Replymessage unavailable
ပုံမှန်အားဖြင့် မြန်မာနိုင်ငံသည် နှစ်စဉ် စားအုန်းဆီတန်ချိန် ၈ သိန်းမှ ၁၀ သိန်းဝန်းကျင်အထိ တင်သွင်းလေ့ရှိသော်လည်း ယခုနှစ်တွင် တင်သွင်းမှုပမာဏကို တန်ချိန် ၅ သိန်းကျော်အထိသာ လျှော့ချထားကြောင်း သိရသည်။
ယခင်က လူတစ်ဦးလျှင် စားအုန်းဆီ ၂ ဒသမ ၂၅ ကျပ်သားနှုန်း ခွဲတမ်းပေးခဲ့သော်လည်း လက်ရှိတွင် ၁ ဒသမ ၆၅ ကျပ်သားသို့ လျှော့ချထားပြီး ရန်ကုန်တိုင်းအတွင်း မြို့နယ်အလိုက် ဆီခွဲတမ်းများကိုလည်း ၅၀ ရာခိုင်နှုန်းအထိ လျှော့ချထားသည်။
ဆီကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များကတော့ စစ်ကောင်စီ၏ နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရေးမူဝါဒကြောင့် စားအုန်းဆီတင်သွင်းမှု ဆက်လက်လျော့နည်းလာပါက အခြေခံလူတန်းစားများအတွက် စားအုန်းဆီ ဝယ်ယူရရှိရန် ပိုမိုခက်ခဲလာသဖြင့် ပြင်ပဈေးကွက်တွင် ဈေးနှုန်းများလည်း ဆက်လက်မြင့်တက်နေကြောင်း ပြောဆိုကြသည်။
#KTM