ChatCrawlersearch across public Telegram Open the app
R

Red News Agency

23 members
23 July 2026
Фотография
click to show
Фотография
click to show
144 ·
သံတွဲနှင့် ကျောက်ဖြူကို စစ်အုပ်စုဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာ(၁)ပါးနှင့် ကလေးအပါအဝင် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရ RNA_ဇူလိုင်(၂၃)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ် သံတွဲမြို့ကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း Arakan Princess Media က ဖော်ပြထားသည်။ ယနေ့ (ဇူလိုင် ၂၃ ရက်) နေ့လည် ၁၂ နာရီခွဲနှင့်၊ ၁ နာရီခွဲဝန်းကျင်တွင် သံတွဲမြို့ကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၂) ကြိမ်လုပ်ဆောင်ခဲ့ပြီး ကျောက်ဖြူမြို့ကိုလည်း နေ့လည် (၁) နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံတွဲမြို့ ဂျိတ္တော (၅) ရပ်ကွက်ရှိ ဘုန်းကြီးကျောင်းနှင့် လင်းသာရပ်ကွက်ရှိ ဟိုတယ်တစ်လုံးနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး သံဃာ (၁) ပါးနှင့် အသက် (၁) နှစ်အရွယ် ကလေးငယ်တို့အပါအဝင် ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် စစ်ရေးတင်းမာနေသည့် ကျောက်ဖြူမြို့နယ် အနီးဝန်းကျင်ကိုလည်း စစ်အုပ်စုက ဂျက်ဖိုက်တာလေယာဉ်ဖြင့် ရော့ကတ်ဒုံး (၁) လုံး ပစ်ခတ်တိုက်ခိုက်ကြောင်း သိရပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရပေ။ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေပြီး ဇူလိုင် (၁၉) ရက်လည်း သံတွဲမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် တောက်ကုတ်မြို့နယ်တို့ကို လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ (၅) ဦး သေဆုံးခဲ့ပြီး (၂၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA တပ်တော်က သတင်းထုတ်ပြန်ထားသည်။ #REDNEWS #RNA #RedNewsAgenc #AA #ရခိုင် #ဗုံးကြဲ
134 ·
Фотография
click to show
ဓာတ်ပုံ - Arakan Princess Media
134 ·
Фотография
click to show
Фотография
click to show
150 ·
မြိုင်နှင့် ပေါက်မြို့နယ်၌ စစ်အုပ်စု စစ်ကြောင်းထိုးသတ်ဖြတ်မှုများကြောင့် တစ်လအတွင်း သေဆုံးသူ (၂၄) ဦးထက်မနည်း ရှိလာ RNA_ဇူလိုင်(၂၃)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်ရှိ ကျေးရွာများကို စစ်အုပ်စုက စစ်ကြောင်းထိုး ဝင်ရောက်သတ်ဖြတ်မှုများကြောင့် တစ်လအတွင်း သေဆုံးသူ ဒေသခံပြည်သူ (၂၄) ဦးအထိရှိလာကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း (မြိုင်)၏ ထုတ်ပြန်ချက်များအရ သိရသည်။ ပုသိမ်-မုံရွာလမ်းမကြီးပေါ် ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်သတ်ဖြတ်မှုများကြောင့် မြိုင်မြို့နယ်မှ ဒေသခံပြည်သူ (၁၉) ဦးနှင့် ပေါက်မြို့နယ်မှ ဒေသခံပြည်သူ (၅) ဦးတို့ သေဆုံးခဲ့ခြင်းဖြစ်ပြီး အချို့သည် မီးရှို့သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်အုပ်စုက ပြီးခဲ့သည့် ဇွန်လ (၂၃) ရက်နေ့မှစတင်ကာ စစ်ကြောင်းထိုးမှုများ လုပ်ဆာင်ခဲ့ခြင်းဖြစ်ပြီး သာစည်ရွာ၊ နှမ်းဆီကန်ရွာ၊ ဝက်ပုတ်၊ ကုန်းရွာနှင့် မိတ္ထီလာရွာတို့မှ အမျိုးသား (၆) ဦးတို့ကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ဇူလိုင် (၂) ရက်ကလည်း ပေါက်မြို့နယ် ထောက်ရှာပင်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး စိတ်ဝေဒနာရှင် အမျိုးသမီး (၁) ဦးအပါအဝင် ဒေသခံပြည်သူ (၅) ဦးကို ထပ်မံသတ်ဖြတ်ခဲ့သည်။ ဇူလိုင် (၁၃) ရက်နေ့တွင်လည်း ကန်နက်ရွာ၊ မြင်းကိုးသစ်ရွာ၊ ကိုင်းတောမရွာနှင့် ဝါးရင်းချိုင်ရွာတို့မှ အမျိုးသား (၅) ဦးတို့ကို သတ်ဖြတ်အလောင်းဖျောက်မြေမြှုပ်မှုများ လုပ်ဆောင်ခဲ့ပြီး ဇူလိုင် (၁၈) ရက်၌လည်း ကွန်လပ်ရွာ၊ ဘောတုံရွာ၊ သဲချောင်းရွာတို့မှ မီးရှို့သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း (၅) လောင်းအပါအဝင် ဒေသခံပြည်သူ (၈) ဦးကို စစ်အုပ်စုတပ်ဖွဲ့ဝင်များက စစ်ကြောင်းထိုးဝင်ရောက်ချိန် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်အုပ်စုစစ်ကြောင်းထိုးမှုများအတွင်း သတ်ဖြတ်ခံခဲ့ရသူများအရေအတွက်သည် ယခုထက်ပိုမိုများပြားနိုင်ပြီး အဆက်အသွယ်ပြတ်တောက်နေသည့် ဒေသခံပြည်သူအချို့လည်းရှိနေကြောင်း အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်းက ဆိုသည်။ မြိုင်နှင့် ပေါက်မြို့နယ်တို့ကို စစ်အုပ်စုက အင်အားထောင်နှင့်ချီ စစ်ကြောင်းထိုးမှုများကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ ပြန်လည်ခုခံနေသော်လည်း အင်အားမမျှခြင်းနှင့် လေကြောင်းပစ်ကူများကြောင့် အခက်အခဲများရှိနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် Myaing Villages Revolution Front က ယနေ့ (ဇူလိုင် ၂၃ ရက်) ထုတ်ပြန်ထားသည်။ ဒေသခံပြည်သူများအနေဖြင့
151 ·
Фотография
click to show
ဓာတ်ပုံ - အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း (မြိုင်)၊ Myaing Villages Revolution Front
149 ·
Фотография
click to show
Фотография
click to show
160 ·
I
Фотография
click to show
Фотография
click to show
160 ·
24 July 2026
ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန်နှင့် လွှတ်တော်၏ ဆုံးဖြတ်အတည်ပြုချက်အတိုင်း လုပ်ဆောင်သွားရန်ရှိကြောင်း အာဆီယံကို စစ်အုပ်စု တုံ့ပြန် RNA_ဇူလိုင်(၂၄)၊၂၀၂၆ခုနှစ်။ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်နှင့်ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်အတည်ပြုချက်အတိုင်း အကောင်အထည်ဖော်ရန်ရှိနေပြီး မြန်မာ့ပြည်တွင်းရေးကို အာဆီယံအနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်းမပြုရန် စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် (၂၃) ရက်တွင် ထုတ်ပြန်လာသည်။ စစ်အုပ်စုထိန်းချုပ်ထးသည့် ပြည်ထောင်စုလွှတ်တော်၌ အာဆီယံဘုံသဘောတူညီချက်များသည် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေပြီး အာဆီယံအခြေခံမူများနှင့် ကွဲလွဲနေကြောင်း၊ လက်ရှိနိုင်ငံအခြေအနေနှင့် ကိုက်ညီမှုမရှိကြောင်း၊ အာဆီယံဘုံသဘောတူညီချက်များကို ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း စစ်အုပ်စုကျောထောက်နောက်ခံပေးထားသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအမတ် ဒေါက်တနာန္ဒာလှမြင့်က ပြီးခဲ့သည့် ဇွန်လ (၂၆) ရက်၌ အဆိုတင်သွင်းခဲ့ခြင်း ဖြစ်သည်။ ယင်းအဆိုကို ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးခဲ့ပြီးနောက် အာဆီယံဘုံသဘောတူညီချက်များနှင့်ပတ်သက်ပြီး ပြန်လည်သုံးသပ်ရန်နှင့် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ဆက်လက်အကောင်အထည်ဖော်ရန် ပြည်ထောင်စုလွှတ်တော် နာယကက ဇူလိုင် (၉) ရက်နေ့တွင် ဆုံးဖြတ်အတည်ပြုခဲ့သည်။ ယင်းအခြေအနေနှင့်ပတ်သက်ပြီး စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးက ဇူလိုင် (၂၃) ရက်တွင် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်အပေါ် ထပ်မံထုတ်ပြန်လာခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန်ရှိသော်လည်း အာဆီယံအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူဖြစ်သည့် နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရေးအချက်ကို လေးစားလိုက်နာရန် လိုအပ်ကြောင်း နေပြည်တော်က တုံ့ပြန်ထုတ်ပြန်လာခြင်း ဖြစ်သည်။ အာဆီယံဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်ရေးနှင့်ပတ်သက်ပြီး ဇူလိုင် (၂၁) က ပြုလုပ်သည့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ သတင်းစာရှင်းလင်းပွဲ၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဆာလာဇာရိုက အာဆီယံဘုံသဘောတူညီချက် (၅) ရပ်အပေါ် မြန်မာ(စစ်အုပ်စု) လွှတ်တော်က ဆုံးဖြတ်အတည်ပြုချက်များသည် အကျိုးသက်ရောက်မရှိကြောင်း၊ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်သည် ဆက်လက်တည်ရှိနေကြောင်း ပြောကြားခဲ့သည်။ ဇူလိုင် (၁၂) ရက်က ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံ ဘန်ကောက်အစည်းအဝေး၌လည်း အာဆီယံဘုံသဘောတူညီချက် (၅) ရပ်နှင့်ပတ်သက်ပြီး စစ်အုပ
127 ·
Фотография
click to show
ဓာတ်ပုံ - SAC
128 ·
အမျိုးသမီးတစ်ဦး ဆိုးဆိုးရွားရွား အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့်အပေါ် ပြင်းပြင်းထန်ထန် အရေးယူရန် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး တောင်းဆို RNA_ဇူလိုင်(၂၄)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရပြီး ဆိုးဆိုးရွားရွား သတ်ဖြတ်ခံထားရသည့်အပေါ် အမျိုးသမီးများထပ်တူ တုန်လှုပ်မိကြောင်းနှင့် ယင်းဖြစ်စဉ်အပေါ် ပြင်းပြင်းထန်ထန် အရေးယူပေးရန် ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး (PYA) အမျိုးသမီးရေးရာဌာနက ယနေ့ (ဇူလိုင် ၂၄ ရက) ထုတ်ပြန်ချက်၌ တောင်းဆိုထားသည်။ ပုဏ္ဏားကျွန်းမြို့နယ် တောင်ပေါက်အနီး ကျောက်ကွင်း၌ အသက် (၂၄) နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဆိုးဆိုးရွားရွား အသတ်ခံထားရသည့် ရုပ်အလောင်းကို အာရက္ခပြည် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဇူလိုင် (၂၃) ရက်တွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းအမျိုးသမီးသည် အောင်ဆိပ်ကျေးရွာတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ဇူလိုင် (၁၈) ရက်က သူမ၏နေအိမ်မှာ ယိုးတရုပ်ကျေးရွာအနီး ယိုးတရုပ်မြောင်သို့အသွား လမ်းခရီးတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သူမ ပျောက်ဆုံးနေမှုနှင့်ပတ်သက်၍ မိသားစုဝင်များက DLEPS အဖွဲ့ တာဝန်ရှိသူများထံ တိုင်ကြားခဲ့ပြီးနောက် DLEPS အဖွဲ့က လိုက်လံရှာဖွေချိန် လက်နောက်ပြန်လက်ထိပ်ခတ်ထားသည့် အနေအထားဖြင့် ခန္ဓာကိုယ်အနှံ့ ဆိုးဆိုးရွားရွား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း သိရသည်။ ယင်းကဲ့သို့ ဆိုးဆိုးရွားရွား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှုအပေါ် အမျိုးသမီးများနှင့်ထပ်တူ တုန်လှုပ်ကြောက်ရွံ့မိကြောင်း ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးက ပြောဆိုထားပြီး ယခုဖြစ်စဉ်သည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အဆိုးရွားဆုံးဖြစ်စဉ်တစ်ခုလည်းဖြစ်ကြောင်း၊ ရခိုင်အမျိုးသမီးထုနှင့် အာရက္ခပြည်သူတို့နှင့်အတူ ယခုဖြစ်စဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။ ယခု ၂၀၂၆ ခုနှစ်အတွင်း၌ ရခိုင်ပြည်နယ် အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်များအတွင်း မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှု၊ လုယက်မှု၊ လူသတ်မှု၊ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများ အများအပြားရှိနေကြောင်း DLEPS အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ DLEPS သတင်းပြန်ကြားရေးဌာန တာဝန်ရှိသူများထံ Red News Agency က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။ #REDNEWS #RNA #RedNewsAgency #DLEPS #ပုဏ္ဏားကျွန်း
119 ·
Фотография
click to show
ပုံစာ - ပုဏ္ဏားကျွန်းမြို့နယ်၌ အဓမ္မပြုကျင့် သတ်ဖြတ်ခံခ့ရသည့် အမျိုးသမီး (ဓာတ်ပုံ - Kyauk Taw Media/လူမှုကွန်ရက်)
117 ·
မင်းတပ်မြို့ဝန်းကျင်ကို စစ်အုပ်စုက တစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု (၁၃) ကြိမ် လုပ်ဆောင် RNA_ဇူလိုင်(၂၄)၊၂၀၂၆ခုနှစ်။ စစ်ရေးတင်းမာနေသည့် ချင်းပြည်နယ် မင်းတပ်မြို့အနီးဝန်းကျင်ကို စစ်အုပ်စုက ယနေ့ (ဇူလိုင် ၂၄ ရက်) တစ်ရက်အတွင်းမှာပင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၁၃) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း မင်းတပ်ဒေသခံတစ်ဦးထံမှ သိရသည်။ ယနေ့ နံနက်ပိုင်း ၉ နာရီခွဲမှ ၁၁ နာရီ ၁၅ မိနစ်အထိ မင်းတပ်မြို့အနီးဝန်းကျင်ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၁၁) ကြိမ် လုပ်ဆောင်ခဲ့ပြီး ပေါင် (၃၀၀) ဗုံး (၂) အပါအဝင် ဗုံးအလုံးရေ (၅၀) ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မင်းတပ်မြို့အရှေ့ခြမ်းဒေဿများအပြင် မကွေးတိုင်း ဆောမြို့နယ် တောင်ဘက်ခြမ်းကိုလည်း Y12 လေယာဉ်ဖြင့် (၂) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ (၄၀) ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်း၌ စစ်အုပ်စု လေကြောင်းတိုက်မှု အပြင်းအထန်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေပေ။ စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကို တံတားဦး၊ မကွေးနှင့် ရှမ်းတဲလေတပ်တို့မှ ဂျက်ဖိုက်တာလေယာဉ်များ၊ Y12 လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဗုံးအလုံးရေ (၉၀) ကျော်ကို ယနေ့တစ်ရက်အတွင်းမှာပင် တိုက်ခိုက်လုပ်ဆောင်နေခြင်း ဖြစ်သည်။ ချင်းပြည်သူ့တပ်မတော် (CPA) နှင့် ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် မင်းတပ်မြို့ကို စစ်အုပ်စုက အင်အားထောင်နဲ့ချီဖြင့် စစ်ကြောင်းထိုးနေပြီး မြေပြင်တိုက်ပွဲများ ပြင်းထန်နေကြောင်း ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) က ဇူလိုင် (၂) ရက်တွင် သတင်းထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မေလ (၁၆) ရက်မှစတင်ပြီး မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့တို့ကို စစ်အုပ်စုက စစ်ကြောင်းထိုးနေခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုဘက်က ရာနှင့်ချီ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း၊ စစ်သုံ့ပန်းများအပါအဝင် လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ #REDNEWS #RNA #RedNewsAgency #မင်းတပ် #ဗုံးကြဲ
116 ·
Фотография
click to show
ဓာတ်ပုံ - HKL Mindat
114 ·
အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ မြန်မာ (၂၀) ဦး မဲဆောက်၌ ဖမ်းဆီးခံရ RNA_ဇူလိုင်(၂၄)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ် ထာ့ဆိုင်းလွတ်ကျေးရွာအုပ်စုအတွင်း၌ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား (၂၀) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့ (ဇူလိုင် ၂၄ ရက်) ထုတ်ပြန်ထားသည်။ ယနေ့နံနက် ၈ နာရီဝန်းကျင်က ထိုင်း-မြန်မာနယ်စပ် သံသယရှိသည့်နေရာများကို တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများနှင့် နယ်ခြားစောင့်တပ်ဖွဲ့မှ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများ ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်နေချိန် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို ထာ့ဆောင်းလွတ်ကျေးရွာအုပ်စုရှိ ကုန်တိုက်တစ်ခုအနီးတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အား ထိုင်းအာဏာပိုင်များက စစ်ဆေးချိန် အထောက်အထားတစုံတရာမရှိဘဲ နိုင်ငံတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး လက်ရှိ၌ ဖမ်းဆီးထိန်းသိမ်းထားကာ လိုအပ်သည့် အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု သိရသည်။ မြန်မာနိုင်ငံတွင်း စီးပွားရေးအကျပ်အတည်းများ၊ စစ်ရေးပဋိပက္ခနှင့် အဓမ္မစစ်မှုတပ်သားသစ် စုဆောင်းမှုများကြောင့် လူငယ်လူလတ်ပိုင်းများနှင့် နေရပ်စွန့်ခွာတိမ်းရှောင်ရမှုများရှိနေပြီး အိမ်နီးချင်း ထိုင်းနိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုများ ပိုမိုမြင့်တက်လာနေသည်။ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် စစ်ရေးပဋိပက္ခများကြောင့် ထိုင်းစစ်တပ်နှင့် ဒေသဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေးတင်းကြပ်စောင့်ကြည့်မှုများရှိနေပြီး တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများကို တွေ့ရှိပါက ဒေသခံပြည်သူများအနေဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများထံ ချက်ချင်းအကြောင်းကြားရန်လည်း ထိုင်းအာဏာပိုင်များက အသိပေးထုတ်ပြန်ထားသည်။ #REDNEWS #RNA #RedNewsAgency #မဲဆောက် #မြန်မာ
109 ·
Фотография
click to show
ဓာတ်ပုံ - Tak Immigration
118 ·
NUG COC အောက်ဝင်ရန်အချက်များပါဝင်သည့် မင်းကင်းပအဖနှင့် ပူးတွဲထုတ်ပြန်ချက်သည် ဖိအားပေးမှုကြောင့်ဖြစ်ပြီး လက်မခံကြောင်း SRF ပြော RNA_ဇူလိုင်(၂၄)၊၂၀၂၆ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှုစနစ် (CoC) အောက်ဝင်ရောက်ရန် အချက်များပါဝင်သည့် မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ပူးတွဲထုတ်ပြန်ချက်ပါ သဘောတူညီချက်များသည် ဖိအားပေးမှုကြောင့်သာဖြစ်ပြီး လက်မခံကြောင်း ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) က ယနေ့ (ဇူလိုင် ၂၄ ရက်) ထုတ်ပြန်ထားသည်။ SRF နှင့် မင်းကင်း ပအဖတို့ကြား ဖြစ်ပွားနေသည့် SRF ခေါင်းဆောင် ကိုစံတင်ထွန်းနှင့် ရဲဘော်အချို့ကို မင်းကင်းပကဖမှ ဖမ်းဆီးခြင်း၊ SRF စခန်းများကို တိုက်ခိုက်ခြင်း စသည့် ပဋိပက္ခနှင့်ပတ်သက်၍ မေလ (၂၅) ရက်တွင် ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြပြီး မေလ (၂၉) ရက်တွင် အချက် (၃) ချက်ပါ နှစ်ဖက်သဘောတူညီချက် ထုတ်ပြန်ခဲ့ကြသည်။ ယင်းပူးတွဲထုတ်ပြန်ချက်၌ မင်းကင်းပအဖမှ ဖမ်းဆီးထားသည့် SRF ရဲဘော်များထဲမှ ပြစ်မှုကျူးလွန်ခြင်းမရှိသည့် ရဲဘော်များကို လွှတ်ပေးရန်၊ အမှုဖွင့်တိုင်ကြားခံထားရသည့် SRF ရဲဘော်များကို NUG ဥပဒေဘောင်အတွင်းမှ ဖြေရှင်းရန်နှင့် ပြစ်မှုကင်းရှင်းသော ရဲဘော်များသည် NUG ၏ COC အောက် ဝင်ရောက်၍ တော်လှန်ရေးဆက်လက်လုပ်ကိုင်ရန် စသည့် အချက် (၃) ချက်ကို နှစ်ဖက်တာဝန်ရှိသူများ သဘောတူထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။ ယနေ့ ညပိုင်း၌ SRF မှ ထပ်မံထုတ်ပြန်လာမှုအရ ယင်းအချက်များသည် မင်းကင်းပအဖဘက်မှ တစ်ဖက်သတ်ဖိအားပေးမှုကြောင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အချို့၏ အရေးပေါ်ဆုံးဖြတ်ချက်မျှသာဖြစ်ပြီး SRF အဖွဲ့တစ်ခုလုံးကို သဘောထားမဟုတ်ကြောင်းနှင့် ယင်းပူးတွဲထုတ်ပြန်ချက်ကို လက်မခံကြောင်း ဖော်ပြထားသည်။ ထို့ပြင် SRF နှင့် မင်းကင်း ပအဖကြား ပဋိပက္ခဖြစ်ပွားချိန် SRF နှင့်အတူ ရပ်တည်ပေးခဲ့ကြသည့် ပြည်သူများနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ ရဲဘော်ရဲဘက်များအားလုံးကို ကျေးဇူးတင်ကြောင်းနှင့် မဟာမိတ်အဖွဲ့အစည်းများနှင့်အတူ စစ်အာဏာရှင်စနစ်ကို ဆက်လက်တွန်းလှန်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားထားသည်။ ယခု ဇူလိုင်လ (၇) ရက်က မင်းကင်း ပအဖမှ ဖမ်းဆီးထားသည့် SRF ခေါင်းဆောင် ကိုစံတင်ထွန်းနှင့် ရဲဘော်အချို့ အချုပ်မှ ထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက် နှစ်ပတ်ကျော်အကြာ၌ SRF အဖွဲ့က မင်းကင်း ပအဖနှင့် ပူးတွဲထုတ်ပြန်ချက်အပေါ် လက်မခံကြောင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။ ယင်းအခြေအန
83 ·
I
Фотография
click to show
ဓာတ်ပုံ - SRF
86 ·
Архив по месяцам
Open in Telegram Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog