Photo
click to show
click to show
မိမိကိုယ်ကို သတ်လိုက်ပါ
လူတစ်ယောက်၏ဘဝတွင် အချို့သောသေဆုံးမှုများသည် ဝမ်းနည်းစရာမဟုတ်ပေ။ အချို့သောသေဆုံးမှုများသည် ပြန်လည်မွေးဖွားခြင်း၏အစသာဖြစ်သည်။ လူတို့သည် သေခြင်းကိုကြောက်ကြသည်။သို့သော် သူတို့မသိကြသည်မှာ ဘဝထဲတွင် မသေသင့်သောအရာများရှိသကဲ့သို့ သေသင့်သောအရာများလည်းရှိနေသည် ဆိုသောအချက်ပင်ဖြစ်သည်။ ကျွန်တော်တို့၏ကိုယ်စိတ်နှလုံးအတွင်း၌ လူတစ်ယောက်ရှိသည်။ သူသည် အားငယ်တတ်၏။ သူသည် အိပ်မက်ကိုချစ်သော်လည်း နာကျင်မှုကိုမုန်းသည်။ သူသည် တောင်ထိပ်သို့ရောက်လိုသော်လည်းတောင်တက်ရသောပင်ပန်းမှုကိုမလိုချင်။ သူသည် မိုးရွာနေသောနေ့တိုင်း ကံကြမ္မာကိုအပြစ်တင်တတ်ပြီးနေမထွက်သောမနက်တိုင်း လောကကြီးကိုမတရားဟုထင်တတ်သည်။ ကျွန်တော်တို့ကို အရင်ဆုံးဖျက်ဆီးသောအရာမှာ ဆင်းရဲခြင်းမဟုတ်ပေ။အထီးကျန်ခြင်းမဟုတ်ပေ။လောက၏ရက်စက်မှုလည်းမဟုတ်ပေ။ ကျွန်တော်တို့ကိုယ်စိတ်နှလုံးအတွင်းက အားနည်းသောလူပင်ဖြစ်သည်။ အချို့လူများသည် ရန်သူတစ်သောင်းကိုအနိုင်ယူနိုင်ကြသည်။ သို့သော် “ငါမလုပ်နိုင်ဘူး” ဟူသောစကားတစ်ခွန်းကို အနိုင်မယူနိုင်ကြချေ။ အချို့လူများသည်ကမ္ဘာကြီးကိုနားလည်ရန်ကြိုးစားကြသည်။ သို့သော် ကိုယ့်ကိုယ်ကိုမနားလည်ကြ။ထို့ကြောင့် တစ်ခါတစ်ရံ သင့်ဘဝကိုကယ်တင်ရန် သင်လုပ်ရမည့်အရာသည် ကိုယ့်ကိုယ်ကိုချစ်ခြင်းမဟုတ်။ ကိုယ့်ထဲက လူတစ်ယောက်ကို သတ်ပစ်ခြင်းဖြစ်သည်။ ကလေးဆန်သောမာနကို သတ်လိုက်ပါ။ ဝေဖန်မှုအနည်းငယ်ကြောင့် ကိုယ့်တန်ဖိုးကိုသံသယဝင်တတ်သောစိတ်ကို သတ်လိုက်ပါ။ တချို့တော့ဘဝ၏ဒဏ်ရာများသည် ကျွန်တော်တို့၏ ကလေးဆန်မှုနဲ့ရင့်ကျက်မှုမရှိသော ပုံစံကို သတ်ပစ်ရန်အထောက်အပံ့ပေးနေသည်။ အမြဲနောက်ကျသောနောင်တများနှင့် အမြဲမစရသေးသောအိပ်မက်များကို ရင်ဘတ်ထဲတွင်မွေးထားသောလူကို သတ်လိုက်ပါ။ ဘာကြောင့်ဆိုသော် သစ်ပင်တစ်ပင်သည် ရွက်ဟောင်းများကိုမစွန့်လွှတ်လျှင် ရွက်သစ်များမပေါက်နိုင်။ လူတစ်ယောက်သည်လည်း ကိုယ်ဟောင်းကိုမသင်္ချိုင်းပို့လျှင် ကိုယ်သစ်ဖြစ်မလာနိုင်။ ရင့်ကျက်ခြင်းဆိုသည်မှာ အသက်အရွယ်တိုးလာခြင်းမဟုတ်ပေ။ နာကျင်မှုများကို မုန်းတီးခြင်းမရှိဘဲနားလည်လာခြင်းဖြစ်သည်။ မရနိုင်သေးသောအရာများကြောင့် လောကကိုမုန်းမည့်အစား ရနိုင်မည့်ကိုယ့်ကိုယ်ကိုတည်ဆောက်လာခြင်းဖြစ်သည်။ ထို့ကြောင့်… သင်ပင်ပန်းနေပါက လဲကျပါ။ သို့သော် အားငယ်သောစိတ်ထဲတွင် အိမ်မဆောက်ပါနှင့်။ သင်နာကျင်နေပါက ငိုပါ။ သို့သော် မိမိကိုယ်ကိုသနားခြင်း၌ ဘဝမမြှုပ်နှံပါနှင့်။ ပြီးလျှင်… တိတ်တိတ်လေးကိုယ့်ထဲက အားနည်းသောလူကိုသ
Kristof · 2 · 338 ·