26 July 2026
27 July 2026
သိထားမှ စိတ်ချရမယ့် STI အကြောင်း (၅) ချက်
၁။ အဖြစ်များတဲ့ရောဂါများ 🦠
Chlamydia & ဂနို: လူငယ်တွေကြား အဖြစ်ဆုံး (ဂနိုက ဆေးယဉ်ပါးတတ်)။
ကာလသားရောဂါ (Syphilis): နောက်ကျရင် ဦးနှောက်ထိခိုက်နိုင်။
HIV & HPV: ဗိုင်းရပ်စ်ရောဂါများ (HPV ကာကွယ်ဆေး ရှိ)။
၂။ မကုရင် ဘာဖြစ်မလဲ? ❌
မျိုးပွားအင်္ဂါတွေ ပျက်စီးပြီး ကလေးမရနိုင် (မြုံ) ဖြစ်တတ်ပါတယ်။
၃။ ဘယ်လိုကုမလဲ? 💊
ဆရာဝန်နဲ့ပဲ ပြပါ: ဘက်တီးရီးယားပိုးဆိုရင် ပဋိဇီဝဆေး (Antibiotics) နဲ့ ပျောက်ပါတယ်။ ဆေးမြီးတို မသုံးရပါ။
၄။ ဘယ်လိုကာကွယ်မလဲ? 🛡️
အမြဲတမ်း ကွန်ဒုံးသုံးပါ။
HPV နဲ့ အသည်းရောင် (B) ကာကွယ်ဆေးထိုးပါ။
ပုံမှန် ဆေးစစ်ပါ။
၅။ အစောဆုံးသိဖို့ လိုတယ် ❗
စောစောသိရင် ကုရလွယ်လို့ အချိန်မဆွဲဘဲ ဆေးခန်းပြဖို့ မရှက်ပါနဲ့။
💬 RYN (Regional Youth Network) မှာ HIV၊ ကာလသားရောဂါနဲ့ TB (တီဘီ) အတွက် အခမဲ့ လာရောက်ဆွေးနွေးနိုင်ပါတယ်။ (လျှို့ဝှက်ချက်ကို ရာနှုန်းပြည့် ထိန်းသိမ်းပေးပါတယ်)။
Hiv ကာကွယ်ဆေး PrEp ဆိုတာဘာလည်း
PrEp = Pre-Exposure Prophylaxis
အကာကွယ်မဲ့လိင်ဆက်ဆံချင်ကေန Hiv ပိုး မကူးစက်အောင်လို နေစဉ် တစ်နေတစ်လုံး ပုံမှန်သောက် ပေးရတဲဆေး ဖြစ်ပါတယ်။
Hiv ပိုး နဲ မထိတွေ မှီ (လိင်မဆက်ဆံခင် ) 7 ရက်ကြို
သောက်ရတဲ့ ဆေး ဖြစ်ပါတယ် ။
ဒီဆေးကို သာ တစ်နေ့ တစ်လုံး ပုံမှန် သောက်မယ် ဆိုရင် Hiv ကူးစက်မှုကို 99% အထက် ကာကွယ်ပေး မှာဖြစ်ပါတယ် ။
♦️ဘယ်လို လူတွေ သောက်သုံးသင့်လည်း ?
- လိင်အပျော်အပါး လိုက်စား တဲ့သူတွေ
- လိင် ကိစ္စဖြင့် အသက်မွေးကြောင်းပြုလုပ်ရတဲ့ လိင်လုပ်သား ၊ လိင်အလုပ်သမတွေ
- Drugs user တွေ (မူးယစ်ဆေး သုံးစွဲသောသူများ )(ဆေးထိုးအပ်မျှဝေသုံးဆွဲတဲ့သူတွေ)
- hiv ပိုးရှိသူတွေရဲ့ ပါတနာတွေ ( လိင်ဆက်ဆံဖက်တွေ )
တစ်ချက်မှတ်ထားရမှာက PrEp က Hiv ကာကွယ်ဆေးဖြစ်တဲ့အတွက် Hiv တစ်မျိုးထဲ ကိုကာကွယ်ပေးမှာ ဖြစ်ပြီ လိင်က တစ်ဆင့်ကူးစက်တဲ့တက် အခြားရောဂါတွေကို ကာကွယ်မပေးပါဘူး။
ကျွန်တော်တိုဆေးခန်းမှာ အခမဲ့ ထုတ်ပေးပါတယ်ဗျ။
လှိုင်သာယာ 3 ထိပ်မှတ်တိုင်နား
09793186447 ဆက်သွယ်မေးမြန်နိုင်ပါတယ်။
Hiv ကာလသား TB ရောဂါတို့နဲ ပတ်သတ်ပြီးဆွေနွေးလို့ပါက dm ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။်