2 August 2026
ပြန်လာချင်လို့ ပြန်လက်ခံ
လိုက်ရခြင်း မဟုတ်ပါဘူး
အစထဲကမပြတ်သားနိုင်ခဲ့လို့
ပြန်လည်လို့လက်ခံရခြင်းသာ
ဖြစ်ပါတယ်။
-ချယ်🌸
674 · 3 August 2026
ဘူတာရုံလေး
အချစ်က တစ်ယောက်တည်းကိုပဲ
တစ်သက်လုံး ရွေးတင်သွားတဲ့ ရထားလေ
အဲ့ဒီရထားဟာ ဘယ်ဘူတာမှာ
မှားရပ်မိမလဲဆိုတဲ့စိတ်အတွေးမျိုးတော့
ကျွန်မမှာ မရှိခဲ့ဖူးပါဘူးမောင်ရယ်
ကျွန်မကိုယ်တိုင်က ဘူတာမှားဆင်းမိတာလည်းဖြစ်ရင်ဖြစ်မယ်
မောင်ကိုယ်တိုင်က ကျွန်မကိုတစ်သက်လုံးစာအတွက်
မရွယ်ချယ်ခဲ့တာလည်းဖြစ်ရင်ဖြစ်မယ်
အခု မောင်ကတော့
အဲ့ဒီပြန်မလာသံလမ်းတွေပေါ်မှာ
ပျော်ပျော်ကြီးဆက်လက်ရွေ့လျားချင်နေတုန်းပဲဆိုတာလည်း
ကျွန်မသိပါတယ် မောင်
လက်ပြနှုတ်ဆက်ခဲ့ရတဲ့ဘဝမှာ
ကျွန်မအသားကျအောင်
ဘယ်လောက်ကြိုးစားခဲ့ရလဲဆိုတာ...
ဘူတာရုံလေးမှာ ရထားကလွဲပြီး
သူ့မှာ အခြားမျှော်စရာ
ဘာမှမရှိဘူးဆိုတာ
အဝေးကိုထွက်ခွာသွားတဲ့ရထားလေးတစ်စင်းဆီ
ကျွန်မသတင်းစကား
ပါးခဲ့ဖူးပါကြောင်း ။
▪️စာတိုငဖြူ
မောင်ရေခဲကြောင့်ပူပူနွေးနွေးကွဲတဲ့ကျွန်မအသည်း အွန်လိုင်း စာအုပ်မှ
မြန်မာငွေငါးထောင်ကျပ်ဖြင့်
ရောင်းချပေးမဲ့ ထိုpdf File လေးကို
ဒီအကောင့်လေးမှာ👉 @SartoNgaphyu
ဝယ်ယူအားပေးနိုင်ပါပြီ...။
739 · နမ်းရှိုက်ခဲ့ဖူးတဲ့ ဆံနွယ်ဟာ
ခုတော့ မာနပန်တစ်ကုံးနဲ့
ဣန္ဒြေရရဆံထုံးထုံးလို့
-မြတ်နွယ်
644 · 4 August 2026
အမေမလွမ်း မျက်ရည်မသမ်း
စမ်းတဝါးဝါးရေးတဲ့ ကဗျာ
နှလုံးသားနဲ့တော့ ခဲတံချွန်ခဲ့ရပါသတဲ့။
ဒီကဗျာကတော့ မစစ်ဘူး
-ကဗျာဆိုတာ
-မြတ်နွယ်
527 · Фотография
click to show
click to show
ညနေခင်း
ဒီနေ့
ငါ့အိပ်ယာကစောစောနိုးလာတယ်
လက်ကောက်၀တ်ကိုကြည့်လိုက် တော့
သံချေးတတ်နေတဲ့ အရိုးကို တွေ့တယ်
ဒွိဟကိုပြန်ကြည့် တော့လည်း ကြက်ခြေခတ်
တွေပုံထားတဲ့ စိတ်ကို တွေ့တယ်
လျင်လျင်မြန်မြန်ပဲ
အသစ်ချွတ်ချွတ်စိတ်ကို ငါကောက်စွတ်တယ်
ထုံးစံအတိုင်း မရယ်တတ်တော့တဲ့လက်ဆွဲအိတ်ကိုဆွဲ ဆင်ခြင်တုံ့တရားလမ်းမကြီးဆီ လမ်းလျောက်ထွက်ခဲ့တယ်
နှိုးစက်ကလေးကိုလက်ဆွဲပြီး
သဘာ၀တရားနဲ့ လိင်ဆက်ဆံတယ်
အချိန်သေတွေ ငါ့ကိုကျော်ခွပြီး
စကြာ၀ဠာကြီးရဲ့ အမှောင်ဆီ လက်လှမ်းခဲ့တယ်
အုတ်နီခဲနီနီတွေနဲ့ ခင်းထားတဲ့ ဂြိုလ်ပတ်လမ်း
ပေါ် ငါဟာအပြေးအလွှား
တံတား လေး ဟာ မြစ်ကိုမဖြတ်ပဲ
ကောင်းကင်ကိုကျော်သွားခဲ့တယ်
ပေါ ချောင် ကောင်း နှစ်တွေဟာ
အကောင်းစားဝိုင်တခွက်ဖြစ်ခဲ့တယ်
-ရိမ်း
-ညနေခင်း
612 · 5 August 2026
Фотография
click to show
click to show
အဲ့ဒီ အချိန်လေးကို ပြန်လိုချင်တယ်
ဘာပဲ ဖြစ်ဖြစ် မင်းလက်လေး
ဆုပ်က်ိုင်ထားပြီး...
တစ်လောကလုံးကို ကျောခိုင်းထားနိုင်တဲ့
အင်အားမျိုးရလည်း နည်းလား ။
-စာတိုငဖြူ
677 · မရွာဖြစ်တော့မယ့်မိုးကို
သယ်ထားရတဲ့ တိမ်တိုက်ဟာ
အလေးလံဆုံးပါ အချစ်ရယ်။
-မြတ်နွယ်
664 · ဆရာဝန်ဆေးစာ မပါ
နှလုံးသားအလေးသာရာ အတိုင်း
ကိုယ့်ကျန်းမာရေးဟာ
မင်းဝင်သက်ထွက်သက်ပေါ်မှာ။
-မြတ်နွယ်
585 · 6 August 2026
မျက်ရည်ဟာ ပင့်သက်ကိုတိုးဝှေ့မယ့်
ရုံတင်ကားအတွက် မှောင်ခိုလက်မှတ်ပေါ့
-မြတ်နွယ်
473 · စာတိုငဖြူရဲ့ "မောင့်ရေခဲကြောင့် ပူပူနွေးနွေးကွဲတဲ့ကျွန်မအသည်း" ကို ကျွန်တော် laboratory ဆန်ဆန် ခွဲစိတ်စမ်းသပ်ထားပါတယ်။ Logic တစ်ခုတည်းနဲ့ မဟုတ်ဘဲ reader-response criticism (စာဖတ်သူအပေါ်သက်ရောက်မှု့)၊နဲ့ postmodern reading တွေကိုပါ ထည့်သွင်းပီး ပြောသွားမှာပါ။
ကဲ let' start guys
ပထမဆုံးပြောရရင် ဒီ E-book က ကျစိမ့်တစ်ခွက်လို မျှတတဲ့အရသာရှိတယ်။ Minimalism၊ lyricism၊ fragmentation(ချိုးဖျက်ရေးနည်း) နဲ့ narrative poetry ကို balance ကောင်းကောင်းနဲ့ ရောစပ်ထားတာ တွေ့ရတယ်။
Pure surreal လို့ ပြောလောက်အောင် dream logic မပြင်းပေမယ့် emotional surrealism(မင်းတို့မခံစားရရင် အဲ့တာ၀မ်းပိတ်နေလို့ပဲ)ကိုတော့ ခံစားရတယ်။
Motif တစ်ခုအနေနဲ့ "မောင်" ဆိုတဲ့ နာမ်စားကို တစ်အုပ်လုံးရဲ့ structural backbone(တည်ဆောက်မှု့ကြောရိုး)အဖြစ် တည်ဆောက်ထားတယ်။ အစပိုင်းမှာ လူတစ်ယောက်လို ဖတ်မိစေပေမယ့် နောက်ပိုင်းရောက်လာတဲ့အခါ "မောင်" ဟာ memory လား၊ absence လား၊ private signifier လား၊ ဒါမှမဟုတ် narrator ရဲ့ inner consciousness (ဇာတ်ကောင်ရဲ့ခံစားမှု့ဘာညာစမာကလာEtc...)ကိုယ်စားပြုတဲ့ symbol လားဆိုပြီး multiple interpretation(meaningအမျိုးမျိုးထွက်လို့ရတယ်) တွေ ဖွင့်ပေးနိုင်တယ်။ ဒီ ambiguity(မရှင်းလင်းမှု့/ရီဒါကို အဓိပ္ပါယ်ဖွင့်ခိုင်းချင်း)ကပဲ reader ကို active participation လုပ်စေတယ်။(ငါအပိုပြောတယ်ထင်ရင် ဖတ်ကြည့်ကွာ)
လူအများစုက ကဗျာကောင်းဆိုရင် ဝေါဟာရခက်ခက်၊ စကားလုံးအများကြီး သုံးရမယ်လို့ ထင်တတ်ကြတယ်။ ဒါပေမယ့် ဒီစာအုပ်ကတော့ love language နဲ့ပဲ emotional density ကို ဖန်တီးပြထားတယ်။ Vocabulary အနည်းငယ်နဲ့ impact အများကြီးရအောင် ရေးနိုင်တာက ဒီစာအုပ်ရဲ့ အားသာချက်တစ်ခုပါ။(သောက်ပြစ်
ပြောဖို့မတွေးနဲ့အုံးသားကြီး ဆုံးအောင်ဖတ်)
Sensibility ကလည်း တစ်ပုဒ်ချင်းစီမှာ consistency ရှိတယ်။ Feminine voice(မိန်းမရှု့ထာင့်/အတွေး)ကိုအစကနေအဆုံးထိ control မပျက်ဘဲ ထိန်းထားနိုင်တယ်။ မိန်းမ narrator ရဲ့ emotion ကို hyper bole(အမှန်ထပ် ပိုများအောင်ချဲ့ကားချင်း)မဖြစ်အောင် restraint နဲ့ ရေးထားတာ သဘောကျတယ်။(ဖိုဝါဒီဇွတ်လုပ်ေနတဲ့ မင်းတို့ကတော့ မကျလောက်ဖူး)
Imagery ပိုင်းမှာလည်း တီရှပ်၊ ရေခဲ၊ မျက်ရည်၊ ဖန်ခွက်လို နေ့စဉ်အသုံးအဆောင်တွေကို emotional landscape အဖြစ် ပြောင်းသုံးထားတာ တွေ့ရတယ်။ အထူးသဖြင့် ၁၉ ပုဒ် မြောက်ကိုကျွန်တော်အရမ်းသဘော
576 · ကိုယ့်လှေငယ်လေး
မင်းခြေဖဝါးမှာကမ်းကပ်ဖို့
အဖန်တရာနဲ့ မလုံလောက်ခဲ့ရင်
သံသရာထိ ကိုယ်ကူးခတ်ခဲ့မယ်။
-မြတ်နွယ်
523 · 7 August 2026
8 August 2026
"ဆယ်ကျော်သက်ဆိုတာ
ဘဝရဲ့ အလှပဆုံးနဲ့
အမိုက်မဲဆုံးဖယ်ရီတေးတစ်ခု"
ဆေးထည့်မှ ပိုဆိုးတတ်တဲ့
ဒဏ်ရာဆိုတာရှိတယ် ကလေးငယ်
အလွမ်းဆိုတာ အနာစိမ်းပေါ်အရက်ပြန်လောင်းခြင်းပဲ
အတိတ်ကို အတိတ်လိုမထားရင်
သာယာမှုဟာအတိုက်စားခံကမ်းပါးပေါ့
ကလေးငယ်
ကိုယ်တို့ရဲ့ ကတိတွေဟာ ကုန်းကျော်တံတားကိုမကျော်န်ိုင်တဲ့ ခြေကျိုးတစ်ကောင်လို
နှစ်ယောက်တဘဝဆိုတာ
ဆယ်ကျော်သက်ခုနှစ်ရဲ့
တထောင့်တညပုံပြင်သက်သက်ပါ
ကလေးငယ်
စိတ်ကူးနဲ့ သွားဖူးတဲ့ခရီးတွေ
သက်စွန့်ဆံဖျားအဖိုးတန်ညနေတွေကို
မင်းစေတိသိက်မှာ မြေမြှုပ်ပါ။
ပြန်မလည်တော့မယ့် နာရီတစ်လုံးရယ်
ပြန်မလာတော့မယ့် ရထားတစ်စင်းရယ်
ကိုယ့်ဟင်းခွက်ကိုယ်အဆိပ်ခတ်မိတဲ့ရက်တွေရယ်
ဝေးဝေးကိုပြေးပါ
ဝေးဝေးကိုငေးပါ
ဖိနပ်မပါတဲ့ဘဝမှာ
ခြေဗလာနဲ့မခုန်ချင်စမ်းပါနဲ့
ကလေးခြေဖျား နုလှတယ်
မမိုက်မဲပါနဲ့ ကလေးငယ်
ဖြစ်ချင်တိုင်းဖြစ်ခွင့်မရှိတာတွေဟာ
တကယ်ရှိခဲ့ပါတယ်
စီးကရက်သောက်ဖို့မီးခြစ်မရှိတဲ့အခါ
ကိုယ်တ်ိုင်မီးပုံထဲဆင်းညှိနေသလို
မင်းဟာ သိပ်မိုက်မဲတယ် ကလေးငယ်
မမိုက်မဲပါနဲ့
ဖြစ်ချင်တိုင်းဖြစ်ခွင့်မရှိတာတွေရှိတယ်
ဒါကိုဘဝနဲ့ရင်းပြီး ကိုယ်ငိုပြောမယ်
မိုက်မဲမိတိုင်း အရင်လိုဆူမယ့်ကိုယ်
မရှိတဲ့အခါ ကိုယ့်ကိုမေ့ပါ
မဟုတ်သေးဘူး
ကိုယ့်ကိုမုန်းပါ။
ဆယ်ကျော်သက်ဆိုတာ
ဘဝရဲ့ အလှပဆုံး
အမိုက်မဲဆုံးဖယ်ရီတေးတစ်ခုပါ
မင်းကိုရည်ညွှန်းတဲ့ကဗျာတွေကို
မဖတ်မိပါစေနဲ့ ကလေးငယ်
အမိုက်ရိုင်းဆုံးကျမ်းစာတစ်စောင်၊
မျက်နှာပြောင်အတိုက်ဆုံးကံကြမ္မာနဲ့
ကြွေမွသွားတဲ့ မင်းနှလုံးသားအတွက်
ရည်ညွှန်းပါတယ်
မဖတ်မိပါစေနဲ့ ကလေးငယ်
-မြတ်နွယ်
-၈ရက်၈လ၈နာရီမှာ
မင်းအတွက်ရေးတဲ့ကဗျာ
420 · id 2456932193"ဆယ်ကျော်သက်ဆိုတာ
ဘဝရဲ့ အလှပဆုံးနဲ့
အမိုက်မဲဆုံးဖယ်ရီတေးတစ်ခု"
ဆေးထည့်မှ ပိုဆိုးတတ်တဲ့
ဒဏ်ရာဆိုတာရှိတယ် ကလေးငယ်
အလွမ်းဆိုတာ အနာစိမ်းပေါ်အရက်ပြန်လောင်းခြင်းပဲ
အတိတ်ကို အတိတ်လိုမထားရင်
သာယာမှုဟာအတိုက်စားခံကမ်းပါးပေါ့
ကလေးငယ်
ကိုယ်တို့ရဲ့ ကတိတွေဟာ ကုန်းကျော်တံတားကိုမကျော်န်ိုင်တဲ့ ခြေကျိ
🥺🥺
9 August 2026
""ဆယ့်ကိုးနှစ်လက်မှတ်""
ဘဝကကြီးကြီးမားမား မဖြစ်လာသေးတဲ့အခါအားလျော့နေတဲ့
ဆယ့်ကိုးနှစ်လက်မှတ်ကိုငါ ထုတ်ထုတ်ပြတတ်တယ်။
တစ်ခါကပေါက်တူးလေးက
ငါ့ကို လှောင်လို့အမိန့်ရ
အပေါင်ဆိုင်ထဲအမေသင်ပေးခဲ့သလိုငါ့ကိုယ်ငါသွားရောင်းခဲ့ဖူးတယ်။
ငါ လွန်ဆန်လို့မရတဲ့ ဒိန်ခဲတွေကြားမှာဒိုင်ပင်ထိုးဆင်းပြီးဝက်ပေါင်ခြောက်အမှီးတွေနဲ့အများသူငါရဲ့ အမြင်တွေကို
လက်ခုပ်တီးပေးခဲ့တယ်။
ဆယ့်ကိုးနှစ်လက်မှတ်ကိုခါးမှာ
လျှိုထားခဲ့တော့ပုန်ကန်သူ
တစ်ယောက်ရဲ့ နာမည်ဟာတဖြည်းဖြည်းနဲ့ဆယ့်ကိုးနှစ်လက်မှတ် ဖြစ်လာတယ်။
ငါ ရချင်ခဲ့တဲ့ဘဝက
ကမ္ဘာ့အကောင်းဆုံးတွေ။
ငါ ရခဲ့သင့်တဲ့ဘဝက
ကမ္ဘာ့အဆိုးဆုံးတွေ။
ငါ ရခဲ့တဲ့တစ်ပတ်ရစ်အရက်ဝိုင်းဟာလည်းမူပိုင်ခွင့်နဲ့ ရခဲ့တဲ့အကြွေးစာရင်းတစ်စောင်ပဲ။
အော်ငိုတိုင်း ကစားရတဲ့အခါကစားတိုင်း အော်ငိုရတဲ့အခါငါဟာအတော်ဆုံးကစားသမား ဖြစ်ခဲ့တယ်။
တစ်ချိန်တည်းမှာပဲ
ငါ ရချင်ခဲ့တဲ့ဘဝနဲ့
ငါ ရခဲ့တဲ့ဘဝဟာငါပိုင်ဆိုင်တဲ့တန်ဖိုးနည်းပစ္စည်းနှစ်ခုအဖြစ်အပေါင်ဆိုင်ရဲ့ စင်ပေါ်မှာနေရာယူသွားတယ်။
ငယ်တုန်းကတော့
ငါ့စိတ်ဟာ မော့စ်ဆန်တယ်။
အက်ရှင်နဲ့ မောဖီးယက်စ် ပါဝင်တဲ့ခပ်ပိန်ပိန် မုန့်ဖိုးတွေဟာငါ့လက်ဖဝါးထဲမှာချွေးတွေရွဲနေတတ်တယ်။
လုပ်ချင်တာလုပ်ဖို့ခွင့်ပြုချက်မလိုတဲ့အိမ်ပြတင်းငယ်လေးရဲ့ ကောင်းကင်မှာပျံသန်းနေတဲ့ ချိတ်ဟောင်းလေးတွေကိုငေးရတယ်။
သေနေတဲ့ အရုပ်ဟောင်းလေးတွေကငါ့ကို စိတ်ဆိုးလို့
စကားမပြောတာလို့ထင်ခဲ့ဖူးတယ်။
ဆယ့်ကိုးနှစ်လက်မှတ်ဟာကြောင်အိမ်လေးကနေငါ့ကို ချောင်းကြည့်နေခဲ့တယ်။
ဆယ့်ခြောက်နှစ်ရောက်တော့ဘာသာစကားမျိုးစုံကိုအရည်ကျိုသောက်တတ်လာတယ်။
Pron ။Poem။Love။
Depression။
တကယ်ကို အမျိုးစုံပါပဲ။
ဆန်းကျော်စွာဝင်းရဲ့“ဇွန်းတပ်ထားတဲ့နိုင်ငံတော်” နဲ့လည်းဖက်လဲတကင်း။
တက္ကသိုလ်ဘုန်းနိုင်ရဲ့
“ဒွန်တော်လီဒို” နဲ့လည်း
ညဘက်တွေ စကားပြောလာတယ်။
မီးမလင်းတဲ့ ညဘက်တွေမှာ
စိတ်ကူးယဉ်မမနဲ့ဖက်အိပ်တတ်လာခဲ့တယ်။
အရွယ်ရောက်ဖို့လက်တစ်လုံးခြားအလိုမှာငါ သေနှင့်ခဲ့ပြီ။
ငါ့အထီးကျန်ငွေ့တွေအမေ့ဆီ
လွှင့်လွှင့်သွားတိုင်း“လူဖျင်းသွားရာလမ်း” ဆိုတဲ့ စာအုပ်နဲ့ငါ့ကို အမြဲချော့သိပ်လေ့ရှိတယ်။
အဖေမရှိတဲ့ ငယ်ဘဝဟာမိုးရွာပြီး ခြောက်ကပ်သလို၊ဆီမီးအိမ် မီးစာကုန်သလို၊လမ်းမဟာခြောက်ကပ်မှောင်မိုက်တဲ့ရက်တွေကြီးပဲ။
“ခေတ်ကြီးကကျွန်တော်တို့ကို စိမ်းကားလွန်းတယ်”ပြောတိုင်း
“ရွှေမျိုးတွေကို မှီလို့လား”
ဆိုတဲ့အထေ့အငေါ့ဟာအမေ့ထွက်သက်အထိရယ်ဖို့တော့ မစွမ်းနိုင်ခဲ့ဖူး။
လက်မော
337 · Фотография
click to show
click to show
သိပ်ကြောက်စရာကောင်းတယ် အမေ
အချစ်မီးညှို့ခံရတဲ့အခါ
ကိုယ့်ဘဝကိုယ်ရှို့ဖို့ဝန်မလေးမိကြဘူး
-မြတ်နွယ်
358 · ဘုရားသခင်ဟာ အလိုက်သိရှာတယ်
မိုးခေါင်တဲ့ကျွန်တော့်ဘဝထဲ
မျက်ရည်မခမ်းအောင်ဖန်တီးပေးတယ်
-မြတ်နွယ်
292 · 10 August 2026
Фотография
click to show
click to show
စပျစ်သီးတွေဟာချဉ်တယ်လို့ မြေခွေးကပြောတယ်။
အပိုင်း(၁)
ကျွန်တော်ပေးထားတဲ့ခေါင်းစဉ်ကိုမြင်တာနဲ့ မိတ်ဆွေတို့ဟာ Aesop's Fables တွေထဲက Fox and Grapes ဆိုတဲ့ပုံပြင်ကိုပြေးမြင်မိကြမှာသေချာပါတယ်။ ဒါဆိုခင်ဗျားဒီကိစ္စနှင့်ပတ်သတ်ပြီးဘာများပြောချင်ပါသလဲလို့ မိတ်ဆွေတို့ဘက်ကမေးလာစရာရှိပါတယ်။ ကျွန်တော်ယခုဆောင်းပါးမှာတင်ပြချင်တာကတော့ မြန်မာကဗျာလောကထဲမှာဖြစ်ပျက်နေတဲ့အခင်းအကျင်းအတော်များများရဲ့ သဘောသဘာဝတွေကိုမီးမောင်းထိုးပြလိုခြင်းပဲဖြစ်ပါတယ်။ ကြိုတင်သတိပြုရန်လိုအပ်တာကတော့ ဒါဟာတစ်စုံတစ်ယောက်ကိုထိခိုက်နစ်နာလိုစိတ်နဲ့ ရည်ညွှန်းရေးသားထားတဲ့ဆောင်းပါးမျိုးမဟုတ်ပဲ အစုအဖွဲ့တစ်ခုလုံးကိုထိခိုက်နစ်နာစေလိုစိတ်ဖြင့် ရည်ညွှန်းရေးသားထားသောဆောင်းပါးမျိုးသာဖြစ်ပါတယ်။
၁။ မရိုးဖြောင့်သော အနုပညာသမားများ
အထက်ပါခေါင်းစဉ်ဟာအနည်းငယ်ပြင်းထန်ကောင်းပြင်းထန်နိုင်ပေမယ့် ရာစုနှစ်ပေါင်းများစွာအနုပညာသမားတွေဟာဘယ်အရာနောက်ကိုလိုက်ခဲ့ကြလဲဆိုတဲ့မေးခွန်းကို ကျွန်တော်တို့ခေါင်းထဲအထပ်ထပ်အခါခါရောက်ရှိလာစေပါတယ်။ နိုင်ငံတကာ Artist များဟာ ကမ္ဘာရဲ့ခေတ်အဆက်ဆက်ကိုခက်ခဲစွာရှင်သန်ဖြတ်သန်းပြီးတော့မှ ယနေ့ခေတ်ရဲ့ပြောင်မြောက်တဲ့အနုပညာလက်ရာတွေကိုဖန်တီးနိုင်ခဲ့ကြပါတယ်။ ကမ္ဘာ့သမိုင်းကိုပြန်ကြည့်ရမယ်ဆိုရင် လူသားတွေရဲ့ယဉ်ကျေးမှုနှင့်အတွေးအခေါ်အနုပညာဆိုင်ရာတွေရဲ့ရွှေခေတ်ကိုစတင်ပေးခဲ့တဲ့ Classical Era ဟာဂရိမြို့ပြယဉ်ကျေးမှုတွေကနေစတင်သန္ဓေတည်မွေးဖွါးလာခဲ့ပါတယ်။ Socrates, Plato, Homer, Hippocrates of Kos,Epicurus, Aristotle နှင့် အခြားသောဂရိအတွေးခေါ်ပညာရှင်၊ အနုပညာရှင်များစွာဟာ Classical Era ထဲမှာ ကမ္ဘာ့အတွေးအခေါ်နှင့်အနုပညာဆိုင်ရာမျိုးစေ့တွေကိုသေခြာစွာစိုက်ပျိုးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် Alexander the Great ရဲ့နယ်မြေချဲ့ထွင်မှုများဟာလည်း ယူဖရေးတီးမြစ်ဝှမ်းဒေသကနေ အိန္ဒုမြစ်ဝှမ်းဒေသအထိ တိုင်းနိုင်ငံပေါင်းစုံရဲ့ယဉ်ကျေးမှု၊ အတွေးအခေါ်နှင့် အနုပညာများစွာကိုကူးလူးဖလှယ်နိုင်ခွှင့်ကိုဖန်တီးပေးခဲ့ပါတယ်။ ဒီလိုခေတ်ကာလဟာ အနုပညာရဲ့ရွှေခေတ်လို့တင်စားလို့ရအောင် လူသားမျိုးနွယ်သမိုင်းမှာ အနုပညာအတွေးအခေါ်အယူအဆအသစ်တွေဟာ နေ့စဉ်နှင့်အမျှတိုးတက်ပြောင်းလဲပေါ်ထွက်နေကြတာပဲဖြစ်ပါတယ်။ Alexander library လိုမျိုးစာကြည့်တိုက်တွေဟာ ရှားပါးတဲ့စာအုပ်များစွာစုစည်းထားပြီး အရှေ့တိုင်းနှင့် အနောက်တိုင်ပညာရှင်တွေရဲ့ ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ရာ ပင်မဗဟိုဆုံချက်ကြီးတွေဖြစ်လာက
282 · Фотография
click to show
click to show
"မင်းက စာတိုငဖြူကိုမချစ်ဘူးတဲ့"
အောင်မြင်စွာ ကျရှုံးခဲ့ခြင်းပါအချစ်ရေ ။
▪️စာတိုငဖြူ
ဩဂုတ်လ၊၁၀ရက်၊၂၀၂၆
261 ·