ChatCrawlersearch across public Telegram Open the app
N

News Of Myanmar Chat

сообщение · 2026-07-22 14:26 UTC
O
Replymessage unavailable
အင်းလေးဒေသ ၂၀၂၅ငလျှင်ဘေးအ တွက် နိုင်ငံတော်ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပျောက်ဆုံးမှု ဖြစ်ပေါ်နေ ၁၉-ဇူလိုင်လ-အင်းလေးဒေသ ရှမ်းပြည်နယ် တောင်ပိုင်းဒေသ ၊ ညောင် ရွှေမြို့နယ်တွင် ၂၀၂၅ခုနှစ် မတ်လအ တွင်းက ဖြစ်ပေါ်ခဲ့သော သဘာဝငလျင်ဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သော အင်းလေးဒေသ အင်းခြံ/ကေလာတိုက်နယ်ကျေးရွာ အုပ်စုတွင် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သလို ဒေသခံ၄၃ဦး အသက်ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည် ။ ထိုစဥ် အချိန်က ၂၀၂၅ခုနှစ် သဘာဝငလျင်ဘေးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလျခြုပျမှုးကွီး မင်းအောင် လှိုင် ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ညောင်ရွှေမြို့နယ် အင်းလေးဒေသ အင်းခြံ/ကေလာတိုက်နယ်ကျေး ရွာအုပ်စုရှိ င လျင်ဘေးသင့်ပြည်သူများအား လိုအပ်သည့် ထောက်ပံ့ငွေ တစ်အိမ်လျှင်(၇)သိန်းကျပ်နှုန်းဖြင့် ပေးအပ်ခဲ့ပြီး ထောက်ပံ့မှုများကို ပေးအပ်ခဲ့ကြောင်းသိရှိရသည် ။ ထိုသို့ ပေးအပ်မှုများတွင် အင်းလေးဒေသ အင်းခြံ/ကေလာတိုက်နယ်ကျေးရွာ အုပ်စုရှိ အိမ်ခြေ ၈၈၀အား ထောက်ပံ့ပေး အပ်ငွေများနှင့်ထောက်ပံ့ပစ္စည်းများဖြစ်သော သံချောင်း (၁၂၂)တန် ၊ ဘိလပ်မြေ (၇၀၆၃)အိတ် ၊ သွပ်(၁၈၄၆၅၄)ချပ်တို့အား နိုင်ငံတော်မှ အင်းလေးဒေသ အင်းခြံ/ကေလာတိုက်နယ်ကျေးရွာအုပ်စုရှိ င လျင်ဘေးသင့်ပြည်သူများအတွက် ချပေးခဲ့သော်လည်း ၊ ဒေသခံများမှာ သွပ်အချပ်ရေ (၇၅၀၀၀)ချပ်သာ ရရှိခဲ့ပြီး ၊ အုပျစုအုပျခပြျရေးမှုးအား သွပ်သယ်ယူစရိတ် အဖြစ် တစ်အိမ်လျှင် (၄၀၀၀၀)ကျပ်ပေးရခဲ့ရကြောင်း သိရှိရပါသည် ။ ထို့အတူ အင်းလေးဒေသ အင်းခြံ/ကေလာတိုက်နယ်ကျေးရွာအုပ်စုရှိ အိမ်ခြေ ၈၈၀အား ဒုတိယအကြိမ် ထောက်ပံ့ပေး အပ်ငွေ ကျပ်သိန်းပေါင်း ၁၄၂၅၀၀သိန်းအား ပြည်သူများထံသို့ ရောက်ရှိပေးအပ်ငွေမှာ ကျပ်သိန်းပေါင်း(၁၂၃၈၀၁)သိန်း ၊ တတိယအကြိမ် ထောက်ပံ့ပေး အပ်ငွေ ကျပ်သိန်းပေါင်း (၃၆၄၉၄)သိန်းအား ပြည်သူများထံသို့ ရောက်ရှိပေးအပ်ငွေမှာ ကျပ်သိန်းပေါင်း(၃၀၅၀၈)သိန်းသာ ရရှိခဲ့ကြောင်းနှင့် အပ်ငွေများနှင့်ထောက်ပံ့ပစ္စည်းများဖြစ်သော သံချောင်း (၁၂၂) တန် ၊ ဘိလပ်မြေ (၇၀၆၃)အိတ် ၊ သွပ် (၁၈၄၆၅၄)ချပ်တို့၏ တန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၃၆၆၃၅၇၉၀၀၀)သိန်းရှိပြီး အမှန်တကယ် သွပ်အချပ်ပေါင်း(၇၅၀၀၀) ချပ်သာရရှိခဲ့သည့်အတွက် ပျောက်ဆုံးနေသည့် သံချောင်း (၁၂၂) တန် ၊ ဘိလပ်မြေ (၇၀၆၃)အိတ် နှင့် ကျန်ရှိ သွပ်တို့၏ တန် ဖိုးငွေမှာ ကျပ်သိန်းပေါင်း(၉၄၆၁၆၆၇၈၅) သိန်းခန့် ပျောက်ဆုံးနေကြောင်း ဒေသခံပြည်သူများမှ အမိမြေသစ္စာသတင်းဌာနသို့ ပြောကြားထားပါသည် ။ "" ငလျှင်ဘေးသင့်ခဲ့တာက ကျွန်တော်တို့ ဒေသခံပြည်သူတွေပါ အင်းခြံ/ကေလာတိုက်နယ်ကျေးရွာအုပ်စုက ပြည်သူတွေ သေတဲ့အထိ ဖြစ်ခဲ့တဲ့ ဒီ ငလျင်ဘေးကို နိုင်ငံတော် အကြီးအကဲတွေအထိ ဆင်းလာပြီး ကြည့်ရှု့ခဲ့တဲ့အတွက် ဝမ်းလည်း ဝမ်းသာခဲ့ပါတယ် ။ ဒါပေမယ့် နောက်ပိုင်း ပေးအပ်တဲ့ ထောက်ပံ့ငွေတွေက ကွာခြားလာတယ် မြို့နယ် အုပ်ချုပ်ရေးထဲက လူတစ်ဦးကဆို ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဟိုပြောဒီပြောလုပ်နေမယ်ဆို နောက်တစ်ခါရရင် နင်တို့ကို ဘာမှ လာမပေးတော့ဘူးလို့ ပြောခဲ့သေးတယ် "" ဟု အင်းခြံ/ကေလာတိုက်နယ်ကျေးရွာအုပ်စုမှ ပြည်သူတစ်ဦးမှ အမိမြေသစ္စာသို့ ဖြေကြားပေးလာခဲ့ပါ သည် ။ ယင်းကိစ္စနှင့် စပ်လျဥ်းပြီး အမိမြေသစ္စာ သတင်းဌာနမှ ညောင်ရွှေမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ် ခြုပျရေးမှုးနှငျ့ ဒု/မြို့နယ်အုပ် ခြုပျရေးမှုးတို့အားဆကျသှယျမေးမွနျးသညျ့အခါ ""သံနှင့် ဘိလပ်မြေတွေက တိုက်အိမ်များ မဟုတ်သည့်အတွက် မပေးတာပါ "" ဟု ဖြေကြားခဲ့ပါသည် ။ အုပျခြုပျရေးမှုးအသိုငျးအဝနျးထဲမှ နမ့်ပန်မြို့တွင်လည်း သံနှင့် ဘိလပ်မြေ ပေးအပ်ခြင်းရှိသည်ဟု ဆိုသောကြောင့် နမ့်ပန်မြို့အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနသို့ အမိမြေသစ္စာသ တင်းဌာနမှ မေးမြန်းခဲ့ရာတွင် "" ကျွန်တော်တို့ နမ့်ပန်မြို့က ငလျင်ဘေးမဖြစ်ခဲ့တဲ့အ တွက် ဘာမှ မရခဲ့ပါဘူး မည်သည့်သံ ချောင်း ဘိလပ်မြေ နှင့် သွပ်တစ်ခုမှ ရရှိခဲ့ခြင်းမရှိပါဘူး""ဟု ပြန်လည်ဖြေကြားပေးခဲ့ပါသည် ။ #သတင်း #အောင်ဇေယျ #ရှမ်းပြည်နယ်ဒုတာဝန်ခံ #အမိမြေသစ္စာသတင်းစုံဂျာနယ်

Вся лента · оригинал в Telegram

Open in Telegram Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog