ChatCrawlersearch across public Telegram Open the app

ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅

сообщение · 2026-08-01 13:52 UTC
🥷
မြိုင်မြို့နယ်၊ သင်းမကျေးရွာကို တပ်စွဲရန်ရောက်ရှိလာသော စစ်တပ်စစ် ကြောင်းက နေအိမ် ၃၅ လုံး ကို မီးရှို့ဖျက်ဆီးပြီး ပြန်လည် ဆုတ်ခွာသွား၊ မဆုတ်ခွာမီလေကြောင်းဖြင့် အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ ရန်ကုန်၊ ဩဂုတ် ၁ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သင်းမကျေးရွာကို တပ်စွဲရန် ရောက်ရှိလာသော စစ်တပ် စစ်ကြောင်းမှာ ပြည်သူ့နေအိမ် ၃၅ လုံးကို မီးရှို့ဖျက်ဆီးပြီး ပြန်လည် ဆုတ်ခွာသွားပြီဖြစ်ပြီး မဆုတ်ခွာမီ လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းနှင့် ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၁ ရက် နံနက်ပိုင်းက မြိုင်မြို့နယ်၊ သင်းမကျေးရွာကို ရောက်ရှိနေသော အင်အား ၅၀၀ ကျော်ရှိ စစ်တပ်စစ်ကြောင်းသည် ဘောင့်ဘင်ကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် သင်းမကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နယ်မြေရှင်းလင်း ရေး လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ အလားတူ ဆုတ်ခွာထွက်ပြေးသွားသော စစ်တပ်စစ်ကြောင်းကို လည်း လိုက်လံချေမှုန်းနေဆဲဖြစ်ကြောင်း သိရသည်။ “ဘောင့်ဘင်ရွာဘက်ကို ပြန်ဆုတ်သွားပြီ။ ရွာထဲကို မိုင်းရှင်းလင်းရေး လုပ်ရအုံးမယ်။ ဒါ့ကြောင်မို့ မိဘပြည်သူတွေ ပြန်ဝင်နိုင်ဖို့ အချိန်ယူရအုံးမှာပါ” ဟု ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း - Myaing Vallages Revolution Front မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် မြိုင်မြို့နယ်၊ သင်းမကျေးရွာအတွင်း ရက်သတ္တ နှစ်ပတ်နီးပါး ကြာ ဝင်ရောက်တပ်စွဲကာ ပြည်သူ့နေအိမ် ၃၅ လုံးကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကိုလည်း ဖောက်ထွင်းလိုယူဖျက်ဆီးသွားကြောင်း သိရသည်။ စစ်ကောင်စီစစ်ကြောင်းမှာ သင်းမကျေးရွာအတွင်း တပ်စွဲရန်အတွက် ဝင်ရောက်ခဲ့သော်လည်း တော် လှန်ရေးတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကို မခံတော့သဖြင့် ပြန်လည်ထွက်ခွာသွားခြင်း ဖြစ်သည်။ ထိုသို့ မဆုတ်ခွာမီ ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းတွင် မြိုင်မြို့နယ် အနောက်ပိုင်းရှိ သင်းမကျေးရွာမှ စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာမှ ထွက်ခွာမည့်ဟန်ပြုလုပ်ခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် မကွေးလေတပ်မှ ထွက်ခွာလာသည့် Y-20 စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ် တစ်စီးက လာရောက်ချထားခဲ့သော ခဲယမ်းနှင့် ရိက္ခာထုပ်များကို ပြန်လည်ကောက်ယူခဲ့ကြောင်း သိရသည်။ ယင်းသို့ ရိက္ခာများကောက်ယူနေစဉ် တံတားဦးလေတပ်မှ တက်လာသော ဂျက်တိုက်လေယာဉ်တစ်စီးက မြိုင်မြို့ အနောက်မြောက်ဘက်ရှိ ရွာသစ်ကြီးကျေးရွာအနီးကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် မကွေးလေတပ်မှ ထွက်ခွာလာသော ဂျက်တိုက်လေယာဉ်တစ်စီးကလည်း မကျည်းကန်ကျေးရွာနှင့် ဖန်းကန်ကျေးရွာတို့ကို ထပ်မံဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနေ့ ညနေပိုင်းတွင်လည်း ညောင်ဦးလေဆိပ်မှ ထွက်ခွာလာသော Gyrocopter သုံးစီးဖြင့် မန်ကျည်းကန်ကျေးရွာကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို အတည်မပြုနိုင်သေးသော်လည်း နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ရိက္ခာထုတ်ယူခဲ့သည့် စစ်ကြောင်းမှာ သင်းမကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။ ယနေ့ ဩဂုတ်လ ၁ ရက် နံနက်ပိုင်းတွင် သင်းမကျေးရွာအတွင်းရှိ စစ်ကြောင်းများသည် ဘောင့်ဘင်ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ပြီး ကျန်ရှိနေသော စစ်သားအချို့က ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် လက်ရှိတွင် ယာကြီးပြင်လမ်းခွဲဘက်သို့ ဆက်လက်ဦးတည်နေကြောင်း သိရသည်။ "ဒီနေ့ နံနက်ပိုင်းမှာ စစ်ခွေးတွေက သင်းမရွာကို ထပ်မံမီးရှို့သွားတယ်။ မနေ့ကတော့ ရွာပတ်ဝန်းကျင်ကို ဗုံးအလုံးရေ အများအပြားနဲ့ ပတ်ကျဲခဲ့တယ်။ နေအိမ်ပျက်စီးမှုတွေ ရှိပေမယ့် ပြည်သူထိခိုက်သေဆုံးမှု ရှိ၊ မရှိတော့ အတည်မပြုနိုင်သေးပါဘူး" ဟု ဒေသခံပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ အလားတူ ဇူလိုင်လ ၂၂ ရက် မွန်းလွဲပိုင်းတွင်လည်း သင်းမကျေးရွာ၌ ရောက်ရှိနေသည့် စစ်ကောင်စီတပ်၏ ရှေ့ပြေးစစ်ကြောင်းသည် ကျေးရွာအနောက်ဘက်သို့ ဆက်လက်ထွက်ခွာလာခဲ့ပြီး သင်းမလမ်းခွဲအနီးသို့ ရောက်ရှိလာချိန်တွင် သင်းမလမ်းခွဲ ကတ္တရာလမ်းနှင့် အနီးပတ်ဝန်းကျင်ကို Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် တစ်စီးက မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ၇ ကြိမ်၊ ညနေ ၅ နာရီဝန်းကျင်တွင် ၈ ကြိမ်၊ စုစုပေါင်း ၁၅ ကြိမ်ခန့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါစစ်ကြောင်းသည် ဇွန်လ ၂၃ ရက်မှစတင်၍ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့အတွင်း စစ်ကြောင်းထိုးစဉ် သာစည်၊ နှမ်းဆီကန်၊ မိတ္ထီလာ၊ ဝက်ပုတ်၊ ကုန်းရွာ၊ ထောက်ရှာပင်၊ ကန်နက်၊ မြင်းကိုးသစ်၊ ကိုင်းတောမ၊ ဝါးရင်းချိုင်၊ ကွန်လပ်၊ ဘောတုံနှင့် သံချောင်းကျေးရွာများတွင် အရပ်သားအများအပြားကို သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ဇူလိုင်လ ၂၂ ရက်နေ့တွင်လည်း သင်းမကျေးရွာရှိ
724 ·

Вся лента · оригинал в Telegram

Open in Telegram Feed t.me/s Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog