟ် ဗင်န် ဟုဇာဖဟ်စဟ်မီ💚 အပိုင်း2️⃣ အဗ်ဒွလ္လာဟ်ဗင်န်ဟုဇာဖဟ်💚 သည် မိမိ၏ခရီးဆောင်ပစ္စည်းများကိုပြင်ဆင် ကာ မိမိ၏ဇနီးနှင့်သားသမီးများကို နှုတ်ဆက်သည်။ တောင်များကိုတက်လှမ်းကာ ချိုင့်ဝှမ်းများကိုဖြတ်သန်းကာ တစ်ကိုယ်တည်းခရီးထွက်ခဲ့သည်။ သူနှင့်အတူ အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားမည်သည့်အဖော်မျှမပါခဲ့။ ထို့နောက် ပါရှား နိုင်ငံသို့ရောက်ရှိသောအခါ၊ ပါရှားဘုရင် ကိစ္စရာထံ ဝင်ရောက်ခွင့်တောင်းခံခဲ့ပြီး၊ မိမိသယ်ဆောင်လာသောစာကို ဘုရင်၏ အနီးကပ်အမှုထမ်းများအား အသိပေး ခဲ့သည်။ ထိုအခါ ကိစ္စရာသည် မိမိ၏အဆောင်ကြီးကို အလှဆင်ရန်အမိန့်ပေးခဲ့ပြီး၊ ပါရှားနိုင်ငံ၏အကြီးအကဲများကို မိမိ၏အစည်းအဝေးသို့တက်ရောက်ရန် ဖိတ်ခေါ် ခဲ့သည်။ ထို့နောက် အဗ်ဒွလ္လာဟ်ဗင်န်ဟုဇာဖဟ် 💚 အား မိမိထံဝင်ရောက်ခွင့် ပြုခဲ့သည်။ အဗ်ဒွလ္လာဟ်ဗင်န်ဟုဇာဖဟ်💚 သည် ပါရှားဘုရင်ကိစ္စရာထံသို့ သူ၏ ပါးလွှာသောဝတ်ရုံနှင့် ထူထဲသောအပြင်ဝတ်ကိုဝတ်ဆင်ကာ အရဗ်လူမျိုးတို့၏ ရိုးရှင်းသောဝတ်စားဆင်ယင်မှုဖြင့် ဝင်ရောက်လာခဲ့သည်။ သို့သော်သူသည် ကိုယ်ဟန်မှာမြင့်မားပြီး မားမားမတ်မတ်ရှိသည်။ သူ၏ ရင်တွင်းတွင် အစ္စလာမ်၏ ဂုဏ်သိက္ခာသည် တောက်လောင်နေပြီး၊ သူ၏ နှလုံးသားတွင် အီမာန်ယုံကြည်မှု၏မာန်မာနသည် လင်းလက်နေသည်။ ကိစ္စရာသည် သူ့ထံသို့ချဉ်းကပ်လာသော အဗ်ဒွလ္လာဟ်ဗင်န်ဟုဇာဖဟ်💚ကိုမြင်သောအခါ၊ သူ၏လူတစ်ဦးအား စာကို သူ၏လက်မှယူလိုက်ရန် အမူအရာပြခဲ့သည်။ ထိုအခါ အဗ်ဒွလ္လာဟ်ဗင်န်ဟုဇာဖဟ် က💚မဟုတ်ပါ၊ တမန်တော်မြတ်⏩️က ကျွန်ုပ်အား ဤစာကို သင့်လက်သို့တိုက်ရိုက်ပေးအပ်ရန် အမိန့်ပေးထား ပါသည်။ ကျွန်ုပ်သည် တမန်တော်မြတ်⏩️၏ အမိန့်ကိုမဖီဆန်နိုင်ပါ” ဟု ပြောကြားခဲ့သည်။ ထိုအခါ ကိစ္စရာက သူ၏လူများအား ‘သူ့ကို ငါ့ထံသို့ ချဉ်းကပ်ခွင့်ပြုလိုက်ပါ' ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် အဗ်ဒွလ္လာဟ်ဗင်န်ဟုဇာဖဟ်💚သည် ကိစ္စရာထံ သို့ချဉ်းကပ်ကာ စာကိုသူ၏လက်သို့ပေးအပ်ခဲ့သည်။ ထို့နောက် ကိစ္စရာသည် ဟီရာမြို့သား အရဗ်စာရေးဆရာတစ်ဦးကို ခေါ် ယူကာ၊ စာကို ရှေ့တော်မှောက်တွင်ဖွင့်ခိုင်းပြီး ဖတ်ပြရန်အမိန့်ပေးခဲ့သည်။ စာတွင် ဤသို့ရေးသားထားသည်။ အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။ ထိုအရှင်မြတ်သည် မဟာကရုဏာတော်ရှင်၊ သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူသည်။ အလ္လာဟ်အရှင်မြတ်၏တမန်တော် မုဟမ္မဒ် မှ ပါရှားဘုရင် ကိစ္စရာထံသို့၊ တရားလမ်းမှန်ကို လိုက်နာသူအပေါ် ငြိမ်းချမ်းသာယာမှုရှိပါစေ..” ကိစ္စရာသည် ဤစာကို ဤမျှထိကြားလိုက်ရသည်နှင့်တပြိုင်နက်၊ သူ
75 ·
Архив по месяцам
Open in Telegram Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog