ChatCrawlersearch across public Telegram Open the app

အထုတလိုင်း gp

сообщение · 2026-07-27 03:24 UTC
‎သိထားမှ စိတ်ချရမယ့် STI အကြောင်း (၅) ချက် ‎ ‎၁။ အဖြစ်များတဲ့ရောဂါများ 🦠 ‎ ‎Chlamydia & ဂနို: လူငယ်တွေကြား အဖြစ်ဆုံး (ဂနိုက ဆေးယဉ်ပါးတတ်)။ ‎ကာလသားရောဂါ (Syphilis): နောက်ကျရင် ဦးနှောက်ထိခိုက်နိုင်။ ‎HIV & HPV: ဗိုင်းရပ်စ်ရောဂါများ (HPV ကာကွယ်ဆေး ရှိ)။ ‎ ‎၂။ မကုရင် ဘာဖြစ်မလဲ? ❌ ‎ ‎မျိုးပွားအင်္ဂါတွေ ပျက်စီးပြီး ကလေးမရနိုင် (မြုံ) ဖြစ်တတ်ပါတယ်။ ‎ ‎၃။ ဘယ်လိုကုမလဲ? 💊 ‎ ‎ဆရာဝန်နဲ့ပဲ ပြပါ: ဘက်တီးရီးယားပိုးဆိုရင် ပဋိဇီဝဆေး (Antibiotics) နဲ့ ပျောက်ပါတယ်။ ဆေးမြီးတို မသုံးရပါ။ ‎ ‎၄။ ဘယ်လိုကာကွယ်မလဲ? 🛡️ ‎ ‎အမြဲတမ်း ကွန်ဒုံးသုံးပါ။ ‎HPV နဲ့ အသည်းရောင် (B) ကာကွယ်ဆေးထိုးပါ။ ‎ပုံမှန် ဆေးစစ်ပါ။ ‎ ‎၅။ အစောဆုံးသိဖို့ လိုတယ် ❗ ‎ ‎စောစောသိရင် ကုရလွယ်လို့ အချိန်မဆွဲဘဲ ဆေးခန်းပြဖို့ မရှက်ပါနဲ့။ ‎ ‎💬 RYN (Regional Youth Network) မှာ HIV၊ ကာလသားရောဂါနဲ့ TB (တီဘီ) အတွက် အခမဲ့ လာရောက်ဆွေးနွေးနိုင်ပါတယ်။ (လျှို့ဝှက်ချက်ကို ရာနှုန်းပြည့် ထိန်းသိမ်းပေးပါတယ်)။ ‎

Вся лента · оригинал в Telegram

Open in Telegram Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog