ChatCrawlersearch across public Telegram Open the app

ပြည်သူမှ ပြည်သူသို့ အလင်းပြ ပေးနေသော 🦅 7 Star Myaing 🦅

2 332 members
1 August 2026
မြိုင်မြို့နယ်၊ သင်းမကျေးရွာကို တပ်စွဲရန်ရောက်ရှိလာသော စစ်တပ်စစ် ကြောင်းက နေအိမ် ၃၅ လုံး ကို မီးရှို့ဖျက်ဆီးပြီး ပြန်လည် ဆုတ်ခွာသွား၊ မဆုတ်ခွာမီလေကြောင်းဖြင့် အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ ရန်ကုန်၊ ဩဂုတ် ၁ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သင်းမကျေးရွာကို တပ်စွဲရန် ရောက်ရှိလာသော စစ်တပ် စစ်ကြောင်းမှာ ပြည်သူ့နေအိမ် ၃၅ လုံးကို မီးရှို့ဖျက်ဆီးပြီး ပြန်လည် ဆုတ်ခွာသွားပြီဖြစ်ပြီး မဆုတ်ခွာမီ လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းနှင့် ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယနေ့ ဩဂုတ်လ ၁ ရက် နံနက်ပိုင်းက မြိုင်မြို့နယ်၊ သင်းမကျေးရွာကို ရောက်ရှိနေသော အင်အား ၅၀၀ ကျော်ရှိ စစ်တပ်စစ်ကြောင်းသည် ဘောင့်ဘင်ကျေးရွာသို့ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ပြီး ပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် သင်းမကျေးရွာအတွင်းသို့ ဝင်ရောက်ကာ နယ်မြေရှင်းလင်း ရေး လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ အလားတူ ဆုတ်ခွာထွက်ပြေးသွားသော စစ်တပ်စစ်ကြောင်းကို လည်း လိုက်လံချေမှုန်းနေဆဲဖြစ်ကြောင်း သိရသည်။ “ဘောင့်ဘင်ရွာဘက်ကို ပြန်ဆုတ်သွားပြီ။ ရွာထဲကို မိုင်းရှင်းလင်းရေး လုပ်ရအုံးမယ်။ ဒါ့ကြောင်မို့ မိဘပြည်သူတွေ ပြန်ဝင်နိုင်ဖို့ အချိန်ယူရအုံးမှာပါ” ဟု ပခုက္ကူခရိုင် အမှတ် ၆ တပ်ရင်း - Myaing Vallages Revolution Front မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် မြိုင်မြို့နယ်၊ သင်းမကျေးရွာအတွင်း ရက်သတ္တ နှစ်ပတ်နီးပါး ကြာ ဝင်ရောက်တပ်စွဲကာ ပြည်သူ့နေအိမ် ၃၅ လုံးကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကိုလည်း ဖောက်ထွင်းလိုယူဖျက်ဆီးသွားကြောင်း သိရသည်။ စစ်ကောင်စီစစ်ကြောင်းမှာ သင်းမကျေးရွာအတွင်း တပ်စွဲရန်အတွက် ဝင်ရောက်ခဲ့သော်လည်း တော် လှန်ရေးတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကို မခံတော့သဖြင့် ပြန်လည်ထွက်ခွာသွားခြင်း ဖြစ်သည်။ ထိုသို့ မဆုတ်ခွာမီ ဇူလိုင်လ ၃၁ ရက် နံနက်ပိုင်းတွင် မြိုင်မြို့နယ် အနောက်ပိုင်းရှိ သင်းမကျေးရွာမှ စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာမှ ထွက်ခွာမည့်ဟန်ပြုလုပ်ခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် မကွေးလေတပ်မှ ထွက်ခွာလာသည့် Y-20 စစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ် တစ်စီးက လာရောက်ချထားခဲ့သော ခဲယမ်းနှင့် ရိက္ခာထုပ်များကို ပြန်လည်ကောက်ယူခဲ့ကြောင်း သိရသည်။ ယင်းသို့ ရိက္ခာများကောက်ယူနေစဉ် တံတားဦးလေတပ်မှ တက်လာ
724 ·
🥷"Dae" (အငယ်ကောင်)🚩⚔မြိုင်မြို့နယ်၊ သင်းမကျေးရွာကို တပ်စွဲရန်ရောက်ရှိလာသော စစ်တပ်စစ် ကြောင်းက နေအိမ် ၃၅ လုံး ကို မီးရှို့ဖျက်ဆီးပြီး ပြန်လည် ဆုတ်ခွာသွား၊ မဆုတ်ခွာမီလေကြောင်းဖြင့် အကြိမ်ကြိမ်ဗုံးကျဲတိုက်ခိုက်ခဲ့ ရန်ကုန်၊ ဩဂုတ် ၁ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သင်းမကျေးရွာကို တပ်စွဲရန် ရောက်ရှိလာသော စ
ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဝက်ဖိုးကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီစစ်ကြောင်းသည် မည်သည့်ဘက်သို့ ဆက်လက်ဦးတည် စစ်ကြောင်းထိုးမည်ကို မသိရှိရသေးသဖြင့် မြိုင်မြို့နယ် အနောက်ပိုင်းနှင့် အနောက်မြောက်ပိုင်းရှိ ပြည်သူများအနေဖြင့် စစ်ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းနိုင်ရေး အထူးသတိဖြင့် နေထိုင်ကြရန် ဒေသတွင်း တော်လှန်ရေးအင်အားစုများက သတိပေးနှိုးဆော်ထားကြောင်း သိရသည်။
807 ·
1.8.2026🚨 မြိုင်မြို့နယ်🚨 မြိုင်မြို့နယ်သင်းမကျေးရွာ မှာထွက်ခွာလာသော စခစစ်ကြောင်းမှာ မြိုင်မြို့နယ် ဘောင့်ဘင်ကျေးရွာသို့ရောက်ရှိနေကြောင်းသိရပါတယ်.. ပြည်သူများအနေ့ဖြင့်စစ်ကြောင်းသတိပြုနေကျပါရန်။ 🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ 🛰9:00PM #7starmyaing 📪သတင်းပေးပို့ရန် @bnue_1234/@Myaing3star
789 ·
🥷
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ 1.8.2026 ယနေ့မနက်ပိုင်းက မြိုင်မြို့နယ်အနောက်ပိုင်း သင်းမရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ 10:30 ဝန်းကျင်မှာ ဘောင့်ဘင်ရွာကို ရောက်ရှိခဲ့ပြီး ယနေ့ညဦးပိုင်းအချိန်ထိ ဘောင့်ဘင်ရွာမှာ ရှိနေတယ်လို့ သိရပါတယ်။ 7 လပိုင်း 21 ရက်နေ့ ညနေပိုင်းက သင်းမရွာကို စတင်ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ 8 လပိုင်း 1 ရက်နေ့ မနက်ပိုင်းထိ သင်းမရွာမှာ 12 ရက်ကြာ တပ်စွဲနေထိုင်ခဲ့ပြီး 7 လပိုင်း 22 ရက်နေ့ မနက် 10:30 ဝန်းကျင်က တစ်ကြိမ် 8 လပိုင်း 1 ရက်နေ့ မနက် 9:00 ဝန်းကျင်က တစ်ကြိမ် သင်းမရွာကို နှစ်ကြိမ်တိုင် မီးရှိူ့ဖျက်ဆီးခဲ့ရာ သင်းမရွာမှ ပြည်သူနေအိမ် 40 ခန့် မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ စစ်ကောင်စီတပ်တွေဟာ ယနေ့နေ့လည် 2:45 ဝန်းကျင်ကလည်း ဘောင့်ဘင်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဘောင့်ဘင်ရွာမီးရှို့ ခံရမှု အခြေအနေကိုတော့ မသိရသေးပါဘူး။ နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ မသိရတာကြောင့် မြိုင်မြို့နယ်အနောက်ပိုင်းမှ မိဘပြည်သူများအားလုံး သတိဝရိယနဲ့ နေထိုင်ကြဖို့ အသိပေးအပ်ပါတယ်။ #ပြည်သူတွေဘေးကင်းကြပါစေ #welovemyaing #ချစ်သောအညာမြေ #စစ်ကြောင်းသတင်း #7starmyaing 📪သတင်းပေးပို့ရန် @bnue_1234/@Myaing3star
866 ·
2 August 2026
@
မြိုင်မြို့နယ်💠 ၀၂၀၇၃၀အချိန် မြိုင်မြို့နယ် ကန်နီရွာမှ ခွေးအင်အား ၇၀ခန့် အရှေ့ရပ်သို့ထွက်နေကြောင်းသိရ။ SBR....🦅 𝐀𝐮𝐠 2, 7:30AM ThreeStarMyaing 📩သတင်းပေးပို့ရန်>@Myaing3star
809 ·
Y
မြိုင်မြို့နယ် မြိုင်မြို့နယ် ဘောင့်ဘင်ကျေးရွာသို့ရောက်ရှိနေသော စခစစ်ကြောင်းသည် ဘောင့်ဘင်ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များအားမီးရိူ့ ပြီး အနောက်တောင်ဘက် သို့စတင်ထွက်ခွာနေကြောင်သိရ။ 🇼🇸မြိုင်🦚ဒေါင်းမင်းမြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ #MRSN Aug 2 ,10:11AM #Threestarsmyaing #7starmyaing 📬သတင်းပေးပို့ရန် @myaing3starbot
848 ·
webpage
click to show
မြိုင်မြို့နယ်💠 မြိုင်မြို့နယ် ဘောင့်ဘင်ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များအားမီးရိူ့ ပြီး အနောက်တောင်ဘက် သို့ထွက်ခွာခဲ့သောစစ်ကြောင်းဟာယာကြီးပြင်ကျေးရွာအတွင်းစတင်ဝင်ရောက်ထားကြောင်းသတင်းရရှိထားပါသည်။ ဒေါင်းငယ်🦚 အညာမြေပြင်.....🦅 𝐀𝐮𝐠 2, 11:11AM ThreeStarMyaing 7StarMyaing 📩သတင်းပေးပို့ရန်>@Myaing3star သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
798 ·
@3starmyaing A-3မြိုင်မြို့နယ်💠 မြိုင်မြို့နယ် ဘောင့်ဘင်ကျေးရွာရှိ ပြည်သူပိုင်နေအိမ်များအားမီးရိူ့ ပြီး အနောက်တောင်ဘက် သို့ထွက်ခွာခဲ့သောစစ်ကြောင်းဟာယာကြီးပြင်ကျေးရွာအတွင်းစတင်ဝင်ရောက်ထားကြောင်းသတင်းရရှိထားပါသည်။ ဒေါင်းငယ်🦚 အညာမြေပြင်.....🦅 𝐀𝐮𝐠 2, 11:11AM ThreeStarMyaing 7StarMyaing 📩သတင်း
webpage
click to show
မြိုင်မြို့နယ်💠 မြိုင်မြို့နယ်"ဘဘ” ရွာသို့ရောက်ရှိ နေသော အကြမ်းဖက်စခများ ယာကြီးပြင်ရွာကို ဝင်ရောက်နေပြီး၊နေအိမ်များကိုမီးရိူ့ ​ နေကြောင်းသိရ။ KT.......🦅 𝐀𝐮𝐠 2, 11:47AM ThreeStarMyaing 7StarMyaing 📩သတင်းပေးပို့ရန်>@Myaing3star သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
838 ·
@
@3starmyaing A-3မြိုင်မြို့နယ်💠 မြိုင်မြို့နယ်"ဘဘ” ရွာသို့ရောက်ရှိ နေသော အကြမ်းဖက်စခများ ယာကြီးပြင်ရွာကို ဝင်ရောက်နေပြီး၊နေအိမ်များကိုမီးရိူ့ ​ နေကြောင်းသိရ။ KT.......🦅 𝐀𝐮𝐠 2, 11:47AM ThreeStarMyaing 7StarMyaing 📩သတင်းပေးပို့ရန်>@Myaing3star သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7star
webpage
click to show
မြိုင်မြို့နယ်💠 မြိုင်မြို့နယ် ယာကြီးပြင်ကျေးရွာအတွင်းဝင်ရောက်ထားတဲ့  စစ်ကြောင်းဟာ ပြည်သူပိုင်နေအိမ်များအားမီးရှို့ဖျတ်ဆီးပြီး ကျေးရွာအတွင်း ခေတ်တ ဝပ်ကျင်းချ၍ ချက်ပြုတ်စားသောက်နေကြောင်းသတင်းရရှိထားပါတယ်။ ဒေါင်းငယ်🦚 အညာမြေပြင် 𝐀𝐮𝐠 2,1:00PM ThreeStarMyaing 7StarMyaing 📩သတင်းပေးပို့ရန်>@Myaing3star သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
865 ·
လျှပ်စစ်မီးသတင်း🔌⚠️ ပခုက္ကူ - ညောင်ပင်ကြီး ၁၃၂ KV ဓာတ်အားလိုင်းချို့ယွင်းချက် {အပြစ်} ဖြစ်ပေါ်မှုကြောင့် ပခုက္ကူ၊ ကမ္မနှင့် မြစ်ခြေမြို့တို့တွင် လျှပ်စစ်မီးများ ယာယီပြတ်တောက်လျက် ရှိပါသည်။ #PKK_News 𝐀𝐮-2, 4:18𝐌 #7starmyaing 📩သတင်းပေးပို့ရန် @Myaing3star
794 ·
🥷
တံတားဦး တံတားဦးလေတပ်သို့ မကွေးတိုင်း ထီးလင်းမြို့နယ်အနောက်တောင်ခြမ်းတွင် (4:40 PM) အချိန်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော Yak-130 Fighter Jet (1)စီး အနောက်အရပ်မှ ဆင်းသက်။ #NAS Aug 2, 5:00PM #7starmyaing
779 ·
@
@3starmyaing A-3မြိုင်မြို့နယ်💠 မြိုင်မြို့နယ် ယာကြီးပြင်ကျေးရွာအတွင်းဝင်ရောက်ထားတဲ့  စစ်ကြောင်းဟာ ပြည်သူပိုင်နေအိမ်များအားမီးရှို့ဖျတ်ဆီးပြီး ကျေးရွာအတွင်း ခေတ်တ ဝပ်ကျင်းချ၍ ချက်ပြုတ်စားသောက်နေကြောင်းသတင်းရရှိထားပါတယ်။ ဒေါင်းငယ်🦚 အညာမြေပြင် 𝐀𝐮𝐠 2,1:00PM ThreeStarMyaing 7StarMyaing 📩သတင်း
webpage
click to show
မြိုင်မြို့နယ်💠 မြိုင်မြို့နယ် ဘောင့်ဘင်ကျေးရွာမှ အနောက်တောင်ဘက် သို့ထွက်ခွာခဲ့သောစစ်ကြောင်းရောက်ရှိရာ ယာကြီးပြင်ကျေးရွာ သို့ ကားတန်းပါ ဝင်ရောက်ထားကြောင်းသတင်းရရှိထားပါသည်။ Aug 2, 2:35 PM ThreeStarMyaing 7StarMyaing 📩သတင်းပေးပို့ရန်>@Myaing3star သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
809 ·
🥷"Dae" (အငယ်ကောင်)🚩⚔Фотография
မြိုင်တွင် စစ်တပ်က ဘောင့်ဘင်ရွာကို မီးရှို့ဖျက်ဆီး၊ ကနီရှိ ယာကြီးရွာကိုလည်း စစ်တပ်က ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံး ဩဂုတ်လ ၂ ရက် မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ပိုင်းရှိ ဘောင့်ဘင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မြိုင်မြို့နယ်အနောက်ပိုင်း ဘောင့်ဘင်ကျေးရွာတွင် ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နံနက် ၁၀ နာရီခန့်တွင် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ ထို့နောက် အဆိုပါ စစ်ကြောင်းနှင့် ယာဉ်တန်းသည် မွန်းလွဲ ၁၂ နာရီခန့်တွင် ယာကြီးပြင်ကျေးရွာအတွင်းသို့ ဝင်ရောက်တပ်စွဲထားဆဲဖြစ်ကြောင်း သိရသည်။ "စစ်ခွေး စစ်ကြောင်းက ဘောင့်ဘင်ကျေးရွာက မထွက်ခင်မှာ ရွာထဲက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရတယ်။ ပြည်သူတွေလည်း ဆက်လက် တိမ်းရှောင်နေရတုန်းပါပဲ" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ထိုစစ်ကြောင်းသည် ဩဂုတ်လ ၁ ရက်နေ့ကလည်း မြိုင်မြို့နယ်၊ သင်းမကျေးရွာအတွင်း ရက်သတ္တ နှစ်ပတ်နီးပါး ကြာ ဝင်ရောက်တပ်စွဲကာ ပြည်သူ့နေအိမ် ၃၅ လုံးကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကိုလည်း ဖောက်ထွင်းလိုယူဖျက်ဆီးသွားကြောင်း သိရသည်။ ထို့ပြင် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းဘေးတွင်ရှိသော ယာကြီးကျေးရွာကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်က ဩဂုတ်လ ၁ ရက်နေ့ တွင် လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်များနှင့် မော်တော်ယာဉ်မား ထိမှန်ပျက်စီးခဲ့သည့်အပြင် ပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ "စစ်ခွေး‌တွေ ဗုံးကျဲ တိုက်ခိုက်သွားတာ ပြည်သူ ၁ ဦး သေဆုံးပြီး တော့ ၁ ဦး ထိခိုက်ဒဏ်ရာရပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် စစ်ကြောင်းထိုးမှုများကြောင့် ကနီမြို့နယ် အတွင်းရှိ ဒေသပြည်သူများမှာ ဘေးလွတ်ရာသို့ အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ #KTM #HlaingInfo
833 ·
🥷
ပေါက်/မြိုင်⚠️ ပေါက်/မြိုင်နယ် အစပ် တစ်နေရာတွင် ကင်းထောက်ဒရုန်း (UAV Scout Drone) ၁စီး ပျံဝဲနေ။ #SAS Aug 2, 09:19 PM
788 ·
Y
မြိုင်မြို့နယ်အတွင်းနောက်ဆုံးရသတင်းများ 2.8.2026 မနေ့ညက မြိုင်မြို့နယ်အနောက်ပိုင်း ဘောင့်ဘင်ရွာမှာ ညအိပ်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ယနေ့မနက် 10:00 ဝန်းကျင်မှာ ဘောင့်ဘင်ရွာမှ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနောက် နေ့လည် 12:00 ဝန်းကျင်မှာ ယာကြီးပြင်ရွာကို ရောက်ရှိသွားကာ ယနေ့ညဦးပိုင်းအချိန်ထိ ယာကြီးပြင်ရွာ ဘုန်းကြီးကျောင်း စာသင်ကျောင်းနဲ့ ရွာထဲက နေအိမ်တွေမှာ တပ်ဖြန့်ထားတယ်လို့ သိရပါတယ်။ နောက်ရက် ဘယ်ကိုဆက်ပြီး စစ်ကြောင်းထိုးမလဲ မသိရတာကြောင့် မြိုင်မြို့နယ်အနောက်ပိုင်းမှ မိဘပြည်သူများအားလုံး သတိဝရိယနဲ့ နေထိုင်ကြဖို့ အသိပေးအပ်ပါတယ်။ ဘောင့်ဘင်ရွာ မီးရှို့ခံရမှု အခြေအနေ အသေးစိတ်ကိုတော့ မနက်ဖြန်မှ ထပ်မံ ဖော်ပြ ပေးပါမည်။ #ပြည်သူတွေဘေးကင်းကြပါစေ #wovemyaing #ချစ်သောအညာမြေ #စစ်ကြောင်းသတင်း #MRSN Aug 2 , 10:31PM #Threestarsmyaing #7starmyaing 📬သတင်းပေးပို့ရန် @myaing3starbot
803 ·
3 August 2026
M
‼️မှော်ဘီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ရဲ့ တိုက်ခိုက်ရေး လေယာဉ်တစ်စီး အင်ဂျင်မီးလောင်ကာ ပျက်ကျ‼️ ဩဂုတ်လ ၃ ရက်နေ့ ဒီကနေ့ မနက် ၅ နာရီ ၁၆ မိနစ်ခန့်အချိန်က ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးတွင် အကြမ်းဖက် စစ်တပ်ရဲ့ တိုက်ခိုက်ရေး လေယာဉ်တစ်စီး အင်ဂျင်မီးလောင်ကာ ပျက်ကျခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြ၀တီရုပ်မြင်သံကြားက ကြားဖြတ်သတင်းအဖြစ် ဝန်ခံ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီ လက်အောက်ခံ ဝါဒဖြန့် ရုပ်သံက ထုတ်ပြန်ရာမှာ စောက်စုတ် တိုက်လေယာဉ်ဟာ လေ့ကျင့်ပျံသန်းနေစဉ် ငှက်နှင့်တိုက်မိခဲ့ပြီး အင်ဂျင်မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် ဆက်လက်ထိန်းချုပ် ပျံသန်းနိုင်ခြင်း မရှိဘဲ ပျက်ကျခဲ့တာလို့ ဆိုပါတယ်။ လေယာဉ်ပျက်မကျမီ လေယာဉ်မှူးဟာ အရေးပေါ်ထွက်ခွာသည့်စနစ် (Ejection System) ကို အသုံးပြု၍ လေယာဉ်ပေါ်မှ ခုန်ထွက်ခဲ့ပြီး အသက်ဘေးမှ လွတ်မြောက်ခဲ့တယ်လို့လဲ ဝါဒဖြန့် ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။ လက်ရှိတွင် အကြမ်းဖက် စစ်တပ်က တိုက်လေယာဉ် ပျက်ကျသည့် နေရာကို ရှာဖွေမှုတွေ ဆောင်ရွက်နေပြီး လေယာဉ်အပျက်အစီးများနှင့် သက်ဆိုင်ရာပစ္စည်းများကို ပြန်လည်စုဆောင်း ကောက်ယူကာ သံတိုသံစ ရောင်းစားဖို့ ဆက်လက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ #4C_TruthNews
653 ·
ပေါက်⚠️ ပေါက်နယ် ဖြတ်၍ မိတ္ထီလာလေတပ်မှ Y-12 စစ်ထောက်ပို့/ဗုံးကျဲလေယာဥ် ၁ စီး အနောက်‌ မြောက် ဘက်သို့ ပျံသန်း။ #WaiHin Aug 03, 5:21 PM
527 ·
မြိုင်⚠️ မြိုင်နယ် အရှေ့တောင်ခြမ်း ဖြတ်၍ မိတ္ထီလာ လေတပ်မှ Y-12 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ် ၁ စီး အနောက်မြောက်အရပ်သို့ ပျံသန်း။ #SAS Aug 3, 05:24 PM
532 ·
🥷
မြိုင်🚨 ရှမ်းတဲလေတပ်တက် Y-12 Military Transport Aircraft (1)စီး မြိုင်နယ်အနောက်ခြမ်းတွင် ပျံဝဲ။ #NAS Aug 3,  5:31PM
514 ·
Y
မြိုင်မြို့နယ်စစ်ကြောင်းနဲ့လေကြောင်းသတင်း 3.8.2026 မြိုင်မြို့နယ်အနောက်ပိုင်း ယာကြီးပြင်ရွာမှာ ရောက်နေတဲ့ ကားတန်းနဲ့ စစ်ကောင်စီတပ်တွေဟာ လက်ရှိအချိန်ထိ ယာကြီးပြင်ရွာမှာ ရှိနေပြီး ယနေ့ညနေ 5:30 ဝန်းကျင်ကစပြီး ယာကြီးပြင်ရွာနဲ့ အနီးတဝိုက်ရွာများအနီးကို မိတ္ထိလာလေတပ်မှ Y 12 စစ်ထောက်ပို့ ဗုံးကြဲလေယာဉ်တစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ကနဦးသတင်း သိရပါတယ်။ အခြေအနေ အသေးစိတ် မသိရသေးပါ။ #ပြည်သူတွေဘေးကင်းကြပါစေ #welovemyaing #ချစ်သောအညာမြေ #လေကြောင်းတိုက်ခိုက်မှု #MRSN Aug 3 , 5:52 PM #Threestarsmyaing #7starmyaing 📬သတင်းပေးပို့ရန် @myaing3starbot
488 ·
Фотография
click to show
(စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မြိုင်မြို့နယ် ကျေးရွာတွေက နေအိမ်တွေ။ ဓာတ်ပုံ - အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်)
436 ·
🥷"Dae" (အငယ်ကောင်)🚩⚔(စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ မြိုင်မြို့နယ် ကျေးရွာတွေက နေအိမ်တွေ။ ဓာတ်ပုံ - အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်)
မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း ဒေသခံတွေရဲ့ နေအိမ် ၂၀၀ ကျော် မီးရှို့ဖျက်ဆီး ဩဂုတ်-၃၊၂၀၂၆။ဖိုးသား/People's Spring မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ဒါ့အပြင် လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ် နေပြီး လေကြောင်းပစ်ကူတွေလည်း သုံးလာနိုင်တဲ့အတွက် ပတ်ဝန်ကျင်ကျေးရွာတွေ အထူးသတိထားနေကြဖို့ အသိပေးပါတယ်။ "ယာကြီးပြင် မြောင်းပြားတဝိုက်ရောက်နေတယ်။စစ် ကြောင်း ဘယ်ထပ်ရွှေ့မလဲ ဆိုတာ ဆက်လက်စောင့်ကြည့်နေဆဲပါ"လို့ ပခုက္ကူခရိုင် အမှတ်(၆) တပ်ရင်းတာ၀န်ရှိသူက ပြောပါတယ်။ အခု ဩဂုတ် ၁ ရက်က သင်းမကျေးရွာကနေ ပြန်ဆုတ်လာတဲ့စစ်‌တပ်စစ်ကြောင်းဟာ ဘောင့်ဘင်ကျေးရွာကို မီးရှို့ခဲ့ပြီး ဩဂုတ် ၂ရက် မနက်ပိုင်းမှာ ယာကြီးပြင်ကျေးရွာကို၀င်ရောက်ခဲ့တာလို့ ဆိုပါတယ်။ ဇူလိုင် ၁၃ ရက်ကစပြီး စစ်တပ်စစ်ကြောင်းဟာ ကန်နက်ရွာနဲ့အနီးတဝိုက်က နေအိမ် ၃၁လုံး၊ လက်ခုပ်ပင်ရွာက နေအိမ် ၂၉လုံး၊ ညောင်ကုန်း၊ကိုင်းတောမ ထန်းငယ်တောရွာတွေက နေအိမ် ၁၂ လုံး၊သင်းမရွာက နေအိမ် ၄၀ ကျော်နဲ့ ဘောင်ဘင် ရွာက နေအိမ်အလုံး ၉၀ ကျော်ကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။ "မနက်ကတည်းက ယာကြီးပြင် အနောက်ခြမ်းကို လက်နက်ကြီးတွေနဲ့ပစ်နေတာရှိတယ်။တိုက်ပွဲကတော့ အရမ်းပြင်းထန်တာမျိုးမဖြစ်သေးဘူး"လို့ မြိုင်မြို့ခံတော်လှန်ရေးရဲဘော် တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လက ပေါက်နဲ့ မြိုင်မြို့နယ် ရေပြာရဲစခန်း၊ကုက္ကိုလ်စုနဲ့ သရက်ကန်ပြည်သူ့စစ်ရွာတွေကို တော် လှန်ရေးတပ်တွေသိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က ပခုက္ကူတပ်မ ၁၀၁ ကနေ အင်အား ၆၀၀ ၀န်းကျင်နဲ့ နှစ်လအကြာ တန်ပြန်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။ "သေချာတာကတော့ စစ်ကြောင်းဟာ ယာကြီးပြင် လမ်းပိုင်းအတိုင်း ရေနံမြေထဲကို ဝင်ရောက်မယ်လို့ ယူဆရပါတယ်။ စစ်တပ်က စခန်းစွန့်ခဲ့ရတဲ့ စခန်းဟောင်းနေရာတွေကို အရင်ဦးဆုံး ဝင်မယ်လို့ ယူဆပါတယ်။ယခုစစ်ကြောင်းဟာ လပေါင်းများစွာကြာအောင် စစ်ကြောင်းထိုးနေမဲ့ စစ်ကြောင်းဖြစ်မယ်လို့ယူဆပါတယ်။ လက်လွတ်ရတဲ့ စခန်းတွေကို ထိုင်ဖို့လာတဲ့စစ်ကြောင်း မဖြစ်နိုင်ဘူးလို့ ယူဆပါတယ်။ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ စခန်းနေရာတွေရဲ့ ပထီအနေအထားတွေကို မြေပြင်ကွင်းဆင်းကြည့်တဲ့ စစ်ကြောင်း ဖြစ်မယ်လို့ယူဆပါတယ်"လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် တာ၀န်ရှိသူက ပြောပါတယ်။ အဲဒီစစ်ကြောင်းဟာ ၂
499 ·
🥷
🛫မကွေးတိုင်း မြိုင်မြို့နယ်🛫 3-8-2026...ရက်နေ့.5:00PMအချိန်တွင်  မိတ္ထီလာ ရှမ်းတဲ လေတပ် မှအနောက်မြောက်အရပ်သို့ ပျံတက်လာသော Y-12 Military Transport Aircraft (၁)စီးသည် မြိုင်မြို့နယ်အနောက်ခြမ်းတွင် 5:35PM အချိန်မှ စတင်၍ 6:22PM အချိန်ထိ (12)ကြိမ် ဗုံးသီး (45) လုံးချ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး 6:56PMအချိန်တွင် မိတ္ထီလာ ရှမ်းတဲ လေတပ်သို့ အနောက်မြောက်အရပ်မှ ပြန်လည်ဆင်းသက်သွားခဲ့ပါသည်.. ..။ 📡ရဲရင့်ဌာနေ...🦚မိုးကြိုးအင်အားစု🌿...ပြည်သူ့အကျိုးပြု လေကြောင်းကင်းထောက်/သတင်းမှန်ပြန်ကြားရေးအဖွဲ့ (မြိုင်)...။ #crd
383 ·
@
webpage
click to show
မြိုင်မြို့နယ် .....💠 မြိုင်မြို့နယ်ယာကြီးပြင်ရွာနှင့်တောင်စုံရွာသို့ရောက်ရှိနေသောခွေးစစ်ကြောင်းဟာလက်နက်ကြီးများနှင့်ယန်းတန်းပစ်ခက်နေပါသဖြင့်မိဘပြည်သူများအနေဖြင့်မိမိတို့အနားနီးရာတာဝန်ရှိသူများ၏ပြောကြားချက်များကိုလိုက်နာကြပါရန်အသိပေးအပ်ပါသည်။ ယာကြီးပြင်မှာ မှန်ရင်ရွာသို့ ရောက်ရှိနေသော စစ်ခွေးများသည် အရပ့်လေးမျာနာသို့ ‌လက်နက်ကြီးဖြင့် ရမ်းသမ်း ပြစ်ခက်‌နေကြောင်း သတင်းရရှိထားပါသည်။ ရပ်နီးရှိ မိဘပြည်သူများ ဘေးကင်းရာသို့ ရှောင်ရှားနေထိုင်ကျပါရန် အသိပေး ‌အကြောင်းကြားအပ့်ပါသည်။ Aug 3 ,6:44PM #MyaingNewsChannel.....🦅 ThreeStarMyaing 7StarMyaing 📩သတင်းပေးပို့ရန်>@Myaing3star သတင်းချန်နယ်ကြည့်ရှုရန်>https://t.me/https7starmyaing သတင်းစကားဝိုင်း>https://t.me/+lG1a27nrqP0xYTA1
365 ·
Архив по месяцам
Open in Telegram Feed t.me/s Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog