ChatCrawlersearch across public Telegram Open the app
N

News Of Myanmar Chat

855 members
22 July 2026
Фотография
click to show
Фотография
click to show
486 ·
Фотография
click to show
ထိုင်းနိုင်ငံတောင်ပိုင်း၊ နရာသီဝပ်ခရိုင်၊ မောင်း (Muang) မြို့နယ်ရှိ တန်ယုန်း (Tanyong) ရဲစခန်းဟောင်းရှေ့တွင် ဖြစ်ပွားခဲ့သော ကားဗုံးခွဲတိုက်ခိုက်မှုတစ်ခုကြောင့် ရဲအရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အစိုးရပိုင်ပစ္စည်းအချို့ ပျက်စီးခဲ့ရမှုကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိပါသည်။ အဆိုပါ ပေါက်ကွဲမှုသည် အင်္ဂါနေ့ ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်သူများသည် ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်ထားသည့် တိုယိုတာ ဆိုလူနာ (Toyota Soluna) အမျိုးအစား မော်တော်ယာဉ်တစ်စီးကို အသုံးပြုခဲ့ကြခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ သံသယရှိသူတစ်ဦးသည် မောင်းနှင်လာသော ကားပေါ်မှ ခုန်ဆင်းကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး၊ ကျန်ရစ်ခဲ့သည့် မော်တော်ယာဉ်မှာ စခန်းရှေ့ရှိ အတားအဆီးကို ဝင်တိုက်မိပြီးနောက် စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ ထိုဖောက်ခွဲရေးပစ္စည်းမှာ ကားအတွင်း ဝှက်သိမ်းထားသည့် လက်လုပ်ဗုံး (IED) ဖြစ်နိုင်ကြောင်း ယူဆထားကြသည်။ တိုင်းစစ်ဌာနချုပ် (၄) ရှေ့တန်းကွပ်ကဲရေးရုံး (ISOC Region 4) ကမူ ယခုတိုက်ခိုက်မှုသည် ထိုင်းတောင်ပိုင်းနယ်စပ်ခရိုင်များတွင် ဖြစ်ပွားလေ့ရှိသည့် အရင် ကားဗုံးခွဲမှုများနှင့် ပုံစံတူညီနေကြောင်းနှင့် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ NOM
598 ·
Фотография
click to show
Фотография
click to show
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြိုနယ်ရှိ တပ်မတော်အကြီးစားစက်ရုံ၊ စက်ရုံခွဲ (ရန်ကုန်) လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားသွားရောက်ကြည့်ရှုစစ်ဆေး ဇူလိုင် ၂၁၊ ၂၀၂၆ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ တပ်မတော်အကြီးစားစက်ရုံ၊ စက်ရုံခွဲ (ရန်ကုန်) လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် အဖွဲ့ဝင်များသည် စက်ရုံသို့ ရောက်ရှိရာ စက်ရုံဌာနချုပ်ရုံးအစည်းအဝေးခန်းမတွင် တာဝန်ရှိသူများက စက်ရုံသမိုင်းအကျဉ်း၊ ဌာနခွဲများအလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုများ။ စက်ရုံ၏ထုတ်လုပ်နိုင်မှုစွမ်းရည်များ၊ ရည်မှန်းချက်တာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ စက်ရုံမှထုတ်လုပ်သည့် Utility Vehicles များ၏ စွမ်းဆောင်ရည်များ Utility Vehicles Component ထုတ်လုပ်မှုအဆင့်ဆင့်နှင့် စက်များတပ်ဆင်အသုံးပြုမှု၊ စက်လိုင်းများတည်ထောင်ဆောင်ရွက်နေမှု၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်မှုနှင့် သုတေသနလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဆီသယ်ယာဉ်၊ ရေသယ်ယာဉ်နှင့် မီးသတ်ယာဉ်များသည် တပ်မတော်အတွက်သာမက ဝန်ကြီးဌာနများတွင် အသုံးပြုသည်ဖြစ်သည့်အတွက် အရည်အသွေးပြည့်မီစွာဖြင့် အရေအတွက်များများ ထုတ်လုပ်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရန်၊ MSME လုပ်ငန်းများ၏ ကုန်ကြမ်းလိုအပ်ချက်များကို ထုတ်လုပ်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန်၊ သုံးစွဲသူများ၏ လိုအပ်ချက်များကိုလည်း မှတ်တမ်းများပြုစု၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ အရည်အသွေးပြည့်ဝသည့် ထုတ်ကုန်ပစ္စည်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်၊ စက်ရုံမှထုတ်လုပ်သည့် မော်တော်ယာဉ်များအား ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လိုအပ်ချက်များ အပေါ်မူတည်၍ ပို့ဆောင်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားရန်၊ မော်တော်ယာဉ်များ ထုတ်လုပ်ရာတွင် ယခုထက်ပိုမိုကောင်းမွန်ပြီး နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသည့် နည်းပညာမ
519 ·
Фотография
click to show
Фотография
click to show
529 ·
Фотография
click to show
Фотография
click to show
587 ·
Фотография
click to show
ဒလမြို့နယ်တွင် ရေကန်သန့်ရှင်းရေးဆောင်ရွက်နေသူအမျိုးတစ်ဦးသေဆုံး တစ်ဦးအသက်ရှင် NOM၊ဇူလိုင်၂၂၊၂၀၂၆ ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ မြဝတီမင်းကြီးလမ်းတွင် ယနေ့(ဇူလိုင်၂၂ရက်)မွန်လွဲ၁နာရီ၈မိနစ်ခန့်ကနေအိမ်အောက်ရှိ ရေကန်တွင်သန့်ရှင်းရေးဆောင် ရွက်နေသူ အမျိုးသားနှစ်ဦးအနက်တစ်ဦး သေဆုံးပြီးတစ်ဦးကို အသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့ ကြောင်းမီးသတ်တပ်ဖွဲ့မှသိရသည်။ ဖြစ်စဉ်မှာဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၊ မြဝတီမင်းကြီးလမ်းရှိနေအိမ်တစ်အိမ်၏ အောက်ရှိ ရေကန်တွင်သန့်ရှင်းရေးဆောင်ရွက်နေသူ အမျိုးသားနှစ်ဦး မှာအောက်စီဂျင်ပြက်ပြီးနှစ်ဦးစလုံးသတိမေ့နေသည့်အတွက်မီးသတ်ဖွဲ့သိုအကူညီတောင်းခဲ့ကြောင်းသိရသည်။ အဆိုပါဖြစ်စဉ်၌အမျိုးသားတစ်ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး ဒလမြို့နယ်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြိး မွနးလွဲ၁နာရီ ၁၉မိနစ်တွင်သေဆုံးသူအမျိုးသားကို မြေ​အောက်ရေအတွင်းမှ သေဆုံးလျက်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။
453 ·
Фотография
click to show
ရေတာရှည်မြို့နယ်တွင် ဆီဘောက်ဆာယာဉ်လမ်းဘေးထိုးကျ အမျိုးသားတစ်ဦးဒဏ်ရာပြင်းထန် NOM ဇူလိုင် ၂၂၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ရှိ ရန်ကုန်-မန္တလေး လမ်းဟောင်း (၁၈၀/၅) မိုင်တိုင်အနီးတွင်ယမန်နေ့ (ဇူလိုင် ၂၁) ရက် ည ၉ နာရီ ၁၀ မိနစ်ခန့်က ဆီဘောက်ဆာယာဉ်တစ်စီး လမ်းဘေးသို့ ထိုးကျမှု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။ ဖြစ်စဉ်မှာ ရေတာရှည်မြို့နယ်ရှိ ရန်ကုန်-မန္တလေး လမ်းဟောင်း (၁၈၀/၅) မိုင်တိုင်အနီးတွင် ဆီဘောက်ဆာယာဉ်မှာ လမ်းတစ်ဖက်မှလာသည့် ယာဉ်တစ်စီးအား ရှောင်တိမ်းရာတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးသို့ ထိုးကျခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့်အမျိုးသားနှစ်ဦးအနက် ယာဉ်မောင်းမှာ စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆွာလူမှုကူညီရေးအသင်း၏ လူနာတင်ယာဉ်ဖြင့် ဆွာဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကုသပေးခဲ့ကြောင်း သိရသည်။ NOM
471 ·
မြင်းခြံမြို့နယ်၊ ခေါင်းကွဲကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးကို PDF အကြမ်းဖက်သမား ၂၀ ဦးခန့်က အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဇူလိုင် ၂၂၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ခေါင်းကွဲကျေးရွာနေ ဦးအေးဝင်း (၅၂) နှစ်နှင့် တစ်ရွာတည်းနေ ဒေါ်ယဉ်နု (၄၃) နှစ်တို့နှစ်ဦးသည် ဇူလိုင်လ ၂၁ ရက်နေ့ နံနက် ၉ နာရီအချိန်၌ ၎င်းတို့၏နေအိမ်အသီးသီးတွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်က စက်လှေတစ်စီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ NOM
388 ·
Фотография
click to show
ကျောက်ကြီးမြို့နယ်၊ ရေအိုးစင်ကျေးရွာအနီးတွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် မျှစ်ရှာနေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ NOM ဇူလိုင် ၂၂၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ဇူလိုင်လ ၂၁ ရက်နေ့ ည ၆ နာရီ ၁၀ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်တွင် ကျောက်ကြီးမြို့နယ်၊ ရေအိုးစင်ကျေးရွာနေ ဦးသန်းနိုင် (၄၅) နှစ်သည် ကျေးရွာ၏အနောက်ဘက် ၂ ဖာလုံခန့်အကွာရှိ ဝါးတောအတွင် မျှစ်ရှာနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထား သည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ NOM
363 ·
Фотография
click to show
ရွာငံမြို့နယ်၊ ပွေးနဖားကျေးရွာရှိ "ပွေးနဖားသာသနဝိပုလမြသိန်းတန်" ဘုန်းကြီးကျောင်းမှ သံဃာတော်တစ်ပါးကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် NOM ဇူလိုင် ၂၂၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ပွေးနဖားကျေးရွာရှိ "ပွေးနဖားသာသနဝိပုလမြသိန်းတန်" ဘုန်းကြီးကျောင်းမှ ဥူးဇင်း ဥူးဝိလာသ (ခ) ဂေါ်လီ (၄၁) နှစ် (၃) ဝါသည် ဇူလိုင်လ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲအချိန်၌ အဆိုပါကျောင်းတိုက်တွင်သီတင်းသုံးနေစဉ် PDF အကြမ်းဖက်သမားငါးဦးရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက် ၍ ဖမ်းဆီးခေါ်ဆောင်သွားပြီး ဘုန်းကြီးကျောင်း၏ တောင်ဘက် ၁ မိုင်ခန့်အကွာ နွားဘန်းကြီးကျေးရွာ နှင့် ပွေးနဖားကျေးရွာသွားမြေသားလမ်းပေါ်အရောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဥူးဇင်း ဥူးဝိလာသ (ခ) ဂေါ်လီတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM
435 ·
Фотография
click to show
Фотография
click to show
မြန်မာနိုင်ငံတော်သမ္မတထံ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး လာရောက်ဂါရဝပြုတွေ့ဆုံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ရန်ကုန်မြိုအခြေစိုက် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jong Ho Bom အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၌ လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကောင်းမွန်လျက်ရှိသည့် သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်မြှင့်တင်ရေး၊ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးတိုကို ဆွေးနွေးခဲ့ကြသည်။ ထိုပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးဆောင်ရွက်မှုများ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ မူဝါဒများနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကဏ္ဍများကိုလည်း ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ကိုရီးယားဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတိုသည် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
525 ·
Фотография
click to show
Фотография
click to show
521 ·
I
Фотография
click to show
လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများသို့ လျပ်စစ်ဓာတ်အားခိုးယူသုံးစွဲခြင်းနှင့်ပတ်သက်၍အသိပေးကြေညာခြင်း
403 ·
I
၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွား ဧည့်သည် ၅၃၀,၀၀၀ ကျော် ဝင်ရောက် NOM ဇူလိုင် ၂၂၊ ၂၀၂၆ မြန်မာနိုင်ငံသို့ ၂၀၂၆ ခုနှစ်၏ ပထမ ၆ လတာကာလအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ၅၃၀,၉၇၃ ဦး လာရောက်ခဲ့ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက် ထုတ်ပြန်သော သတင်းအရ သိရသည်။ ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှု ပမာဏသည် ၂၀၂၅ ခုနှစ် အလားတူကာလက ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၅၀၀,၁၂၅ ဦးနှင့် နှိုင်းယှဉ်ပါက တိုးတက်လာခဲ့ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ NOM
406 ·
Open in Telegram Каталог площадок Искать в ChatCrawler

A snapshot of an open public feed from the search index ChatCrawler — “Google for public Telegram”; refreshed as the venue is crawled. Times are UTC.

Public content only, official Telegram API. About · FAQ · What we do not do · Remove a page · Catalog