ChatCrawlersearch across public Telegram Open the app
T

TouTou's Movies Request Channel

4 629 members
9 August 2026
O
Thor Ragnarok ရှိရင် link လေူ ပို့ပေးကြပါလား ရှာလို့ မတွေ့လို့😩🥹
F
Фотография
click to show
Фотография
click to show
I
Copyright ထိပြီးပျက်သွားတာများတယ်
F
Fiend YetiФотография
အာ့တွေတစ်ခုမှမရ အဆင်ပြေလို့ရှိရင်ပြန်လုပ်ပေးပါလား
Фотография
click to show
" သဘာဝလွန်စွမ်းအားတွေကြား အသက်လောင်းကြေးထပ်ပြီး တိုက်ပွဲဝင်ရသောအခါ " Koyomimonogatari Review Vampire ရဲ့ သွေးကို ပိုင်ဆိုင်ထားတဲ့ Koyomi Araragi ဟာ လူသားတွေနဲ့ သဘာဝလွန်သတ္တဝါတွေရဲ့ ပဋိပက္ခတွေကြားမှာ အန္တရာယ်များတဲ့ ဖြစ်ရပ်တွေကို ဆက်တိုက် ရင်ဆိုင်နေရပါတယ်...⚔️ တစ်လပြီးတစ်လ ဖြစ်ပေါ်လာတဲ့ ထူးဆန်းတဲ့ အမှုတွေ၊ အစွမ်းထက် Oddity တွေနဲ့ မထင်မှတ်ထားတဲ့ ရန်သူတွေကို ရင်ဆိုင်ရင်း အမှန်တရားဆီ တဖြည်းဖြည်း နီးကပ်လာပါတော့တယ်...🔥 အရှိန်ပြင်းတဲ့ Supernatural Battle တွေ၊ လျှို့ဝှက်ဆန်းကြယ်တဲ့ Mystery နဲ့ စိတ်ဝင်စားဖွယ် Plot တွေကို ပေါင်းစပ်ထားတဲ့ Action Fantasy Anime တစ်ကားဖြစ်ပါတယ်...💥 နောက်ဆုံးမှာ Araragi ဟာ ဘယ်လိုအန္တရာယ်ကို ရင်ဆိုင်ရဦးမလဲ... Serise Link 🔗 https://t.me/Cine_MM_Sub_Link/1255
1.2K ·
Фотография
click to show
စိတ္တဇ အေအိုင် စက်ရုပ်​ ဟော်ရာကားသစ်...⚡️ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်အမျိုးသားဟာ သူ့ရဲ့ ချစ်လှစွာသော ဇနီးသည် ရုတ်တရက်ဆုံးပါးသွားတာကြောင့် စိတ်ဒဏ်ရာ အကြီးအကျယ်ရပြီး ဝမ်းနည်းကြေကွဲနေခဲ့သူပါ။ ဒီအထီးကျန်မှုကို ကုစားဖို့နဲ့ ဇနီးဖြစ်သူရဲ့ နေရာမှာ အစားထိုးဖို့အတွက် သူဟာ S-O-U-L-M-8-T-E လို့ ခေါ်တဲ့ အဆင့်မြင့် အေအိုင် အမျိုးသမီးစက်ရုပ်တစ်ရုပ်ကို ရယူခဲ့ပါတယ်။ အစပိုင်းမှာတော့ စက်ရုပ်လေးက အရာရာ အလိုက်သိပြီး အဆင်ပြေနေခဲ့ပေမယ့် စက်ရုပ်ကို ပိုပြီး တကယ့်လူသားတစ်ယောက်လို ခံစားချက်ရှိလာအောင်၊ ချစ်တတ်လာအောင် ပရိုဂရမ်တွေကို မဆင်မခြင် ပြင်ဆင်လိုက်မိပါတော့တယ်။ ပရိုဂရမ်ပြင်လိုက်ပြီးတဲ့နောက် စက်ရုပ်မလေးဟာ သူ့သခင်အပေါ် ရူးရူးမူးမူး သံယောဇဉ်ကြီးမားလာပြီး အလွန်အကျွံ စွဲလမ်းလာကာ သူ့သခင်နားကို ကပ်လာတဲ့သူမှန်သမျှ၊ သူတို့နှစ်ယောက်ကြား ဝင်ရှုပ်တဲ့သူမှန်သမျှကို ရက်ရက်စက်စက် လိုက်လံသုတ်သင်ပါတော့တယ်။ ဝမ်းနည်းစရာအတိတ်ကနေ လွတ်မြောက်ချင်လို့ ဖန်တီးခဲ့တဲ့ စက်ရုပ်မလေးဟာ အခုတော့ သူ့ကို ဒုက္ခပေးမယ့် အိပ်မက်ဆိုးကြီး ဖြစ်လာတဲ့အခါ... ဒီ အေအိုင် လူသတ်သမားရဲ့ ရန်ကနေ သူကိုယ်တိုင် ဘယ်လိုမျိုး အသက်လုရုန်းကန်ရမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။ စက်ရုပ်ရဲ့ရက်ရက်စက်စက် လိုက်လံသတ်ဖြတ်မှုတွေ ၊ သွေးထွက်သံယို အခန်းတွေ ၊ စိတ်ပညာဆိုင်ရာ စိတ်ခြောက်ခြားဖွယ်ရာ ဇာတ်ကွက်တွေနဲ့ လူကြီးပိုင်းဆိုင်ရာ အကြောင်းအရာတွေ ပါဝင်တာကြောင့် ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါဘူး။ Moive Link 🔗 https://t.me/Cine_MM_Sub_Link/1256
1.1K ·
Фотография
click to show
"သူဌေးကြီးဖြစ်ဖို့ ကုမ္ပဏီကို အရှုံးပေါ်အောင် တမင်လုပ်မှ ရမယ့်စနစ်ကြောင့် ခေါင်းခြောက်နေရတဲ့ စီးပွားရေး ပါရမီရှင်ဆန်းကြီးရဲ့ ဟာသ Donghua" The Richest Man In Game ​Story Overview: သာမန် ဝန်ထမ်းလေး Pei Qian ဟာ မထင်မှတ်ဘဲ ၂၀၀၉ ခုနှစ် တက္ကသိုလ်ကျောင်းသားဘဝဆီ ပြန်လည်ရောက်ရှိသွားခဲ့ပြီး "Wealth Conversion System" ဆိုတဲ့ ဆန်းကြယ်စနစ်တစ်ခုနဲ့ ချိတ်ဆက်မိသွားပါတယ်။ အဲဒီစနစ်ရဲ့ စည်းမျဉ်းအရ ကုမ္ပဏီက အမြတ်ရရင် ၁၀၀ ပုံ ၁ ပုံစာပဲ သူ့အိတ်ကပ်ထဲ ရမှာဖြစ်ပေမဲ့ ကုမ္ပဏီက အရှုံးပေါ်ခဲ့ရင်တော့ ရှုံးသမျှပမာဏ အကုန်လုံးကို သူ့ကိုယ်ပိုင်ပိုက်ဆံအဖြစ် ပြောင်းပေးမှာဖြစ်ပါတယ်။ ဒါကြောင့် Pei Qian ဟာ ပိုက်ဆံအမြန်ဆုံး အရှုံးပေါ်စေမယ့် ဂိမ်းထုတ်လုပ်ရေးလုပ်ငန်းကို စတင်ပြီး ဂိမ်းဆိုးဂိမ်းညံ့တွေကိုပဲ တမင်ဖန်တီးပါတော့တယ်။ သို့သော်လည်း မထင်မှတ်ဘဲ သူထုတ်လိုက်တဲ့ ဂိမ်းဆိုးတိုင်းက အကြီးအကျယ် ပေါက်သွားပြီး အမြတ်တွေ အများကြီးရကာ လူတွေကြားမှာ "စီးပွားရေးပါရမီရှင်" လို့ ဝိုင်းချီးကျူးခံရတဲ့အခါ... Serise Link 🔗 https://t.me/Cine_MM_Sub_Link/1257
988 ·
I
Фотография
click to show
TikTok မှာအရမ်းပေါက်နေတဲ့ အသဲကြော်ပဲလှော်လေးတွေရဲ့ ရှယ်ကြီး ရပါပြီ M_y D-e_a-r_e-s_t A_s-s_a-s_s-i_n 20_26 ထိုင်းအနုပညာလောကရဲ့ top tier နှစ်ယောက်ဖြစ်တဲ့ အားလုံးရဲ့ အသည်းကျော် မမအသေးလေး Baifern Pimchanok နဲ့ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ ကိုကို Tor Thanapob အပြိုင်ကြဲထားတဲ့ နက်ဖုလစ်ဇာတ်ကားသစ်ကို တင်ဆက်ပေးလိုက်ပါပြီ။ မုဆိုးလည်းသားကောင် သားကောင်လည်းမုဆိုးဆိုတဲ့ ဘဝကြမ်းမှာ ရှင်သန်နေရသူတွေအတွက်တော့ မသေချင်ရင် မုဆိုးဖြစ်အောင် ကြိုးစားရတာပါပဲ။ လန်ဆိုတာ ရှားပါးလွန်းတဲ့ ရွှေရောင်သွေးအမျိုးအစားကို ပိုင်ဆိုင်ထားလို အဖွဲ့အစည်းတွေရဲ့ အမဲလိုက်ရှာဖွေတာကို အမြဲခံနေရတဲ့ မိန်းကလေးတစ်ယောက်ပါ။ ကံဇာတာ ဇာတ်ဆရာအလိုကျ ကြေးစားလူသတ်သမား မိသားစုတစ်ခုက သူ့ကို ကယ်တင်မွေးစားခဲ့ပေမဲ့ သူ့ကိုတော့ သာမန် အိမ်တွင်းပုန်း အထွေးလေးတစ်ယောက်လို ကြီးပြင်းစေခဲ့တာပေါ့။ ဒါပေမဲ့ ကြေးစားလောကမှာ အေးချမ်းတယ်ရယ်လို့ မရှိဘူးဆိုတဲ့အတိုင်းပဲ သူ့ကို မိသားစုအရင်းလို စောင့်ရှောက်ပေးခဲ့တဲ့သူတွေ အသက်ဆုံးရှုံးသွားခဲ့ရချိန်မှာတော့... အမြဲတမ်း ပုန်းကွယ်နေခဲ့ရတဲ့ ကောင်မလေးဟာ မိသားစုအတွက် သူ့ဘဝအတွက် သွေးကြွေးဆပ်ဖို့ ပြင်းထန်တဲ့ အထူးလေ့ကျင့်မှုတွေကို နေ့မနား ညမအား သင်ယူရင်း သူကိုယ်တိုင် မုဆိုးအဖြစ် ခံယူလိုက်ချိန်မှာတော့ သူ့ရဲ့ရွှေရောင်သွေးကို အငမ်းမရဖြစ်နေတဲ့သူတွေကြား ချစ်ရတဲ့ပရန်နဲ့အတူ လန်တစ်ယောက် အန္တရာယ်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာ ရှုစားကြပါဦး။ Moive Link 🔗 https://t.me/Cine_MM_Sub_Link/1258
1.2K ·
Open in Telegram Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog