Фотография
click to show
click to show
ပတ်ဝန်းကျင်က နာဇီ
ငါတို့ဟာ ဂျစ်ပစီ ။
တစ်ယောက်က ဂီတကိုဝါသနာပါတယ်
တစ်ယောက်က ဗီဇဟာ ကဗျာတဲ့ ။
ဒီလိုရူးသွတ်ခြင်းတွေမှာ
ယုံကြည်မှုများက အပြည့်လျှံ ။
မျက်မှန်တပ်ကြည့်မှ အမှန်တရားက
မှန်ဘီလူးနဲ့ ရှာမရမှန်း သိခဲ့ရတယ် ။
ငါတို့ဟာ တစ်နေ့ပြီးတစ်နေ့
ပီရိလာတဲ့ ဟန်ဆောင်မှု တစ်ခုလိုပဲ။
တချို့က အသက်အရွယ်ကိုမေးတယ်
ငါကတော့ မင်းဘယ်လောက် လိမ်ညာတတ်ပြီလဲ မေးတယ် ။
အမှန်တရား ချိုချို အမှားခါးခါးတဲ့
လူတိုင်းဟာ အမှားပဲ သုံးဆောင်ကြတယ်
သွားပိုးစားမှာ သူတို့ကြောက်လို့ နေမှာ ။
ဗရုတ်သုတ်ခ လောကကြီးမှာ
လိမ်ညာတတ်ခြင်းဟာလည်း
မသင်ပဲတတ်တဲ့ အရေးကြီး
ပညာရပ်တခု တဲ့ အဆွေ ။
- ကိုလေးနှင့် တွေ့ဆုံခြင်း တပိုင်း
- (ဇူလိုင် နှစ်ဆယ့်ခြောက်ရက်) ကလောင်
94 ·