ChatCrawlersearch across public Telegram Open the app
📖

📖စာစုလေးများ📚 chat

172 members
23 July 2026
M
Видео
click to show
သူငယ်ချင်းတို့ရေရေအရမ်းကြီးနေလို့ဖုန်းဘေလေးတွေကူညီပေးလို့ရနိုင်လား
L
Фотография
click to show
🔥 Тошкентда уйлар арзонлашяпти! Лекин буни ҳамма билмайди... Кўпчилик фақат агентлар биладиган яширин эълонлар қаерда эканини билмайди 📌 Биз эса барча уйларнинг нарх ўзгаришини биринчи бўлиб жойлаб борамиз 🚀 Қўшилинг ва энг яхши вариантни ўтказиб юборманг! 👉 https://t.me/toshkent_uy_bozori_rasmiy
ရိုးရိုးလေးပါပဲ ဘယ်လေပဲတိုက်တိုက် ဘယ်နေရာမှာပဲရှိရှိ အဲ့ဒီပန်းရနံ့လေးကိုသာရပါတယ်။ - နေညို
205 ·
24 July 2026
I
ညတိုင်းငိုဖြစ်ပါတယ် ဒါပေမယ့် အဆင်မပြေတာတွေက များတော့ ဘယ်လိုအကြောင်းအရင်းကြောင့် ငိုဖြစ်တာလဲ ဆိုတာ ရှာမရခဲ့ဘူး..။ -ရှင်နှောင်း
217 ·
Hey there Su, and welcome to 📖စာစုလေးများ📚 chat! How are you?
R
Hey there Wint Thurein, and welcome to 📖စာစုလေးများ📚 chat! How are you?
" ကမ္ဘာတစ်ခြမ်းအကြောင်း " လွမ်းတယ် သတိရတယ် ဒီစကားလုံးတွေထက် ပိုတဲ့ စကားလုံးရှိသေးရင် မြေးပြောချင်တယ် ဖိုးဖိုး။ ကောင်းကင်ပေါ်က ကြယ်ကလေး အဖြစ်ရှိနေမလား လမင်းကြီးပေါ်က ချိုင့်ခွက်လေးဖြစ်နေမလား နတ်သားကြီးဖြစ်နေမလား ခုချိန်မှာဘာဖြစ်နေမလဲ သေချာမသိဘူး။ မသေချာတာတွေထဲကမှ သေချာတာတစ်ခုကကောင်းတဲ့ အရပ်မှာရှိနေမယ်ဆိုတာပါပဲ အသွေးထဲ အသားထဲကကို မြေးယုံပါတယ်။ အခုအချိန် အဖိုးများရှိရင် မြေးနဲ့အတူ အရင်လို လက်ဆွဲလို့ညနေတိုင်း လမ်းလျှောက်မုန့်ဝယ်နေလေအုံးမလား ငါ့မြေးက သိပ်တော်တာလို့ ဝံ့ကြွားနေလေအုံးမလား ဖေဖေ မေမေတို့ ဆူတိုင်း ဝင်ကာကွယ် ပေးလေအုံးမလား။ တွေးမိတိုင်း အရင်ကပုံရိပ်လေးတွေက မျက်ဝန်းအိမ်ထဲပြန့်လွင့်နေတယ်။ အိမ်အပေါ်ထပ်က အန်တီကြီးတွေနဲ့ တွေ့ရင်တော့ အဖိုးကိုသိပ်သတိရတယ်။ ဒိန်ချဥ်ဆိုင်က အန်တီကြီးကလည်း ဒိန်ချဥ်သွားဝယ်တိုင်းအဖိုးအသည်းကျော်လေးလို့ ခေါ်တုန်းပဲ။ သရက်သီးအမှည့်တွေဆိုမစားမိအောင် ရှောင်တာ ၅နှစ်ရှိပြီ အဖိုး။ ညဘက်၂ယောက်အတူထမင်းစားတဲ့ အချိန်တွေကိုသတိရတယ်။ လူတစ်ယောက်မရှိမှ အဲ့ဒီလူရဲ့တန်ဖိုးကို နားလည်တယ်ဆိုတာလည်းသိပ်မှန်တယ်။ နောင်တတွေကို ကြောက်တယ် မရှိတော့မှရတဲ့ နောင်တတွေကိုသိပ်ကြောက်တယ်။ အဲ့ဒီနေ့ကိုသိပ်ကြောက်တယ် နောက်ဆုံးအိပ်မက်တွေကို သိပ်ကြောက်တယ်။ ရယ်သံတွေနဲ့ အပြုံးချိုချိုတွေ နူးနူးညံ့ညံ့ မတောင်းပဲ အမြဲရနေတဲ့ မေတ္တာတွေကို မေ့မသွားအောင်သတိပေးရတယ်။ ငါမြေ့ဘွဲ့ရမှသေမှာဆိုတဲ့ စကားကိုလည်း မှတ်ထားတုန်းပဲ ဓါတ်ပုံတွေလည်း သိမ်းထားတုန်းပဲ အမှတ်တရတွေကိုလည်း မှတ်ထားတုန်းပဲ ပုံရိပ်တွေကိုလည်းမေ့မပစ်နိုင်သေးဘူး။ တချို့က ကိုယ်ဝမ်းနည်းနေတာကို လူတွေသိအောင် ပြတတ်ပေမဲ့လို့ အဖိုးမြေးကတော့ ကျိတ်ခံစားနေကြမလို့ ညဘက်တွေ ခိုးခိုးငိုတာလူမသိပါဘူး။ အခု အဖိုးမြေးရဲ့ အနာဂါတ်အတွက် လျှောက်နေတဲ့ လမ်းတွေကို ဘယ်ကများကြည့်နေလေမလဲ သဘောရောတွေ့ရဲ့လား။ ကဗျာဆရာပေါက်စလုပ်လို့ လူဝန်ဆန့်အောင် စကားတွေအများကြီးလည်း စိတ်ရှည်သည်းခံပြီး ပြောတတ်နေပြီ ကဗျာဆရာသူငယ်ချင်းတွေအများကြီးရနေပြီ ကဗျာတွေ အများကြီးရေးနေပြီ ကာရံတွေစပ်တတ်အောင်သင်နေပြီ ဖေဖေမသိပေမဲ့ အဖိုးသာရှိရင် မြေးပထမဆုံးပြောပြမဲ့လူကအဖိုးပဲ။ စာတွေ အများကြီးကြိုးစားလုပ်နေတယ် အဖိုးရဲ့ ဆုံးမမှုအောက်မှာနေခဲ့တုန်းကအတိုင်း လိမ္မာယဥ်ကျေးစွာနေထိုင်နေတယ်။ ဖေဖေငိုတာကို အဖိုးသေမှ မြေးပထမဆုံးမြင်ဖူးခဲ့သလို ချွေးမဖြစ်သူမေမေ့ရဲ့ အဖိုးကိုသတိရကြောင်း ခဏခဏပြောတဲ့ အသံကိုလည်
229 ·
I
"မမ" ရှင်သန်ရာဟာ"မမ" ကမ္ဘာကြီးဟာ"မမ" ခင်တွယ်ရာဟာ"မမ" ချစ်ခြင်းမေတ္တာဟာ"မမ" ကိုးကွယ်ရာဟာ"မမ" ဆုတောင်းတိုင်းရဲ့ အဆုံးဟာ "မမ" အဆုံးသတ်ဟာလည်း "မမ" ကျွန်တော်မဖြစ်နိုင်တဲ့..... အိပ်မက်ဟာလည်း "မမ" -လွန်းသန့်
219 ·
R
ကဗျာဆရာအများစုက ရုပ်ရည်ကသာ မြေပြင်ပမာဖြစ်နေပေမဲ့ နှလုံးသားကတော့ တိမ်လိုပါ။ - နေညို
188 ·
I
မင်းကို အဆင်ပြေလား လို့ မေးနေတဲ့ ငါလဲ တကယ်တော့ အဆင်ပြေမနေပါဘူး။ -ရှင်နှောင်း
158 ·
25 July 2026
အဝါရောင် မိုးတိမ်များ - ၂၁ အရွေ့တွေ မတူဘူး နေရာဒေသတွေ မတူကြဘူး ချစ်တဲ့သူတွေ မတူဘူး မုန်းတဲ့သူတွေလည်း မတူဘူး ဒါပေမဲ့ ငါမင်းကိုချစ်တယ်။ အဝါရောင် မိုးတိမ်များ - ၂၂ သံသေတ္တာထဲက ဂျင်းကုတ်ကလေးက ကြာလေ‌အနွေးဓာတ်လျော့လေ ဖြစ်လာတယ်။ အဝါရောင် မိုးတိမ်များ - ၂၃ ချစ်ရသူရဲ့ ချစ်သူကို ငါတို့ဟာ ကမ္ဘာမှာ မုန်းပစ်ဖို့ ပိုကြိုးစားရတယ်။ အဝါရောင် မိုးတိမ်များ - ၂၄ " ဒီအချိန်ဆို ဘာများလုပ်နေမလဲ " ဆိုတဲ့ အတွေးဟာ မင်းကိုစတွေ့ထဲက ငါ့ဦးနှောက်ထဲ automatically ဝင်လာတဲ့ အရာတစ်ခု။ အဝါရောင် မိုးတိမ်များ - ၂၅ လျှောက်ပါများလို့ ပါးလာတဲ့ ဖိနပ်ထက် မစီးရက်လို့သိမ်းထားတဲ့ ဖိနပ်တွေဟာ ပိုပြီး ပြတ်လွယ်ပါကြောင်း။ - လိပ်ပြာ
146 ·
ဆွဲထားမှ မြဲမယ့် ဆက်ဆံရေးဆိုရင် ကျွန်တော် ဘယ်နည်းနဲ့ဖြစ်ဖြစ် ရအောင်ဆွဲထားခဲ့မိမှာ..။ -ရှင်နှောင်း
117 ·
webpage
click to show
LSE မှ Volunteer teachers များ ဖိတ်ခေါ်ခြင်း သင်ကြားရေး အတွေ့အကြုံသစ်တွေ ရှာဖွေရင်း မိမိရဲ့ skill တွေကို မြှင့်တင်ချင်တဲ့ Volunteer ဆရာ/ဆရာမများကို ဖိတ်ခေါ်ချင်ပါတယ်။ သင်ကြားပုံကောင်းမွန်ပြီး ထူးချွန်တဲ့သူဆိုရင် LSE ရဲ့ ဝင်ငွေရရှိတဲ့ ဆရာ/မအဖြစ်ပါ ဆက်လက်လျှောက်လှမ်းနိုင်တဲ့ အခွင့်အလမ်းကောင်းတွေ စောင့်ကြိုနေပါတယ်⭐ ဒါဆို သင်မှာ ဘာတွေရှိဖို့လိုမလဲဆိုတော့... 4 Skills & Speaking အတန်းများကို အဓိက တာဝန်ယူ သင်ကြားပေးရပါမယ်။ English Skill (အထူးသဖြင့် Speaking) ကောင်းမွန်ပြီး စာသင်ရတာ ဝါသနာပါသူ ဖြစ်ရပါမယ်။ အတန်းချိန်များကို တာဝန်ယူမှုရှိရှိနဲ့ ပျော်ပျော်ရွှင်ရွှင် သင်ကြားပေးနိုင်ရပါမယ်။ သင်ကြားရေးဝါသနာပါသူဖြစ်ရပါမယ်။ အင်တာနက်လိုင်းကောင်းမွန်သူ ဖြစ်ရပါမယ်။ Laptop ရှိသူ ဖြစ်ရပါမယ်။ English C1 Level ရှိသူဖြစ်ရပါမယ်။ ကိုယ်ရေးအချက်အလက် လိုအပ်ချက်များ အမည်အပြည့်အစုံ နှင့် အသက် ဆက်သွယ်ရန် ဖုန်းနံပါတ် နှင့် Email လက်ရှိနေရပ်လိပ်စာ (သို့မဟုတ်) ဘယ်မြို့ကနေ သင်ကြားပေးမှာလဲ ပညာအရည်အချင်းနှင့် လက်မှတ်များ (Qualifications & Certificates) English Proficiency Level (ဥပမာ - C1, B2 စသည်ဖြင့်) Teaching Certificates: TEFL, TESOL, TKT သို့မဟုတ် အခြား English ဆိုင်ရာ လက်မှတ်များ (ရှိပါက)။ စာသင်ကြားရေးလုပ်ငန်းအတွေ့အကြုံ (Teaching Experience)ရှိ / မရှိ Volunteer လုပ်ငန်းတွေမှာ ပါဝင်ခဲ့ဖူးပါသလား Sat & Sun ( Night ) အဆင်ပြေသူများကို ဦးစားပေးမည်။ စိတ်ဝင်စားတယ်ဆိုတော့ အခုပဲ LSEမှာလာရောက်လျှောက်ထားနိုင်ပါပြီရှင့် Date - 29/7/2026နောက်ဆုံး လျှောက်ထားရန်- http://t.me/LSE_Family_Telegram
2.2K ·
I
ခနော်ခနဲ့ မဲ့တဲ့တဲ့ ရွက်ဝါတွေလေ ဟိုတစ်နှစ်နွေကပေါ့ သူအပြိုင် ငါအနိုင်လို ရှေ့ဆုံးက ကြွေဖို့ပြင်နေတယ် နှလုံးသားဖြင့် ရှင်သန်နေသူ ထိုအဖြစ်သူတွေ့မိတော့ ရသလောက်ရွက်ဝါတွေကို နိုင်သလောက် သူသယ်သတဲ့ သူတက်သလိုပြုပြင်စီရင်တော့ ထွက်လာတဲ့ရလဒ်က ခြေဖဝါးတွေအောင် နစ်မြုပ်တဲ့ "ကဗျာ၊ကဗျာ၊ကဗျာ" - နေညို။။။
128 ·
T
မျက်ဝန်းဝိုင်းဝိုင်း မျက်ခုံးထူထူ အူတူတူအကြည့်နဲ့ ရင်ထဲထိအောင် သူသွေးဆောင်တာ ဘယ်သူသိမလဲကွယ် ဒီလိုပါပဲ ဒီလိုလေးပါပဲ ဒီလိုလေးနဲ့ပါပဲ ကျနော့် ရင်ဘတ်ထဲမှာ ကြယ်တွေ တစ်စင်းပီး တစ်စင်း ကြွေကျနေခဲ့တယ်...။ ငါအဆင်သင့်ဖြစ်နေပြီ ငါ့ရင်ခုန်သံတွေ အဆင်သင့်ဖြစ်နေပြီ ဝုန်းဒိုင်းပေါက်ကွဲ အားနဲ့ပြင်းထန် သူ့ဘက်ကရော ဘယ်လိုတုန့်ပြန်မာတဲ့လဲ...။ ငါသူ့ကို မျက်မှန်တစ်လက်လောက် ဝယ်ပေးချင်လိုက်တာ ငါ့အချစ်တွေကပဲ ရှာဖွေရခက်ပါဘိ မိန်းကလေးရယ် ဟော့ဒီမှာပါ.... ဟော့ဒီ့မှာပါ.... ခုတစ်လော ငါ့ကဗျာတွေ ဖျားနေတယ် နှလုံးသားမှာ အထိအရှများလို့ဆိုပဲ မနက်တိုင်းသောက်နေတဲ့ ချိုဆိမ့်ကလည်း မချိုတော့ဘူးကွယ် မင်းကို သတိရလိုက်တာ...။ ငါ့ရင်ခုန်သံတွေကြားမှာ တိတ်တိတ်လေးပုန်းနေတဲ့ နင့်နာမည်လေးရှိတယ်ဆိုတာရော နင်သိရဲ့လား တစ်နေ့နေ့ပေါ့ ငါ့ရင်ခုန်သံတွေကြားမှာ နင့်ကိုနင်ပြန်ရှာတွေ့ခဲ့ရင် ငါ့ရင်ဘတ်က ကြယ်ကြွေညတွေနဲ့ နင့်ဘဝကိုအလင်းပေးချင်ပါသေးတယ်....။ သက်မောင်
61 ·
I
အရေးအကြောင်းများဆိုသည်မှာ အိုမင်းမှု၏ ပြယုဂ် သက်သက်ပင်မဟုတ် ဖြစ်သန်းကျော်ဖြတ်ခဲ့ရသော ဘ၀ခရီး၏ သမိုင်းစာမျက်နှာများပင်ဖြစ်သည်။ -လွန်းသန့်
111 ·
26 July 2026
သည်ကမ္ဘာမှာ ချစ်ခြင်းမေတ္တာ တွေသာ ထပ်တူကျခဲ့ရင် သိပ်ကောင်းမှာပဲ..။ -ရှင်နှောင်း
98 ·
I
Фотография
click to show
ပတ်ဝန်းကျင်က နာဇီ ငါတို့ဟာ ဂျစ်ပစီ ။ တစ်ယောက်က ဂီတကိုဝါသနာပါတယ် တစ်ယောက်က ဗီဇဟာ ကဗျာတဲ့ ။ ဒီလိုရူးသွတ်ခြင်းတွေမှာ ယုံကြည်မှုများက အပြည့်လျှံ ။ မျက်မှန်တပ်ကြည့်မှ အမှန်တရားက မှန်ဘီလူးနဲ့ ရှာမရမှန်း သိခဲ့ရတယ် ။ ငါတို့ဟာ တစ်နေ့ပြီးတစ်နေ့ ပီရိလာတဲ့ ဟန်ဆောင်မှု တစ်ခုလိုပဲ။ တချို့က အသက်အရွယ်ကိုမေးတယ် ငါကတော့ မင်းဘယ်လောက် လိမ်ညာတတ်ပြီလဲ မေးတယ် ။ အမှန်တရား ချိုချို အမှားခါးခါးတဲ့ လူတိုင်းဟာ အမှားပဲ သုံးဆောင်ကြတယ် သွားပိုးစားမှာ သူတို့ကြောက်လို့ နေမှာ ။ ဗရုတ်သုတ်ခ လောကကြီးမှာ လိမ်ညာတတ်ခြင်းဟာလည်း မသင်ပဲတတ်တဲ့ အရေးကြီး ပညာရပ်တခု တဲ့ အဆွေ ။ - ကိုလေးနှင့် တွေ့ဆုံခြင်း တပိုင်း - (ဇူလိုင် နှစ်ဆယ့်‌ခြောက်ရက်) ကလောင်
94 ·
R
Hey there U Kyaw, and welcome to 📖စာစုလေးများ📚 chat! How are you?
Архив по месяцам
Open in Telegram Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog