မျက်ဝန်းဝိုင်းဝိုင်း
မျက်ခုံးထူထူ အူတူတူအကြည့်နဲ့
ရင်ထဲထိအောင် သူသွေးဆောင်တာ
ဘယ်သူသိမလဲကွယ်
ဒီလိုပါပဲ
ဒီလိုလေးပါပဲ
ဒီလိုလေးနဲ့ပါပဲ
ကျနော့် ရင်ဘတ်ထဲမှာ
ကြယ်တွေ တစ်စင်းပီး တစ်စင်း
ကြွေကျနေခဲ့တယ်...။
ငါအဆင်သင့်ဖြစ်နေပြီ
ငါ့ရင်ခုန်သံတွေ အဆင်သင့်ဖြစ်နေပြီ
ဝုန်းဒိုင်းပေါက်ကွဲ အားနဲ့ပြင်းထန်
သူ့ဘက်ကရော ဘယ်လိုတုန့်ပြန်မာတဲ့လဲ...။
ငါသူ့ကို မျက်မှန်တစ်လက်လောက်
ဝယ်ပေးချင်လိုက်တာ
ငါ့အချစ်တွေကပဲ ရှာဖွေရခက်ပါဘိ
မိန်းကလေးရယ်
ဟော့ဒီမှာပါ....
ဟော့ဒီ့မှာပါ....
ခုတစ်လော ငါ့ကဗျာတွေ ဖျားနေတယ်
နှလုံးသားမှာ အထိအရှများလို့ဆိုပဲ
မနက်တိုင်းသောက်နေတဲ့ ချိုဆိမ့်ကလည်း
မချိုတော့ဘူးကွယ်
မင်းကို သတိရလိုက်တာ...။
ငါ့ရင်ခုန်သံတွေကြားမှာ တိတ်တိတ်လေးပုန်းနေတဲ့
နင့်နာမည်လေးရှိတယ်ဆိုတာရော နင်သိရဲ့လား
တစ်နေ့နေ့ပေါ့
ငါ့ရင်ခုန်သံတွေကြားမှာ နင့်ကိုနင်ပြန်ရှာတွေ့ခဲ့ရင်
ငါ့ရင်ဘတ်က ကြယ်ကြွေညတွေနဲ့
နင့်ဘဝကိုအလင်းပေးချင်ပါသေးတယ်....။
သက်မောင်
61 ·