Photo
click to show
click to show
Photo
click to show
click to show
Photo
click to show
click to show
News Of Myanmar
၂၀၀၈ ခြေဥမှာ တပ်ကို ဘာမှ မထိန်းချုပ်နိုင်စရာ အကြောင်းမရှိဘူး။ သို့သော် ချွင်းချက်က အာဏာကို Share ထားတဲ့ သဘောတော့ရှိတယ်။
ကာကွယ်ရေးဦးစီးချုပ်က သမ္မတ မဟုတ်လည်း စစ်ပြေငြိမ်းတာ၊ အကြမ်းဖက်အဖွဲ့ကြေညာတာ တပ်က သူ့သဘောသူ လုပ်မရဘူး။ NLD လက်ထက်မှာ ဒေါ်စု အစိုးရ ကိုယ်တိုင် AA ကို အကြမ်းဖက်လို့ ကြေညာပေးမှ တပ်က ရခိုင်မှာ နယ်မြေရှင်းလို့ရတာ။ သဘောက တပ် မှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပေမယ့် သူ့အကန့်နဲ့ သူပဲ။
နောက် နီပိန်းတွေပြောသလို လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းရှိလို့ ဘာမှ လုပ်မရပါဘူး ဆိုတာကလည်း မမှန်ဘူး။ ခြေဥ ဖွဲ့စည်းပုံအရ တိုင်း၊ ပြည်နယ် ခွဲတမ်းအရ
လွှတ်တော်ကိုယ်စားလှယ် အပြည့် နေရာရှိတယ်။ တပ် ကိုယ်စားလှယ်ဆိုတာက + အနေအထားပဲ။ ဆိုတော့ လွှတ်တော်မှာ NLD ကြီးစိုးစဉ် ဘာဥပဒေတွေ ပြဌာန်းပြဌာန်း၊ ဘယ်ဥပဒေတွေ ဖျက်သိမ်းဖျက်သိမ်း တပ်က ဘာမှ လုပ်မရခဲ့ဘူး။ ချွင်းချက်ကတော့ သမ္မတ ဖြစ်ချင်ပါတယ် ဆိုတဲ့ မတို့မထိရ ပုဒ်မတွေကလွဲရင် အကုန် လုပ်ပိုင်ခွင့်၊ လုပ်နိုင်ခွင့် အစိုးရမှာ ရှိတယ်။
ခြေဥ ၂၀၀၈ အရ တပ်မတော်ကို စာရင်းစစ် ဝင်မရဘူး ဆိုတာကလည်း အမှားဖြစ်တယ်။ လိုအပ်ရင်...သိပ်ကို စစ်ချင်သပ ဆိုရင် လွှတ်တော်မှာ ကော်မတီ ဖွဲ့ပြီး စာရင်း စစ်လို့ရတယ်။ ဒါက အထူး အနေအထားကို ပြောတာ။ ပုံမှန်လည်း စာရင်းစစ်တွေနဲ့ လည်ပတ်နေကြရတာ။ အပြင်မှာ နီပိန်းတွေပြောနေသလို ကျလာတဲ့ ဘတ်ဂျက်ကို စာရင်းအင်းမရှိ သုံးခွင့် ရှိမနေဘူး။
ခု နီပိန်း ရပ်ကွက်မှာ ဖြစ်နေတဲ့ အလှူခံ ခိုးမှု ပြဿနာက စာရင်းစစ် မခံနိုင်တာက စတာ။ ဒါက အမေရိကန်ဒေါ်လာ ၂ သိန်းပဲရှိသေးတယ်။ စာရင်းဇယား မှန်မှန်ကန်ကန် လုပ်ထားရင် ဘာမှ စစ်ဆေးမခံနိုင်စရာ၊ ခုလို ပွတ်လော ရိုက်စရာတောင်မလိုဘူး။ ဒါက The Key Project ပဲ ရှိသေးတယ်။ ရှေ့က ငှက်ကင် ပရောဂျက်ပါ ပြန်ဖော်ရင် စားထားသမျှ အတောင့်လိုက်ပြန်ထွက်တယ်။ ခုလည်း ဘယ်သူမှားတယ်၊ မှန်တယ်နဲ့ အငြင်းပွားနေကြတုန်း။ အငြင်းပွားမှာပေါ့။ ဒီလူတွေကို ယုံပြီး ဂျွမ်းထိုး တုံးတဲ့ နီပိန်းတွေကလည်း တယ်များသကိုး။ အပေါင်ဆုံး ဟိုတယ်များ တော်လှန်ရေး ရန်ပုံငွေ ဆိုပြီး အလှူခံ ကောက်သတဲ့။ ထည့်တဲ့ နီပိန်းတွေလည်း ရှိတာပဲ။ ဒီလောက်ပိန်းကျလို့လည်း နီပိန်းဖြစ်နေကြတာပေါ့။
(နရီမိုး)
1 · 640 · Photo
click to show
click to show
ယူကေရှိ အာအေအက်ဖ် ဖဲဖော့ဒ် RAF Fairford လေတပ်စခန်းကို အီရန်ကခြိမ်းခြောက်နိုင်သည့် သတင်းအချက်အလက်အသစ်များ ရရှိပြီးနောက် အမေရိကန် လေတပ်၏ B-1 Lancer ဗုံးကြဲလေယာဉ်များသည် အဆိုပါ လေတပ်စခန်းမှအရှိန်အဟုန်ဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း နယူးယောက်တိုင်းမ် New York Times သတင်းစာက ဖော်ပြခဲ့သည်။
2 · 645 · Photo
click to show
click to show
အီရန်၏ တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းကြောင့် ဟောမုဇ် ရေလက်ကြားမှ ရေနံတင်ပို့မှု ပြန်လည်လျော့ကျသွား
သီတင်းပတ်အနည်းငယ်ကြာ အမေရိကန်က ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းသည့် ရေနံစိမ်း စည်ပေါင်း သန်းပေါင်းများစွာကို ဘေးကင်းစွာ လိုက်ပါစောင့်ရှောက် ပို့ဆောင်ပေးနိုင်ခဲ့သော်လည်း အီရန်သည် ၎င်းတို့၏ ပစ်မှတ်ထား တိုက်ခိုက်မှုများကို ပိုမိုကောင်းမွန်အောင် မွမ်းမံပြီး သင်္ဘောတစ်စင်းမှတစ်စင်း ရေနံလွှဲပြောင်းသည့် လုပ်ငန်းစဉ်များကို ပိုမိုတိုးမြှင့် တိုက်ခိုက်လာသည့်အတွက် အမေရိကန်၏ ခဏတာ အောင်မြင်မှုမှာ ယခုအခါ ပြန်လည်မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ရေနံသယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်မှာလည်း အလွန်မြင့်တက်သွားခဲ့ပြီး စစ်ပွဲမဖြစ်ပွားမီက ရေနံတင်သင်္ဘောတစ်စင်း ငှားရမ်းခမှာ တစ်ရက်လျှင် ဒေါ်လာ ၅၀,၀၀၀ မျှသာ ရှိခဲ့သော်လည်း ယခုအခါ ၁၀၀၀ ရာခိုင်နှုန်းခန့်အထိ ထိန်းမနိုင်သိမ်းမရ မြင့်တက်လာကာ တစ်ရက်လျှင် ဒေါ်လာ ၁.၃ သန်းအထိ ရောက်ရှိသွားခဲ့ကြောင်း ဝေါလ်စထရိ ဂျာနယ် Wall Street Journal (WSJ) သတင်းစာက ဖော်ပြထားသည်။
2 · 713 · Photo
click to show
click to show
Photo
click to show
click to show
Photo
click to show
click to show
Photo
click to show
click to show
Photo
click to show
click to show
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ။
1 · 646 · ရန်ကုန် -မန္တလေးအမြန်လမ်းတွင် အုပ်စုလိုက် သတ်မှတ်ကီလိုထက်များစွာ ကျော်လွန်၍ အရှိန်ပြင်းစွာ မောင်းနှင်နေသည့် ခရီးသည်တင်ယာဉ် Express များအားအရေးယူ
NOM အောက်တိုဘာ ၅၊ ၂၀၂၆
ရန်ကုန် -မန္တလေးအမြန်လမ်းတွင် ယမန်နေ့အောက်တိုဘာ ၄ ရက်ညနေ ၅ နာရီ ၁၀ မိနစ်ခန့်တွင် ခရီးသည်တင်ယာဉ် Express ကားသုံးစီးသည် အုပ်စုလိုက်သတ်မှတ် ကီလိုထက်များစွာ ကျော်လွန်၍ အရှိန်ပြင်းစွာမောင်းနှင်နေသည်ကို တွေ့ရှိရသဖြင့် အမြန်လမ်းမကြီးဥပဒေအရအရေးယူ ဆောင်ရွက်ခဲ့သည်ဟု အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှသတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၁၄၀/၀ မှ ၁၅၈/၀ အကြား၊ ရန်ကုန်မှ မန္တလေးသို့သွားနေသည့် ယာဉ်မောင်း နေမျိုးလင်း မောင်းနှင်သည့် 5P/1802 YUTONG အမျိုးအစား ရွှေပြည်ဟိန်း ခရီးသည်တင်ယာဉ် Express ၊ ယာဉ်မောင်း သိန်းမြင့် မောင်းနှင်သည့် 9N/7285 YUTONG အမျိုးအစား မိုးသောက် ရောင်နီ ခရီးသည်တင်ယာဉ် Express နှင့် ယာဉ်မောင်း အောင်ဇော်လင်း မောင်းနှင်သည့် 2K/2041 YUTONG အမျိုးအစား ရွှေပြည်ဟိန်း ခရီးသည်တင်ယာဉ် Express ယာဉ်တို့သည် အုပ်စုလိုက် သတ်မှတ် 90 km/h ထက်များစွာကျော်လွန်၍အရှိန်ပြင်းစွာမောင်းနှင်ခဲ့ကြောင်းသိရသည်။
ထိုကဲ့သို့ ရန်ကုန် -မန္တလေးအမြန်လမ်းတွင် အုပ်စုလိုက် သတ်မှတ် 90 km/h ထက်များစွာကျော်လွန်၍အရှိန်ပြင်းစွာမောင်းနှင်ခဲ့သည့် ခရီးသည်တင်ယာဉ် Express သုံးစီး၏
ယာဉ်မောင်းများကို အမြန်လမ်းမကြီး ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။
1 · 632 · Photo
click to show
click to show
Photo
click to show
click to show
ဆန်စပါးအသင်းချုပ်ကသိုလှောင်ရုံအပ်ကုန်စနစ်ထုတ်ပြန်
NOM၊အောက်တိုဘာ၅၊၂၀၂၆
စပါးသီးနှံရိတ်သိမ်းပြီးနောက်ပိုင်း လေလွင့်ဆုံးရှုံးမှုများ လျော့ချနိုင်ရေးနှင့် စပါးစိုက်တောင်သူများ ဝင်ငွေတိုးတက်ရရှိရေးတို့အတွက် သိုလှောင်ရုံကုန်အပ်စနစ်ကို ဖော်ဆောင်ရာတွင် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆောင်
ရွက်နေသည့်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ယနေ့အောက်တိုဘာ ၅ရက်နေ့တွင်ထုတ်ပြန်ထားသည်။
593 · စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွား လူ၁၀ ဦးသေဆုံး
NOM၊အောက်တိုဘာ၅၊၂၀၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးကားလမ်းတွင်ယနေ့အောက်တိုဘာ၅ရကါနံနက် ၁၀နာရီ၄၀မိနစ်က ယာဉ်နှစ်စီးတိုက်မီခဲ့ရာ လူ၁၀ဦးသေဆုံးခဲ့ပြီးအမျိုးသမီးသုံးဦးဒဏ်ရာရရှိခဲ့သည့်ဟု မီးသတ်တပ်ဖွဲ့မှသိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းမြို့နယ် ကျောက်ဆည်ကျေးရွာနှင့် ကုန်းကျေးရွာအနီး မုံရွာ-မန္တလေးကားလမ်းတွင် မြှောင်းဘက်မှလာသည့်ဟိုက်ဂျက် ကားသည်အရှိန်မထိန်းနိုင်ဘဲ တစ် ဖက်ယာဉ်ကြောမှမောင်းနှင်းလာသည် ၆ဘီးဘိလပ်မြေကားနှင့် မျက်နာခြင်းဆိုင် ဝင်တိုက်ခဲ့ကြောင်းသိရသည်။
"ဟိုက်ဂျက်ကားပေါ်မှာယာဉ်မောင်းအပါခရီးသည် ၁၃ဦးလိုက်ပါလာပါတယ် ယာဉ်တိုက်မှုကြောင်း အဲဒီကားပေါ်ကသေဆုံးသူအမျိုးသားနှစ်ဦးနှင့် အမျိုးသမီးရှစ်ဦးတို့သေဆုံးခဲ့ပါတယ် အမျိုးသမီးသုံးဦးဒဏ်ရာရရှိပါတယ် သူတို့ကမြောင်ဘက်ကနေ ကိစွတစ်ခုနဲ့လာကြတယ် ဆိုတာဘဲသိရပါတယ်"ဟု ထုံးဘိုအရန်မီးသတ်စခန်းမှတာဝန်ရှိသူတစ်ဦး ကပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် သေဆုံးသူအမျိုးသားနှစ်ဦးနှင့်အမျိုးသမီးရှစ်ဦးတို့နှင့် ဒဏ်ရာရရှိသူ အမျိုးသမီးသုံးဦးတို့အား လူမှုကူညီရေးအသင်ယာဉ်များဖြင့် စစ်ကိုင်းကုတင်(၃၀၀)ပြည်သူဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
492 · အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများပြုလုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူ
NOM၊အောက်တိုဘာ ၅၊၂၀၂၆
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့်အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့ လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့ သည့် “Victoria Kyaw Naing” Facebook အကောင့်ပိုင်ရှင်ဖြစ်သူရန်ကုန်တိုင်းဒေသကြီး၊ တာမွေ မြို့နယ်၊ အရိုးကုန်းရပ်ကွက်နေ အောင်ခင်ဆင့်(ခ)ကျော်နိုင်အား မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် တာမွေမြို့မရဲစခန်း၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိသည်။
484 · ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၌ KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ကသေနတ်ဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ ခရီးသွားပြည်သူလေးဦး ထိခိုက်ဒဏ်ရာရရှိ
NOM၊ အောက်တိုဘာ ၅၊၂၀၂၆
အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည်နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်း ရေးဦးတည်ချက်များဖြင့်PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်း၍ အချို့သောဒေသများ တွင် မြို့/ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက် ခြင်းနှင့်အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများလုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၇ နာရီခွဲ တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ပြည်သူ့ဆေးရုံ၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦး နှင့် အမျိုးသမီးနှစ်ဦးတို့ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၆ နာရီ ၄၀ မိနစ်တွင် ဖြူးမြို့နယ်၊ ဝဲကြီးမြောက်ကမ်း ကျေးရွာနေသူများဖြစ်ကြသည့် ဦးဖုန်းမြင့်မောင်(၄၆)နှစ်၊ ဦးသိန်းဇော်(၅၃)နှစ်၊ ဒေါ်ငုဝါခိုင်(၄၈)နှစ် နှင့် မရတနာသိမ့်(၂၂)နှစ်တို့သည် ဝဲကြီးမြောက်ကမ်းကျေးရွာမှ ဖြူးမြို့သို့ မော်တော်ယာဉ်တစ်စီး ဖြင့် ထွက်ခွာလာစဉ် ဝဲကြီးမြောက်ကမ်းကျေးရွာ၏ အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာဇောင်းလျားခုံကျေးရွာအနီးအရောက် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား များ ပူးပေါင်းအဖွဲ့က လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ၎င်းတို့လေးဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်တွင် လက်နက်ကိုင်အကြမ်းဖက်သမားများသည် ပြည်သူလူထုအကြား အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်၍ အပြစ်မဲ့ အရပ်သားပြည်သူများအား ဆင်ခြင်တုံတရား ကင်းမဲ့စွာ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုအပေါ် ဒေသခံပြည်သူများက ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ PDF အမည်ခံ အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးလုပ်ငန်းစဉ်များကိုတိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
3 · 525 · မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့က ကျေးရွာခွဲတာဝန်ခံတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးတို့အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်
NOM၊အောက်တိုဘာ ၅၊၂၀၂၆
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့/ရွာများ အတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊Drone ဖြင့် Drop Bomb များပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး/လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက် ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများကိုပါ အကြမ်းဖက်ဖမ်းဆီး၍ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသောလူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက် ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၆ နာရီ တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ဇေယျာမြိုင်ကျေးရွာနေ ကျေးရွာခွဲတာဝန်ခံဖြစ်သူ ဦးထွန်းလင်းအောင်(၄၄)နှစ်နှင့် ရာအိမ်မှူးဖြစ်သူ ဦးဇော်ဦး(၅၄)နှစ်တို့သည် ၎င်းတို့၏နေအိမ် အသီးသီး၌ ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား ၁၀ ဦးခန့်ရောက်ရှိလာပြီးအကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား အကြမ်းဖက်ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
1 · 625 · Photo
click to show
click to show
အုတ်ဖို့မြို့နယ်၊ ရန်ကုန်-ပြည်လမ်းတွင် ဆီဘောက်ဆာကားနှင့်စပါးတင်ကားတိုက်မိအမျိုးသားသုံးဦးဒဏ်ရာရ
NOM၊အောက်တိုဘာ၅၊၂၀၂၆
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖို့မြို့နယ်၊ ရန်ကုန်-ပြည်လမ်းတွင်ယနေ့(အောက်တိုဘာ၅ရက်)ညနေ၄နာရီ၄၀မိနစ်တွင်ဆီဘောက်ဆာကားနှင့်စပါးများတင်ဆောင်လာသည့်၆ဘီးကားတို့တိုက်မိရာ အမျိုးသားသုံးဦးဒဏ်ရာရရှိခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားကြောင်း
သိရသည်။
ဖြစ်စဉ်မှာ အုတ်ဖို့မြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊မိုင်တိုင်အမှတ် (၁၁၈/၂) တွင် ဆီဘောက်ဆာ(၈)ဘီးယာဉ်နှင့် စပါးများတင်ဆောင် မောင်းနှင်လာသော SINO TRUCK (၆)ဘီးယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ရာစပါးတင်ယာဥ်မှာတိမ်းမှောက်သွားခဲ့ပြီးဆီဘောက်ဆာကားမှာ လမ်းဘေးသို့
ရောက်သွားကြောင်းသိရသည်။
ယာဉ်တိုက်မှုကြောင့် ဆီဘောက်ဆာယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး (စိုးရိမ်ရ)နှင့် SINO TRUCK (6)ဘီးယာဉ်ပေါ်ပါ အမျိုးသားနှစ်ဦး (မစိုးရိမ်ရ)တို့အား ဓမ္မဝိဇယျလူမှုကူညီရေးအသင်းမှ ယာဉ်ဖြင့် အုတ်ဖိုမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။
530 · Photo
click to show
click to show
အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများလိုက်နာနိုင်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနကတိုက်တွန်းအပ်ပါသည်။
NOM
3 · 470 · ထီးလင်းမြို့အနီး ဗဟိုပြု၍ အင်အား ၃.၅အဆင့်ရှိ မြေငလျင် လှုပ်ခတ်
NOM၊အောက်တိုဘာ၆၊၂၀၂၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့၏ မြောက်-အရှေ့မြောက်ဘက်တွင်အောက်တိုဘာလ ၅ ရက်ညနေပိုင်းက အင်အား ပမာဏ ၃.၅(M) အဆင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်းမိုးလေ ဝ သ နှင့် ဇလဗေဒညွှန်ကြားမှု
ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မြေငလျင်သည်အောက်တိုဘာလ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၇)နာရီ၊ (၁၉)မိနစ်၊ (၂၆) စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၆၄) မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ထီးလင်းမြို့၏ မြောက်-အရှေ့မြောက်ဘက် (၁၂) မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၁.၈၅) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၁၅) ဒီဂရီ၊ အနက် (၁၀၀) ကီလိုမီတာကို ဗဟိုပြု၍ပမာ ဏ ၃.၅ (M) အဆင့်ရှိ ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
391 ·