7 August 2026
ဘောလုံးလောကမှာ အကြီးဆုံး Transfer တွေက တစ်ခါတလေ ငွေကြေးနဲ့ မဆုံးဖြတ်ဘူး။ စောင့်ဆိုင်းရတဲ့ အချိန်ကပဲ အဖြေကို ပြောင်းသွားတတ်တယ်။
သတင်းတွေအရတော့ ရိုဒရီက ရီးရဲလ်မက်ဒရစ်ရဲ့ လှုပ်ရှားမှုကို အကြာကြီးစောင့်နေခဲ့ပေမယ့် အဖြေမရခဲ့ဘူး။ အဲ့ဒီကြားမှာ စပိန်လက်ရွေးစင်အသင်းဖော်တချိုက ဘာစီလိုနာကို ပြောင်းဖို အတော်လေးတိုက်တွန်းခဲ့ကြပြီး နောက်ဆုံးမှာတော့ ရိုဒရီက ဘာစီလိုနာဘက်ကို စကားပေးလိုက်ပြီလို ဖော်ပြနေကြတယ်။
ဒါက အသစ်အဆန်းတော့ မဟုတ်ဘူး။ အရင်တုန်းကလည်း ကစားသမားတော်တော်များများဟာ အသင်းဖော်တွေရဲ့ တိုက်တွန်းမှု၊ Dressing Room ထဲက ယုံကြည်မှုတွေကြောင့် ဆုံးဖြတ်ချက်ပြောင်းခဲ့ဖူးတယ်။ တစ်ခါတလေ ဖုန်းခေါ်တဲ့ တစ်ယောက်၊ စကားပြောတဲ့ နှစ်ယောက်က Transfer တစ်ခုလုံးရဲ့ လမ်းကြောင်းကို ပြောင်းပစ်နိုင်တယ်။
နည်းစနစ်ပိုင်းအရ ကြည့်ရင်တော့ ရိုဒရီလို ကစားသမားမျိုးက ဘာစီလိုနာအတွက် Ball Progression နဲ့ Build-up Phase ကို ချက်ချင်းမြှင့်တင်ပေးနိုင်တဲ့သူပါ။ ဖိအားအောက်မှာ ဘောလုံးမပျက်ဘဲ ကစားနိုင်စွမ်း၊ Tempo ကို ထိန်းနိုင်စွမ်းနဲ့ Positioning Intelligence တွေက ဘာစီလိုနာလို ဘောလုံးပိုင်ဆိုင်မှုအသားပေးတဲ့ အသင်းနဲ့ အရမ်းလိုက်ဖက်တယ်လို ပြောရမယ်။
ဒါပေမယ့် အခုအချိန်အထိတော့ ဒါဟာ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်သာ ဖြစ်သေးတယ်။ Transfer စာချုပ်ပေါ် လက်မှတ်မထိုးမချင်း ဘောလုံးလောကမှာ ဘာမဆို ပြောင်းလဲသွားနိုင်တယ်။ ဒါပေမယ့် တကယ်သာ ဖြစ်လာခဲ့ရင်တော့ လာလီဂါရဲ့ အင်အားချိန်ခွင်လျှာကိုတောင် လှုပ်ခတ်စေနိုင်တဲ့ အပြောင်းအရွှေ့တစ်ခု ဖြစ်လာမှာ သေချာတယ်။
တစ်ခါတလေ Transfer တစ်ခုကို ပြောင်းလဲပေးတာ ပိုက်ဆံမဟုတ်ဘူး... အချိန်နဲ့ ယုံကြည်မှုပါပဲ။ အဖြေမှန်ကိုတော့ ကွင်းထဲကပဲ သက်သေပြလိမ့်မယ်။
Photo Credit
Go
195 · Фотография
click to show
166 · click to show
ရီးရဲလ်မက်ဒရစ်လို Super Team တစ်သင်းမှာတောင် အားနည်းချက်ရှိနိုင်တယ်ဆိုတာကို ဟိုဆေး မော်ရင်ဟိုက အရင်ဆုံး ထောက်ပြခဲ့တယ်လို သိရတယ်။
အသင်းအစည်းအဝေးတစ်ခုမှာ မော်ရင်ဟိုက "ဒီအသင်းက Left Side ကို အရမ်းမှီခိုနေတယ်" လို တိုက်ရိုက်ပြောခဲ့တာပါ။ ဗီနီစီးယပ်စ်က ဘယ်တောင်ပံမှာ အကောင်းဆုံးဖြစ်တယ်။ အမ်ဘာပေကလည်း Naturally ဘယ်ဘက်ကို Drift လုပ်ရတာ ကြိုက်တယ်။ ဘယ်လင်ဟမ်ကလည်း Half Space (Left) ထဲ ဝင်ကစားတဲ့အချိန်မှာ အန္တရာယ်အများဆုံး ဖြစ်လာတတ်တယ်။ ဒီတော့ ကမ္ဘာ့အဆင့်ကစားသမား (၃) ယောက်လုံးက တစ်နေရာတည်းကို စုပြုံသွားတဲ့ ပြဿနာ ဖြစ်လာတာပေါ့။
Football မှာ Talent တွေများတာက အမြဲအားသာချက် မဟုတ်ဘူး။ Positional Balance ပျက်သွားရင် Build-up ရော Final Third Attack ရော Predictable ဖြစ်လာတယ်။ ပြိုင်ဘက်တွေကလည်း ဘယ်ခြမ်းကို Overload လုပ်ပြီး Block ချလိုက်တာနဲ့ တိုက်စစ်တစ်ခုလုံး အသက်မဝင်တော့ဘူး။ အရင်က ရော်နယ်ဒို၊ ဘေးလ်၊ ဘန်ဇီမာတို BBC Era ကို ပြန်ကြည့်ရင် ဘယ်-ညာ Balance က အရမ်းညီခဲ့တယ်။ ဘေးလ်ရဲ့ Right Wing Threat ကြောင့် ပြိုင်ဘက်ခံစစ်က တစ်ဖက်တည်းကို ပိတ်လိုမရခဲ့ဘူး။
ဒါကြောင့်ပဲ ရီးရဲလ်ဘုတ်အဖွဲက ညာတောင်ပံစစ်စစ် ကစားနိုင်တဲ့ Forward တစ်ယောက်ကို ခေါ်ဖို ဆုံးဖြတ်ခဲ့တာလို သတင်းတွေ ထွက်လာတာပါ။ ဘောလုံးမှာ နာမည်ကြီးကစားသမားတွေ စုထားရုံနဲ့ မလုံလောက်ဘူး။ Structure, Width နဲ့ Positional Balance ပြည့်စုံမှ Champion Team တစ်သင်း ဖြစ်လာတာပါ။ တစ်ခါတလေ အောင်မြင်မှုကို ဆုံးဖြတ်ပေးတာက Superstar မဟုတ်ဘဲ... နေရာမှန်မှာ ရှိနေတဲ့ ကစားသမားတစ်ယောက် ဖြစ်နေတတ်တယ်။ အဲဒါကပဲ Elite Team နဲ့ သာမန် Super Team ကြားက အဓိက ကွာခြားချက်ပါပဲ။
Photo Credit
Goal 549
226 · 8 August 2026
Фотография
click to show
click to show
❤️ယနေ့ညအတွက် ပွဲစဉ်ကောင်းများနှင့်ပေါက်ကြေး များ⚽️
❤️Gold 549ှမှာ ဘောလုံးပွဲစဉ်များကို တိုက်ရိုက် (𝑳𝑰𝑽𝑬) ကြည့်ရှုပြီး ကြိုက်နှစ်သက်ရာအသင်းများကို
2️⃣4️⃣✔️နာရီဝန်ဆောင်မှူဖြင့် စိက်ကြိုက်ရွေးချယ် ကစားနိုင်ပါပြီရှင့်။⚽️
207 · Фотография
click to show
click to show
မက်ဆီနဲ့ ရော်နယ်ဒိုတိုရဲ့ ကစားသမားဘဝနောက်ဆုံးအခန်းတွေက ဆာလာအတွက် စိတ်ဝင်စားစရာ သင်ခန်းစာတစ်ခုလို ဖြစ်နေခဲ့တယ်။ ရော်နယ်ဒိုက ဆော်ဒီကိုရွေးပြီး လိဂ်တစ်ခုရဲ့ အာရုံစိုက်မှုကို ကမ္ဘာ့ဘောလုံးထဲ ပြန်ဆွဲတင်ခဲ့သလို၊ မက်ဆီကလည်း အမေရိကန်မြေမှာ သူ့ရဲ့အမည်နဲ့ မေဂျာလိဂ်ရဲ့တန်ဖိုးကို တစ်ဆင့်မြှင့်တင်ခဲ့တယ်။ အခု ဆာလာကတော့ သူ့အလှည့်မှာ ဘယ်လမ်းကိုရွေးမလဲဆိုတာကို ပြသလိုက်ပြီ။
တူရကီမြေကို ရွေးချယ်လိုက်တာဟာ ဆာလာအတွက် ရိုးရိုးအသင်းပြောင်းရွှေ့မှုတစ်ခုထက် ပိုကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုလို မြင်ရတယ်။ ကမ္ဘာ့ထိပ်တန်းကစားသမားတစ်ယောက်အနေနဲ့ အသင့်အောင်မြင်ပြီးသားနေရာမှာ ဆက်နေမယ့်အစား လူတိုင်းမျက်စိကျလောက်အောင် ခက်ခဲပြီး မသေချာတဲ့ ပတ်ဝန်းကျင်အသစ်တစ်ခုကို ဝင်ရောက်ဖို ရွေးချယ်လိုက်တာပဲ။ တစ်နှစ်လုပ်ခအမြင့်ဆုံးကစားသမားဖြစ်လာတာကတော့ အဲဒီဆုံးဖြတ်ချက်ရဲ့ အပိုဆုတစ်ခုလိုပဲ ပြောရမယ်။
ဒါပေမယ့် ဆာလာရဲ့ အကြီးမားဆုံးရည်ရွယ်ချက်က သူကိုယ်တိုင်အောင်မြင်ဖိုတင် မဟုတ်နိုင်ဘူး။ ရော်နယ်ဒိုနောက်ကို ဆော်ဒီမှာ ထိပ်တန်းနာမည်တွေ လိုက်လာခဲ့သလို၊ ဆာလာရဲ့ တူရကီစွန့်စားခန်းနောက်ကိုလည်း ကမ္ဘာ့အဆင့်ကစားသမားတွေ လိုက်ပါလာမလားဆိုတာက ပိုစိတ်ဝင်စားစရာကောင်းနေတယ်။ အကယ်၍ အဲဒီလိုဖြစ်လာခဲ့ရင် ဆာလာဟာ အသင်းတစ်သင်းကို ပြောင်းသွားတဲ့ ကစားသမားတစ်ယောက်မဟုတ်တော့ဘဲ တူရကီဘောလုံးရဲ့ ဇာတ်လမ်းအသစ်ကို စတင်ရေးသားပေးတဲ့ မင်းသားတစ်ယောက် ဖြစ်လာနိုင်တယ်။
Photo Credit
Goal 549
215 · Фотография
click to show
click to show
အက်စတွန်ဗီလာကတော့ ဒီနွေရာသီမှာ အံ့အားသင့်စရာကောင်းတဲ့ လှုပ်ရှားမှုတစ်ခု ပြင်ဆင်နေပါတယ်။ သူတိုရဲ့ ပစ်မှတ်က ဘာစီလိုနာကနေ ပေါ်ထွက်လာတဲ့ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူ မာ့ခ်ဘာနဲလ် ဖြစ်ပြီး ကစားသမားအတွက် ယူရိုသန်း ၈၀ ကျော်အထိ သုံးစွဲဖို ဆန္ဒရှိနေတယ်လို သိရပါတယ်။ လာမာစီယာထွက် ကစားသမားတစ်ယောက်ကို ဒီလောက်အထိ တန်ကြေးပေးဖို ဆုံးဖြတ်ထားတာက ဗီလာရဲ့ ယုံကြည်ချက်ကို ပြသနေပါတယ်။
အထူးသဖြင့် မော်ဂန်ရော်ဂျာစ်နဲ့ ယူရီတီလီမန်းစ်တို မရှိတော့တဲ့ ကွင်းလယ်ပိုင်းကို ပြန်လည်တည်ဆောက်ဖို အူနိုင်းအမ်မရီက ဘာနဲလ်ကို အလေးအနက်ထားနေတာပါ။ အသက်ငယ်ပေမယ့် နည်းစနစ်ပိုင်းနားလည်မှုနဲ့ ဘောလုံးထိန်းချုပ်နိုင်စွမ်းရှိတဲ့ သူ့လိုကစားသမားမျိုးက အမ်မရီရဲ့ စနစ်အတွက် ရေရှည်အသုံးဝင်နိုင်တယ်လို ဗီလာဘက်က ယုံကြည်နေပါတယ်။
ဒါပေမယ့် ဒီအပြောင်းအရွှေ့ရဲ့ အကြီးမားဆုံးအတားအဆီးက ဘာစီလိုနာပါပဲ။ စာချုပ်က ၂၀၂၉ ခုနှစ်အထိ ကျန်နေသေးတာကြောင့် ဘာစီလိုနာဘက်က ယူရိုသန်း ၈၀ ကျော်နဲ့တောင် အလွယ်တကူ လက်လွှတ်ပေးမယ့်ပုံစံ မရှိသေးပါဘူး။ ဒါကြောင့် ဒီနွေရာသီမှာ ဗီလာရဲ့ ငွေကြေးအင်အားနဲ့ ဘာစီလိုနာရဲ့ ရေရှည်စီမံကိန်း ဘယ်ဘက်က အနိုင်ရမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။
Photo Credit
Goal 549
195 · 9 August 2026
လီဗာပူးလ်အသင်းဟာ ခံစစ်ပိုင်းကို ပိုမိုတည်ငြိမ်စေဖို ရည်ရွယ်ပြီး ဘာစီလိုနာနောက်ခံလူ အာရူဟို ကို တစ်ရာသီအငှားနဲ့ ခေါ်ယူနိုင်ခဲ့တာက လက်ရှိဈေးကွက်ထဲမှာ အတော်လေး စဉ်းစားပြီးလုပ်ထားတဲ့ အပြောင်းအရွှေ့တစ်ခုလို ပြောလိုရပါတယ်။ ဘာစီလိုနာမှာ အခွင့်အရေးနည်းလာတဲ့ ကစားသမားတစ်ယောက်အတွက်လည်း ပြန်လည်သက်သေပြနိုင်မယ့် အခွင့်အရေးကောင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
အာရူဟိုရဲ့ အားသာချက်ကတော့ ကြံ့ခိုင်တဲ့ကာကွယ်မှု၊ အရှိန်မြန်တဲ့တိုက်စစ်ကို လိုက်ဖျက်နိုင်စွမ်းနဲ့ အမြင့်ဘောတွေမှာ အသာစီးရယူနိုင်တာပါ။ လီဗာပူးလ်လို ဖိအားမြင့်ကစားတဲ့အသင်းအတွက် ဒီလိုနောက်ခံလူမျိုးက လိုအပ်နေတဲ့ အရည်အသွေးနဲ့ ကိုက်ညီပါတယ်။ အငှားစာချုပ်နဲ့ ခေါ်ယူထားတာကြောင့် အသင်းဘက်ကလည်း အနာဂတ်လူငယ်တွေကို ဆက်လက်ပျိုးထောင်နိုင်သလို ငွေကြေးပိုင်းမှာလည်း အန္တရာယ်နည်းတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ အာရူဟိုအနေနဲ့ ပြန်လည်သက်သေပြရမယ့် အရာက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုနဲ့ ပွဲအတွင်း အာရုံစူးစိုက်နိုင်စွမ်းပဲ ဖြစ်ပါတယ်။ အဲဒီအပိုင်းကိုသာ ပြန်လည်ထိန်းညှိနိုင်ခဲ့ရင် လီဗာပူးလ်ခံစစ်အတွက် အားထားရတဲ့ အဓိကကစားသမားတစ်ယောက် ဖြစ်လာနိုင်ပြီး ဒီအပြောင်းအရွှေ့ဟာ ရာသီကုန်ချိန်မှာ အကောင်းဆုံးလုပ်ငန်းစဉ်တစ်ခုအဖြစ် သတ်မှတ်ခံရဖို အခွင့်အရေးက မနည်းပါဘူး။
Photo Credit
Goal 549
182 · 10 August 2026
Фотография
click to show
click to show
⚽️ဝါသနာနဲ့ ငွေကြေးပေါင်းစပ်ထားတဲ့ ပျော်ရွှင်မှုအရသာကို ခံစားဖိုဆို ⚽️
❗ဒီညပွဲကောင်းတွေ ကို လက်လွှတ်မခံသင့်ဘူးနော် ❗
ဒီနေ့အတွက်ပွဲစဉ်ကောင်းလေးတွေရဲ့ စတည်ပေါက်ကြေးလေးတွေပါရှင့် 👍✔️
160 · Фотография
click to show
click to show
တစ်ချိန်က ဥရောပဘောလုံးလောကမှာ အတောက်ပဆုံးတောင်ပံကစားသမားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ရာဖေးလ်လီယောင်ဟာ အခုတော့ သူ့ရဲ့နာမည်နဲ့ အရည်အချင်းကြားက ကွာဟချက်ကို ကိုယ်တိုင်ရင်ဆိုင်နေရပါပြီ။ အေစီမီလန်နဲ့ လမ်းခွဲဖို ဆုံးဖြတ်ထားပြီး အသင်းသစ်ရှာဖွေနေပေမယ့် ထိပ်တန်းအသင်းတွေဆီက အပြိုင်အဆိုင်ကမ်းလှမ်းမှုတွေ မရရှိတဲ့အပြင် လိဒ်စ်ယူနိုက်တက်ကိုပါ သူ့ကိုခေါ်ယူပေးဖို တောင်းဆိုရတဲ့အခြေအနေထိ ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအခွင့်အရေးကိုတောင် လိဒ်စ်ယူနိုက်တက်က ငြင်းပယ်လိုက်ပါတယ်။
လီယောင်ရဲ့ပြဿနာက အရည်အချင်းမရှိတာ မဟုတ်ပါဘူး။ သူ့မှာ ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်လာနိုင်မယ့် အရည်အချင်းတွေ အပြည့်အဝရှိခဲ့ပါတယ်။ ပြဿနာကတော့ အဲ့ဒီအရည်အချင်းကို တည်ငြိမ်တဲ့စွမ်းဆောင်ရည်အဖြစ် မပြောင်းလဲနိုင်ခဲ့တာပါ။ စိတ်ဓာတ်ပိုင်းဆိုင်ရာ မတည်ငြိမ်မှုတွေ၊ အသင်းနဲ့ဆက်ဆံရေးဆိုင်ရာ ပြဿနာတွေ၊ ကိုယ့်တန်ဖိုးကို ကိုယ်သတ်မှတ်ထားတဲ့အတိုင်း ပြန်လည်သက်သေမပြနိုင်တာတွေက သူ့ရဲ့ဈေးကွက်တန်ဖိုးကို တဖြည်းဖြည်းကျဆင်းစေခဲ့ပါတယ်။
အထူးသဖြင့် လစာနဲ့ပတ်သက်တဲ့ မျှော်မှန်းချက်တွေကလည်း ပြဿနာတစ်ခုဖြစ်လာပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ ကိုယ့်တန်ဖိုးကို မြင့်မြင့်မားမားသတ်မှတ်တာ မမှားပေမယ့် အဲ့ဒီတန်ဖိုးနဲ့ ကိုက်ညီတဲ့အဆင့်ကို ကွင်းထဲမှာ အမြဲတမ်းပြသနိုင်ဖိုတော့ လိုပါတယ်။ အခုအခြေအနေမှာတော့ လီယောင်က သူ့ကိုယ်သူ မြင်တဲ့အဆင့်နဲ့ ဈေးကွက်က သူ့ကိုမြင်တဲ့အဆင့်ကြားမှာ ကြီးမားတဲ့ကွာဟချက်တစ်ခု ပေါ်လာခဲ့ပါပြီ။
တစ်ချိန်က ဥရောပရဲ့ အနာဂတ်ကြယ်ပွင့် လို ပြောခံခဲ့ရတဲ့ လီယောင်ဟာ အခုတော့ ကိုယ်တိုင်ရွေးချယ်ချင်တဲ့အသင်းကို ရွေးချယ်နိုင်တဲ့အခြေအနေမှာ မရှိတော့ဘဲ ကိုယ့်ကိုလက်ခံမယ့်အသင်းကို ပြန်ရှာနေရတဲ့အခြေအနေ ဖြစ်လာပါတယ်။ လိဒ်စ်ယူနိုက်တက်ကပါ ငြင်းပယ်လိုက်တဲ့အဖြစ်က သူ့အတွက် သတိပေးချက်ကြီးတစ်ခုပါပဲ။ အရည်အချင်းက ကစားသမားတစ်ယောက်ကို ထိပ်ဆုံးရောက်အောင် ပိုပေးနိုင်ပေမယ့် စိတ်ဓာတ်နဲ့ ဆုံးဖြတ်ချက်မှားတွေကတော့ အဲ့ဒီထိပ်ဆုံးကနေ ပြန်ဆွဲချနိုင်တယ်ဆိုတာ လီယောင်ရဲ့ဇာတ်လမ်းက ပြသနေပါတယ်။
Photo Credit
Goal 549
163 · Фотография
click to show
click to show
လီဗာပူးလ်မှာတုန်းက နူးနက်ဇ်ဆိုတာ ဘယ်တော့မဆို ပွဲကို တစ်ချက်တည်းနဲ့ ပြောင်းလဲပစ်နိုင်တဲ့ တိုက်စစ်မှူးမျိုးပါ။ အခွင့်အရေးတွေ လွဲခဲ့ပေမယ့် သူ့ရဲ့ အရှိန်၊ ပြေးအားနဲ့ ဂိုးဧရိယာထဲဝင်လာတဲ့ပုံက ပြိုင်ဘက်နောက်ခံလူတွေအတွက် အမြဲတမ်း ခေါင်းကိုက်စရာဖြစ်ခဲ့တယ်။ ဒါပေမယ့် အယ်လ်ဟီလေကို ရောက်ပြီးနောက်မှာတော့ အဲ့ဒီနူးနက်ဇ်က တဖြည်းဖြည်းနဲ့ ကိုယ့်ကိုယ်ကိုတောင် မယုံရဲတော့တဲ့အခြေအနေထိ ရောက်လာခဲ့တယ်။
ပိုဆိုးတာက ဘန်ဇီးမားရောက်လာပြီးနောက် အသင်းရဲ့ ပြည်တွင်းပြိုင်ပွဲလူစာရင်းထဲကနေတောင် ချန်လှပ်ခံခဲ့ရတာပါ။ တစ်ချိန်က ဖလားတွေ ဆက်တိုက်ရယူနေတဲ့ အယ်လ်ဟီလေမှာ နူးနက်ဇ်ရောက်လာတဲ့ရာသီက အမှတ်ပေးချန်ပီယံလည်း လွတ်၊ အာရှချန်ပီယံလိဂ်လည်း လွတ်သွားတယ်။ အဲ့ဒီအချိန်မှာ အသင်းရဲ့ ပြဿနာအားလုံးကို နူးနက်ဇ်တစ်ယောက်တည်းနဲ့ ချိတ်ဆက်လို့တော့ မရပေမယ့် သူ့အတွက်တော့ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်ကြီးတစ်ခု ဖြစ်ခဲ့တာ သေချာတယ်။
အခုတော့ တူရကီမြေမှာ ဒုတိယအခွင့်အရေးတစ်ခု ရလာပြီ။ ထရာဇွန်စပေါ်ကို အငှားနဲ့ ရောက်လာမယ့် နူးနက်ဇ်ဟာ လီဗာပူးလ်မှာ အတူကစားခဲ့ဖူးတဲ့ ဆာလာနဲ့ ပြန်ဆုံရမယ်။ တစ်ချိန်က သူနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ဖူးတဲ့ အန်ဒရေ အိုနာနာနဲ့လည်း တစ်သင်းတည်း အကျီဝတ်ရတော့မယ်။ အရေးကြီးဆုံးကတော့ နူးနက်ဇ်အနေနဲ့ ကိုယ့်ရဲ့ အားသာချက်တွေကို ပြန်အသက်သွင်းဖို့ လွတ်လပ်တဲ့နေရာတစ်ခု ရလာတာပါ။
ဆာလာနဲ့ မာနေးတို့လို တိုက်စစ်မှူးတွေကလည်း ပုံစံကျသွားတဲ့အချိန်တွေ ရှိခဲ့တယ်။ ဒါပေမယ့် ထိပ်တန်းကစားသမားတွေရဲ့ ထူးခြားချက်က ပျောက်သွားတဲ့နေ့ကို အဆုံးသတ်လို့ မယူဘဲ ပြန်ရှာဖွေနိုင်တာပါပဲ။ နူးနက်ဇ်အတွက်လည်း အခုအချိန်က ဂိုးဘယ်နှဂိုးသွင်းမလဲဆိုတာထက် “ငါက ဘယ်လိုကစားသမားလဲ” ဆိုတာကို ပြန်သတိရဖို့ ပိုအရေးကြီးတယ်။
တူရကီလိဂ်မှာ နူးနက်ဇ်ရဲ့ အရှိန်နဲ့ တိုက်စစ်ပြေးလမ်းတွေကို အသုံးချပြီး နေရာလွတ်ထဲ ပြေးဝင်တဲ့ပုံစံကို ပြန်အသက်သွင်းနိုင်မယ်ဆိုရင် သူ့ရဲ့ ဂိုးတွေကလည်း တဖြည်းဖြည်း ပြန်လာနိုင်တယ်။ လီဗာပူးလ်မှာတုန်းက လူတွေကြောက်ခဲ့တဲ့ အဲ့ဒီနူးနက်ဇ်ကို ပြန်မြင်ရမလား၊ ဒါမှမဟုတ် အယ်လ်ဟီလေမှာ ပျောက်ဆုံးခဲ့တဲ့ တိုက်စစ်မှူးတစ်ယောက်အဖြစ်ပဲ ကျန်ခဲ့မလား...
ဒီတစ်ခေါက် တူရကီခရီးက နူးနက်ဇ်အတွက် အသင်းပြောင်းတာထက် ပိုပါတယ်။ ပျောက်ဆုံးသွားတဲ့ ယုံကြည်မှုကို ပြန်ရှာဖို့ နောက်ဆုံးအခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပါတယ်။
Photo Credit
Goal 549
191 · 11 August 2026
ခရစ်ရှန် ရိုမဲရိုးရဲ့ အနာဂတ်က တဖြည်းဖြည်းနဲ့ စိတ်ဝင်စားစရာ ပိုကောင်းလာတယ်။ သူ့ရဲ့ ပထမဦးစားပေးကတော့ လာလီဂါကို သွားချင်တာပါပဲ။ အထူးသဖြင့် ဘာစီလိုနာဘက်က ခေါ်လာမယ့် အချက်ပြကို စောင့်နေတယ်လို သတင်းတွေ ထွက်နေတယ်။ ဒါပေမယ့် ဘာစီလိုနာက လက်ရှိမှာ တခြားပစ်မှတ်ကို အရင်ဦးစားပေးနေတာကြောင့် ရိုမဲရိုးကလည်း တခြားကမ်းလှမ်းမှုတွေကို လုံးဝပိတ်မထားတော့ဘူး။ အဲ့ဒီအချိန်မှာ အက်သလက်တီကိုမက်ဒရစ်နဲ့ အာဆင်နယ်တိုက စိတ်ဝင်စားလာတာပါ။
ဒါပေမယ့် ပြဿနာက ရိုမဲရိုး မဟုတ်ဘူး။ ပြဿနာက စပါးအသင်းရဲ့ အတိတ်ပါ။ အာဆင်နယ်ဆိုတဲ့ နာမည်ကြားလိုက်တာနဲ့ စပါးပရိသတ်တွေ သတိရတာက ဆိုးလ်ကမ်းဘဲပဲ။ အသင်းခေါင်းဆောင်၊ အသင်းရဲ့ အမှတ်အသားဖြစ်ခဲ့တဲ့ ကစားသမားတစ်ယောက်က မြိုခံပြိုင်ဘက်ဆီ အလွတ်နဲ့ ပြောင်းသွားပြီး ဆုဖလားတွေ ဆွတ်ခူးပြခဲ့တာဟာ ဒီနေ့အထိ စပါးသမိုင်းရဲ့ အနာကျင်ဆုံးအခိုက်အတန့်တစ်ခုအဖြစ် ရှိနေတုန်းပဲ။ ဒါကြောင့် ရိုမဲရိုးကို အာဆင်နယ်က ဘယ်လောက်ပဲ စိတ်ဝင်စားနေပါစေ၊ စပါးဘက်ကတော့ စကားဝိုင်းတောင် မဖွင့်ချင်ဘူးလို ပြောရမယ့် အခြေအနေမျိုးပါ။
တကယ်တော့ ရိုမဲရိုးလို Defender မျိုးက Aggressive Defending နဲ့ Front-foot Defense ကစားပုံမှာ တန်ဖိုးအရမ်းမြင့်တယ်။ ဒါပေမယ့် သူ့ရဲ့ စိတ်ဆန္ဒက ပရီးမီးယားလိဂ်ထဲမှာ အသင်းပြောင်းတာထက် လာလီဂါထိပ်သီးအသင်းတစ်သင်းဆီ ရောက်ဖို ပိုများနေတဲ့ပုံစံပါ။ ဒါကြောင့် အက်သလက်တီကိုမက်ဒရစ်ဖြစ်ဖြစ်၊ ဘာစီလိုနာဖြစ်ဖြစ် နောက်ဆုံးအနိုင်ရသွားဖို အလားအလာက ပိုမြင်နေရတယ်။
ဘောလုံးလောကမှာ တချိုအပြောင်းအရွှေ့တွေက ငွေကြေးတန်ဖိုးနဲ့ မတိုင်းတာနိုင်ဘူး။ ပရိသတ်ရဲ့ ခံစားချက်၊ အသင်းရဲ့ သမိုင်းနဲ့ပါ ဆိုင်သွားတတ်တယ်။ ဆိုးလ်ကမ်းဘဲရဲ့ ဖြစ်ရပ်ကို မမေ့နိုင်သေးတဲ့ စပါးအတွက်တော့ ရိုမဲရိုးကို အာဆင်နယ်ဆီ လွှတ်ပေးလိုက်တာက အပြောင်းအရွှေ့တစ်ခုထက် ပိုတဲ့ နာကျင်မှုတစ်ခု ဖြစ်သွားနိုင်တယ်လိုပဲ ပြောရမယ်။
Photo Credit
Goal 549
146 · Фотография
click to show
click to show
⚽️ဝါသနာနဲ့ ငွေကြေးပေါင်းစပ်ထားတဲ့ ပျော်ရွှင်မှုအရသာကို ခံစားဖိုဆို ⚽️
❗ဒီညပွဲကောင်းတွေ ကို လက်လွှတ်မခံသင့်ဘူးနော် ❗
ဒီနေ့(8/11/2026)အတွက်ပွဲစဉ်ကောင်းလေးတွေရဲ့ စတည်ပေါက်ကြေးလေးတွေပါရှင့်
149 · Фотография
click to show
click to show
ဂျိုဟိုး ဒါရူလ် တာဇင်နဲ့ ၃-၃ သရေကျခဲ့တဲ့ပွဲမှာ ရလဒ်ထက် ပိုပြီး ဆူခဲ့တာက ကွင်းဘေးက အခြေအနေပါ။ လီယမ် ဒီလပ်ကို ဂျိုဟိုးနောက်ခံလူ အန်တိုနီယို ဂလော်ဒါက အန္တရာယ်များတဲ့ ဖျက်ထုတ်မှုနဲ့ ဝင်ကစားခဲ့ပြီးနောက် ချဲလ်ဆီးရဲ့ Set-Piece နည်းပြ အော်စတင် မက်ဖီးက ဒေါသတကြီး တုံ့ပြန်ခဲ့တယ်။ အဲ့ဒီနောက် မလေးရှားအသင်းဘက်က နည်းပြအဖွဲ့ဝင်တစ်ယောက်က မက်ဖီးနဲ့ ထိပ်တိုက်လာခဲ့တာကြောင့် အခြေအနေက ပိုတင်းမာလာပြီး နောက်ဆုံး ဇာဘီ အလွန်ဆိုကိုယ်တိုင် ဝင်လာပြီး နှစ်ယောက်ကို ခွဲပေးခဲ့ရတယ်။
တကယ်တော့ ဒါကို ရန်ဖြစ်တာတစ်ခုလို့ပဲ မြင်လို့မရဘူး။ ကစားသမားတစ်ယောက် အန္တရာယ်ရှိတဲ့ ဖျက်ထုတ်မှုခံလိုက်ရတဲ့အချိန် ဘေးက နည်းပြအဖွဲ့ဝင်တွေက ငြိမ်ငြိမ်ကြည့်နေမှာမဟုတ်ဘူး။ အရင်ခေတ်က အသင်းကြီးတွေမှာလည်း မော်ရင်ဟိုတို့လို နည်းပြတွေက ကိုယ့်ကစားသမားအတွက် အမြဲတမ်း ရပ်တည်ပေးတတ်ခဲ့တာတွေ ရှိတယ်။ ဒီနေ့ ချဲလ်ဆီးမှာလည်း အော်စတင် မက်ဖီးရဲ့ တုံ့ပြန်မှုက အဲ့ဒီလို အသင်းအတွင်းက စိတ်ဓာတ်တစ်ခုကို ပြနေတယ်။ ကိုယ့်ကစားသမားကို ကွင်းထဲမှာ တစ်ယောက်တည်း မထားဘူးဆိုတဲ့ ခံစားချက်မျိုးပေါ့။
ဒါပေမယ့် အဲ့ဒီနေရာမှာ ဇာဘီ အလွန်ဆိုရဲ့ တုံ့ပြန်မှုကလည်း အရေးကြီးတယ်။ အခြေအနေကို မီးထပ်မတောက်အောင် ချက်ချင်းဝင်ထိန်းပြီး ကစားသမားတွေရဲ့ အာရုံကို ပြန်စုစည်းပေးခဲ့တယ်။ ခေတ်သစ်ဘောလုံးမှာ နည်းပြတစ်ယောက်က Tactics ပဲသိနေရုံနဲ့ မလုံလောက်တော့ဘူး။ အသင်းရဲ့ စိတ်ဓာတ်နဲ့ Emotion ကိုပါ ထိန်းချုပ်နိုင်ရတယ်။ အထူးသဖြင့် Transition မြန်တဲ့ အသင်းမှာ စိတ်အာရုံပျက်သွားတာ တစ်ခဏလေးနဲ့တင် ပြိုင်ဘက်အတွက် အခွင့်အရေးဖြစ်သွားနိုင်တယ်။
၃-၃ ဆိုတဲ့ ရလဒ်က ချဲလ်ဆီးအတွက် အပြည့်အဝ ကျေနပ်စရာမဟုတ်ပေမယ့် ဒီလိုမြင်ကွင်းတွေကတော့ အသင်းတစ်သင်းရဲ့ Culture ဘယ်လိုတည်ဆောက်နေသလဲဆိုတာ ပြနေတယ်။ ကွင်းထဲမှာ အပြိုင်အဆိုင်ကြမ်းရမယ်၊ ကိုယ့်လူထိရင် ကိုယ့်ဘက်က ရပ်တည်ပေးရမယ်၊ အခြေအနေကျော်လွန်လာရင် ခေါင်းအေးအေးနဲ့ ပြန်ထိန်းရမယ်။ အလွန်ဆို တည်ဆောက်နေတဲ့ ချဲလ်ဆီးက ဒီလိုစိတ်ဓာတ်မျိုးပါ ပိုခိုင်မာလာနိုင်ရင်တော့... ဒီအသင်းက ကြည့်ရတာ တဖြည်းဖြည်း ပိုစိတ်ဝင်စားစရာကောင်းလာတော့မယ်။
Photo Credit
Goal 549
159 · 12 August 2026
Фотография
click to show
click to show
⚽️ဝါသနာနဲ့ ငွေကြေးပေါင်းစပ်ထားတဲ့ ပျော်ရွှင်မှုအရသာကို ခံစားဖိုဆို ⚽️
❗️ဒီညပွဲကောင်းတွေ ကို လက်လွှတ်မခံသင့်ဘူးနော် ❗️
📌ဒီနေ့အတွက်ပွဲစဉ်ကောင်းလေးတွေရဲ့ စတည်ပေါက်ကြေးလေးတွေပါရှင့❤️
126 · Фотография
click to show
click to show
ဂရင်းနစ် ချာကာဟာ လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်သီးနည်းပြနှစ်ဦးဖြစ်တဲ့ မီကေလ် အာတီတာ ရော၊ ဇာဗီ အလွန်ဆို ဆီမှာပါ အဓိကကျတဲ့ ကစားသမားအဖြစ် ကစားခဲ့ဖူးသူပါ။ ဒါကြောင့်လည်း သူပြောပြတဲ့ ဇာတ်လမ်းက ပိုပြီးတော့ အရသာရှိလှပါတယ်။
ဇာတ်လမ်းကို ပြန်စရရင်... အာဆင်နယ်အသင်းမှာ ချာကာတစ်ယောက် သုံးရာသီခွဲကြာ ဖြတ်သန်းခဲ့တဲ့ အချိန်တွေဆီ ပြန်သွားရပါလိမ့်မယ်။ အဲဒီအချိန်က အာတီတာဟာ အာဆင်နယ်ကို စတင်ကိုင်တွယ်တဲ့ "နည်းပြပေါက်စ" အဆင့်ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ အာတီတာမှာ ပြတ်သားတဲ့ စည်းကမ်းနဲ့ ကျောက်ထွင်းထားသလို ခိုင်မာတဲ့ ဒဿနရှိတယ်။
"မီကေလ်မှာ သူ့ရဲ့ ကိုယ်ပိုင်အယူအဆ ရှိတယ်၊ ဒါက ပြင်လိုမရတဲ့ ကျောက်စာပဲ..."
ချာကာ က အာတီတာအကြောင်းကို ဒီလို ပြန်ပြောင်းပြောပြပါတယ်။
" အာတီတာရဲ့ ကစားကွက်ဟာ အလွန်တိကျပြီး စနစ်ကျလွန်းပါတယ်။ သူဟာ နောက်တန်း လေးယောက် (Back Four) စနစ်ကို ဘယ်တော့မှ မစွန့်လွှတ်သလို၊ ဗဟိုကွင်းလယ်ခံစစ် တစ်ယောက် (No. 6) နဲ့ ကွင်းလယ်တိုက်စစ် နှစ်ယောက် (No. 8) ပုံစံ 4-3-3 ကစားကွက်ကိုပဲ တစိုက်မတ်မတ် သုံးစွဲပါတယ်။
ကစားသမားတွေဟာ သတ်မှတ်ထားတဲ့ နေရာကနေ သွေဖည်လိုမရသလို၊ တိကျတဲ့ ဂျီဩမေတြီပုံစံတွေနဲ့ ပြိုင်ဘက်ကို ချည်းကပ်ရတာဖြစ်လို အာတီတာရဲ့ အာဆင်နယ်ဟာ အမှားအယွင်းမရှိ စည်းချက်ညီညီ လည်ပတ်နေတဲ့ စက်ယန္တရားကြီးတစ်ခုနဲ့ တူလှပါတယ်...."
ဒါပေမဲ့ ချာကာတစ်ယောက် ပေါင် ၂၁ သန်းနဲ့ ဂျာမနီမြေက လေဗာကူဆင်အသင်းဆီ ပြောင်းရွှေ့သွားတဲ့အခါမှာတော့ လုံးဝခြားနားတဲ့ ဘောလုံးကမ္ဘာသစ်တစ်ခုကို တွေ့လိုက်ရပါတော့တယ်။ အဲဒီမှာ သူ့ကို စောင့်ကြိုနေတာက ကစားသမားဘဝ ကွင်းလယ်အမြင်မှာ ပါရမီထူးချွန်ခဲ့သလို နည်းပြဘဝမှာလည်း ပါးနပ်လွန်းတဲ့ ဇာဗီ အလွန်ဆို ပါပဲ။
"ချာဘီကတော့ တစ်မျိုးကွဲပြားတယ်။ သူက နောက်တန်း လေးယောက်ရော၊ နောက်တန်း ငါးယောက် (Back Five) နဲ့ပါ ကစားနိုင်တယ်။ သူ အမြဲတမ်းလိုချင်တာကတော့ ကွင်းလယ်ခံစစ် နှစ်ယောက် (Double Pivot - Two No. 6s) ရှိနေဖိုပဲ...."
အလွန်ဆိုဟာ ကစားသမားတွေကို တစ်နေရာတည်းမှာ တင်းကျပ်စွာ ပိ-တ်လှော-င်မထားပါဘူး။ အထူးသဖြင့် ကွင်းလယ်ခံစစ် နှစ်ယောက်ကို နေရာအနှံ လျှောက်မပြေးစေဘဲ စည်းချက်ကို ထိန်းကျောင်းစေပါတယ်။ ပြိုင်ဘက်ရဲ့ အားနည်းချက်ကို ကြည့်ပြီး ပွဲအတွင်းမှာတင် ကစားကွက်ကို လိုက်လျောညီထွေ ပြောင်းလဲပစ်တတ်တဲ့ အလွန်ဆိုရဲ့ နည်းဗျူဟာဟာ ပြိုင်ဘက်တွေအတွက်တော့ ခန့်မှန်းရ အခက်ဆုံး ဘောလုံးအနုပညာတစ်ခု ဖြစ်လာခဲ့ပါတယ်။
အာတီတာ နဲ့ အလွန်ဆ
134 · Фотография
click to show
click to show
ဘောလုံးသမားတစ်ယောက်အတွက် အဆိုးဆုံးနာကျင်မှုက ဒဏ်ရာမဟုတ်ဘူး။ ကိုယ့်ကို ယုံကြည်တဲ့လူတွေ တစ်ယောက်ပြီးတစ်ယောက် လက်လွှတ်သွားတာက ပိုနာတယ်။ ဒီနွေမှာ မားကပ်စ် ရက်ရှ်ဖိုဒ် ကြုံခဲ့ရတာလည်း အဲဒီလိုပဲ။ အင်္ဂလန်အသင်းမှာ နေရာပျောက်သွားတယ်၊ အရမ်းမျှော်လင့်ခဲ့တဲ့ ဘာစီလိုနာ အပြောင်းအရွှေ့ကလည်း အကောင်အထည်မပေါ်ဘူး။ တစ်ချိန်က အင်္ဂလန်ရဲ့ အန္တရာယ်အရှိဆုံး တောင်ပံတိုက်စစ်သမားလို သတ်မှတ်ခံခဲ့ရတဲ့ ကစားသမားတစ်ယောက်ဟာ အခုတော့ မေးခွန်းပေါင်းများစွာရဲ့ အလယ်မှာ ရပ်နေရတယ်။
ဒီလိုအချိန်မှာ လူတချိုက လေ့ကျင့်ရေးကွင်းထဲ ပိုနှစ်မြှုပ်ကြတယ်။ တချိုကတော့ ကမ္ဘာနဲ့ ခဏလောက် အဆက်ဖြတ်ဖို ရွေးချယ်ကြတယ်။ ရက်ရှ်ဖိုဒ်ကတော့ ဒုတိယနည်းလမ်းကို ရွေးခဲ့တဲ့ပုံပါပဲ။ ပြင်သစ်ရဲ့ အပန်းဖြေကမ်းခြေဒေသမှာ ရွက်သင်္ဘောတစ်စင်းပေါ် အားလပ်ရက်ကို ကုန်ဆုံးနေတဲ့ သူ့ရဲ့ပုံတွေ ထွက်လာခဲ့တယ်။ ရှန်ပိန်ဖောက်သောက်တာ၊ ပါတီဆင်နွှတာ၊ တန်ဖိုးကြီး နာရီနဲ့ ဖိနပ်တွေ ဝတ်ဆင်ထားတာတွေက လူအများရဲ့ အာရုံစိုက်မှုကို ရခဲ့တယ်။ ဒါပေမယ့် ဓာတ်ပုံတစ်ပုံက လူတစ်ယောက်ရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာကိုတော့ ဘယ်တော့မှ အပြည့်အဝ မပြောပြနိုင်ဘူး။
တစ်ချိန်က ခရစ္စတီယာနို ရော်နယ်ဒို၊ ဝိန်း ရူနီတိုလို ကစားသမားကြီးတွေလည်း အနိမ့်ဆုံးအချိန်တွေကို ဖြတ်ကျော်ခဲ့ဖူးတယ်။ Elite ကစားသမားတိုင်းမှာ ပြန်ထဖို စမ်းသပ်ခံရတဲ့ အခိုက်အတန့်တွေ ရှိတတ်တယ်။ ရက်ရှ်ဖိုဒ်အတွက်လည်း အခုအချိန်က အဲဒီလို စမ်းသပ်မှုတစ်ခု ဖြစ်နိုင်တယ်။ လူတွေ မြင်နေရတာက ပါတီပွဲတစ်ခု ဖြစ်ပေမယ့်၊ သူ့အတွက်တော့ စိတ်ဖိစီးမှုတွေကို ခဏလောက် မေ့ထားဖို ကြိုးစားနေတဲ့ ထွက်ပေါက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။
ဘောလုံးလောကမှာ အရေးကြီးတာက အခုဘယ်လောက်ကျနေသလဲ မဟုတ်ဘူး။ ဘယ်လို ပြန်ထနိုင်မလဲ ဆိုတာပဲ။ ရက်ရှ်ဖိုဒ်ရဲ့ ဇာတ်လမ်းက ဒီမှာမပြီးသေးဘူး။ နောက်ရာသီက သူ့အတွက် အဖြေထုတ်ရမယ့် အချိန်ဖြစ်လာမလား၊ ဒါမှမဟုတ် ပိုပြီး မှောင်မိုက်သွားမလားဆိုတာကိုတော့ ကွင်းထဲက စွမ်းဆောင်ရည်ကပဲ အဆုံးအဖြတ်ပေးသွားလိမ့်ပါမယ်။
Photo Credit
Goal 549
141 · 13 August 2026
တစ်ချိန်က အားလုံးရဲ့မျက်လုံးကို သူ့ဆီလှည့်စေခဲ့တဲ့ ပေါလ်ပေါ့ဘာက အခုတော့ ပွဲတစ်ပွဲမှာ တစ်မိနစ်လောက်တောင် ကစားခွင့်ရဖို ရုန်းကန်နေရတဲ့အခြေအနေထိ ရောက်လာပြီ။ အန်ဖီးမှာ လီဗာပူးလ်နဲ့ မိုနာကိုတို ခြေစမ်းပွဲကစားနေချိန် ပေါ့ဘာကတော့ အရံခုံပေါ်ကနေ မိုနာကိုအသင်းဖော်တွေကိုပဲ ကြည့်ရှုအားပေးနေခဲ့ရတယ်။
ပိုပြီးနာကျင်စရာကောင်းတာက ပွဲပြီးသွားတဲ့အချိန်ပါ။ အသင်းဖော်တွေ အဝတ်လဲခန်းထဲ ပြန်သွားကြပေမယ့် ပေါ့ဘာကတော့ ကွင်းထဲမှာ ဆက်ရှိနေပြီး ရာသီသစ်အတွက် ကိုယ်တိုင်လေ့ကျင့်နေခဲ့တယ်။ (၂)နှစ်ကြာ ပွဲပယ်ပြစ်ဒဏ်ကနေ ပြန်လာခဲ့ပေမယ့် ပြီးခဲ့တဲ့ဒီဇင်ဘာကနေ အခုအချိန်ထိ သူက စုစုပေါင်း (၁၃၃) မိနစ်ပဲ ကစားထားရသေးတယ်။ သူ့ရဲ့ခန္ဓာကိုယ်နဲ့ အကောင်းဆုံးပုံစံကို ပြန်ရှာဖိုအတွက် အချိန်ကတော့ တဖြည်းဖြည်း ကုန်လာနေပြီ။
ပေါ့ဘာဆိုတာ တစ်ချိန်က အသင်းကြီးတိုင်း လက်မလွှတ်ချင်ခဲ့တဲ့ ကမ္ဘာ့အဆင့်ကွင်းလယ်လူတစ်ယောက်ပါ။ ဒါပေမယ့် အခု သူ့အတွက် အရေးကြီးဆုံးအရာက အရင်လို ကြယ်ပွင့်တစ်ယောက်ဖြစ်ဖိုထက် ကွင်းထဲကို ပြန်ဝင်နိုင်ဖို ဖြစ်နေတယ်။ ကျွန်တော်တို မှတ်မှတ်ရရ ပေါ့ဘာကို အကောင်းဆုံးပုံစံနဲ့ နောက်ဆုံးမြင်ခဲ့ရတာ ကမ္ဘာ့ဖလားဖိုင်နယ်လောက်ပဲဆိုရင် ဒီဇာတ်လမ်းရဲ့ နောက်ဆုံးစာမျက်နှာကိုတော့ သူကိုယ်တိုင် ဘယ်လိုရေးမလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။
Photo Credit
Goal 549
142 · Фотография
click to show
click to show
ပီအက်စ်ဂျီကတော့ ဒီတစ်ကြိမ်လည်း မရပ်သေးဘူး။ အက်စတွန်ဗီလာကို ၂-၁ နဲ့ အနိုင်ယူပြီး ယူအီးအက်ဖ်အေ စူပါဖလားကို ၂ နှစ်ဆက် ချန်ပီယံအဖြစ် သိမ်းပိုက်သွားခဲ့ပြီ။ ပြီးခဲ့တဲ့နှစ်မှာ တော့တင်ဟမ်ကို ကျော်ဖြတ်ပြီး ရခဲ့တဲ့ဖလားကို ဒီနှစ်မှာ အူနိုင်းအမ်မရီရဲ့ ဗီလာကို ထပ်ပြီးအနိုင်ယူကာ ကာကွယ်နိုင်ခဲ့တာပါ။ ဒီအောင်မြင်မှုကြောင့် စူပါဖလားကို ၂ နှစ်ဆက် ရယူနိုင်တဲ့ အသင်းစာရင်းထဲမှာ အေစီမီလန်နဲ့ ရီးယဲလ်မက်ဒရစ်တိုနဲ့အတူ ပီအက်စ်ဂျီလည်း ဝင်လာခဲ့တယ်။
ပွဲအစမှာတော့ ပီအက်စ်ဂျီရဲ့ ဘောလုံးပိုင်ဆိုင်မှုနဲ့ ကွင်းလယ်ထိန်းချုပ်မှုက ပိုပြီး ထင်ရှားခဲ့တယ်။ ဗီတင်ညာတိုဘက်က ဘောလုံးကို လည်ပတ်ပေးပြီး တိုက်စစ်လမ်းကြောင်းတွေ ဖွင့်လာချိန်မှာ ခဗားရက်စ်ခီလီယာက မိနစ် ၂၀ မှာ ဦးဆောင်ဂိုး သွင်းပေးခဲ့တယ်။ ဒါပေမယ့် ဗီလာကလည်း နောက်ကျောမှာ အစုလိုက်အပြုံလိုက် နေရာယူပြီး တန်ပြန်တိုက်စစ်ကနေ ပြန်ထိုးဖောက်နိုင်ခဲ့တာကြောင့် ဘရိုင်ယန် မက်ဂျိုက ပထမပိုင်းမပြီးခင် ချေပဂိုး ပြန်သွင်းနိုင်ခဲ့တယ်။
ဒုတိယပိုင်းရောက်တော့ ပီအက်စ်ဂျီရဲ့ အရည်အသွေးကပဲ ပွဲကို ပြန်လှည့်သွားစေတယ်။ ဒမ်ဘီလီရဲ့ ဖန်တီးပေးမှုကနေ ဒဆီရီ ဒူရေးက မိနစ် ၆၁ မှာ အနိုင်ဂိုးသွင်းခဲ့ပြီး VAR စစ်ဆေးပြီးနောက် ဂိုးအဖြစ် အတည်ပြုခဲ့တယ်။ ဗီလာဘက်ကတော့ နောက်ပိုင်းမှာ ကစားအားတင်ပြီး ပြန်လာဖိုကြိုးစားခဲ့ပေမယ့် ပီအက်စ်ဂျီရဲ့ နောက်တန်းကို ထိုးဖောက်ပြီး ဒုတိယချေပဂိုး ရှာမတွေ့တော့ဘူး။
အူနိုင်းအမ်မရီအတွက်တော့ ဒီရှုးပွဲက စူပါဖလားဖိုင်နယ်မှာ ၄ ကြိမ်မြောက် ရှုးနိမ့်မှု ဖြစ်သွားခဲ့တယ်။ ဒါပေမယ့် ဗီလာရဲ့ ဒီပွဲကစားပုံကို အလွယ်တကူ အားနည်းခဲ့တယ်လိုတော့ ပြောလိုမရဘူး။ လူငယ်ကစားသမားတွေ အများကြီးနဲ့လာခဲ့ရတဲ့အခြေအနေမှာတောင် ပီအက်စ်ဂျီကို အခက်တွေ့အောင် ကစားနိုင်ခဲ့တာက အူနိုင်းအမ်မရီရဲ့ အသင်းကို ပြန်တည်ဆောက်နေတဲ့ပုံစံကို မြင်ရစေတယ်။ တစ်ဖက်မှာတော့ ပီအက်စ်ဂျီက ချန်ပီယံအသင်းတစ်သင်းရဲ့ အတွေ့အကြုံနဲ့ အဆုံးသတ်နိုင်စွမ်းကို ပြသသွားပြန်ပြီ။ ဒီလိုနဲ့ပဲ ပီအက်စ်ဂျီရဲ့ ဥရောပလွှမ်းမိုးမှုဇာတ်လမ်းက ဖလားတစ်လုံးပြီးတစ်လုံး ဆက်ရေးနေတုန်းပါပဲ။
Congratulations PSG
Photo Credit
Goal 549
130 · 14 August 2026
Фотография
click to show
click to show
⚽️ဝါသနာနဲ့ ငွေကြေးပေါင်းစပ်ထားတဲ့ ပျော်ရွှင်မှုအရသာကို ခံစားဖိုဆို ⚽️
❗️ဒီညပွဲကောင်းတွေ ကို လက်လွှတ်မခံသင့်ဘူးနော် ❗️
📌ဒီနေ့အတွက်ပွဲစဉ်ကောင်းလေးတွေရဲ့ စတည်ပေါက်ကြေးလေးတွေပါရှင့❤️
68 ·