id 1565247581Фотография
အလားတူ ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက် အစောပိုင်းကလည်း တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဥ်က မင်းတပ်မြို့အနီးနေရာများကို ဗုံး ၃၀ ကျော် ထက်မနည်း ကျဲချ တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။
ထို့ပြင် မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ကျွန်းကြီးကျေးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်တပ်က လက်ပံဇင်ကျေးရွာ အနီးတစ်ဝိုက်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သေးကြောင်း သိရှိရသည်။
"ထိခိုက်မှုရှိ၊မရှိတော့ ကျနော်တို့လည်း အတည်မပြုနိုင်သေးဘူး။ စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘဲနဲ့ ကျေးရွာအနီးကိုကျဲသွားတယ်လို့ပဲသိရတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့အတူ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်တွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်တပ်ကလည်း ယနေ့ ညနေပိုင်းမှ စတင်၍ အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ပြည်သူများ တိမ်းရှောင်ခဲ့ကြောင်း သိရသည်။
"မြို့ပေါ်က စစ်ခွေးတွေ လက်နက်ကြီးတွေနဲ့ ရမ်းပစ်တာ ပြည်သူတချို့ကတော့ ကြောက်လန့်ပြီး တိမ်းရှောင်ကြတာရှိတယ်။ အထိအခိုက်မရှိဘူးလို့ သိရပေမယ့် သေချာတော့ အတည်မပြုနိုင်သေးဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
Khit Thit Media
𝐍𝐢𝐠𝐡𝐭𝐢𝐧𝐠𝐚𝐥𝐞 𝐂𝐡𝐚𝐧𝐧𝐞𝐥 🕊
ဓာတ်ပုံ - မန္တလေးတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် လေကြောင်းဖြင့် မီးလောင်ဗုံး ကျဲချ တိုက်ခိုက်ခဲ့စဉ် (ပုံအဟောင်းဖြစ်သည်)